Author Posts

လူစီယားနားမှာပျောက်သွားတဲ့ ပင်လယ်လိပ်သေး တစ်မျိုးပြန်တွေ့

ကမ့်ပ်ရိုက်ဒလေ ဆိုတဲ့ ပင်လယ်လိပ်ငယ် မျိုးက အမေရိကားက လူစီယားနား ပြည်နယ်မှာ ပျောက်ကွယ်သွားတာ နှစ် ၈၀ နီးပါးလောက်ရှိပါတယ် ။ ဒီလအစောပိုင်းက ငှက်စောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ က နယူးအော်လန် ကမ်းလွန်း ကျွန်းတစ်ကျွန်းဖြစ်တဲ့ ချန်ဒီလာကျွန်းကို သွားရောက်ပြီး သူတို့ရဲ့ လုပ်ငန်းစဉ်တွေကိုလုပ်နေစဉ်မှာ ကမ်းခြေတစ်နေရာမှာ လိပ်ကလေးတွေပေါက်နေတာကို တွေ့ခဲ့ပါတယ်။ သူတို့အဖွဲ့မှာ အဏ္ဏဝါပညာရှင်တစ်ယောက်ပါလာလို့ သူက အဲ့ဒိလိပ်မျိုးက ရှားပါလိပ်ငယ်တွေဆိုတာပြောပြခဲ့လို့ သူတို့က ဓာတ်ပုံရိုက်ပြီး လူစီယားနား ကမ်းခြေထိန်းသိမ်းရေးနဲ့ကာကွယ်စောင့်ရှောက်ရေး အာဏါပိုင်အဖွဲ့ကို အတည်ပြုခိုင်းရာမှာတော့ ပင်လယ်လိပ်တွေထဲမှာ အကောင်အငယ်ဆုံး ကမ့်ပ်ရိုက်ဒလေ လိပ်မျိုးမှန်း သိလိုက် ရပါတယ် ။ အဲ့ဒိမျိုးက အကြီးဆုံးအကောင်မှ ၂ပေလောက်ပဲ ရှိပါတယ် ။   လူစီယားနားပြည်နယ်မှာ ပျောက်ကွယ်သွားတာ ၇၅ နှစ်ကျော်သွားပြီလို့လည်း သိလိုက်ရပါတယ် […]

(၂၁)ရာစု မြန်မာနိုင်ငံအတွက် ရာသီဥတုစိန်ခေါ်မှုများ

                မြန်မာနိုင်ငံရဲ့ရာသီဥတုတွေဟာ ပြောင်းလဲနေပါတယ်။ ပြောင်းလဲနေတဲ့အတွက် နယ်ပယ်စုံမှာ နှစ်စဉ်နှစ်တိုင်း ထိခိုက်မှုတွေ ကြုံတွေ့နေရပါတယ်။ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုကြောင့် ပျက်စီးဆုံးရှုံးမှု အများဆုံး(အဆိုးဆုံး) ဆယ်နိုင်ငံ စာရင်းမှာ ဒုတိအဆိုးဆုံးနိုင်ငံအဆင့်ကို မြန်မာနိုင်ငံရောက်ရှိနေခဲ့တာ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ (၅)နှစ်ဆက်တိုက်ရှိ နေပြီ ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်ဟာ ပူပြင်းတဲ့နှစ်တစ်နှစ်ဖြစ်လာဖို့ အလားအလာတွေက များနေပြန်ပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအထိ လွန်ခဲ့တဲ့(၂၅)လကာလအတွင်း တစ်လချင်းစီရဲ့ အပူချိန်တွေဟာ ၁၉၈၁-၂၀၁၀အထိ နှစ်(၃၀)ပျမ်းမျှတန်ဖိုးတွေထက် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလတစ်လမှလွဲပြီး၊ ကျန်လတွေအားလုံးဟာနှစ်( ၃ဝ)ပျမ်းမျှအထက်ကျော်လွန်နေတာကိုတွေ့ရပါတယ်။ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် အပူဆုံးလကတော့ ၂၀၁၆ […]

WWF မှ ရာသီဥတုနှင့်စွမ်းအင်မန်နေဂျာ ဦးရွှန်းစိုဦးနှင့်တွေ့ဆုံခြင်း

”ပြန်ပြည်မြဲစွမ်းအင် အတော်များများဟာ တည်ဆောက်ရ အမြန်ဆုံး၊ စျေးအချိုဆုံးနဲ့ အသန့်ရှင်းဆုံးပါ။ မြန်မာနိုင်ငံအတွက် အလွန်ပဲသင့်တော်ပါတယ်” ဒီကနေ့ ကမ္ဘာမှာရော မြန်မာမှာပါ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကို သိသိသာသာ ခံစား နေရပါပြီ။ အဲဒီဖြစ်စဉ်တွေရဲ့ နောက်ဆက်တွဲ ပြဿနာဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေကိုလည်း နှစ်စဉ် ပြင်း ပြင်းထန်ထန် ရင်ဆိုင်နေကြရတယ်။ သဘာဝဘေးအန္တရာယ်တွေဟာ တစ်နေရာတည်း၊ တစ်နိုင်ငံတည်းမှာ ဖြစ်နေတာမဟုတ်ဘဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေခဲ့တာပါ။ မြန်မာနိုင်ငံအနေနဲ့ဆိုရင် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ထိခိုက်ပျက်စီးဆုံးရှုံးမှု အများဆုံးနိုင်ငံတွေ စာရင်းမှာ အဆင့်သုံး ဖြစ်နေခဲ့ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကို ဟန့်တားတိုက်ဖျက်ဖို့ လိုပါတယ်။ အဲဒီလို ဟန့်တား တိုက် ဖျက်ဖို့အတွက် […]

အင်းကြီးတောင်သမန်

” အင်းအိုင်ဝိုက်လည် မြို့ကြီးတည်ပြန် ၁၁၄၄ခုနှစ်က အမရပူရရွှေနိုင်ငံ ရေချိုတွင်းနဲ့ပျံ့နန်းလှန်……. ရွှေဘိုမင်းဆက်မှန်နန်းစံ အင်းကြီးတောင်သမန် ” ဆရာတင်တောင်သမန် သီးချင်းမှ )   တောင်သမန်တဲ့…..။ သူက အမရပူရမြို့မှာရှိတယ် ။ ရှေးကအမရပူရမြို့တော်သည် အရှေ့အောင်ပင်လယ် ၊ အရှေ့တောင်ရွှေစာရံ ၊ တောင်- ပလိပ်ရွာ၊ အနောက်တောင် တဘက်ဆွဲ၊ အနောက်မြောက်စစ်ကိုင်းတိုင်းနယ်မြေ ၊ မြောက်တောင် ကျုံးကြီးနှင့် အရှေ့မြောက်ဘက် သက်ကယ်ကျင်းအထိ ကျယ်ဝန်းသည် ။ ၁၁၄၄ ခုနှစ် ၊တပို့တွလ ဆန်း ၇ရက် အင်္ဂါနေ့တွင် မြို့တော်ရုံးတော်၊ ရွှေနန်းတော် ၊ ရွှေဂူတော် ၊ ကျောင်းတော် ၊ပိဋိကတ်တိုက်တော် ၊ ကန်တော်ဟူသော (၇) ဌာနကို တစ်ပြိုင်နက်တည်း ဆောက်လုပ်ကာ မြို့တော်တည်ခဲ့သည် ။ […]

ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေးစာချုပ်ချုပ်ဆိုဖို့အတွက် တောင်းဆိုမှုတွေ လုပ်နေပြီ

လက်ရှိ ကုလသမဂ္ဂမှာ ကျင်းပနေတဲ့ ကမ္ဘာ့ ကျန်းမာရေးညီလာခံမှာ လူသားတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့အတွက် ရုပ်ကြွင်းလောင်စာ မပြန့်ပွားရေး စာချုပ်ချုပ်ဆိုဖို့အတွက် ကျန်းမာရေးပညာရှင် ၁၀၀၀ ကျော်နဲ့ ကျန်းမာရေးဆိုင်ရာအဖွဲ့ ၁၇၅ ဖွဲ့က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ ကုသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ( WHO) နဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသင်း ဖက်ဒရေးရှင်း ( WFPHA) တို့ ပူးပေါင်းပြီးကျင်းပတဲ့ ညီလာခံမှာ ကမ္ဘာ့နိုင်ငံအသီးသီး က အစိုးရတွေကို ရုပ်ကြွင်းလောင်စာနဲ့ ၎င်းထွက် ပစ္စည်းများ အသုံးမပြုဖို့အတွက် သဘောတူစာချုပ်ချုပ်ပေးရန် လက်မှတ်ထိုးတောင်းဆိုတဲ့ စာတွေပို့ပေးသွားမယ်လို့ သိရပါတယ်။   WHO အကြီးအကဲ ဒေါက်တာ တီးဒရို့စ်က “ ခေတ်သစ်ရုပ်ကြွင်း လောင်စာစွဲလမ်းမှုက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံ လောက်နဲ့ […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ ပြည်သူပါ၀င်လာဖို့ဆိုရင်

  (၁) ရွှေလက်တို့ မြန်မာနိုင်ငံရဲ့ ရေမြေတောတောင် သဘာဝပတ်ဝန်းကျင်အနေအထားတွေဟာ လှပကောင်းမွန်လွန်းခဲ့ပါတယ်။ ရာသီဥတုသမမျှတတယ်။ သယံဇာတပေါကြွယ်ဝတယ်။ ဒါကြောင့် ရွှေလက်တို့အားလုံး မြန်မာနိုင်ငံသားဖြစ်ရတာကိုဂုဏ်ယူခဲ့ကြတယ်မဟုတ်လား။ အခုတော့ အစိုးရအဆက်ဆက် စီမံခန့်ခွဲတာညံ့ဖျင်းမှု၊ ၀ိသမလောဘသားတွေရဲ့ ဘယ်သူသေသေငတေမာရင်ပြီးရောလုပ်ဆောင်ချက်တွေကြောင့် မြန်မာနိုင်ငံရဲ့ ရေမြေတောတောင်တွေ ပျက်စီးခဲ့ရပြီ။ သယံဇာတတွေ ဆုံးရှုံးခဲ့ရပြီ။ သဘာဝပတ်ဝန်းကျင်အနေအထားတွေ ပျက်စီးပြီးရာသီဥတုတွေ ဖောက်ပြန်ပြောင်းလဲကုန်ပြီ။ အဲဒီဖြစ်စဉ်တွေရဲ့အကျိုးဆက်တွေက သဘာဝဘေးအန္တရာယ်ဆိုးတွေကို ဖြစ်ပေါ်စေခဲ့တယ်။ သဘာဝဘေးတွေကြောင့် လူပေါင်းများစွာရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ နိုင်ငံတော်ဘဏ္ဍာငွေမြောက်များစွာဆုံးရှုံးခဲ့ရတယ်။   အဲဒါတွေအားလုံးကိုရွှေလက်တို့ နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ခဲ့ကြရတာပါ။ ဒါတွေအားလုံးဟာ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီးလို့ ဖြစ်ခဲ့ရတယ်ဆိုတာရွှေလက် ပြောခဲ့ပြီးပါပြီ။ သဘာဝပတ်ဝန်းကျင် ပျက်စီးနေတာကိုကမ္ဘာ့နိုင်ငံအသီးသီးကပညာရှင်တွေ၊ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့တွေအားလုံးကလက်ခံပြီး သဘာဝ ပတ်ဝန်းကျင် ထိ်န်းသိမ်းရေးလုပ်ငန်းတွေကိုအင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။ ရွှေလက်တို့ မြန်မာနိုင်ငံမှာလည်း နိုင်ငံတော်အစိုးရ […]

ချားလ်ဘုရင်က အစိမ်းရောင်ဘုရင်တစ်ပါး ဖြစ်လာလေမလား

ဗြိတိန် ထီးနန်းကို ဆက်ခံမယ့် ချားလ်( ၃ ) က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ၊ အော်ဂဲနစ် စိုက်ပျိုးရေးလုပ်ငန်းတွေ နဲ့ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာလုပ်ငန်းတွေ နဲ့ ပတ်သက်ပြီး မင်းသားဘဝမှာ နှစ်ရှည်လများ အကြာကြီး လုပ်ခဲ့ ဖူးပါတယ်။ ကမ္ဘာ့သြဇာအရှိန်အဝါအကြီးဆုံး ဘုရင်တစ်ပါးအနေနဲ့ အစိမ်းရောင် လုပ်ငန်းတွေအပေါ်မှာ ဆက်လက်လုပ်ဆောင်သွား နိုင်မယ်လို့လည်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက သူ့ကို မျှော်လင့်နေကြပါတယ်။ မနှစ်က စကော်တလန်မှာ ကျင်းပတဲ့ COP26 ကမ္ဘာ့ရာသီဥတုဆိုင်ရာ ညီလာခံမှာ သူက အဖွင့်မိန့်ခွန်းပြောခဲ့ပါတယ်။ “ ကျနော်တို့ အချိန်တွေ ကုန်တာမြန်လွန်းနေပါတယ်။   ကမ္ဘာကြီး ကိုပြန်လည်ကောင်းမွန်ဖို့အတွက် ကျနော်တို့ရဲ့ အလုပ်တွေကို ၂ ဆ တိုးလုပ်ဖို့ လိုအပ်နေပါတယ်” ဆိုပြီး ပြောသွားပါတယ်။ […]

အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်းမှာ ၂၄ နှစ်အတွင်း ဒီရေတော ၄ ရာခိုင်နှုန်း ဆုံးရှုံး ခဲ့ ဟုဆို

               အနောက်အိန္ဒိယသမုဒ္ဒရာ (WIO) ဒေသမှာ ၁၉၉၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၎င်း၏ ဒီရေတော ၄ ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားကြောင်း အစီရင်ခံစာအသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။ ကမ္ဘာ့ ဒီရေတောရဲ့ ၅% ကို ပိုင် ဆိုင်ထားတဲ့ အိန္ဒိယသမုဒ္ဒရာ အနောက်ပိုင်း နိုင်ငံတွေဖြစ်တဲ့ ကင်ညာ ၊ တန်ဇန်နီးယား ၊ မာဒါကတ်စကာ နဲ့ မိုဇမ်ဘစ် နိုင်ငံတွေရဲ့ ဒီရေတောတွေက ပြုန်းတီးမှု ဆက်လက်ဖြစ်ပွားနေတယ်လို့ အဲ့ဒိ အစီရင်ခံစာက ဆိုပါတယ်။ နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမဂ္ဂ ( IUCN) နဲ့ ကမ္ဘာ့တောရိုင်းထိန်းသိမ်းရေး ရန်ပုံငွေ ( WWF) တို့ ပူးပေါင်းပြုလုပ်တဲ့ […]

မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်နှင့် တွေ့ဆုံခြင်း

”ရာသီဥတုပြောင်းလဲမှုကို ပိုမိုမဆိုးရွားစေတဲ့နည်းတွေကို စဉ်းစားကျင့်သုံးရပါလိမ့်မယ်၊ ဒေသမျိုးတွေ ဖော်ထုတ်တာ၊ ဒေသအလေ့အထတွေ ထိန်းသိမ်းတဲ့နည်းတွေနဲ့ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံမှုကို လုပ်ဆောင်ရပါလိမ့်မယ်”   မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က စိုက်ပျိုးရေးနဲ့ အသက်မွေးဝမ်းကျောင်းမှု ပြုလုပ်ကြပါတယ်။ အခုနောက်ပိုင်း ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိလာပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်စားနပ်ရိက္ခာဖူလုံရေးအတွက် ခြိမ်းခြောက်နေခဲ့ပါပြီ။ ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ အများကြီး ဖြစ်ပေါ်လာမှာပါ။ ဒါကြောင့် ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး စိုက်ပျိုးရေးလုပ်ငန်းမှာ ဘာတွေ ဖြစ်ပျက်နေလဲ၊ ဘယ်လို ပြင်ဆင်မှုတွေ လုပ်ဆောင် သင့်လဲဆိုတာတွေနဲ့ပတ်သက်ပြီး မြန်မာအစိမ်းရောင်ကွန်ရက် ပညာရှင်အဖွဲ့ စိုက်ပျိုးရေးပညာရှင် ဒေါက်တာသန်းသန်းစိန်နဲ့ တွေ့ဆုံမေးမြန်း ဖြစ်ခဲ့ပါတယ်။ မေး။ ။ကမ္ဘာကြီးပူနွေးမှုနဲ့ […]

သိပ္ပံပညာရှင်များက အန္တရာယ်ရှိသော ကျူးကျော်မျိုးစိတ်များကို အနံ့ခံရန် ခွေးများကို လေ့ကျင့်ပေး

ခွေးတွေက သူတို့ မမြင်ရတဲ့ ရေကန်အောက်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဒေသခံမျိုးမဟုတ်တဲ့ ငါးမျိုးတွေ ရဲ့ အနံ့ကို ခွဲခြားနိုင်စွမ်းရှိတယ်လို့ လေ့လာမှု အသစ်တစ်ရပ်က ဆိုပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ရေချို အင်း များ အိုင်များ အတွင်းကို ငါးကြင်း မျိုးစိတ်တွေ ကျူးကျော်ရောက်လာပါက ဒေသခံမျိုးစိတ်တွေ ပျက်းစီး ဆုံးရှုံးမှုကို ဖြစ်စေပါတယ်။ အရှေ့အလယ်ပိုင်း ဇာတိငါးဖြစ်တဲ့ ငါးကြင်း ငါးမြစ်ချင်းတွေက အခြားဒေသက ရေချိုကန်တွေကို ရောက်တဲ့ အခါမှာ သူတို့ရဲ့အကောင်ပေါက်အား နဲ့ ဒေသတွင်း ရေကန်တွေကို စိုးမိုးပစ်လိုက်ပါတယ်။ ဒါပေမဲ့ သိပ္ပံပညာရှင်တွေက ကျူးကျော်မျိုးစိတ်တွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ခွေးတွေရဲ့ အနံ့ခံနိုင်စွမ်းကို အသုံးပြုပြီး ၎င်းတို့ကို ဖယ်ရှားဖို့ အတွက်လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပါတယ်။ သြစတေးလျှနဲ့ နယူးဇီလန်က ပညာရှင်တွေက ဒေသခံမျိုးစိတ် မဟုတ်တဲ့ငါးတွေ […]