Author Posts

လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ် နေရာကွက်၍ မိုးကြီးမည်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် မြောက်ပိုင်း(အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းနှင့် ဩရိဿတောင်ပိုင်းကမ်းခြေ)တို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေကြောင်း မိုးဇလ၏ အောက်တိုဘာ ၁၆ ရက် နံနက် ၆ နာရီခွဲတွင် တိုင်းတာချက်အရ သိရသည်။ လေဖိအားနည်းရပ်ဝန်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ […]

ကမ္ဘာ့အလှပဆုံးကျွန်းများ #Majoca(မာ​ေယာ့ကာ)

Mallorca (Majorca) မာယော့ကာသည် မြေထဲပင်လယ်ရှိ စပိန်၏ Balearic ကျွန်းစုများထဲမှတစ်ခုဖြစ်သည်။ ၎င်းသည်ကမ်းခြေအပန်းဖြေနေရာများ၊ ပင်လယ်လက်တက်ချောင်းများ၊ ထုံးကျောက်တောင်များနှင့်ရောမနှင့် Moorish ခေတ် သမိုင်းရုပ်ကြွင်းများကြောင့်နာမည်ကြီးသည်။ မြို့တော် Palma တွင်ညအချိန်၊ Moorish Almudaina နန်းတော်နှင့် ၁၃ ရာစု Santa Mara ဘုရားရှိခိုးကျောင်းတို့ရှိသည်။ ထုံးကျောက်များဖြင့််တည်ဆောက်ထားသောရွာများတွင် စိုက်ခင်းများဝန်းရံထားသောတောင်ကုန်းများလည်းရှိသောကြောင့် ကမ်ဘာ့အလှဆုံးကျွန်းတွေထဲကတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။ ဧရိယာ ၆,၄၆၀ ရှိသောအဆိုပါကျွန်းတွင် ၂၀၁၉ ခုနှစ် ဥရောပစစ်တမ်းအရ လူဦးရေ ၉၂၃,၆၀၈ ရှိပြီး ယင်းလူဦးရေထဲမှ ၄၁၆,၀၆၅ သည် မြို့တော် Palma တွင်နေထိုင်ကြသည်။ #Greeness Photo#internet

အနာတရ မြစ်ဆုံ

မေခနှင့် မလိခ ချစ်စရာ့ မြစ်နှစ်သွယ်။ ညီညီညာ အတူစီး ခရီးသာတယ်။ ဧရာရဲ့ အစကွယ် အလှရယ် စုံသည်ပေါ့။ ရာဇဝင်တွင် သတို့သမီးတဲ့ ရှုမငြီးစရာနော့။ ဧရာကို အမှီပြု လူမှုဘဝ ဖွံ့ဖြိုးစေ။ တိုင်းနိုင်ငံ ပြည်အဝှမ်း အေးချမ်းခဲ့ပေ။ မိခင်သို့ ပမာပေ ဖြာဝေသည့် သူ့အလှ။ တို့မြန်မာ သမီးသားနဲ့ ခွဲခြားမရ။ ဧရာကို မောင်ပိုင်ပြု လူတစ်စု ဖေါက်ပြန်ချိန်။ တို့ခေတ်မှာ ရေကြည်နောက် ပျောက်မလောက်မှိန်။ မြန်မာရဲ့ ဂုဏ်သိန် တိမ်တိမ်လာနေပြီမို့။ မြစ်ဧရာ နဒီကြောရယ် (အမှိုက် သရိုက်တွေကလေ…) မျောရှာပြီပေါ့။ ။ အောင်ကိုထိုက် (အရာတော်) Photos Credit.

မြေကြီးထဲကရတဲ့ မှိုနက်

ဒီဘက်မှာ အရမ်းရှားပြီး ဈေးကြီးတယ်။ ၁ ကီလို နော်ဝေငွေ ၆၀၀၀ ခရိုနာ မြန်မာငွေနဲ့ဆို ၁၃ သိန်းနီးပါး။ ဒါတောင်အကောင်းစားမဟုတ်သေးဘူး။ သူ့ထက်ကောင်းတာတွေက သောင်းကျော်တယ်။ အရင်တုန်းက ဝက်တွေနဲ့ရှာကြတယ် သူကအနံ့တော်တော်မွှေးတယ်။ အီပြီး စားလိုက်ရင်အုန်းသီးရင့်တဲ့ဟာ စားရသလိုအီအီလေး။ အခုတော့ ဝက်နဲ့မရှာတော့ဘူး။ ခွေးတွေကို သင်ပေးပြီးရှာတယ် ဝက်တွေကတွေ့ရင်သူတို့ချည်းစားပစ်လို့။ ဒီမှာ ဆန်ပြုတ်ထဲကို အပေါ်ကနေခြစ်ပြီး ထည့်ထားကြတယ်။ သူငယ်ချင်းတယောက် ယူလာလို့စားကြည့်ပြီး ပုံရိုက်ခဲ့တာ မျှဝေတာနော် #crd Mya Yi

စကားတောင် (သို့) ထိုးဆိပ်ရေတံခွန်နှင့်ဂူ

#တည်နေရာ အုန်းချော၊ ဆည်တော်လေးရွာမြောက်ဘက် စကားတောင် #လမ်းညွှန် အုန်းချော တံတားအကျော်မီးပွိုင့် အရှေ့ ဆည်တော်လေးရွာသွားလမ်း အတိုင်းဝင်သွားပါ။ 2 မိနစ် 3 မိနစ်ခန့် သွားပီးတဲ့အချိန်လောက်မှာ လမ်းဘယ်ဘက်ကို ကြည့်သွားပါ။ လမ်းခွဲတစ်ခုတွေ့ပါမည်။ မြစကြာတောရ ဆိုင်းဘုတ်လမ်းညွှန်အတိုင်း လမ်းဘယ်ဘက်သို့ ချိုးဝင်သွားပါ။ နောက်ထပ် မြစကြာတောရ ဆိုင်းဘုတ်တစ်ခုထပ်တွေ့ပါမည်။ အဲ့လမ်းအတိုင်းဘယ်ဘက်သို့ချိုးဝင်သွားပါ။ ရေကျော်တစ်ခု ကိုဖြတ်ရပါမည်။ လမ်းအတိုင်းတည့်တည့်ကြီးသွားပါက ဆည်တော်လေး ရေချိုးဆိပ်သို့ရောက်ပါမည်။ ဆည်တော်လေး ရေလွှဲတံတားကိုဖြတ်ပီး တည့်တည့်သာသွားပေတော့။တောင်ခြေမရောက်မခြင်းသာမောင်းပေတော့… #တောင်ပေါ်ဘုန်းကြီးကျောင်းသို့ခြေလျင်တက်ရန် 10 မိနစ်ခန့် #ဘုန်းကြီးကျောင်းမှရေတံခွန်သို့ 2 မိနစ်ခန့် ဆိုင်ကယ်ကျွမ်းကျင်ရင် ဘုန်းကြီးကျောင်းအထိတက်လို့ရပါသည်။ ( အန္တရာယ်မဖြစ်ဖို့ ဂရုတော့စိုက်ပါ) #ကြာချိန် အုန်းချောမှ စကားတောင်ခြေအထိ မိနစ် 30 ခန့် #လမ်းအနေအထား စကားတောင်ရောက်ခါနီး 10 မိနစ်အလိုမှာ […]

လီသီယံတွေကို ပြန်သုံးလို့ မရရင်တော့ ကမ္ဘာပေါ်မှာ အမှိုက်အဖြစ်စုပုံ လာမှာပါ

ယနေ့ ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ၊ ကမ္ဘာကြီးပူနွေးလာမှုကို ကာကွယ်ဖို့ အတွက် ကာဗွန်ထုတ်လုပ်မှု ကိုလျှော့ချနိုင်ဖို့ ၊ ရုပ်ကြွင်းလောင်စာအစားထိုး လျှပ်စစ်မိုးဘိုင်းလုပ်ငန်းတွေ ကို ဖွံ့ဖြိုး ဖို့အတွက် ဆိုရင် လျှပ်စစ်ကို သိုလှောင်ပြီး သယ်ဆောင်သွားလို့ ရတဲ့ ဘတ်ထရီတွေ ရဲ့ အခန်းကဏ္ဍက အရေးပါတဲ့ နေရာမှာ ရှိပါတယ်။ လျှပ်သို ပစ္စည်းတစ်မျိုး ဖြစ်တဲ့ ဘတ်ထရီတွေက အက်ဒီဆင် မတိုင်ခင်ကတည်းက နေ ယနေ့ အထိ အဆင့်ဆင့် ပြောင်းလဲတိုးတက်ခဲ့ပါတယ် ၊ ဧရာမ အိုးကြီး တွေကနေ သေးငယ်ဆုံး ဆဲလ်ကလေးတွေ အထိ တီထွင်လာခဲ့ကြပါတယ်။ နောက်ဆုံးပေါ် အဖြစ်နဲ့ လစ်သီယံ ဓာတ်စင်သုံး ဘတ်ထရီတွေက လျှပ်စစ်ကို အကြာကြီး နဲ့ အမျာကြီး […]

သစ်ရွက်ခြောက်

မကြာခင် အိပ်ရေး၀၀ အိပ်ရတော့မယ် ဇောက်ထိုးမြင်တဲ့ ကောင်တွေဘေး စိတ်အေးရတော့မယ် နွေဦးမှာ ကိုယ်ဖော့တတ်ရုံနဲ့ လေရူးနောက် လိုက်ရတာလည်း ပျော်စရာကောင်းပါတယ် ကြွေကျပြီးမှတော့ ဒီလောက်ပဲ။ ။ #ရွှေပိုးအိမ်(ပဲခူး) ၂၀၁၉

ရန်ကုန်မိုးဟာ အောက်တိုဘာ ၁၈ ရက်အထိ ဆက်လက်ရွာပါဦးမယ်..

အားလုံးက မင်းဂွတ်သီးလို့ ချစ်စနိုးနဲ့ခေါ်ကြတဲ့ မိုးလေဝသပညာရှင် Su Su San က ရန်ကုန်မိုးဟာ အောက်တိုဘာ ၁၈ ရက်ထိ ဆက်လက်ရွာသွန်းနေဦးမယ်လို့ ဒီ​ေန့ နံနက် ၇ နာရီမှာ ​ခန့်မှန်းထားပါတယ်။ သူက ”ရန်ကုန်မှာ ၁၈ရက်နေ့အထိမိုးရွာပါမယ်။ ၁၉ရက်နေ့မှာ နေသာချိန်ရှိမှာမို့ အဝတ်လှမ်းနေ့တစ်နေ့အဖြစ်သတ်မှတ်လိုက်ပါတယ်” လို့ ဆိုထားပါတယ်။ #Greenness

မလေးရှားတောတွင်းသားတွေက သစ်ထုတ်လမ်းကြောင်းတွေကိုပိတ်ပြီး ဆန္ဒပြ

မလေးရှားဒေသခံဌာနေတိုင်းရင်သားတွေဖြစ်တဲ့ ပီနန် လူမျိုးနွယ်စုတွေက မလေရှား ဘော်နီယိုကျွန်းပေါ်က သစ်ခုတ်ကုမ္ပဏီတွေရဲ့ သစ်တင်ကားတွေ သွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ပီနန် တောတွင်းသားတွေက စက်တင်ဘာလ ၉ ရက် နဲ့ ၂၂ ရက်နေ့ က ဆာရာဝက်ပြည်နယ်အတွင်းက ဘာရမ် အထက်ပိုင်းဒေသနဲ့ အလယ်ပိုင်း ဒေသတွေ မှာ လမ်းပိတ်ဆို့တဲ့ လုပ်ငန်းတွေကို လုပ်ခဲ့ကြပါတယ်။ လောင် အာဂျန်နဲ့ လောင်ပါကန် ရွာ ၂ရွာလုံးမှာရှိတဲ့ ရွာသားတွေ စုပေါင်းပြီး သူတို့နေထိုင်ရာတောတွင်း က သစ်ပင်တွေကို သူတို့ရဲ့ သဘောတူညီချက်မပါဘဲ ခုတ်ယူတဲ့အတွက် သစ်ထုတ်လုပ်ငန်း ကုမ္ပဏီတွေကို ဆန္ဒပြကြပေမဲ့ သစ်ထုတ်လုပ်တာကို ရပ်တန့်ခြင်းမရှိတဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ကို လုပ်ခဲ့ကြတာပါ။ အဲ့ဒိရွာတွေက ရွာသူကြီး ၂ယောက်က ရဲတွေကို တိုင်ကြားမှုလုပ်ခဲ့ပေမဲ့ ရဲတွေက […]