Author Posts

ပြင်သစ် စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စနိုင်ဖို့ ယူရို သန်းထောင်ပေါင်းများစွာလို

              ပြင်သစ်မှာ မိုးခေါင်ရေရှား ပြဿနာကြီးဖြစ်ခဲ့တဲ့အတွက်ကြောင့် အဲ့ဒိသဘာဝဘေးအန္တရာယ်နဲ့ စပ်ဆက်ပြီး ကြီးမားတဲ့ ထုတ်လုပ်မှု ကျဆင်းသွားလို့ စိုက်ပျိုးရေး လုပ်ငန်းရှင်တွေကို ကရုဏာကြေးပေးဖို့ ယူရိုငွေ သန်းထောင်ပေါင်း များစွာလိုအပ်နေပါတယ်လို့ ပြင်သစ်စိုက်ပျိုးရေး အဖွဲ့ချုပ်တွေက မနေ့က ပြောလိုက်ပါတယ်။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းသမားတွေ ပူပေါင်းပြီးထုတ်ပြန်တဲ့ ကြေညာချက်မှာ ရာသီဥတုဆိုးဝါးမှုကြောင့် ဖြစ်သွားတဲ့ စိုက်ပျိုးရေး နဲ့ မွေးမြူရေးလုပ်ငန်းတွေ ပျက်စီးဆုံးရှုံး မှုကို ပြန်လည်ကုစားရန်အတွက် ပြင်သစ်အစိုးရ အနေနဲ့ သူတို့ရဲ့ ခန့်မှန်တွက်ချက်ငွေ ယူရို သန်း ၂ ထောင်ကနေ သန်း၄ထောင်အတွင်း ထုတ်ပေးသင့်တယ်ဆိုပြီး တောင်းဆိုခဲ့ပါတယ်။               […]

ဧရာ၀တီ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး

မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော                    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction /Alignment) ကို စိုးမိုး ချယ်လှယ်နေပါသည်။ မြန်မာနိုင်ငံ၏ ရေဆင်းအဆင်ပုံစံ (Drainage […]

အိန္ဒိယက ဟိုက်ဒရိုဂျင်သုံး ပြည်တွင်းဖြစ် ဘတ်စ်ကားကိုထွင်နိုင်ပြီ

                       အိန္ဒိယနိုင်ငံ ပူနီပြည်နယ်က KPIT လီမိတက် ပုဂ္ဂိလ ကုမဏီနဲ့ သိပ္ပံစက်မှုသုတေသနကောင်စီတို့ ပူးပေါင်းပြီး ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ဘတ်စကား ထုတ်လုပ်ကာ မနေ့က အများပြည်သူကို ပြသနိုင်ခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီး ဂျီတန်ဒရာဆင်းဂ် အဲ့ဒိကားပြပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။                     ဟိုက်ဒရိုဂျင်ကား တစ်စီးရဲ့ စွမ်းအင်သုံးစွဲ မှု ကုန်ကျစရိတ် က ဒီဇယ်ကား တွေထက် အများကြီး သက်သာပါတယ်။ ပြီးတော့ ဟိုက်ဒရိုဂျင်ကားတွေရဲ့ အိတ်ဇောပိုက်က ရေပဲထွက်လာမှာ ဖြစ်လို့ […]

ရန်ကုန်မြို့အနီးနားက ပန်းတစ်ပွင့်တောင်

ရန်ကုန်မြို့အနီးမှာလည်း တောင်တက်လို့ရပါတယ် အမြင့်ကြီး တော့ မဟုတ် ဘူးပေါ့ ဒါပေမဲ့လည်း ခရီး အဝေးလဲ မသွားနိုင် တောင်တက်ပြီး ခဏတာ စိတ်အပန်းဖြေချင်သူတွေ စိမ်းစိုနေတဲ့ သဘာဝပတ်ဝန်းကျင် မြင်ကွင်းတွေနဲ့အတူ လှပနဲ့ ကောင်းကင် ကြီးကို ခံစားချင်သူတွေအတွက်တော့ သွားလို့ အဆင်ပြေတဲ့တေနေရာလေးပါ။ ပန်းတစ်ပွင့်တောင် ပန်းတစ်ပွင့်တောင်ဘုရားကိုဖူး​မျှော်ပြီးသူတိုင်းဟာတဒင်ဂစိတ်အေးချမ်းမှုတွေကိုခံစားရပြီး ရင်ပြင်ပေါ်ကနေလှမ်းမျှော်ကြည့်ရင်မြင်ရတဲ့ရှုခင်းအလှအပတွေကြောင့် စိတ်အေးချမ်းမူရရှိစေမှာအမှန်ပါ လေကောင်လေသန့်လေတွေရှူရှိုက်ရင်းတောင်တန်းအလှအပများစွာကိုကြည့်ရူခံစားရင်းနဲ့အမောပြေစေမှာပါ။ ပန်းတစ်ပွင့်တောင် တောင်ပေါ်ရောက်ပြီဆိုတာနဲ့ ရှမ်းပြည်ရောက်သလိုမျိုးခံစားရတဲ့ ခံစားချက်လေးကဘာနဲ့မှလဲလို့မရတဲ့ခံစားမူမျိုးရမှာအသေချာပါ။ တောင်ပေါ်ဘုရားမှာအေးအေးဆေးဆေး လေငြင်းခံစားကြမယ် အခုလိုမိုးရာသီဆို အရင်ကထက်ပိုပြီစိမ်းလန်းစိုပြေတယ် တောင်တန်းကြီးအလှအပကိုတဝကြီးခံစားကြမယ် ပန်းတစ်ပွင့်တောင်ကျောင်းတိုက် (မှော်ဘီမြို့နယ်) လေထီး၁၆ မှတ်တိုင် ရောက်ရင် ညာဘက်ချိုး၍ 30 မိနစ်လောက်သွားရပါမယ် လမ်းနှစ်ခွတွေ့လျှင် ဘယ်ဘက်အတိုင်းသွားပါ။ နောက် ၁၅ မိနစ်ခန့်သွားလျှင် လမ်းခွဲ ထပ်တွေ့ပါမယ်။ ညာဘက်သွားရပါမယ်။ ဘယ်ဘက် ကသွားရင် ဖူးဂျီဆည် […]

ဂတ်စ် နဲ့ရေနံတွင်းတွေ နားမှာနေတဲ့ ကလေးတွေ သွေးဖြူဥ ကင်ဆာအဖြစ်များ

                ယေးလ်တက္ကသိုလ် ပြည်သူ့ကျန်းမာရေး ဌာနရဲ့ သုတေသနတစ်ခုအရ ရေနံနဲ့ ဂတ်စ်တွင်း တွေနဲ့ မနီးမဝေးမှာ နေထိုင်တဲ့မိသားစုတွေမှ ကလေးတွေ က သာမန်မိသားစုတွေမှ ကလေးတွေ ထက် သွေးဖြူဥကင်ဆာ ရောဂါဖြစ်နိုင်ချေ ၃ ဆပိုများတယ်လို့ သိရပါတယ်။ အဲ့ဒိ အရေးပေါ်အစီရင်ခံစာကို ဗုဒ္ဓဟူးနေ့ထုတ် Environmental Health perspectives ဂျာနယ်မှာ ဖော်ပြပါရှိပါတယ်။ အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ် ရေနံတွင်းတွေနားက ၇နှစ်နဲ့ ၁၂နှစ်ကြား ကလေး ၂၅၀၀ ကို သုတေသနလုပ်ရာမှာ အယောက် ၄၀၀ က သွေးဖြူဥ ကင်ဆာရောဂါလက္ခဏါဖြစ်တဲ့ သွေးဖြူဥအားနည်းတဲ့ ရောဂါကို တွေ့ရှိခဲ့ရပါတယ်။ လူကေးမီးယားလို့ခေါ်တဲ့ သွေးဖြူဥကင်ဆာ ရောဂါက […]

ထန်းတောင်သူ့တဲ

(ပတ်ဝန်းကျင် စာအုပ်မိတ်ဆက် ) ဒီစာအုပ်လေးကတော့ ပဒေသာပင်ဘ၀တွေထဲမှထန်းတောင်သူတွေရဲ့ဘ၀အကြောင်းနဲ့အညာမြေရဲ့ထန်းအလှကို ရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်‌ဖြစ်ပြီး ထန်းပင်တွေနဲ့ပတ်သက်တဲ့သတင်း၊ ဆောင်းပါး၊ ကဗျာစတဲ့ ခံစားမှုအစုံကို ဖတ်ရှုရမယ့်စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ အမှာစာကို မြန်မာအစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေဝီသန့်စင်က ရေးသားထားပြီး ထန်းမိတ်ဆက်ကို စာရေးဆရာကြီးမောင်မောင်ဖြူ၊ စောနိုင်ဦး ၊ ကာတွန်းကြည်ဝင်းတို့က ရေးသားထားပါတယ်။ စာအုပ်ထဲမှာ ထန်းရဲ့အသုံးဝင်ပုံအမျိုးမျိုးကို ဓာတ်ပုံများနဲ့ ဝေဝေဆာဆာဖော်ပြထားပြီး ၂၀၁၇ ခုနှစ် ဇွန်လက တန်ဖိုး ၂၅၀၀ ကျပ်နဲ့ စိမ်းရောင်စိုစာပေက ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ စာအုပ်ကို ဆိုင်တွေမှာ ဝယ်ယူရရှိဖို့ မသေချာပါဘူး ။ Greenness အနေနဲ့ ဗဟုသုတအနေ ဖြင့် ဖော်ပြရခြင်း ဖြစ်ပါတယ် ။ CAKE #greenness

ဆင့်ကဲပြောင်းလဲမှု မှတ်တိုင် (သို့) လမ်းလျှောက် ငါးမန်း

အိပ်မက်ဆိုး မက်တယ်လို့ပဲ ပြောရမှာပါ။ သိပ္ပံပညာရှင်တွေ က ကုန်းပေါ်မှာ လမ်းလျှောက်နိုင်တဲ့ ငါးမန်းမျိုးစိတ် တစ်ခုကို လေ့လာနေပါတယ်။ အီပေါ်လက်တီ လို့ခေါ်တဲ့ ငါးမန်းမျိုးစိတ်က ငါးမန်ငယ်တွေက ရေ ထဲမှာရော ကုန်ပေါ်မှာပါ သွားလာနိုင်ကြပါတယ်။ သူတို့က သူတို့ရဲ့ လှော်တက်ပုံစံ ဆူးတောင်တွေကို သုံးပြီး သွားလာနိုင်ကြတာပါ။ အဲ့ဒီဖြစ်စဉ်ကို သိပ္ပံပညာရှင်တွေက ရှင်သန်ခြင်းရဲ့ စည်မျဉ်းအားလုံးကို ရိုက်ဖျက်ချိုး ခြင်းလို့ခေါ်ကြပါတယ်။ သန္တာကျောက်တန်းတွေမှာနေထိုင်တဲ့ အဲ့ဒိမျိုးစိတ်က အောက်စီဂျင်မရှိ ဘဲ ၂ နာရီကျော် ကြာအောင် အသက်ရှင်နိုင်ကြပါတယ်။ သြစတေးလျှတိုက် တောင်ပိုင်းမှာ ရှိတဲ့ မဟာအတားအဆီး ( Great Barrier ) သန္တာကျောက်တန်းကြီး မှာနေထိုင်တဲ့ အီပေါ်လက်တီ ငါးမန်းမျိုးတွေက ဒီရေတက်လာရင် လိုက်လာပြီး ကုန်းပေါ်ကိုတက်လေ့ရှိပါတယ်။ အခြားလမ်းလျှောက်တဲ့ ငါးမန်းတွေကို […]

ရာသီဥတုဖောက်ပြန်မှုက ရောဂါပိုးတွေကို ပိုအစွမ်းထက်လာစေပြီး လူသားတွေကို ကိုယ်ခံအားကျစေတယ်လို့ ဆို

လေ့လာမှုအသစ်တစ်ခုက လူသားတွေကို ရောဂါဖြစ်စေတဲ့ ပိုးတွေထဲမှ ၅၈% ကျော်က ပိုဆိုး လာတယ်လို့ ဆိုလိုက်ပါတယ်။ မနေ့ကထွက်တဲ့ Nature Climate Change ဂျာနယ်မှာ ဟာဝိုင်ရီက မာမိုအာတက္ကသိုလ် သုတေသနပညာရှင်တစ်စု က သူတို့ပြုလုပ်ခဲ့တဲ့ သုတေသနမှတ်တမ်းများအရ အထက်ဖော်ပြပါအဆိုကို ရေးသားလိုက်ခြင်း ဖြစ်ပါတယ်။ သူတို့က ဖန်လုံအိမ်ဓာတ်ငွေ့ ဓာတ်ငွေ့ထုတ်လွှတ်ခြင်းကြောင့်ဖြစ်တဲ့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ၎င်းရဲ့ အကျိုးဆက်ဖြစ်တဲ့ ရာသီဥတုဖောက်ပြန်ခြင်း က ရောဂါပိုးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်ဆိုတာကို လေ့လာခဲ့ကြပါတယ်။ သူတို့က ကမ္ဘာကြီးပူနွေးလာမှု ၊ မိုးခေါင်ခြင်း ၊ အပူလှိုင်းကျရောက်ခြင်း ၊ တောမီး ၊ မိုးကြီးခြင်း ၊ ရေလွှမ်းမိုးခြင်း ၊ မုန်တိုင်းများ ၊ ပင်လယ်ရေမြင့်တက်လာခြင်း ၊ ဇီဝဘူမိဓာတုပြောင်းလဲမှု နဲ့ အပေါ်ယံမြေမျက်နှာပြင် ပြောင်းလဲမှုတို့ကို […]

ကမ္ဘာ့ဆင်များနေ့ ကိုစတင်ခဲ့သူ ပက်ထရစ်ရှာဆင်း နဲ့တွေ့ဆုံခြင်း

သြဂုတ်လ ၁၂ ရက်နေ့ကို ကမ္ဘာ့ဆင်များနေ့ရယ်လို့ ၂၀၁၂ ခုနှစ်တုန်းက ထိုင်းနိုင်ငံက အန်ဂျီအိုအဖွဲ့ တစ်ဖွဲ့ က စတင်ပြီး သက်မှတ်ခဲ့ပါတယ်။ ဒီကနေ့မှာတော့ ကမ္ဘာ့နိုင်ငံ ၁၀၀ ကျော်က ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့တွေက အဲ့ဒိအထိမ်းအမှတ်နေ့ကို လက်ခံပြီး ဆင်တွေအတွက် သီးသန့်ပွဲ လုပ်ပေးနေပါတယ်။ ဂေဟပညာရှင်တွေကတော့ ဆင်တွေက ဂေဟစနစ်စောင့်ရှောက်မှု ပေးပုံကို အကျယ်တဝင်ရှင်းပြပြီး ကမ္ဘာသားတွေအနေနဲ့ ကုန်းမြေပေါ်ကို အကြီးဆုံး သက်ရှိ သတ္တဝါတွေကို ထိန်းသိမ်းဖို့ လိုအပ်နေကြောင့် ရေးသားဖော်ပြနေကြပါတယ်။ အစားအစာအတွက် မဟုတ်ဘဲ လူတွေရဲ့ ဇိမ်ခံပစ္စည်းတွေအလှဆင်ဖို့ အတွက် အရိုးနဲ့ အစွယ်ကို ရယူဖို့ ဆင်တွေကို ခိုးယူသတ်ဖြတ် နေကြပါတယ်။ ကုန်နေ အကောင်ကြီးတွေ မျိုးတုန်းသွားနိုင်လောက်တဲ့အထိ မှောင်ခို ခံနေရတာနဲ့ ပတ်သက်ပြီး ယူရိုနယူးစ်က ကမ္ဘာ့ဆင်များနေ့တည်ထောင်သူ […]

ဒက်ချ်တွေလိုသာ စက်ဘီးစီးကြမယ်ဆိုရင် တစ်နစ်ကို ကာဗွန် တန်ချိန် သန်း၇၀၀ လောက် လျှော့သွားမယ်

ဒိန်းမတ်နိုင်ငံတောင်ပိုင်း က တက္ကသိုလ်တစ်ခု က ပြုလုပ်တဲ့ စစ်တမ်းအရ တစ်ကမ္ဘာလုံးမှာ နယ်သာလန် နိုင်ငံသားတွေ လိုမျိုး စက်ဘီးစီးကြမယ်ဆို တစ်နှစ်ကို ကာဗွန်တန်ချိန် သန်း၇၀၀ လျှော့ချနိုင်မယ်လို့ သိရပါတယ်။ အဲ့ဒိစစ်တမ်းအကြောင်းကို ဩဂုတ် ၂၀ ရက်ကထွက်တဲ့ Communications Earth & Environment ဂျာနယ်မှာ အသေးစိတ်ဖော်ပြပါရှိပါတယ်။ ဒက်ချ်လူမျိုးတစ်ယောက်စီက တစ်နေ့ကို အနည်းဆုံး ၂.၆ ကီလိမီတာ စက်ဘီးစီးကြပါတယ်။ ကမ္ဘာကြီးတစ်ခုလုံး အဲ့လိုမျိုးစက်ဘီးကို အဓိကထားပြီး စီးမယ်ဆိုရင် ကမ္ဘာ့လေထုထဲက နေ တစ်နှစ်ကို ကာဗွန်တန်ချိန် ၆၈၆ သန်း လျှော့ချနိုင်မယ်လို့ သူတို့ရဲ့စစ်တမ်းက ဆိုပါတယ်။ သယ်ယူပို့ဆောင်ရေးကြောင့် ကာဗွန်ထုတ်လွှတ်မှု များတဲ့ ယူကေ ၊ ကနေဒါ၊ ဆော်ဒီအာရေဗီးယား နဲ့ သြစတေးလျှတို့မှာ အဲ့ဒိအလေ့အထဖွံ့ဖြိုးသွားပါက […]