Author Posts

ပြန်လည်ပြည်ဖြိုးမြဲစွမ်းအင်နဲ့ ပတ်သက်ပြီး တရုတ်တွေရဲ့ အမြင်ကိုပြောပြလာတဲ့ ပရော်ဖက်ဆာ ဇူး

Prof Zou သည် တရုတ်အစိုးရ၏ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) လက်အောက်ရှိ တရုတ်နိုင်ငံ၏ အမျိုးသား ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာနှင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဗဟိုဌာန၏ လက်ထောက်ညွှန် ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စီးပွားရေး၊ စွမ်းအင်၊ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှုနှင့် မူဝါဒချမှတ်ခြင်းဆိုင်ရာကိစ္စရပ်တွေမှာ နှစ်ပေါင်း များစွာ အတွေ့အကြုံရှိသူဖြစ် ပြီး၊ သူသည် ပါရီသဘောတူညီချက်ကို ဦးဆောင်သည့် တရုတ်ရာသီဥတု ညှိနှိုင်းရေးအဖွဲ့၏ အဓိကအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးရအချင်းချင်း အကဲဖြတ်မှုဆိုင်ရာအဖွဲ့၏ အကဲဖြတ် အစီရင်ခံစာများစွာအတွက် ဦးဆောင်ရေးသားသူလည်း ဖြစ်သည်။ သူ့ကို ရာသီဥတု အရေး ဆောင်ရွက် နေသည့် Carbon Brief ဝက်ဘ်ဆိုက်က တရုတ်နိုင်ငံ၏ ရာသီဥတုဖောက်ပြန်မှု ဆိုင်ရာ ကိစ္စရပ်များအပေါ် သဘောထားနှင့် ပတ်သက်ပြီး အင်တာဗျူးထားပါသည် […]

ဥရောပက လေဆိပ်တွေကို လှုံ့ဆော်ရေးသမားတွေက တပြိုင်နက် ဆန္ဒဝိုင်းပြကြပြ

တက်ကြွလှုပ်ရှားသူများက ဥရောပ၏ အကြီးဆုံးလေဆိပ်များတွင် နှစ်ရက်ကြာ ဆန္ဒပြ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်ပြီး ရာသီဥတုကိုပျက်စီးစေတဲ့ လေယာဉ်ခရီးစဉ် အရေအတွက်ကို ကန့်သတ်ရန် တောင်းဆိုလိုက် ကြပါတယ်။ ဥရောပသားတွေနဲ့ ရာသီဥတုအရေးဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပေါင်းထားတဲ့ အဖွဲ့ ၂၅ ဖွဲ့ က ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ နယ်သာလန်နှင့် ဗြိတိန်တို့ရှိ လေဆိပ်များကို ပစ်မှတ်ထားပြီးလှုပ်ရှားကြတာပါ ။ ဥရောပ၏ အကြီးဆုံးလေဆိပ်ငါးခုဖြစ်သည့် ပြင်သစ် ပါရီ မြို့ Charles de Gaulle၊ ယူကေ လန်ဒန် မြို့ Heathrow၊ စပိန် မဒရစ် မြို့ Barajas၊ ဂျာမဏီ ဖရန့်ဖွတ် လေဆိပ်နှင့် နယ်သာလန် အမ်စတာဒန် မြို့ Schiphol လေဆိပ်တို့တွင် လုပ်ဆောင်ရန် […]

ရာသီဥတုဖောက်ပြန်မှုက အမေရိကန် သမ္မတ‌ရွေးကောက်ပွဲကိုတောင် သက်ရောက်မှုရှိနေ

လာမယ့် နိုဝင်ဘာလ ထဲမှာ အမေရိကန်သမ္မ‌တ ရွေးကောက်ပွဲ ရှိပါတယ်။ ဒီကနေ့ဆိုရင် စင်ပြိုင်ပါတီကြီး ၂ ခု ဖြစ်တဲ့ ရိပါပလင်ကင် နဲ့ ဒီမိုကရက်တစ်တို့က ရွေးကောက်ပွဲအတွက် သမ္မတအမည်စာရင်းသွင်းနိုင်ခဲ့ပါတယ် ။ ယခင်သမ္မတဟောင်း ဒေါ်နယ်ထရန့်က ရိပါပလင်ကင်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ဒီမိုကရက်တစ် ကနေ လက်ရှိသမ္မတ ဂျိုးဘိုင်ဒန်က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ် ။ သမ္မတလောင်း ၂ယောက်ရဲ့ မဲဆွယ်စည်းရုံးမှုတွေမှာ အမေရိကန် နိုင်ငံရဲ့ အနာဂတ်ပုံရိပ်တွေ အများကြီးပါ နေပါတယ်။ ပြည်သူတွေကို မက်လုံးတွေပေးပြီး မဲရအောင်ဟောပြောနေကြပါတယ်။ မဲပေးပြည်သူတွေကို ဘယ်မက်လုံးတွေပေါ်မှာ ကျေနပ်အားရမှုရှိလဲ ၊ ဘယ်လိုမက်လုံးတွေကို ပိုပြီး သဘောကျသလဲလို့ မေးကြည့်တဲ့ အခါမှာတော့ သမ္မတလောင်းတွေအနေနဲ့ စီးပွားရေး ၊ ငွေကြေးဖောင်းပွမှု ( ကုန်စျေးနှုန်းကြီးမြင့်မှု ) ၊ […]

နိဂုံးရဲ့ နိဒါန်း

ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။ကျွန်တော်ခင်ဗျားတို့အပေါ်မှာဘယ်လောက်အမှားတွေလုပ်ခဲ့မိလို့လဲဗျာ။ ကျွန်တော့ကိုပြစ်ဒါဏ်ပေးသလို လုပ်နေကြတာ များလှပြီလေ။ တော်ကြပါတော့၊ ရပ်တန်းကရပ်ကြပါတော့ဗျာ။ မရပ်ကြရင်ကျွန်တောသေဆုံးတော့မယ်နော။ ကျွန်တော်သာသေဆုံးသွားရင်ခင်ဗျားတို့လဲ သေဆုံးသလိုဖြစ်သွားကြမှာ။ ဟုတ်ပါတယ် ကျွန်တော့ရဲ့ငယ်ဘဝ လို့ဆိုရမဲ့အစောပိုင်းကာလတွေတုံးကတော့ ကျွန်တော်က အားကောင်းမောင်းသန်ဆိုတော့ အရှိန်ပြင်းပြင်းနဲ့တိုးဝှေ့ဖြတ်သန်းလိုက်တာပါပဲ။ လမ်းမှာတွေ့တဲ့အနှောက်အယှက်အတားအဆီးဆိုတာတွေတော့အကုန်လုံးဖယ်ရှားရှင်းလင်းပြစ်ခဲ့တာ။ အဲလိုလုပ်တော့ ထိခိုက်နာကျင်တာလဲနဲနဲပါးပါးတော့ရှိခဲ့မှာပါ။ အလယ်ပိုင်းကာလမှာတော့ကျွန်တော်ဟာအစောပိုင်းကာလလို ဂမူးရှုးထိုးမဖြစ်တော့သလို အတတ်နိုင်ဆုံးလဲ မာန်မာနတွေကိုလျော့ချကာ တည်ငြိမ်စွာနဲ့သယ်ဆောင်ပေးခဲ့ပါတယ်။ နောက်ပိုင်းကာလဆိုတာကတော့အိုမင်းမစွမ်းချိန်လေ။ ဘဝကို သယ်ဆောင်လာသမျှပို့ချရင်းနဲ့ ကုန်ဆုံးရမှာမဟုတ်လား။ ခရီးလမ်းတလျောက်လုံးမှာရယူခဲ့တဲ့အဆီအနှစ်တွေအကုန်လုံး စုပုံပြီးပေးထားခဲ့တာပဲလေ။ ဟုတ်တယ်.. ကျွန်တော်က ”နဒီ”ဆိုတဲ့ ”မြစ်တစင်း” လေ။ ခုတော့ဗျာ ခင်ဗျားတို့ သုံးစွဲလို့ထွက်လာတဲ့အမှိုက်သရိုက်အစုံကိုနေရာအနှံကနေ ကျွန်တော့အပေါ်မှာပြစ်လိုက်ကြတာ ကြည့်လှဲ့ စမ်းပါဦး။ ကျွန်တော်နဲ့သဟာဇာတဖြစ်တဲ့အရာတွေဆိုရင်တော့ အားလုံးအတွက်အသုံးတဲ့အောင်ဆွေးမြေ့စေပြီးသင့်တဲ့နေရာမှာပြန်ထားပေးလို့ရပေမဲ့ ဘယ်လိုမှဖျက်ဆီးမရတဲ့ ပလစတစ်၊ ဖော့၊ပုလင်းခွံအပါအဝင် အမှိုက် ပစ္စည်းစုံကိုတော့ ကျွန်တော်ဖြတ်သန်းလာတဲ့လမ်းတလျောက်မှာတင်ကျန်ရစ်ခဲ့တာကကျန်၊ တင်ကျန်မရစ်ပြန်တော့လဲ အဝေးဆုံးပင်လယ်ထဲထိရောက်ရှိစေရပြန်တယ်။ ဒါတင်လားဆိုတော့မဟုတ်သေးဘူးဗျ ကျွန်တော်သွားလာလမ်းမှာ လမ်းမမှားအောင်ထိမ်းကြောင်းပေးတဲ့ကမ်းပါးတောင်စွယ်တွေကို ရွှေတူးတာဆိုပြီး ရေပန့်အကြီးစားတွေနဲ့ထိုးဖြိုကြလို့ […]

သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြရာဝယ်

သည်လပိုင်းမှာ ရွှေလက်တစ်ယောက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင် ဖြစ်ခဲ့သည်။ သစ်ပင်စိုက်ပွဲများ၊ ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ စသဖြင့် အမျိုးအစား စုံလင်လှ သည်။ လှုပ်ရှားမှုအားလုံးသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ရည်ရွယ်သည့်အတွက် ရွှေလက်လည်း ပါဝင် ဖြစ်ခဲ့ခြင်း ဖြစ်သည်။ ရွှေလက်က သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသူတစ်ယောက်ဖြစ်သောကြောင့် ပျက်စီးလာနေသည့် သဘာဝပတ်ဝန်းကျင်ကို မည်ကဲ့သို့ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရမည်နည်း ဟူသည့် အကြောင်းအရာကို စိတ်ဝင်စားခဲ့သည်။ တတ်နိုင်သမျှ လေ့လာသင်ယူခဲ့သည်။ တတ်သိသလောက် ပြန်လည် မျှဝေခဲ့သည်။ ကြိုဆို အားပေးမှုများနှင့် ကြုံရသကဲ့သို့ ဝေဖန်တိုက်ခိုက် ဆဲဆိုမှုများနှင့်လည်း ကြုံတွေ့ခဲ့ရသည်။ မည်သို့ပင်ဆိုစေကာမူ ယနေ့အချိန်အခါသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို မဖြစ်မနေ မပျက်မကွက် လုပ်ရတော့မည့် အချိန်အခါ ဖြစ်သည်။ ထို့ကြောင့် ရွှေလက်တို့ […]

ထိုင်းနိုင်ငံက နေရာတော်တော်များများမှာ လေထုညစ်ညမ်းမှုဖြစ်ပေါ်ခဲ့

မတ်လ ( ၈ ) ရက်နေ့က ကမ္ဘာ့လေထုညစ်ညမ်းမှုအဆင့်ကို ခြေရာခံသည့် IQAir ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရ ထိုင်းနိုင်ငံက နေရာတော်တော်များများမှာ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒိအထဲမှာ ချင်းမိုင်မြို့ကအဆိုးဆုံးဖြစ်ခဲ့ပြီး ကမ္ဘာ့အဆင့် ၂ အထိ ရှိခဲ့ပါတယ်။ ဘန်ကောက်မြို့နဲ့အနီးတစ်ဝိုက်မှာ လေထုအရည်အသွေးသည် လက်ခံနိုင်သော ကန့်သတ်ချက်ထက် ကျော်လွန် သည့် နေရာခြောက်ခုရှိခဲ့ပြီး ၁ကုဗမီတာလျှင် သက်မှတ်စံနှုန်း PM ၂.၅ ထက် အများကြီးကျော်လွန်ကာ ၂၁.၉ မှ ၃၉.၇ မိုက်ခရိုဂရမ်ကြားရှိခဲ့ပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းပြည်နယ်များတွင် ၁ ကုဗမီတာလျှင် ၅၃ မှ ၁၇၀ မိုက်ခရိုဂရမ် အထိရှိပြီး အရှေ့မြောက်ဒေသသည် ၁ ကုဗမီတာလျှင် ၃၅.၈ မှ ၈၀ မိုက်ခရိုဂရမ်အကြား […]

မြစ် ချောင်းတစ်လျှောက် မြို့ ရွာတွေမှာလည်း အမှိုက်ကင်းစင်စေချင်တယ်

ပြီးခဲ့တဲ့လ (၂၀၁၉ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက်) ကပေါ့၊ ကရင်နှစ်သစ်ကူး ရွာပြန်ချင်တယ်လို့ ဇနီးသည်က ပြောလာတဲ့အတွက် ရွာပြန်ဖို့ စီစဉ်ဖြစ်ခဲ့တယ်။ ရွာဆိုတာက ဇနီးသည်ရဲ့ ရွာ၊ အဲဒီမှာ သူ့အမေ၊ ညီမ မိသားစု၊ မောင် မိသားစုနဲ့ ဆွေမျိုးတွေ ရှိတယ်။ အားလုံးက ဗုဒ္ဓဘာသာ၊ ကရင်လူမျိုးတွေ၊ ဒီတော့ ကရင် နှစ်သစ်ကူးသွားရင်း အလည်အပတ်သွားမယ်။ ကလေးတွေလည်း ရောက်ဖူးမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်မယ်ပေါ့။ ကျွန်တော်ကတော့ အလုပ် နှစ်လုပ် လုပ်နေရသလို စာကလည်း ရေးနေရတာမို့ မိသားစုကို လိုက် ပို့ပြီးရင် ချက်ချင်းပြန်လာမယ်။( အဲဒီအစီအစဉ်တောင် ပထမက မပါဘူး။ သူငယ်ချင်း ကဗျာဆရာ တစ်ယောက် က လိုက်ချင်တယ်ဆိုလို့ အားချင်း စီစဉ်လိုက်ရတာ) ဇနီးသည်ရဲ့ […]

ဖင်လန်နိုင်ငံက သဲဘတ်ထရီ အကြီးကြီးတစ်ခုကို စမ်းသပ်တီထွင်

ဖင်လန်နိုင်ငံတောင်ပိုင်း ပေါ်နိုင်နမ်မြို့တွင် စက်မှုလုပ်ငန်းသုံးလို့ရတဲ့ လျှပ်စစ် သိုလှောင်မှုစနစ်ရှိတဲ့ ကမ္ဘာ့အကြီးဆုံး သဲဘက်ထရီ တစ်လုံးကို စမ်းသက်တီထွင်မှုပြုနေပါတယ် ။ အဲ့ဒိဘတ်ထရီက နေရောင်ခြည်နှင့် လေအရင်းအမြစ်များမှ အပူစွမ်းအင် 100 MWh ကို သိုလှောင်ထားနိုင်ခြင်းကြောင့် ဒေသခံများအတွက် အပူပေးလို့ကုန်ကျနေတဲ့ ရုပ်ကြွင်းလောင်စာ သုံးစွဲမှုကို ၇၀ ရာခိုင်နှုန်း နီးပါးလျှော့ချပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ၎င်းတို့၏ ခရိုင်အပူပေးကွန်ရက်မှ ဆီများကို ဖယ်ရှားနိုင်ကာ ဓာတ်ငွေ့ထုတ်လွှတ်မှု 70 ရာခိုင်နှုန်းနီးပါး လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ “Pornainen ရဲ့ခရိုင် အပူကွန်ရက် ထဲကို အဲ့ဒိဘတ်ထရီကလာတဲ့ အပူကို အဓိကထုတ်လုပ်ပေးတဲ့ စက်ရုံတစ်ခု အဖြစ် လုပ်ဆောင်မှာမို့လို့ အကြီးစား အပူစွမ်းအင် သိုလှောင်မှုကို တည်ဆောက်ရခြင်းက စိတ်လှုပ်ရှားစရာ ကောင်းပါတယ် ” လို့ ဆန်းသစ်တီထွင်မှု နောက်ကွယ်ရှိ […]

သတင်းအချက်အလက် အပြန်အလှန်ချိပ်ဆက်မှု မရှိဘူးဆိုရင် အီးဗွီရဲ့ အနာဂတ်က အလားအလာ ကောင်းနိုင်စရာမရှိဘူး

EV များသည် ယခင်ကထက် ပိုမိုချိတ်ဆက်လာသည်နှင့်အမျှ၊ တည်နေရာ၊ မောင်းနှင်မှုအလေ့အထနှင့် ကိုယ်ရေးကိုယ်တာ နှစ်သက်မှုများနှင့် သက်ဆိုင်သည့် အထိခိုက်မခံသည့်ဒေတာများ- အပေးအယူခံရခြင်း သို့မဟုတ် အလွဲသုံးစားလုပ်ခံရခြင်းတို့ ဖြစ်လာနိုင်ခြေရှိပါတယ်။ Ruby က EV စွမ်းဆောင်ရည်ကို ပိုကောင်းအောင်လုပ်ဆောင်ရန်နှင့် privacy ဆိုင်ရာစိုးရိမ်မှုများကို ဆန့်ကျင်သည့် grid ပေါင်းစည်းရန် ဒေတာလိုအပ်ချက်ကို ချိန်ညှိရန် မရှိမဖြစ်လိုအပ်တယ်လို့ အခိုင်အမာပြောဆိုထားပါတယ်။ စွမ်းအင်နှင့် သဘာဝပတ်ဝန်းကျင် သတင်းထောက် Marta Pacheco ။ ။ ဒေတာမျှဝေခြင်းနဲ့ ပတ်သက်လို့ အတွေ့အကြုံကို ဘယ်လို မြှင့်တင်ပေးနိုင်တယ်ဆိုတာကို ယာဉ်မောင်းအနည်းငယ်ကသာ နားလည်ပါတယ် ၊ အဲ့ဒါက ဘာအကျိုးကျေးဇူးတွေပေးပါလဲ။ Kristian Ruby ။ ။ လာမည့်နှစ်တွေမှာ ကျနော်တို့က ရွေ့လျားသွားလာမှုနဲ့ ပတ်သက်ပြီး အရှိန်အဟုန်မြင့်တဲ့ အသွင်ကူးပြောင်းမှုတွေ […]

ဖတ်ပြီးရင် အပင်စိုက်လို့ရတဲ့ ဂျပန်သတင်းစာ

သတင်းစာဖတ်ပြီးရင် ခင်ဗျားတို့ဘာလုပ်သလဲ ။ တစ်ခုခု ထုတ်ပိုးဖို့ လုပ်ရင်လုပ် ၊ မလုပ်ရင် ကလေးမုန့်ဖိုး အတွက် ရောင်းစားလိုက်ကြတာပဲ မဟုတ်လား ။ ဂျပန်က သတင်းစာတိုက်ပိုင်ရှင်တစ်ယောက်ကတော့ သူ့ရဲ့ သတင်းစာတွေကို အပင်စိုက်လို့ ရအောင် လုပ်ထားပါတယ်။ အကယ်၍ တစ်နေရာရာမှာ မတော်တဆများ မြေကြီးပေါ်ကျခဲ့ရင်တောင် အပင်ပေါက်နိုင်အောင် လုပ်ပြီး ထုတ်ဝေနေပါတယ် ။ The Mainichi Shimbusha လို့ခေါ်တဲ့ သတင်းစာတိုက်ပိုင်ရှင်က အစိမ်းရောင်သတင်းစာလို့ခေါ်တဲ့ တီထွင် ဆန်းသစ်မှု တစ်ခုကို စလိုက်ပါတယ်။ သတင်းစာကို ဖတ်ပြီးလို့မသုံးတော့ဘူး ဆိုရင် အပင်စိုက်လို့ရအောင် သတင်းစာ စာရွက်တွထဲမှာ မျိုးစေ့တွေကို ထည့်ပေးလိုက်တာပါပဲ ။ အဲ့ဒိသတင်းစာကို ၂၀၁၆ မေလ ၄ ရက်နေ့တုန်းက နမူနာအဖြစ် မိတ်ဆက်ပေးဖူးပါတယ်။ သတင်းစာမှာ […]