လက်ပံပွင့်တွေကို လွမ်းရတဲ့အကြောင်း
လက်ပံပင်ကြီး ဆက်ရက်တွေဆူညံပျော်မြူးကြ ငါတို့တွေဆော့ကစားကြ။ ငါတို့ငယ်ဘဝအားလုံး သူ့အရိပ်အောက်မှာ။ ဆောင်းနှောင်းနွေဦး လရောင်အောက် လက်ပံပွင့်ကောက်ခဲ့တုန်းက ကိုယ့်အရိပ်ဟာ လွမ်းစရာလို့ ကလေးတစ်ယောက် မတွေးတတ်ခဲ့ပါ။ ” ဆက်ရက်ကလေးတွေရေ ငါ့အတွက် လက်ပံပွင့်လေးတစ်ပွင့်လောက်ပါ” ကျွန်တော်တို့ငယ်စဥ် လက်ပံပင်အောက်ကနေ အပင်ပေါ်ကိုမော့ကြည့်ရင်း ပြောခဲ့ရသောစကားဖြစ်သည်။ လက်ပံပင်ကြီးက မြင့်တော့ လက်ပံပွင့်အကြွေကိုသာ စောင့်ကြရသည်။ အပင်ပေါ်မှာ ဆက်ရက်တွေကဆူညံပျော်မြူးနေကြသည်။ သူတို့ကိုယ်ပြောတာနားမလည်မှန်းသိသော်လည်း အော်ပြောခဲ့ကြသည်။ ဆက်ရက်ကလေးတွေ နှုတ်သီးနှင့်ဆိတ်လို့ ကြွေကျလာသည့် လက်ပံပွင့်က လတ်လတ်ဆတ်ဆတ် ရဲရဲနီနေပါသည်။ လက်ပံပွင့်သည့်အချိန်က ဆောင်းနှောင်းနွေအကူးအချိန်။ ကျွန်တော်တို့စာမေးပွဲဖြေခါနီး ဖေဖော်ဝါရီလဆန်းပိုင်းဆို လက်ပံပွင့်တွေစပွင့်ပြီဖြစ်သည်။ ဆရာကြီးက ညကျောင်းခေါ်သဖြင့် ကျောင်းကအပြန် ကျောင်းဝင်းထဲက လက်ပံပင်ကြီးအောက်မှာ လရောင်ထဲမှာ ဆီမီးခွက်ကလေးတွေနဲ့ လက်ပံပွင့် ကြွေရှာရသည်။ ပွင့်ဦးကာလမို့ တပွင့်တလေသာရပါသည်။ ရံဖန်ရံခါ တဝဲဝဲကြွေလာသည့် လက်ပံပွင့်ကို အောက်ကနေ အချင်းချင်း […]