Author Posts

ယောချောင်းရေမြင့်တက်လာသောကြောင့် အနီးပတ်ဝန်းကျင် ကျေးရွာများ အထူးသတိပြုရန်လိုအပ်

မိုးလေဝသ သတင်း #Update ယောချောင်းရေလျှံ ကမ်းလုံးပြည့် တံတားထိသည်ထိ ရေများပါသည်။ ပေါက်မြို့အောက်ဘက် ယောချောင်းဘေး ကျေးရွာများ ကြိုတင်ရွှေ့ပြောင်းပြင်ဆင်ထားကြပါ။ ပုံများမှာ ပေါက်မြို့ အုန်းတောတံတားမှရိုက်ကူးထားသည်။ ယနေ့မနက် ၆ နာရီ ၃၀(၁၈/၁ဝ၂ဝ၂၁) #ယောချောင်း ရေဝေဒေသတွင် မိုးသည်းထန်စွာရွာသွန်းနေသော ကြောင့် ယောချောင်းအထက်အညှာရှိရွာများတွင် ယနေ့(၁၇/၁ဝ/၂ဝ၂၁)ရက်နေ့ ည ၇နာရီတှငျ ၂ဝ၁၁ခုနှစ်က ရေမှတ်သို့ ရောက်ရှိရေတိုးနေပါသည်။ ထို့ကြောင့် ယောချောင်းအောက်ဘက်ရှိ ပေါက်မြို့နယ်နှင့် ဆိပ်ဖြူ မြို့နယ်အတွင်းရှိ ယောချောင်းဘေးမြို့ရွာများ ယောချောင်းရေမြင့်တက်လာမှု သတိပြုကြပါရန် နှိုးဆော်လိုက်ရပါသည်။ #ယောချောင်းဘေးမြို့ရွာများ(ပေါက် – ဆိပ်ဖြူ) ဆိပ်ဖြူ စွန်း ပေါင်းငူ ဝါဇီ မြင်စတော ချိုက် တုရင်မျှော် ချောင်းမကြီး မဲဇလီကွေ့ ပင်းတလဲ ချင်းငယ် ဆင်နီတောင် ဒေါသာ အရှေ့ကံတွင်း […]

မဲလုံး (ဝတ္ထုတို)

မဲလုံးက ဆရာ၀န်မဟုတ်သဖြင့် သူ့ရောဂါ ဘာမှန်း မသိချေ။ သို့သော် သူကြာကြာခံတော့မှာ မဟုတ် မှန်းတော့ အလိုလိုသိနေသည်။ သူ့မှာဆက်လက် ရှင်သန်နိုင်လောက်သည့်ခွန်အား မရှိတော့။ စင်စစ် ရှင်သန်ချင်သည့်စိတ်ဓာတ်ပင် မရှိတော့။ တစ္သက္လုံး မတ်တတ် မတ်တတ် ဆိုသလိုနေလာခဲ့ရာက ယခုတော့ နေ့လည်ကြောင် တောင်ပင် မြေပြင်မှာ ၀ပ်စင်းချင်နေပြီ။ တုံးလုံးပက်လက်ကြီးသာ လွဲ၍ေန ချင်ပြီ။ သူ့သခင်တွေ မဲလုံးအနီးသို့ ရောက်လာကြသည်။ သူသွားတော့မည်ဆိုတာ သည်လူတွေ သိနေကြ သည်ပဲဟု မဲလုံးတွေးမိသည်။ သို့သော် သူ မအံ့သြပါ။ သည်လူတွေသည် တစ္သက္လုံး သူ့ကိုခိုင်းစေလာကြသူများ၊ သူ့ကို အမျိုးမျိုးအဖုံဖုံ စီမံ ခန့်ခွဲလာကြသူများ၊ သူ့ဘ၀တစ်ခုလုံးကို ချုပ်ကိုင် ခြယ် လှယ်ကြသူများဖြစ်၍ သူ့အကြောင်း သူ့ထက်ပင် သိကြမည်ဆိုလျှင်လည်း မဲလုံးအံ့သြမိမည် မဟုတ်ပါ။ […]

မြန်မာ့တောင်တန်းများ (ကီမိုတောင်)

ကီမိုတောင် သို့မဟုတ် ကျောက်ပန်းတောင် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တည်ရှိသည်။ တောင်အမြင့်မှာ ၄,၂၆၉ ပေ ဖြစ်သည်။ ပလက်ဝမြို့မှ မိုင် ၂၀ အကွာ၊ ဆမီးမြို့မှ ၅ မိုင်အကွာ၊ ယောင်ဝရွာမှမိုင်အကြာတွင်တည်ရှိသည်။ ကျောက်ပန်းတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော တည်ရှိသည့် နေရာလည်း ဖြစ်သည်။ ကျောက်ပန်းတောင်ကို ဒေသနေ ခူမီးလူမျိုး နှင့် ခေါင်စိုလူမျိုးက “ကီမိုတောင်”၊မြိုလူမျိုးတို့က “ကိမ်မာတောင်”၊ မတူချင်းလူမျိုးတို့က “ကီးမိုမိုတောင်”၊ ဒိုင်ချင်းလူမျိုးတို့က “ကြစ်မတောင်”၊ ရခိုင်လူမျိုးအချို့က “ချင်းမပန်းတောင်းတောင်”ဟုလည်း ခေါ်ကြသည်။ ကျောက်ပန်းတောင်ထိပ်သည် နှစ်မိုင်နီးပါးကျောက်သားပြင်အဖြစ် တည်ရှိပြီး လခြမ်းပုံ သို့ အင်္ဂလိပ်အက္ခရာ C ပုံသဏ္ဌာန်ဖြစ်သည်။ တောင်ပတ်လည်တွင် ကျယ်ပြန့်လှသော ချောက်ကမ်းပါးကြီးနှင့် ဝန်းရံထားသည်။ တောင်၏ ၁၅ မိုင်အကွာအဝေးကို […]

ဂဏန်းကျရေတံခွန်သို့သွားကြမယ်

#တည်နေရာ– ရွာငံမြို့နယ်၊ မြိုင်ကျေးရွာ မြိုင်စံပြကျေးရွာ ဆိုင်းဘုတ်ကျော်ကျော် မြိုင်စျေးနားမရောက်ခင်မှာ လမ်းညာဘက်ကို ချိုးတဲ့ လမ်းတစ်ခုရှိပါတယ်။အဲ့လမ်းအတိုင်းသာဝင်သွားပါ။ ခန့်မှန်းချိန် ၁၅ မိနစ်ခန့် ဝင်ရပါတယ်။ ကားအနိမ့်များကတော့ ရေကျော်လေးတစ်ခုနားထိ သွားလို့ရပါတယ်။ ကားထားပြီး ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိ လမ်းလျောက်ချိန် ၁၀ မိနစ်ခန့် မြေပြန့်သွားရပါမယ်။ light truck ခွေးဘီလူးများ ကားအမြင့်များ ရေတံခွန်ရေစီးဆင်းရာ စမ်းချောင်းနားထိသွားလို့ရပါတယ်။ ကား၊ ဆိုင်ကယ်များ ထားခဲ့ပြီး ရေတံခွန်ရှိရာသို့ ၁၅ မိနစ်ခန့်ဆင်း​ြးြရင် ရောက်ပါပြီ။ အဆင်းလမ်းအနည်းငယ်ချော်ပါတယ်။ လမ်းဘေးဝဲယာမှာ ဖက်ယားဆိုတဲ့ အပင်တွေရှိပါတယ်။အရွက်အကြီးကြီးတွေနဲ့ ကိုင်မိလိုက်ရင် ဆူးစူးပါတယ်။ သတိပြုပါ။ အဆိပ်တော့မတက်ပေမယ့် ဆူးစူးခံရတာ တစ်မျိုးတော့ နေရခက်ပါတယ်။ ရေတံခွန်က ရေကျနည်းပါတယ်။ ရေချိုးဖို့ ရေအိုင်များမရှိပါ။ ဂဏန်းကျရေတံခွန်တစ်ခုထဲသွားမယ်ဆို သွားရတဲ့ခရီးမတန်ပါဘူး။ ဂဏန်းကျကို ဝင်ပြီး […]

သတ္တုတွင်းတွေမှာဖြစ်တဲ့ ယာဉ်မတော်တဆမှုက မြို့တွေမှာထက် ၁၀ ဆပိုများနေ

သတ္တုတွင်းတွေက လူသားတွေဆီကို အန္တရာယ်တွေ အများအပြာ ပေးနေပါတယ်။ သတ္တုတွင်းတွေက လုပ်သားတွေအပြင် အနီးပတ်ဝန်းကျင်ဒေသခံတွေမှာ ကင်ဆာရောဂါ ၊ အဆိပ်သင့်မှု ၊ နလုံးရောဂါ နဲ့ အသက်ရှုလမ်းကြောင်း ဆိုင်ရာရောဂါတွေကို ဖြစ်စေတတ်ပါတယ်။ အဲ့ဒိဒေသတွေမှာ နေထိုင်သူတွေမှာ အထက်ဖော်ပြပါရောဂါတွေအပြင် ယာဉ်မတော်တဆမှုတွေကလည်း သာမန်မြို့တစ်မြို့ ထက် ၁၀ ပိုပြီးဖြစ်တယ်လို့ လေ့လာမှုတစ်ရပ်ကဆိုပါတယ်။ PLOS global public Health မဂ္ဂဇင်းက တန်ဇနီးယား နိုင်ငံက ရွှေတွင်းတွေကို သွားရောက်လေ့လာပြီး အလုပ်သမားတွေနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး စစ်တမ်းကို ပြုစုရင်း နောက်ဆက်တွဲ ရလဒ် အဖြစ်တွေ့ရှိခဲ့တာပါ။ ရွှေတွင်းတွေက သဘာဝပတ်ဝန်းကျင် ဘယ်လောက်ပျက်စီးစေတယ်ဆိုတာနဲ့ ဒေသခံတွေရဲ့ ကျန်းမာရေး ကို ဘယ်လောက်ထိ ထိခိုက်တယ်ဆိုတာကို မှတ်တမ်းပြုရန် အတွက် ဆေးရုံတွေနဲ့ ဆေးခန်းတွေမှာ […]

သိပ္ပံပညာရှင်တွေ ဝိုင်းဝေဖန်တဲ့အထိဖြစ်သွားတဲ့ နေလို့မရတော့မယ့်ကမ္ဘာကြီး စာအုပ်နဲ့ ဂျာနယ်လစ်

The Uninhabitable Earth by David Wallace-Wells ဒေဗစ်ဝေါ်လေ့စ်ဝဲလ် ဆိုတဲ့ နယူယောက်တိုင်းက လက်ထောက် အယ်ဒီတာက ၂၀၁၇ မှာ The Uninhabitable Earth ဆိုတဲ့ စာအုပ်ကို ထုတ်တယ်။ ကမ္ဘာကြီးပူနွေးလာမှုနဲ့ လူတွေခံစားနေရတဲ့ ဒုက္ခတွေကို တုတ်ထိုးအိုးပေါက်ရေးတယ်။ နောက်ဆိုရင် ဘာတွေဖြစ်လာမယ်ဆိုတာကို ပြောတယ်။ စာအုပ်ထွက်ပြီး မကြာမီမှာပဲ သူ့ရဲ့ ကြိုတင်ဟောပြောချက်တွေကို သိပ္ပံပညာရှင်တွေ က ဝိုင်းဝေဖန်တော့တာပါပဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး နဲ့ ပတ်သက်ပြီး နီးစပ်တဲ့ စာတွေ မရေးခဲ့တဲ့ ဂျာနယ်လစ်တစ်ယောက် ၊ နောက်ပြီး တော့ တက္ကသိုလ်က သမိုင်း နဲ့ ဘွဲ့ရလာတဲ့ သူတစ်ယောက်က ကမ္ဘာ့ရာသီပြောင်းလဲမှု နဲ့ ပတ်သက်ပြီး ရေးတယ်ဆိုတော့ လူပြောသူပြော များခဲ့တာလည်း ဖြစ်မှာပါ။ […]

သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းတဲ့ အဖွဲ့၅ဖွဲ့ကို ဗြိတိန်မင်းသားက ဆုချီးမြှင့်

ကမ္ဘာရာသီပြောင်းလဲမှုနဲ့အခြားသဘာဝပတ်ဝန်းကျင် ဆိုင်ရာကိစ္စတွေကို လှုံ့ဆော်ပေးတဲ့ ၊ အဖြေရှာပေးတဲ့ အစိုးရတွေ ၊ အဖွဲ့အစည်းတွေ ကို ဗြိတိန်နန်းမွေခံ မင်းသားဝီလျှံ က သူ့ရဲ့ ကိုယ်ပိုင်ဆုဖြစ်တဲ့ Earthshot ဆု ၅ဆုကို ချီးမြှင့်တယ်လို့ ​အောက်တိုဘာ ၁၇ ရက်ညက အခမ်းအနားလုပ်ပြီးကြေညာခဲ့ပါတယ်။ မင်းသားက အခမ်းအနားကို နာမည်ကျော် ဆယ်လီတွေ ၊ အခမ်းအနားမှူးတွေ နဲ့ နယ်ပယ်အသီးသီး က နာမည်ကြီးတွေကို ဖိတ်ခေါ်ပြီး Coldplayတီးဝိုင်း နဲ့ ဧည့်ခံခဲ့ပါတယ်။ အဲ့ဒိပွဲမှာ သူက ဆုချီးမြှင့်ခံရတဲ့ အဖွဲ့တွေကို အလုပ်ဆက်လုပ်လို့ ရအောင် တစ်ဖွဲ့ ကို ကန်ဒေါ်လာ ၁.၄သန်းစီ ချီးမြှင့်မယ်လို့ ဆိုပါတယ်။ ဆုရတဲ့ အဖွဲ့တွေကတော့ ကော်စတာရီကာအစိုးရ ၊ အီတလီနိုင်ငံက မီလန်မြို့ အုပ်ချုပ်ရေးအဖွဲ့ […]

မြန်မာ့တောင်တန်းများ (လွိုင်လန်းတောင်)

လွိုင်လန်းတောင် သည် ရှမ်းတောင်တန်းတွင် အမြင့်ဆုံး တောင်ဖြစ်သည်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့နယ်တွင် တည်ရှိကာ လားရှိုးမြို့၏ အရှေ့တောင်ဘက် ၄၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ကောင်းဝိန်းရွာသည် ၁၁ ကီလိုမီတာအကွာတွင် တည်ရှိပြီး မြောက်ဘက်တွင် မိုင်းပတ်ရွာ ၏ ၁၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။ အမြင့်သည် ၂၆၅၁ မီတာ ရှိပြီး ချွန်ထွက်နေသည့် တောင်ထိပ်သည် ၁၈၂၃ မီတာ ရှိသည်။ အရှေ့တောင်အာရှဒေသ၏ ချွန်ထွက်နေသည့်တောင်များတွင် ပါဝင်သည့် တောင်တစ်ခုလည်း ဖြစ်သည်။ #Greeness Ref:internet

ရထားစီးခြင်း

(၁) Greta Thunberg (ဂရီတာ သွန်းဘာ့ဂ်) က ကာဗွန်ထုတ်လုပ် မှုလျှော့ချဖို့အတွက် လူအများကို ရထားစီးကြရန် မတိုက်တွန်းခင် အချိန်ကတည်းက ကျွန်တော် ရထားစစီးခဲ့တာ။ ဆရာလှသန်းရဲ့ ညရထားကဗျာကို ကျွန်တော် မဖတ်ဖူးခင်အချိန်ကတည်းက ရထားစစီးခဲ့တာ။ ဒါပေမဲ့အဆို တော်ကိုင်ဇာရဲ့ ကိုယ်လေရထား လေးနဲ့ မွေးဌာနီသွားတဲ့ခရီးဝယ်၊ စိုပြည်စိမ်းလန်းလို့ သာယာတဲ့ မြေ၊ တောအထပ်ထပ် တောင်အ သွယ်သွယ်ကွေ့ဝိုက်လို့ရယ် ဖြတ် ကျော်ရင်းတွေ့ခဲ့ရတယ်ကွယ် စတဲ့ ရထားစီးတဲ့အကြောင်း သီ ချင်းစာသားပါတဲ့ သီချင်းလေးကို တော့ ကျွန်တော်နားထောင်လို့ပြီး ပြီပဲဖြစ်တယ်။ (၂) ကျွန်တော် ရထားစစီးတော့ အသက်က (၁၈) နှစ်။ အထက် တန်းစာမေးပွဲ ဖြေပြီးတဲ့အချိန်။ ဘယ်အရာကိုမဆို ပြုလုပ်ဖို့အ တွက် စိတ်ဓာတ်တက်ကြွနေတဲ့အ ချိန်။ အပူအပင်တွေ […]