Author Posts

ပြင်သစ်ကတော့ အသီးအရွက်တွေကို ပလက်စတစ်နဲ့ မထုပ်ဖို့ စ တားပြီ

ဒီအပတ်စနေနေ့ ကစပြီး ပြင်သစ်နိုင်ငံမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ပလက်စတစ်နဲ့ မထုပ်ပိုး ဖို့အတွက် အမိန့်ထုတ်ပြန်လိုက်ပါတယ်။ ကုန်ပစ္စည်းထုပ်ပိုးတဲ့ လုပ်ငန်တွေအားလုံးကိုလည်း ဒိအမိန့်ကို ဖြန့်‌ဝေထားတယ်လို့လည်း သိရပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား‌တွေက အဲ့လို သမ္မတက အမိန့် ထုတ်ပြီး တားမြစ်ဖို့အတွက် နှစ်ပေါင်းများစွာ ကြို ပမ်းရကျိုး နပ်သွားပါတယ်။ သမ္မတ မာခွန်ကလည်း လက်တွေ့ကျပြီး ဖြစ်နိုင်တဲ့ တောင်ဆိုချက်ဖြစ်လို့ ထောက်ခံမှု အပြည့်ပေးလိုက်ပါတယ်။ အမိန့်ကို ထုတ်လိုက်တယ်ဆိုပေမဲ့ ဥပဒေအဖြစ် ၂၀၂၆ ရောက်မှ စတင်ကျငိ့သုံးမှာဖြစ်ပြီး နောက် ၆လ အတွင်း အမိန့်ကို အတိအကျလိုက်နာစရာ မလိုသေးဘူးလို့လည်း ဆိုပါတယ်။ သစ်သီးဆိုင် ပိုင်ရှင် အချို့ကတော့ အဲ့ဒိသမ္မတ က ဘယ်တုန်းကမှ တိုင်တိုင်ပင်ပင် မရှိဘူး .။ ကျနော်တို့နဲ့ […]

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်

ဇန္နဝါရီ ———– ၂၀၂၁ ဇန္နဝါရီလကေတာ့ ၂၀၂၀ အတွင်း ဖြစ်ပွားခဲ့တဲ့ ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်စဉ်များနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတာတွေကို ရေတွက်ခြင်းဖြင့် စတင်ခဲ့ပါတယ်။ အမေရိကန် တစ်နိုင်ငံတည်းကိုကြည့်ပါက ကယ္လီဖိုးနီးယားသဟာ ၎၏ နှစ်စဉ် တောမီးထက် နှစ်ဆကျော်ဖြစ်တဲ့ ဟက္တာ (၄.၁ ဧက)ကျော် လောင်ကျွမ်းခဲ့ပာတယ်။ နာဆာကလည်း ၂၀၂၀ ဟာ စံချိန်တင်အပူဆုံးနှစ်ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကလည်း ၂၀၂၁ အတွက် ပိုမိုကောင်းမွန်တဲ့ ရာသီဥတုအကျပ်အတည်း ဖြေရှင်းရေးအတွက် သဘောတူလက်မှတ်ရေးထိုးတာတွေ မရှိခဲ့ပါဘူး။ ၂၀၂၁ ရဲ့ အဦးဆုံးလ ဇန္နဝါရီထဲမွာ မလေးရှားမှာ မိုးသည်းထန်စွာရွာသွန်းပြီး ၆ ဦးသေဆုံးကာ ၅၀,၀၀၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ […]

နှင်းကျနေခြင်း

ရေဒီယိုအစီအစဉ်မှာ နှင်းများကျနေခြင်းကို မီးလောင်ခြင်းသတင်းက ဖုံးလွှမ်းသွားတယ်။ လောကဓံရှစ်ပါးထက် ပိုတဲ့အပူပဲ အခြားသူတွေဆိုသော်ငြား ကိုယ့်စိတ်ထဲထိ ကူးစက်လောင်ကျွမ်းတယ်။ သဘာဝရဲ့အေးစက်ခြင်းကို မဖွဲ့နွဲလိုတော့ပါ နှင်းတွေရဲ့အပူကို အလွမ်းနဲ့ ငြိမ်းသတ်နေရတယ်   ပိုင်သစ်နွယ် 8:17AM Wed, Dec.29.2021 Photo-#crd

ကမ္ဘာ့အကြီးဆုံး နှင်းလျှောစီး စခန်းကြီး ၂ခုကတော့ ပျက်သွားပြီ

သြစတြီးရီးယားနိုင်ငံ အဲလ်ပတ် တောင်တန်းကြီးပေါ်မှာရှိတဲ့ ကမ္ဘာအကြီးဆုံး နှင်းလျှောစီး စခန်းကြီး ၂ ခုဖြစ်တဲ့ ပစ်ဇတယ် နဲ့ အော့ဇတယ် တို့မှာ နှင်းတွေအရည်ပျော်လို့ နှင်းလျှောစီးတဲ့ အားကစားလုပ်ငန်းတွေ ရပ်ထား ရပါတယ်။ အခုဆိုရင် ကမ္ဘာကြီး ပူနွေးလာမှု က သိသိသာသာကို ရိုက်ခတ်လာတယ်လို့ မြင်လာရပါပြီ ။ နှင်းပြင်တွေ ပါးလျားလာလို့ နှင်းလျှောစီးတဲ့ အားကစား မလုပ်ရတာလောက်နဲ့ မဟုတ်ရပါဘူး ။ ဒီနှင်းပြင်ကြီးကို မှီတင်း နေတဲ့ဇီဝမျိုးကွဲတွေကလည်း ကျက်စားရာဒေသ ပျက်စီးမှု ပြုလာတယ်လို့ လည်းပြောရမှာပါ။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၈၀၀ ကျော်မှာ ရှိတဲ့ အဲ့ဒိနှင်းလျှောစီး စခန်း ၂ခုက ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်မှု တအားကောင်းတဲ့အပြင် အဲ့ဒိနေရာတွေမှာ ကောင်းကင်ရထားတွေ ၊ ဘားတွေ […]

ကမ္ဘာကြီးပူနွေးလာမှု ကြောင့် ပိုလာ ဝက်ဝံတွေ လူနေအိမ်ခြေဆီကို အစာရှာထွက်လာကြ

ကမ္ဘာကြီး ပူနွေးလာမှု ကို သိသိသာသာ ခံစားရတဲ့ နေရာကတော့ အာတိတ်စက်ဝိုင်းဒေသ မှာပဲဖြစ်ပါတယ်။ ရေခဲတွေ အရည်ပျော်လို့ တစ်နှစ်ပတ်လုံး ရေခဲနေတဲ့ဒေသတွေမှာ ကုန်မြေတွေ ပေါ်လာပါတယ်။ ရေခဲပြင်ဒေသတွေ လျှော့လာလို ပင်လယ်ရေတွေများလာပါတဲ့အခါမှာတော့ အခုလိုဆောင်းတွင်း မှာ အစာရှာစားဖို့ ခက်ခဲလာတဲ့ ပိုလာ ဝက်ဝံတွေ က လူနေအိမ်ခြေတွေဆီကို ချည်း ကပ်လာပါတော့တယ်။ ရှရုားနိုင်ငံအနောက်မြောက်ပိုင်း အာတိတ်စက်ဝိုင်းအတွင်းမှာရှိတဲ့ ချူကော့ကာရွာတွေကို ပိုလာဝက်ဝံတွေ အစာလာရှာတာကို တွေ့မြင်ရတာ နှစ် အတော်ကြပါပြီ။ “ ၂၀၀၀ ခုနှစ်လောက်က တစ်ကောင်းစ ၂ကောင်စလောက် ရွာတွေဖက်ကို လာ ကြပါတယ်။ အခုနှစ်ပိုင်းတွေမှာတော့ ပိုလာဝက်ဝံတွေ ဒါဇင်နဲ့ချီပြီး ရွာတွေထဲကို ဝင်လာတာတွေ့နေရပါတယ်” လို့ ချူကော့ကာရွာသားတွေက ဆိုပါတယ်။ ကမ္ဘာ့ ပူနွေးလာမှုက တိရစ္ဆာန်တွေရဲ့ စားကျက်ပျောက်လာတဲ့အပြင် […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ လူငယ်တွေဦးဆောင်ပါဝင်စေချင်

နိုင်ငံတစ်နိုင်ငံအတွက် လူငယ်အင်အားစုတွေဟာ အလွန်အရေးကြီးပါတယ်။ “ယနေ့လူငယ်၊ နောင်ဝယ် လူကြီး” ဆိုသလို လူငယ်တွေဟာ နောင်တစ်ချိန်မှာ လူကြီးဖြစ်လာပြီး နိုင်ငံ့တာဝန်ကို ပခုံးပြောင်း ထမ်းရွက်ကြ ရမှာ ဖြစ်ပါတယ်။ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းထမ်းရွက်ကြမယ့် လူငယ်အင်အားစုတွေဟာ အသိပညာ၊ အတတ် ပညာများ ထူးချွန်ထက်မြတ်ဖို့လိုသလို ကိုယ်ကာယကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်သူတွေလည်း ဖြစ်ဖို့ လိုပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့နိုင်ငံမှာ “ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် အောင်မြင်မှု၊ လူငယ်နှင့် အနာဂတ်၊ လူငယ်နှင့် မျိုးချစ်စိတ်၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် နိုင်ငံရေး၊လူငယ် နှင့် စာပေ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့်…..၊ လူငယ်နှင့်….ဆိုပြီး လူငယ်တွေအတွက် ခေါင်းစဉ်အမျိုးမျိုးနဲ့ အကြောင်းအရာအမျိုးမျိုး လေ့လာဖတ်ရှုစရာ စာအုပ်စာပေတွေ ရှိခဲ့တယ်။ […]

ဆီးနှင်းတွေရောက်လာပုံက

ဆီးနှင်းတွေရောက်လာပုံက ခရီးဆောင်အိတ်ပါမလာဘူး ရေနွေးဗူးပါမလာဘူး အညာစောင်မခြုံဘူး ။   ဆီးနှင်းတွေရောက်လာပုံက ထင်းတွေကိုနေရာရွှေ့ချိန်မရ မီးကိုငြိမ်းမယ့်နှင်းတွေ ။   ဆီးနှင်းတွေရောက်လာပုံက မနှစ်ကနဲ့ဒီနှစ်မတူဘူး သတိရခြင်းတွေကလည်း တံစက်မြိတ်ကနေတစ်စက်ပြီးတစ်စက်ယိုစိမ့်နေ ။   ခရမ်းရောင် ခန္ဓာကိုယ်နဲ့မိန်းကလေးနှင်းရေ ချမ်းနေတဲ့အပူတွေအတွက် မင်းဟာဆွယ်တာလို ဂျာကင်လို သတိရခြင်းတွေကိုနံပါတ်စဉ်တပ်ပြီးလွမ်းနေမယ် ။   ဆီးနှင်းတွေရောက်လာပုံက ကိုယ့်ဆီ မရောက်လာသလိုလိုပါပဲ ဒီစာလေးဖတ်ပြီး နွေးပါစေဆောင်း။   #သျှစ်လှိုင်း 31.12.21

ကမ္ဘာပေါ်က လူသတ်ကောင်အကြီးစားက လေထုညစ်ညမ်းမှုပါ

လေထုညစ်ညမ်းမှုကြောင့် ကလေး ၃သိန်းကျော်ကို နှစ်စဉ် ကိုယ်ဝန်ပျက်ကျနေတယ်ဆိုရင် ကျနော်တို့ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှုကို လျှော့ချဖို့သင်တယ်လို့ မထင်ဘူးလား။ အာရှမှာစီပွားရေးကျားကြီးတွေ ဖြစ်တဲ့ တရုတ်တို့ ၊ အိန္ဒိယတို့ မှာ လေထုညစ်ညမ်းမှု နဲ့ ပတ်သက်ပြီး ကမ္ဘာကပြောနေဆိုနေပေမဲ့ သူတို့ ထက်ပိုဆိုးတဲ့ ဥရောပက မြို့တွေ ရှိပါသေးတယ်။ ကားတွေ မော်တော်ဆိုင်ကယ်တွေက ထွက်တဲ့ အငွေ့တွေ ၊ ထင်း တွေ မီးသွေးတွေနဲ့ လောင်စာဆီတွေ လောင်ကျွမ်းလို့ ထွက်တဲ့ မီးခိုးငွေ့တွေမှာ ရှိတဲ့ အမှုန်တွေကို PM ဆိုတဲ့ ယူနစ်နဲ့ တိုင်းကြပါတယ်။ အကြမ်းအားဖြင့် ကိုယ့်ရဲ့ရှေ့က မြင်းကွင်း ကို ကြည်ကြည်လင်လင် မြင်ရတယ်ဆိုရင်တော့ PM ၂.၅ ရှိတယ်လို့ မှတ်ထားရပါမယ်။ အဲ့ဒိအခြေအနေက လေထုထဲမှာ […]

ဘယ်လ်ဂျီယံမှာ နျူကလီယံဓာတ်ပေါင်းဖိုတွေ စတင်ဖျက်သိမ်းဖို့ လုပ်နေပြီ

ဘယ်လ်ဂျီယံ ညွှန့်ပေါင်းအစိုးရက တိုင်းပြည်တွင်းမှာရှိတဲ့ နျူကလိယ ဓာတ်ပေါင်းဖိုတွေ ၇ ခုလုံးကို ၂၀၂၅ မှာ အပြီး ပိတ်လိုက်ဖို့အတွက် စီစဉ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့က နျူကလိယနည်းပညာနဲ့ ပတ်သက်ပြီးတော့ လေ့လာမှုတွေ တော့ ဆက်လုပ်ဦးမယ်လို့ ဆိုပါတယ်။ ညွှန့်ပေါင်းအစိုးရ ရဲ့ သဘောတူညီချက်မှာတော့ လက်ရှိ တိုင်းပြည်အတွက်လျှပ်စစ်ဓာတ်အားပေးနေတဲ့ ဓာတ်ပေါင်းဖိုကြီး တွေကို ဖျက်သိမ်းဖို့လုပ်တာဖြစ်ပေမဲ့ အသေးစားဓာတ်ပေါင်းဖိုတွေ အတွက် ယူရိုသန်း ၁၀၀ ရင်းနှီးမြုတ်နှံမှုတွေ ဆက်လုပ်သွားမယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံမှာ ၂၀၀၃ ခုနှစ်က ပြဌန်းထားတဲ့ နျူကလီယဆိုင်ရာ ဥပဒေမှာတော့ နျူကလိယလုပ်ငန်းတွေကို နှစ်စဉ် တဖြည်းဖြည်း လျှော့ချရမယ်လို့ ဆိုထားပေးမဲ့ ဒီနှစ်ပိုင်းတွေရောက်မှ ဥပဒေက စတင်အသက်ဝင် တယ်လို့ပဲ ဆိုရမှာပါ။ ၂၀၂၀ အောက်တိုဘာလမှ စတင်ရုံးထိုင်တဲ့ […]

နှင်းမြမြသစ်သီး

စူးနစ်ပြင်းရှ လဝကည- နှင်းစစချည် မျက်ရည်မြို့သစ်- အိမ်ပြစ်လွင့်ဝေး ကြယ်လေးဖိတ်လက်- စိတ်ပုခက်လှိုင်း ရစ်သိုင်းမှုံ ရီ- မေ့မျက်ရည်စ လမျက်ဝန်းဝ- စိုစထိရှ ပွင့်မြမြကြွ ကြယ်လေးများလှပကြစေသား ။   #ဝါကျဖြူ 16/12/21