Author Posts

ငယ်ဘဝက စိမ်းလန်းသော သင်္ကြန်

သင်္ကြန် အကျနေ့ မနက်မှာ ကျွန်တော်တို့ ကလေးတစ်သိုက်သည် ဘုန်းကြီးကျောင်းအောက်မှာ တုတ်ချောင်းကိုယ်စီကိုင်ပြီး ပန်းကန်စုတ်၊ ဒန်အိုးအစုတ်၊ သံပြားတို့ကို ကိုင်ကာစောင့်နေကြရလေသည်။ ဤသို့စောင့်နေရင်း ဘုန်းကြီးကျောင်းပေါ်မှ ကျောင်းသားကြီးနှင့် ကိုရင်ကြီးတီးမည့် စည်သံနှင့် ကြေးစည်သံကို နားစွင့်နေကြရသည်။ ဘုန်းကြီးကျောင်းပေါ်မှ စည်သံ၊ ကြေးစည်သံတို့ကို ကြားရပြီဆိုသည်နှင့် ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတစ်သိုက် မိမိအနားကိုယ်စီယူထား ကြသော ပန်းကန်စုတ်၊ ဒန်အိုးစုတ်၊ သံပြားအပေါက်တို့ကို အားပါးတရ ထုရိုက်ကြလေတော့သည်။ ဤကဲ့သို့ နားကွဲလုမတတ်ထုရိုက်ပြီး နတ်ပြည်မှ ဆင်းလာမည်ဆိုသော သကြားမင်းကို ကြိုဆိုခဲ့ကြရလေသည်။ ကျွန်တော််ငယ်ငယ်ကနေခဲ့သော ဘုန်းကြီး ကျောင်းမှာ ရွာက အရှေ့ကျောင်းဟုခေါ်ကြသော ဘုန်းကြီး ကျောင်း ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းဝင်းမှာကျယ်ပြန့်ပြီး မန်ကျည်းပင်၊ ခရေပင်၊ သီးသီးပင်ကြီးတွေရှိပြီး အရိပ်အာဝါသကောင်းပါသည်။ မိုးရာသီတွင်ရေရှိသည့် ရေကန်ကြီးတစ်ကန်လည်းရှိပါသေးသည်။ ဘုန်းကြီးကျောင်း ဝင်းမှာ နွေရာသီတွင် […]

အနာဂါတ်ရောင်ခြည်ခေတ်သို့

စာအုပ်သက်တမ်းက ၅၄ နှစ်ရှိပါပြီ၊ တော်လေးလည်း ဟောင်းနေလို့ greenness အနေနဲ့ ခက်ခက်ခဲခဲ သိမ်းထားရတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာတော့ နေဗိမာန်အကြောင်း အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး နေစွမ်းအင်ရှာဖွေတွေ့ရှိမှု ၊ နေ၏ အလင်းရောင်ခြည် ကမ္ဘာမြေ ပေါ်ရှိလူသားတွေကို အကျိုးပြုပုံ ၊ အလင်းသုံးဓာတုဗေဒ၊ နေခြည်သုံးပြီး တီထွင်ပျံသန်းမှုများ ၊ နေအား လျှပ်စစ်အကြောင်းတစေ့တစောင်းနဲ့ နေအင်အား တခေတ်ဆန်းချိန် စတဲ့ စိတ်ဝင်စားဖွယ်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မူရင်းစာရေးသူက ဒီစာအုပ်ကို ရေးသားစဥ်မှာ နေဗိမာန်ကြီးကို မျက်လုံးအစုံမှာ ထင်ယောင်မြင်ယောင်လျက် ရေးသားထားတယ်လို့ ဆိုထားပါတယ်။ တောတော်လေးပြည့်စုံကောင်းမွန်သလို ဗဟုသုတများစွာပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ဆရာဦးစံမြင့်အောင်က ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် ။ အဖုံးဒီဇိုင်းကို ဦးသောင်းလှရေးဆွဲပြီး ၁၉၆၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၀၀၀ […]

ရေကို တန်ဖိုးထားရကောင်းမှန်း မသိသေးသူတွေ

” ရေအသက် တစ်မနက်” ဆိုတဲ့ မြန်မာစကားက ရေဟာ လူတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ညွန်းနေတဲ့ စကားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ရေကိုတကယ်တန်ဖိုးထားကြပါရဲ့လား။ ရေအရင်းအမြစ်ကို တကယ် ထိန်းသိမ်းကြပါရဲ့လား။ သစ်တောတွေပြုန်းတီးလို့ ရေအရင်းအမြစ်တွေဆုံးရှုံးနေသလို၊ ရွှေတူးဖော်မူတွေကြောင့် ရေတွေညစ်ညမ်းနေသလို၊ စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေကြောင့် ချောင်းမြောင်းတွေညစ်ညမ်းနေသလို ရေကိုအဟသ ဖြုန်းတီးနေသူတွေလည်း မနည်းလှပါဘူး။ စာရေးသူတို့မြို့မှာ ရေလျှံတွင်းဆိုတာတွေ တော်တော်များများရှိကြပါတယ်။ ရေတွေက သူ့အလိုလိုလျှံထွက်ကျနေတာပါ။ ရေလျှံတွင်းတွေကို တူးကြသူတွေက နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်မျိုးက ပိုက်ဆံတတ်နိုင်သူတွေဖြစ်ပြီး ဒုတိယအမျိုးအစားက မိမိနေထိုင်ရာ အိမ်ဝင်းနေရာကကို ရေလျှံတွင်း လွယ်လွယ်ကူကူတူးလို့ရနေတဲ့သူတွေဖြစ်ပါတယ်။ ပထမအမျိုးအစားက ဒုတိယအမျိုးအစားထက်ပိုများတယ်။ ရေလျှံတွင်းတူးထားတော့ ရေက ပိုက်ကနေလျှံထွက်နေတာပေါ့။ လျှံထွက်လာတဲ့ရေတွေကို ထိန်းချုပ်မှုလုံးဝမရှိလွတ်ထားလိုက်တော့ ရေတွေဟာ မြောင်းတွေထဲ အလဟသ စီးဆင်းသွားပါတော့တယ်။ ထွက်လာတဲ့ရေရဲ့ ကိုးဆယ်ရာခိုင်နူန်းဟာ အလဟသဖြစ်သွားတာပါ။ […]

အသက်ကို ဥာဏ်စောင့်

ကမ္ဘာတလွားအပူချိန်မြင့်မားမှုမှာ မြန်မာနိုင်ငံကလဲအထူးခံစားနေကြရပါပြီ။ ယခင်နေ့က ကမ္ဘာတလွားအပူဆုံး၁၀မြို့မှာ မြန်မာနိုင်ငံက ၅မြို့ပါဝင်ပြီး ချောက်မြို့က အမြင့်ဆုံးဖြစ်ခဲ့သလို နောက်ရက်တွေမှာလဲ ထိပ်ဆုံး၅မြို့ထဲဆက်ပါလျက်ရှိနေပါတယ်။ မြန်မာပြည်တလွားအပူချိန်တိုးနေတာကြောင့် ရုတ်တရက်အပူလွန်ပြီး သတိလစ်လဲကျတာ၊ သေဆုံးတာတွေအထိဖြစ်နေပါပြီ။ ဒီနှစ်အပူချိန်မြင့်တက်လာတာဟာ အယ်နီညို ရာသီဥတုကြောင့်ဖြစ်ပြီး ပင်လယ်ရေမျက်နာပြင်အပူချိန်ပြောင်းလဲမှု၊ ပစိဖိတ်သမုဒ္ဒရာမျက်နာပြင်ပေါ်မှာတိုက်ခတ်နေတဲ့လေတို့ပေါင်းဆုံကာ အပူတိုးတာ၊ ခြောက်သွေ့လွန်စေတာတွေကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေလို့ဆိုရင်လဲမမှားပါဘူး။ ကမ္ဘာမှာလူနေထိုင်ရာဒေသတခုရဲ့အပူဆုံးစံချိန်ကတော့ ၁၉၁၃ခု ကယ်လီဖိုးနီးယားမှာကျရောက်ခဲ့တဲ့ ၅၇ ဒီဂရီဆဲစီရပ် ဖြစ်ပါတယ်။ လူသားတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ ၉၈. ၆ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး အပူလွန်လာမှုဟာ ခန္ဓာကိုယ်ကစွန့်ထုတ်နိုင်တဲ့အပူထက် ဝင်လာတဲ့အပူကပိုများလာလို့ပဲဖြစ်ပါတယ်။ ဒါကြောင့်ခန္ဓာကိုယ်ထဲကိုအပူတွေဝင်ရောက်မလာအောင်ပြုမူနေထိုင်စားသောက်ဖို့လိုပါပြီ။ ခန္ဓာကိုအပူချိန်ကျဆင်းစေဖို့အကောင်းဆုံး ကတော့ရေသောက်ခြင်းဖြစ်သလို ရေဓာတ်၉၀% နီးပါးပါဝင်တဲ့ ဖရဲသီးကိုစားပေးဖို့လိုပါတယ်။ ကြက်သွန်နီ၊ သခွားသီး၊ ဒိန်ချဥ်၊ အုန်းရေ၊ ပင်စိမ်းရွက်၊ ရှားစောင်းလက်ပါတ်ဖျော်ရည်တို့ကို သောက်သုံးခြင်းဖြင့်လဲအပူချိန်ကျဆင်းစေပြီးအပူဒါဏ်ကိုခံနိုင်ရည်ရှိစေပါတယ်။ ဒါအပြင်ရှောက်လိမ္မော်အုပ်စုဝင်အသီးဖျော်ရည်တွေကိုသောက်သုံးခြင်းဟာလဲ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသာမက ကျမ်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ ဗိုက်တာမင်စီကိုပါပံ့ပိုးပေးပါတယ်။ ဖျော်ရည်သက်သက်အနေနဲ့တော့ ကော်ဖီအေး၊ ကြံရည်၊ […]

အစိမ်းရောင် အအေးပေးစက်များ

နေသည် ထင်းထင်းကြီးပူနေ၏။ ဒေါ်ကောက်သည် တဲအောက်မှာ ရေနွေးထိုင်သောက်ရင်း ဘေးပတ်ဝန်းကျင်ကို ငေးမောနေသည်။ ညက TV ထဲမှာ အပူဒဏ်ကြောင့် လူတွေသေဆုံးသည့် သတင်းတွေကိုသူကြည့်ခဲ့ရသည်။ မြို့ပေါ်က လူတွေ သစ်ပင်မရှိ၊ လေမတိုက်နဲ့ တိုက်ခန်းတွေ၊ ကတ္တရာလမ်းမပေါ်တွေထဲ ဘယ်လွယ်လိမ့်မလည်း ဟုတွေးရင်း စိတ်တွင် သူတို့ကိုယ်စားမွန်းကျပ်လာပါသည်။ ရေနွေးတစ်ခွက်ကို ထပ်ငှဲ့သောက်လိုက်ပြန်သည်။ ချွေးကလေးတွေစို့လာ၏။ လေပြေတစ်ချက်ဝှေ့လိုက်ရာ အေးခနဲ ခံစားလိုက်ရ၏။ သူ့တဲအနီးကပ်ရက်က မန်ကျည်းပင်ကို မော့ကြည့်လိုက်မိသည်။ ပြီးတော့ တောစပ်က ငှက်ပျောပင်များနှင့် ခြုံပုတ်ကလေးတွေကိုလည်းကြည့်လိုက်သေး၏။ သူ့စိတ်ထဲတွင် ထိုအပင်များကို ကျေးဇူးတင်နေလေသည်။ ကလေးသုံးယောက်သည် နေ့လယ်ခင်းတွင်ပင် ဆော့ကစားနေကြသည်။ သစ်ပင်မှတွဲလောင်းချထားသော ဒန်းပေါ်တွင်ထိုင်ကာ ဒန်းစီးနေကြခြင်းဖြစ်သည်။ ဒန်းဆင်ထားသည့်အပင်က မျောက်ငိုပင်ကြီးဖြစ်သည်။ မျောက်ငိုပင်နှင့်ကပ်ရက်မှာ ပိန်နဲပငျနှငျ့သရကျပငျလညျးရှိသေးသညျ။ ထို့ကြောင့်အရိပ်ကောင်းစွာရ၏။ ကလေးသုံးယောက်ရဲ့ အဖွားဖြစ်သူ ဒေါ်ရှားတင်က သူ့မြေးသုံးယောက်ကို နေ့လယ်မှာမဆော့ဖို့ […]

ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆသောင်းနဲ့ချီပိုပြင်းတဲ့ SF6 ဓာတ်ငွေ့

SF6 ( sulphur hexafluoride )ဆိုတာ အရောင်မဲ့ ၊ အနံ့မဲ့ ၊ ရေမှာမပျော် ၊ မီးမလောင်နိုင်တဲ့ လူလုပ်ဓာတ် ပေါင်း တစ်မျိုးဖြစ်ပါတယ် ။ အဲ့ဒိဓာတ်ပေါင်းက ဖန်လုံအိမ် ဓာတ်ငွေ့တစ်မျိုးဖြစ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထက် အဆ ပေါင်း ၂၃၅၀၀ ဆ အပူကို စုတ်ယူထားနိုင်စွမ်းရှိပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေတဲ့ ဖန်လုံအိမ်ဓာတ်ငွေတွေထဲမှာ အစွမ်းထက်ဆုံး ဓာတ်ငွေ့ တစ်ခုလို့ဆိုရင် မမှားပါဘူး ။ ပြဿနာက အဲ့ဓာတ်ငွေ့က လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့နေရာမှာ လျှပ်ကာပစ္စည်းတွေမှာ ထည့်သွင်း အသုံးပြု တာပဲ ဖြစ်ပါတယ် ။ ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့အတွက် ရုပ်ကြွင်းလောင်စာတွေ လောင်ကျွမ်းခြင်း ကနေ ကာဗွန်ဒိုင်အောက်ဆိုက်တွေ ထွက်လာတာကို တားဆီးဖို့အတွက် လျှပ်စစ်စွမ်းအင်ကို ပြောင်းလဲသုံးစွဲဖို့ ကြိုးစားနေချိန်မှာ […]

အပူဆုံးအချိန်တွေမှာ သတိနဲ့ဆင်ခြင်ကြစေချင်

ယခုနွေရာသီ အပူဒဏ်ကိုခံရတာကတော့ ကမ္ဘာကြီးမီးလောင်နေပြီလားလို့ အောက်မေ့ရပါတယ်။ အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်နေရတဲ့အထဲမှာမှ ဟိုနေရာ၊ သည်နေရာတွေမှာ ရှိူ့မီးကြောင့် လောင်ကျွမ်းတဲ့မီး၊ မတော်တဆကြောင့် လောင်ကျွမ်းတဲ့ မီးတွေအကြောင်းလည်း လူမှုကွန်ရက်ပေါ်ကနေ မြင်ကြားနေရပါတယ်။ လူရော၊စိတ်ရောပူလောင်နွမ်းလျကြရပါတယ်။ ယခုနှစ်နွေရာသီ ကမ္ဘာ့အပူဆုံး မြို့၁၅ မြို့မှာ မြန်မာနိုင်ငံက မြို့ ၆ မြို့ပါဝင်တယ်လို့ဆိုပါတယ်။ ချောက်မြို့က ကမ္ဘာ့အပူဆုံးမြို့ အဆင့် (၁) ၊ မကွေးမြို့က အဆင့် (၅) ၊ မင်းဘူးမြို့က အဆင့် (၈) ၊ ညောင်ဦးမြို့က အဆင့်( ၉)၊ တောင်ငူမြို့က အဆင့် (၁၀) နှင့် ပြည်မြို့ အဆင့် (၁၄) တို့ ဖြစ်တယ်လို့သိရပါတယ်။ ပူလောင်မူကိုခံစားရနေစဥ်မှာ လျပ်စက်မီးမမှန်တာကလည်း အခြေအနေကိုပိုဆိုးစေပါတယ်။ လျပ်စက်မီးမမှန်တဲ့အတွက် အစားအသောက်တွေ လတ်ဆတ်မှု […]

ကမ္ဘာကျော်ဘောလုံးသမားမက်ဆီကတော့ ပလက်စတစ်တွေရှင်းဖို့အတွက် လူစုနေပြီ

လူသားတွေနဲ့ ကမ္ဘာဂြိုဟ်ကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုတည်ဆောက်ဖို့ နဲ့ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် လုပ်ငန်းများလုပ်ဆောင်နိုင်ဖို့အတွက် ကမ္ဘာကျော် ဘောလုံးသမား အာဂျင်တီးနားသား လိုင်ယွန်နယ်မက်ဆီက Join The Planet အဖွဲ့ ပေါင်းပြီး ပတ်ဝန်ကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေ စတင်လုပ်ကိုင်နေပါပြီ ။ သူ အဓိကလုပ်မှာကတော့ ငါးဖမ်းပိုက်တွေလို နိုင်လွန် နဲ့ပတ်သက်တဲ့နေရာတွေ ၊ ကြိုးအဖြစ်သုံးတဲ့ ပိုလီပရိုပိုင်လင်းနဲ့ ပတ်သက်တဲ့နေရာတွေ ၊ ဖိုင်ဘာခွက်တွေလို ရေရှည်ခံပစ္စည်းတွေ နေရာတွေမှာ အစားထိုးဖို့အတွက် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမဲ့ အထူးပစ္စည်း တစ်မျိုးကို ထုတ်လုပ်မှာပဲ ဖြစ်ပါတယ် ။ Join The Planet ၏ ပထမဆုံး သံတမန် လီယွန်နယ်မက်ဆီက သဘာဝပတ်ဝန်းကျင် စောင့်ရှောက်မှုနှင့် လူမှုပေါင်းစည်းမှုဆိုင်ရာ အမှတ်တံဆိပ်ရဲ့ ကတိကဝတ်ကို ချဲ့ထွင်ဖို့အတွက် […]

ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ဒီကနေ့ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်‌ငွေ့တွေကို စွန့်လွှတ်ပြီးတော့ သန့်စင်ပြီး ပြန်ပြည့်မြဲစွမ်အင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို လူမှုဘဝလုံခြုံရေးအတွက် သုံးစွဲရန် ကြိုးစားနေတဲ့ အကူးအပြောင်းကာလထဲကို ရောက်နေပါတယ်။ အဲ့ဒိလို အကူးအပြောင်းကာလမှ အာဆီယံနိုင်ငံတွေအနေနဲ့ အနာဂတ်မှာသုံးစွဲမယ့် စွမ်းအင် ဘေးကင်လုံခြုံရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီအထိ လျှော့ချရန်နဲ့ ၂၀၅၀ မှာ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု သုည အခြေအနေထိ ရောက်အောင် ကြိုးစားကြဖို့အတွက် နိုင်ငံတကာက ကြိုးစားချိန်မှာ လက်ရှိသုံးနေတဲ့ ရုပ်ကြွင်းလောင်စာကနေ ရယူတဲ့ စွမ်းအင်တွေကို အပြီးတိုင် အစားထိုးနိုင်ဖို့က အရေးကြီးနေပါတယ်။ အစားမထိုးနိုင်ဘူးဆိုရင်တော့ စွမ်းအင်ပြဿနာတွေက ဒေသတွင်း ပဋိပက္ခ တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် […]

ရေ၏ ခေါ်သံ

ကျွန်တော်တို့အုပ်စုသည် မြေသားလှေကားထစ်အတိုင်း အောက်သို့ဆင်းလာခဲ့ကြသည်။ အောက်သို့ဆင်းလေလေ ရေစီးသံတဝေါဝေါကို ပို၍ ကြားလေလေပင်။ ရေစီးသံက ကျွန်တော်တို့ကို လက်ယက်ခေါ်နေသလိုခံစားရသည်။ အောက်သို့ရောက်သောအခါ ဝါးတဲလေးနှစ်လုံးကို ဘွားခနဲတွေ့လိုက်ရသည်။ အတော်ပါပဲ။ ထိုဝါးတဲနှစ်လုံးမှ လူမရှိသောဝါးတဲလေးပေါ်သို့ ကျွန်တော်တို့ လှမ်းတက်လိုက်ကြသည်။ မိန်းကလေးသုံးယောက်ကတော့ ထူးထူးထွေထွေ အဝတ်အစားမလဲကြပါ။ ကျွန်တော်တို့ ယောက်ျားလေး သုံးယောက်သာလျှင် အပေါ်အင်္ကျီတွေ ချွတ် ပုဆိုးတွေလဲကာ ရေထဲဆင်းဖို့ပြင်ဆင်ကြပါသည်။ ညီမလေး ကေသရီဦး မြင့်မြတ်သိင်္ဂီနှင့် မီမီခိုင်ထွန်း တို့ကတော့ ချက်ချင်းဆင်းကြမည့်ပုံ မပေါ်သေး။ တဝေါဝေါရေစီးသန်နေသည့် ရေတံခွန်အလှကိုသာ တအံ့တသြငေးမော၍ ကောင်းနေကြဆဲ။ ထိုစဉ် ကျွန်တော် ဆရာချစ်နှင့် ကွီးဖြိုးကတော့ ကျောက်တုံးတွေပေါ် လမ်းလျှောက်ကာ တဝေါဝေါရေစီးသံရှိရာသို့ ခပ်သွက်သွက် လှမ်းနေကြလေပြီ။ နေမွန်းတည့်ချိန်ဖြစ်သောကြောင့် ရေမထိသော ကျောက်တုံးများပေါ်လျှောက်ရသည်မှာ ပူလှသည်။ ထို့ကြောင့် အပူဒဏ်ကို ခုန်ဆွခုန်ဆွခုခံရင်း […]