တူရကီမြို့တွေက သန့်ရှင်းရေး ဟီရိုးတွေ ဗီသိုဗင် တေးသွားတွေနဲ့ အလုပ်လုပ်
တူရကီနိုင်ငံက မာဒင်မြို့ပေါ်ကို မနက်ခင်းရဲ့ နေရောင်ခြည် ဖြာကျပြီဆိုရင် နို့နှစ်ရောင်အဆင်းရှိတဲ့ မြည်းတွေက သူတို့ရဲ့ လုပ်ငန်းခွင် ကို ဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ တောင်နံရံကိုကပ်ပြီး ဆောက်ထားတဲ့ မြို့ဖြစ်လို့ အတက်အဆင်း လှေကားတွေ နဲ့ ကျဉ်းမြောင်တဲ့ လမ်းတွေကို နှစ်ရာနဲ့ချီပြီး သန့်ရှင်းရေးလုပ်ပေးနေတဲ့ မြည်းတွေက သူတို့ရဲ့ တာဝန်ကို အသက်မသေမချင်း မျိုးဆက်လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာခဲ့ကြပါတယ်။ မိသားစုနေအိမ်တွေ တစ်နေ့ နဲ့ တစ်ည သုံးထားတဲ့ အမှိုက်တွေကို အိတ်တွေထဲကို လူသားအလုပ်သမား တွေက ထည့်ပေးလိုက်ပါတယ်။ အဲ့ဒိအမှိုက်တွေက ထမ်းပိုးပြီး မြို့ပြင်ကို သွားစွန့်ပေးတဲ့ တာဝန်ကို မြည်းတွေက တာဝန်ယူထားပါတယ်။ နေ့စဉ် မပျင်းမရိလုပ်ဆောင်ပေးတဲ့ အမှိုက်စွန့်ဟီရိုးတွေကို မြို့သူမြို့သားတွေက လေးစားကြပါတယ်။ သူတို့ထဲက အချိုကဆိုရင် အဖော် လူသားတောင်မပါပါဘူး ။ […]