ကျွန်တော်တို့ ဘာကြောင့် သစ်တောတွေ ထိန်းသိမ်းနေရတာလဲ
ကျွန်တော်တို့ ဘာကြောင့်သစ်တောတွေကို ထိန်းသိမ်းနေရတာလဲ ဆိုတာကိုမေးလာရင် ရှည်ရှည်ဝေးဝေးတွေ လိုက်ရှင်းပြနေရပါတယ်။ ဒီမှာတော့ တိုတိုနဲ့ လိုရင်းရောက်တဲ့အချက် ၁၄ချက်ရှိပါတယ်။ တစ်ချက်ချင်းစီမှာ လေးနက်တဲ့အဓိပ္ပါယ်တွေရှိပေမဲ့ ဖတ်လိုက်တာနဲ့ လူတိုင်း နားလည်အောင် ရှင်းပြထားပါတယ်။ကျွန်တော်တို့ သစ်တောတွေကို မထိန်းသိမ်းရင် ကျွန်တော်တို့ရှူနေတဲ့လေကို ဘယ်သူက သန့်စင်ပေးမှာလဲ။ ကာဗွန်တွေကို ဘယ်သူ သိုလှောင်ပေးမှာလဲ။ ရေတွေကိုသန့်စင်အောင် ဘယ်သူလုပ်ပေးမှာလဲ။ ကျွန်တော်တို့ဂြိုဟ်အတွက် တကယ်အလုပ်လုပ်ပေးနေတဲ့ သစ်ပင်တွေမှာ အောက်ပါဂုဏ်သတ္တိတွေရှိပါတယ်။ ၁။ တောထဲမှာ စခန်းချနေလိုသူတွေအတွက် သစ်တောတွေရှိနေတာက ဘယ်လောက်ကျေနပ်စရာကောင်းလဲ။ ရေငန်သစ်တောတွေ ၊ အပူပိုင်းသစ်တောတွေ ၊ တောကောင်တွေနေတဲ့သစ်တောတွေ အစရှိသဖြင့် တောတွေက ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ ၃၀% လောက်ကျန်နေသေးတယ်။ အများစုက ရုရှား ၊ကနေဒါနဲ့ အမေရိကားက တောတွေမှာ စခန်းချနေလို့ကောင်းပါတယ်။ ၂။ ကျနော်တို့ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို အောက်စီဂျင်အဖြစ် […]