Author Posts

ဒေါက်တာသန့်မြင့်ဦးပြောတဲ့ မြန်မာ့အနာဂတ် အကြောင်း

လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကာလ မြန်မာနိုင်ငံကြေးခေတ် အစောပိုင်းမှာလယ်သမားတွေကစုပေါင်းပြီးသူတို့ရဲ့ ပထမဦးဆုံး မြို့ပြကိုတည်ထောင်ခဲ့ကြတယ်။ ပိုကယြျပွန့ျတဲ့ကမ်ဘာနဲ့ စပြီးဆက် သွယ်ခဲ့ကြတယ်။ ဗုဒ္ဓဘာသာ၊ အစိုးရစနစ်၊ အနုပညာ၊ သိပ္ပံနဲ့ ပတ်သက်တဲ့ အိုင်ဒီယာအသစ် တွေကိုတင်သွင်းလာခဲ့ကြတယ်။ ဒီအိုင်ဒီယာတွေကြောင့်ပဲသူတို့ လူမှုအဖွဲ့အစည်းကိုဖွံ့ဖြိုးတိုးတက်လာစေခဲ့တယ်။ နောက်ပိုင်း နှစ် ၁,၀၀၀ လောက်အကြာမှာတော့ ပုဂံမှာဘုရင်နဲ့ မှူးကြီးမတ် ရာတွေကလှုပ်ရှားရှင်သန်နေတဲ့ ဒေသတွင်းမှာအစိတ်အပိုင်းတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ အပြင်းအထန် ကြိုးပမ်းခဲ့ကြတယ်။ ပြည် တွင်းနဲ့ ပြည်ပကဗဟုသုတတွေနဲ့ ပုံစံတွေကိုပေါင်းစပ်ပြီးရင်သပ် ရှုမောဖွယ် မြို့ပြကိုတည်ဆောက် ဖန်တီးနိုင်ခဲ့ကြတယ်။ အလယ် ခေတ်သမိုင်းကာလမှာအထင်ကြီးခံ့ညားဖွယ် မင်းနိုင်ငံငယ်တစ်ခု ဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံက ပြင်ပကိုထိတွေ့ပြီးကမ္ဘာကြီးကိုတံခါးဖွင့် ကြိုဆိုတဲ့အခါတိုင်း မြန်မာနိုင်ငံကအသိဉာဏ်ပိုင်းဆိုင်ရာအရရော ရုပ်ဝတ္ထုပိုင်းဆိုင်ရာအရပါ ကြွယ်ဝဖွံ့ဖြိုးခဲ့ပါတယ်။ မြန်မာနိုင်ငံကကြောက်ရွံ့တဲ့စိတ်နဲ့သော်လည်းကောင်း၊ ယုံကြည်မှုကင်းမဲ့စွာဖြင့် သော်လည်းကောင်းကိုယ့်ပြည် တွင်းကိုသာအလေးပေးကြည့်တဲ့ အခါတိုင်း နိုင်ငံကဆင်းရဲမွဲတေ မှု၊ […]

ထန်းဥယျာဉ်တဲ

ထန်းပင်ထန်းလက် ၊ ထန်းလျှော်ဆက်၍ ထန်းရွက်အမိုး ၊ ထန်းသားထိုးခံ အုတ်ရိုးအထက် ၊ လှေကားတက်နှင့် လိုက် ဖက်အလှ ၊ ရှုမဝ လာကြဧည့်သည် ၊ လွမ်းမောဖွယ် ။ ထန်းအိမ်ကိုဆောက် ၊ ထန်းပင်အောက်မှာ အရောက်ခိုနား ၊ လူအများတွက် ထူးခြားနေရာ ၊ အသေချာ ဝင်ကာသောက်ကြ ၊ ထန်းရည်ရ အေးမြစိတ်ထား ၊ ခရီသွား ။ ထန်းဥယျာဉ်တဲ ၊ အသည်းထဲမှာ စွဲမြဲရှိရာ ၊ ထိုနေရာ သာယာစိမ်းလန်း ၊ ပုဂံ လမ်းဝယ် စိတ်မှန်းတမ်းတ ၊ သတိရ နောက်ကြတဖန် ၊ ရောက်လိုပြန် ။ ။ ခေတ်သစ် (ကြွေပုဂံ) Photo- Credit […]

နာမကျန်းဖြစ်နေတဲ့ ကမ္ဘာကြီးကို ဘယ်တီထွင်မှုတွေက ကုသပေးနေလဲ

လူ့သမိုင်း ဆိုတာ တီထွင်မှုတွေနဲ့ ပြည့်နှပ်နေတဲ့ အချိန်လမ်းကြောင်း တစ်ခုပါပဲ။ လူတွေ အတော်မသတ်နိုင်တဲ့ လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းဖို့ အတွက် ရွေးချယ်မှုတွေကို လုပ်ရင်း တီထွင်မှုတွေက ဘေးထွက် ပစ္စည်းအဖြစ်နဲ့ ပေါ်ပေါက်လာတာပါ။ ကမ္ဘာဦးလေထုကို ကားတွေ နဲ့ ကျောက်မီးသွေးစက်ရုံ တွေက တစ်စိတ်တစ်ပိုင်း ဆုတ်ဖြဲပစ်လိုက်တယ်။ ပိုးသတ်ဆေးတွေ က ဂဟ စနစ်ကို ဖျက်ဆီးလာကြတယ်၊ တောရိုင်းတွေကို အန္တရာယ်ဖြစ်စေတယ် ။ ပလပ်စတစ်တွေက သမုဒ္ဒရာကြီးကို မွန်းကျပ်စေပါတယ်။ အဲ့လိုတီထွင်မှုတွေ ရှိသလို ကမ္ဘာကြီး နာလံပြန်ထနိုင်ဖို့အတွက် အချို့ တီထွင်မှုတွေလည်း ကမ္ဘာကြီး ကို ဆေးပြန်ထိုးပေးဖို့ ပေါ်ပေါက်နေပါတယ်။ အပင်စိုက်ဒရုန်း ကာဗွန်ဒိုင်အောက်ဆိုက်လို လေထုညစ်ညမ်းစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို ဘာနဲ့သိမ်းထာလို့ ရလဲဆိုရင် သစ်ပင်စိုက်ခြင်းကလွဲလို့ အခြားနည်းလမ်းတွေက စရိတ်စက များတာပဲရှိပြီး […]

ဘိုးတို့ယာ

ကျောက်စရစ်ဖြုန်း၊ မြေနီကုန်းနှင့် ထွေးလုံးရစ်ချာ၊ ဘိုးတို့ယာ။ ဒဟတ် သန်း ရှား၊ သနပ်ခါးနှင့် ထွားထွားဖွံဖြိုး၊ ယာစည်းရိုးနှင့် တစ်မျိုးသာယာ ဘိုးတို့ယာ။ တဲငယ်ကုပ်ကုပ်၊ ထန်းပင်အုပ်နှင့် လိမ်ရှုပ်သောသော၊ ဆီးချဉ်တောနှင့် သာမောဖွယ်ရာ ဘိုးတို့ယာ။ ပုတတ် ဘီလုံး၊ ချိုး ခါ ငုံး နှင့် ခြကုန်း ဖွတ်တွင်း၊ ယုန်ဝပ်ကျင်းနှင့် ပျံ့ခင်းသာယာ ဘိုးတို့ယာ။ နွားပြာနွားညို၊ မတမ်းပျိုနှင့် ဦးချိုကောက်ကောက်၊ စာဥပြောက်နှင့် ချိန်မြှောက်နှင်တံ၊ ကြိမ်းမောင်းသံတို့ လွင့်ပျံခဲ့တာ ဘိုးတို့ယာ။ ယခုအခါ၊ ဘိုးတို့ယာတွင် ကွက်စိပ်မြေကွင်း၊ အိမ်ရာခင်းလို့ အိမ်ဝင်းပြန့်ညီ၊ စီရရီနှင့် ကိုယ်စီကိုယ်င၊ နေထိုင်ကြသည် ရှေးကနေရာ၊ ဘိုးတို့ယာကို လွမ်းကာမချိ၊ ပုံဖော်ကြည့်ကာ တမ်းမိရှေးခါ သည်မြေယာ..။ နွမ်းရိဆွေးကာ မဖြေသာ…။ နောင်နောင်(နံ့သာမြေ)

ပုစဥ်းရင်ကွဲတွေ အော်နေကြတယ် (ဝတ္ထုတို)

ပုဂ္ဂလိကသစ်တောစိုက်ခင်းများစိုက်ပျိုးလုပ်ကိုင်နေသူ မိတ်ဆွေတစ်ယောက်၏ ဖိတ်ခေါ်မှုဖြင့် ကျွန်တော် ပဲခူးရိုးမဖြတ်လမ်းပေါ်ရှိပုဂ္ဂလိကကျွန်းစိုက်ခင်းတွေဆီကို အလည်အပါတ်သွားရောက်ခဲ့ပါသည်။တောင်ငူအုတ်တွင်း ဘက်မှ တက်ရောက်ခဲ့ခြင်းဖြစ်ပြီး ခပေါင်းကြိုးပြင်ကာကွယ်တောကို ယခင်ကရောက်ခ့ဲဘူးသည်မှာ အနှစ်၂၀ ကျော်ကြာသွားပြီလည်းဖြစ် ပါသည်။ ပဲခူးရိုးမသည် မြန်မာ့ကျွန်းသစ်ရတနာ၏မှုရင်းဒေသလည်းဖြစ် တောင်ကုန်းတောင်စောင်းထူထပ်ပေါများ သော်လည်း အတန်အသင့် ပြေပြစ်မှုရှိပြီး အရှေ့ဘက်နှင့်အနောက်ဘက်တို့တွင် အလြယ္တကူဆက္သြယ္သြားလာ နိုင်သော မြို့ရွာများ ရှိနေခြင်းကြောင့်လည်း သစ်ထုတ်လုပ်ငန်းအတွက် အထင်ကရနေရာများဖြစ်ခဲ့ဘူးပါသည်။ ကျွန်တော် လူငယ္ဘဝ တောခေါင်းဖြစ်စမှာတော့ ပဲခူးရိုးမက စိတ်ဝင်စားစရာ စိတ်ကူးယဉ်စရာများနှင့် ထူးခြားစွဲမက်နေခဲ့ဘူးသည်။ အစိမ်းရင့်ရင့်ညို့မှိုင်းမှိုင်း နိမ့်မြင့်တက်ဆင်းများနှင့်မျက်စေ့တစ်ဆုံးတောအုပ်ကြီးရဲ့အပေါ်က ခရမ်းနုရောင်သန်းနေသည့်မြူပြာပြာများ၊ သွယ်လျရစ်ခွေပြေပြေငြိမ့်ငြိမ့်လေးစီးဆင်းနေသည့် ခပေါင်းချောင်း၊ဘုတ လင်ချောင်း အခေါက်ဖြူဖြူ ရွက်စိမ်းရင့်ရင့်ဖားဖားနှင့် ကျွန်းပင်မြင့်ကြီးများကြား သတ်ပင်၊ချန်ပင်တိုင်းရင်း ဆင်းလိုက်တက်လိုက် အော်လိုက်ဟစ်လိုက် စနောက်လိုက်နှင့်သူငယ်ချင်းတောအုပ်တောခေါင်းများ အမြင်အာရုံတွေက ကိုယ့်ရှေ့မှောက်တကယ်ပဲပြန်ရောက်လာသလို ကြားယောင် မြင်ယောင်နေမိပြန်သည်။ အဲဒီအချိန်တုန်းက ကျွန်းပင်ကို ရင်စို့လုံးပါတ် ၇ ပေ […]

ကမ္ဘာ့ဒုတိယအကြီးဆုံး ရေချိုကန်

ဝိတိုရိယအိုင်သည် အာဖရိကတိုက်တွင် အကြီးဆုံး အိုင်ဖြစ်၍ မြောက်အမေရိကတိုက်ရှိ ဆူပီးရီးယာအိုင်မှလွဲလျှင် ကမ္ဘာပေါ်၌ အကြီးဆုံး ရေချိုအိုင် ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း မှ ဝိတိုရိယဘုရင်မ၏အမည်ကို အစွဲပြု၍ ဝိတိုရိယနီယန်ဇာ သို့မဟုတ် ဝိတိုရိယအိုင်ဟု ခေါ်တွင်လေသည်။ ထိုအိုင်ကြီးသည် ယူဂန်းဒါးနိုင်ငံ၊ တန်ဂန်ယီးကနိုင်ငံနှင့် ကင်ညာနိုင်ငံ အသီးအသီးအတွင်း၌ တစ်စိတ်တစ်ဒေသစီ ကျရောက်လျက်ရှိသည်။ အလျား ၂၅၅ မိုင်ကျော်၊ အနံ ၁၅၅ မိုင်ခန့်ရှိ၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်၂၆,၆ဝဝ ခန့်ရှိသည်။ အာဖရိကရှိ ဧရိယာ အကျယ်ဆုံးသော ရေကန် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အကြီးဆုံးသော ရေချိုရေကန် ဖြစ်သည်။ ရေထုထည်အားဖြင့် ကြည့်မည် ဆိုပါက ဝိတိုရိယရေကန်သည် ကမ္ဘာပေါ်ရှိ […]

ချန်ထပူရီက ဖြစ်ရပ်မှန်

ထိုင်းနိုင်ငံရဲ့ အရှေ့ပိုင်းမှာ ချန်ထပူရီဆိုတဲ့ပြည်နယ်လေးတခုရှိတယ်။ အဲ့ဒီပြည်နယ်က စိုက်ပျိုးရေးကိုသာ အဓိကလုပ်ကိုင်ကြပြီး အမ်ားဆုံးစိုက္တာကေတာ့ စပါးပေါ့။ သူစိုက်တဲ့စပါးက ထိုင်းနိုင်ငံ တနိုင်ငံလုံးစာနီးပါး ဖူလုံစေသတဲ့။ နောက်တော့ တဖြည်းဖြည်းနဲ့ စပါး အထွက်နှုန်းတွေလျော့ကျလာပီး နောက်ဆုံး လုံး၀ မထွက်နိုင်တော့တဲ့အထိ ဖြစ်သွားခဲ့လို့ တရွာလုံးက ယောက်ျားလေးတွေ သင်္ဘောလိုက် မြို့တက်အလုပ်လုပ်၊ မိန်းကလေးတွေကျတော့လည်း ကာရာအိုကေဆိုင်တွေရောက် မကောင်းတာတွေလုပ်စား စသဖြင့်ပေါ့ဗျာ။ ဒီလိုနဲ့ နိုင်ငံ့အတွက် ဆန်စပါးရိက္ခာဟာ အစပိုင်းမှာ ဖူလုံနေခဲ့ပြီး နောက်ပိုင်းကျ နိုင်ငံခြားက ဆန်စပါးတွေကို တင်သွင်းလာရတော့ ဝန်ကြီးတွေက သိပ်မကြည်ကြတော့ဘူး။ နောက်ပိုင်း လုံးလုံးလ်ားလ်ား တင်သွင်းလာရတော့ တိုင်းပြည်ရဲ့ ဘဏ္႑ာရိက္ခာငွေတွေ ထိခိုက်လာတယ်။ ဒါ့ကြောင့် ဝန်ကြီးတွေဟာ အစည်းဝေးခေါ်ပီး အစီအစဉ်တခုကို ဆွဲခဲ့ကြတယ်။ ထိုင်းပြည်သူတွေက ဘုရင်ကို အရမ်းချစ်ကြတော့ ဘုရင်ကို ခေါ်ပြီး […]

ဆိုလာကားကို ထွင်ပြီး မိုင် ၆၀၀ ကျော်မောင်းပြတဲ့ ဟော်လန်ကျောင်းသားများ

နယ်သာလန်နိုင်ငံ အိုင်ဒိုဗန်တက္ကသိုလ်က ကျောင်းသားအချို့ စုပြီး နေရာင်ခြည်စွမ်းအင်သုံး ရွှေ့လျှား အိမ်ကား ( ဆိုလာမိုဘိုင်ကား) ထွင်ပြီး မိုင်၆၀၀ ကျော်မောင်ပြခဲ့ပါတယ်။ နယ်သာလန်နိုင်ငံကနေ စပိန်နိုင်ငံအထိ မောင်းခဲ့တာပါ။ ဥရောပမှာနေသာတဲ့ နေ့မျိုးဆိုရင် အားလပ်ရက် ဖြစ်လို့ကတော့ ခရီးတွေ ထွက်ကြပါတယ်။ လူခြေတိတ်ပြီး ရှု့ခင်းကောင်းတဲ့နေရာမျိုး ဆိုရင် စခန်းချပြီး နားနေကြပါတယ်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစု ခရီးအတွက် ချက်ပြုတ်ကြော်လှော်စရာတွေ အတွက် စားအိုးစားခွက်နဲ့ လောင်စာတွေကို ပါသယ်ဆောင်လာကြရပါတယ်။ အခုတော့ အဲ့လိုခရီးအတွက် လောင်စာစွမ်းအင်တွေ အပိုသယ်စရာမလိုတဲ့ ဆိုလာမိုဘိုင်းကားကို ထွင်ပြီးခရီးသွားခဲ့ကြပါတယ်။ခရီးကိုတော့ စတယ်လာဗီလာလို့ အမည်ပေးခဲ့ကြပါတယ်။ အသင်းခေါင်ဆောင်ဖြစ်သူ ကေဂျယ်ရီဗန်ကေ်ကတော့ ကျနော်တို့က အနာဂတ်မှာ သဘာဝပတ်ဝန်းကျင်ကို ရေရှည်ထိန်းသိမ်းလို့ ရမယ့် နည်းပညာတစ်ခုကို အရှိန်ရအောင် လှုံ့ဆော်ပြလိုက်တာပါ။ ထုတ်လုပ်ရောင်းချဖို့အမဟုတ်ပါဘူး ၊ နည်းပညာကို […]