Author Posts

အဆင်ပြေပါစေ ကမ္ဘာကြီးရေ…

++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ … ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ.. မကြာခင်ပြန်ဆုံမယ် ကမ္ဘာ ကြီးရေ… ပြန်လည်နလန်ထဖို့အတွက်ကွာ..သင်လည်း နားဖို့လိုမှာ…၊ အဆင်ပြေပါစေ ကမ္ဘာကြီးရေ.. ပျက်စီးခဲ့ ရသမျှ ပြင်ဆင်စေ..မကြာခင် ပြန်ဆုံမယ် ကမ္ဘာကြီးရေ.. ဒါဟာ ငါတို့အမှားကြောင့်သာ ငါတို့ရတဲ့ ကံတရား…) ×× သမိုင်းတလျှောက် ငါတို့လွန်ကျူးခဲ့သမျှ.. သင် ခါးစီးခံခဲ့ရတာပါ.. ပူလောင်ရင်း..ဖောက်ပြန်ရင်း ဝမ်းနည်းစွာ…×× မပြေး..ဘဲ ငါတို့တွေ ဝေးရတာ.. အေးဆေး.. ပြန်တွေ့ကြမှာပါ.. ဒီအချိန်တော့ အားယူရင်း နားဦးကွာ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ….………………………………………………………………………………) ×× အခိုက်အတန့်.. ငါတို့ငြိမ်သက်ရတာ.. အလိုက်အထိုက်..ဖြတ်သန်းရမှာပါ… ကံကိုတော့ အပြစ်ပုံ မချလိုက်နဲ့ကွာ…×× သမိုင်းတစ်လျှောက်.. ငါတို့ ဖျက်စီးခဲ့သမျှ..အထိုက်အလျှောက်..ပြန်ခံကြရမှာပါ.. မျက်နှာ လွှဲ ခဲတွေ ပစ်ခဲ့ကြသမျှ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ…………………………………………………………………………………) ××(အချိန်က […]

ပန်းဝင်စား

ပျားပိတုံးတွေဝိုင်းဝိုင်းလည်နေရုံနဲ့ ရှေ့မကြည့်နောက်မကြည့်ပြောတာမဟုတ်ဘူး လတ်ဆတ်လန်းဆန်း လှပမွှေးမြပြီး ထူးမြတ်တဲ့ဖြစ်တည်နေပုံက တအားအနုစိပ်သိမ်မွေ့တယ် ဆွဲညှို့ဖမ်းစားတတ်တဲ့ရောင်ခြယ်ဆဲလ်တွေ ရွှေမျက်ပါးလိုအပြားခတ်တဲ့ပွင့်ချပ်တွေ ဝတ်မှုန် ဝတ်လွှာ ဝတ်ဆံ ဝတ်ရည်တွေနဲ့ တစ်ကိုယ်လုံး ပန်းဖြစ်နေတဲ့ကျက်သရေလေး ကြယ်တွေဆိုက်ဆိုက်မြိုက်မြိုက် ရင်ခွင်ထဲထိုးဆင်းဝင်လာသလို လမင်းအစင်းစင်း နှင်းအဆက်ဆက် ပွင့်လက်ထိန်သာရွှေစင်မျက်နှာလေး ပန်းဘဝကလာပြီးပန်းဘဝကိုလားမယ့် ဘဝဆက်တိုင်းပန်းဖြစ်နေတော့မယ့် အရိုက်အရာလေး မာနကိုဆူးလိုချွန်ထားပြီး အလှတရားတွေပန်းလိုရွှန်းလင်းတဲ့ ယမင်းပျိုလေး အကြည့်ကပန်းလိုနူးညံ့သလောက် ရှက်သွေးကလည်းပန်းရောင်ခြယ် ယဉ်မူသွယ်ဖြာ ချိုစင်မျက်နှာလေး မခူးရက်အောင်လှပခမ်းနားပြီး မထားရက်အောင်အတင့်ရဲလှတဲ့ အဆန်းပြားဆုံးသဘာဝရတနာလေး လူသားရဲ့ထူးကဲဖြစ်စဉ်တွေမှာ ယဉ်ကျေးမှုအမြင့်ဆုံးထိနွယ်တက်လာတဲ့ အနုပညာ ကနုတ်တန်းဆာလေး ရှုတိုင်းယဉ် မြင်တိုင်းလွမ်း နမ်းတိုင်းမွှေးနေမယ့်ပန်းရိုင်းကလေး ပန်းဆိုတာကြွေတတ်တဲ့သဘောရှိသတဲ့ ကိုယ်က ပန်းကို ကြွေခဲ့တယ်။ ။ #ဝိုင်ချို (30-10-17)

စာဘူးတောင်းငှက်ငယ် အတုယူဖွယ်

လေဒဏ်လည်းဆင့် ၊ မုန်တိုင်းပင့်နှင့် မိုးသင့်အစုံ ၊ လာခဲ့ကြုံသော် လုံခြုံ ပေး ငှ ၊ သိုက်ဆောက်မှ ဟု သူ က အသိ ၊ သ တိ ရှိ ။ မြက်များ ရစ် တပ် ၊ နှုတ်ကြားညှပ်၍ သေသပ်လှစွာ ၊ ကြိုးစားရှာ လေမှာ ပျံ ရင်း ၊ သယ်ယူခြင်း မပျင်းမကြောက် ၊ သိုက်အုံဆောက် ။ လေဝှေ့အတိုက် ၊ သူမငိုက်ပေ အသိုက်ဆောက်ရှာ ၊ ဗိသုကာဖြင့် သူမှာစွမ်းအား ၊ ရှိစိတ်ထားနှင့် မနား လုံ့လ ၊ တွေ့မြင်ရ ။ သြော် — စာဘူးတောင်းငှက် တောင်ပံ […]

မိုးရာသီအကြောင်းများ

မနက်ငါးနာရီခွဲတော့ နေ့စဉ်မြည်နေကျနာရီအလမ်းက ထမြည်တယ်။ လူက အိပ်ယာထဲ ကရုန်းမထွက်ချင်သေးဘူး။ အမှန်တော့ နာရီအလမ်းမမြည်ခင်ကတည်းက နိုးနေတာဖြစ် ပေမယ့် အိမ်အမိုးပေါ်တဖြောက်ဖြောက်မြည်သံပေးပြီး ရွာနေတဲ့မိုးကြောင့် အိပ်ယာကမ ထေသးဘဲ စောင်ပါးပါးလေးအောက်မှာ စည်းစိမ်ရစ်ပြီးကွေးနေခြင်းသာဖြစ်တယ်။ နောက် တစ်ကြိမ်နာရီအလမ်းထပ်မြည်မှ အိပ်ယာထဲကလူးလဲထလိုက်တယ်။ မျက်နှာသစ်ပြီး ရပ်ကွက်ဈေးထဲထွက်ခဲ့တယ်။ ထီးကိုယ်စီနဲ့ ဈေးဝယ်လာသူတွေကိုကြည့်ရတာ စိတ်မှာ ရွှဲရွှဲစိုသွားတယ်။ ဈေးသည်တွေကတော့ မိုးရေနဲ့အသားကျနေတဲ့ပုံပဲ။ မိုးကြောင့် ရောင်းရေးဝယ်တာအဆင်မပြေဘူးလို့ ပြောဆိုနေသံတွေက ရပ်ကွက်ဈေးသေးသေးလေးရဲ့ ဗွက်တစီစီလမ်းကျဉ်းလေးတွေပေါ် ပြန့်ကျဲနေတယ်။ ကျွန်တော်လည်း အတိုအထွာဝယ်စရာရှိတာလေးတွေဝယ်ပြီး အိမ်ပြန်လာခဲ့တယ်။ မိုးစိုစိုလမ်းတွေပေါ်ကြာကြာမနေရဲဘူး။ ခုတေလာ လူကတချောင်ချောင်ဖြစ်နေတာကများ တယ်။ ငယ်ငယ်တုန်းကတော့ မိုးရွာပြီဆိုတာနဲ့ ‘ မိုးရွာရင် မိုးရေချိုးမယ်၊ မေမေလာရင် နို့စို့မယ်၊ ဖေဖေလာရင် အုန်းသီးခွဲစားမယ် ‘ သီချင်းကိုအော်ပြီး မိုးရွာထဲပြေးလွှားဆော့ကစားခဲ့တာ မှတ်မိတယ်။ ကလေးဘဝတုန်းက မိုးရေထဲဘယ်လောက်နေနေ၊ […]

ကမ္ဘာ့အပင်လောကရဲ့ ဇီ၀မျိုးကွဲ ရတနာသိုက်ကျွန်း

ကမ္ဘာပေါ်မှာတွေ့ရှိပြီးတဲ့ အန်ဂျီယိုစပမ်းလို့ ခေါ်တဲ့ အပွင့်ဆောင်ပင်ပဲပြောပြော အစေ့ဝှက်ပင်လို့ပဲပြောပြော မျိုးစိတ်တွေက သိန်းပေါင်းများစွာရှိနေပါတယ်။ ကုန်းနေ အပွင့်ဆောင်ပင် တွေက မျိုးခွဲ ၆၄ မျိုးရှိပြီး အဲ့ဒိက ခွဲလိုက်ရင် မျိုးရင်း ၄၁၆ မျိုးထွက်လာပါတယ်။ အဲ့ဒိထဲကမှမျိုးစု ၁၃၀၀၀ ကျော်ဆင်း သက်လာပြီး မျိုးစိတ်အားဖြင့် ၃သိန်းကျော်သွားပါပြီ။ အန်ဂျီယိုစပမ်းတွေက အစာကြောရှိတဲ့ အပင်တွေဖြစ်ပြီး အမြစ်ပင်စည် အရွက် အင်္ဂါအပြည့်အစုံရှိပါတယ်။ အသီးနဲ့ အစေ့က အပွင့်ကနေဖြစ်လာပြီး အစေ့က အသီးထဲမှာ မြုပ်နေလို့လို့ အစေ့ဝှက်ပင်လို့ခေါ်တာပါ။ အပင်လောက မှာ ရေညှိ၊ မှို မျိုးတွေကနေစပြီး ထင်းရှုးတို့ ဆိုက်ပရက်တို့လို ဂျင်မနိုစပမ်းတို့ ဘုံအမြင့်ဆုံးဖြစ်တဲ့ အန်ဂျီယိုစပမ်းတို့ ကို တော်တော်များများစုံအောင်တွေ့ နိုင်တဲ့ကျွန်းကတော့ ပါပူဝါနယူဂီနီ ကျွန်းပါပဲလို့ ကမ္ဘာ့သုတေသီတွေက လက်ရှိနောက်ဆုံး သုတေသနအရ […]

ကိုဗစ်-၁၉ ထက်ပိုပြီးကြောက်စရာကောင်းတာက ကမ္ဘာ့ရာသီစည်းချက်ပျက်တာလို့ဆို

လက်ရှိ ကမ္ဘာပေါ်မှာဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါပြန့်နှံ့မှုထက် ပိုပြီး ကြောက်စရာကောင်းတာက ကမ္ဘာ့ ရာသီစည်ချက်ပျက်ယွင်း မှုလို့ခေါ်တဲ့ ရာသီဥတုပြောင်းလဲမှုပဲဖြစ်တယ်လို့ ၂၀၂၀ နို၀င်ဘာလ ၁၇ရက်နေ့က ကမ္ဘာ့ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မတ်လအတွင်းက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ ၁၉၆၀ ခုနှစ်နောက်ပိုင်းကနေ ဒီနေ့အထိ ရာသီဥတုဖောက်ပြန်ပြီး ဆိုးဝါးတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ခဲ့တာ ရာနဲ့ချီ နေပြီလို့ သိရပါတယ်။ အဲ့ဒိဘေးအန္တရာယ်တွေကြောင့် သေဆုံးခဲ့ရသူမှာ သန်း၅၀ ကျော်သွားပြီလို့လည်း ဆိုပါတယ်။ “ ကိုဗစ်-၁၉ဖြစ်နေတယ်။ ကျနော်တို့ မျက်စေ့ရှေ့မှောက်မှာကိုဖြစ်နေတာပါ။ ကျနော်တို့ရဲ့ မိသားစုတွေ ၊မိတ်ဆွေတွေ ၊ ဆွေမျိုးတွေ ရောဂါ ကူးစက်ခံနေရပါတယ်။ ကိုဗစ်က လတ်တလောမှာ ကမ္ဘာကြီးရင်ဆိုင် နေရတဲ့ တကယ့်တကယ် ပြဿနာကြီးပါဗျာ။လူတစ်သန်းကျော်ရဲ့ အသက်တွေကို […]

မြစ်တစ်စင်း၏တန်ဘိုး

ပရွတ်၊ မေငးစု၊ ရေစို၊ ကသပေါင်း ဒီဝေါဟာရတွေက ကျေးရွာတွေရဲ့အမည်နာမတွေဖြစ်တယ်။ နာမည်တွေက ခပ်ဆန်းဆန်းပဲ။ ကိုယ်နဲပက်သက်ဆက်စပ်တဲ့ရွာတွေလည်း မဟုတ်ပါဘူး။ တစ်နေ့က စာရေးဆရာတစ်ယောက် ဖုန်းဆက်တယ်။ သူလှိုင်သာယာဘက်သွားစရာရှိတယ် လိုက်ဦးမလားတဲ့။ လူရောစိတ်ပါ မအီမသာဖြစ်နေတာက တကြောင်း အားနေတာကတကြောင်းကြောင့် လိုက်မယ်လို့ ပြောဖြစ်လိုက်တယ်။ တကယ်သွားတော့ လှိုင်သာယာ ကိုလွန်ပြီး အပေါ်မှာပြောခဲ့တဲ့ ရွာတွေအထိရောက်သွားတယ်။ သြားရတဲ့ခရီး ကလည်းမနည်းဘူး။ အသင်းတိုက်ကနေ စံပြဈေး။ စံပြဈေးကနေ လှိုင်သာယာမီးခွက်ဈေး။ မီးခွက်ဈေးကတဆင့် ပန်တိုင်ကို သြားတဲ့ YBS -၅၂ စီးရတယ်။ မငေးစုမှာဆင်းပြီး ဆိုင်ကယ်ကယ်ရီနဲ့ ကက်သပေါင်းကိုသွားရတယ်။ ဆိုင်ကယ်ကယ်ရီသမားကပြောတယ်။ မေငးစု၊ ရေစိုနဲ့ကက်သပေါင်းက မြို့နယ်ချင်းမတူဘူး။ မငေးစုနဲ့ ရေစိုက ပန်းလှိုင်မြစ်ရဲ့ ဒီဘက်ခြမ်း ထန်းတစ်ပင်မြို့နယ်ဖြစ်တယ်။ ကက်သပေါင်းက ပန်းလှိုင်မြစ်ရဲ့ဟိုဘက်ခြမ်း တွံတေးမြို့နယ်ဖြစ်တယ်လို့ဆိုတယ်။ မြစ်ဆို တဲ့စကားလုံးက […]

အောက်စီဂျင်မလုံလောက်ရင် မြို့ပြက သခ်ျိုင်းဖြစ်သွားမယ်လို့ ဒေလီဝန်ကြီးဆို

ပြီးခဲ့တဲ့မေလကနေစပြီး ဒီနေ့အထိ ကိုဗစ်၁၉ ကူးစက်မှုကို အလူးအလဲ ခံနေရတဲ့ အိန္ဒိယနိုင်ငံဒေလီမြို့က ဆေးရုံတွေမှာ လူနာတွေအတွက် အောက်စီဂျင်လုံလောက်အောင် ပေးနိုင်ခြင်းမရှိခဲ့ပါဘူး။ ဆေးရုံတွေရဲ့ ပတ်ဝန်းကျင်မှာလည်း လေကောင်းလေသန့်ရအောင် လုံလောက်တဲ့ သစ်ပင်ကြီးတွေမရှိခြင်းနဲ့ပတ်သက်လို့ ဒေလီ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဖြစ်သူ ဂိုပယ်ရိုင်းက သစ်ပင်တွေမစိုက်တာနဲ့ပတ်သက်ပြီး ပြစ်တင်ပြောဆိုမှုတွေ လုပ်လာပါတယ်။ ဇွန်လ ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ “ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွင်းမှာ ဆေးရုံတွေမှာ အောက်စီဂျင် မလုံလောက်မှုတွေ ကြုံတွေ့နေရပါတယ်။ အစိုးရကတော့ အဲ့ဒိပြဿနာကို ရှင်းဖို့အတွက် အစွမ်းကုန်ကြိုးစားခဲ့ရပါတယ်။ လက်ရှိမှာတော့ ကိုဗစ်လူနာပမာဏက လျော့ကျလာတယ်ဆိုပေမဲ့ တကယ်လက်တွေ့ကျကျ ရေရှည်ဖြေရှင်းနည်းက ဆေးရုံတွေ လူနေထူထပ်တဲ့ နေရာတွေမှာ သစ်ပင်ကြီးတွေကို စိုက်ထားဖို့လိုအပ်ပါတယ်” လို့ ဆိုပါတယ်။ သတင်းစာရှင်လင်းပွဲ အပြီး ဇွန်လ ၅ ရက်နေ့က စပြီး […]

ရှေးရှေးတုန်းက စကားဝါ

အရိပ်စိမ်းစိမ်းမွာ အေးမြနေတဲ့တောင်တန်းက မွှေးတယ် လမ်းကြုံရင် ဝင်ခဲ့ပါဆိုလို့ လမ်းမကြုံနိုင်တဲ့ငါ့မွာ ငေးရုံသာငေးနေရ အေဝးက အတိတ်ဘုံမွာ အဆွေးပန်းတွေ ဝေနေမလား ဘုရားစင်ထက် အလုံပိတ္ခံထားရတဲ့ ပုလင်းထဲက စကားဝါတွေ တောင်ကို ပြန်ရဖို့ ဝေးခဲ့ပါတယ် ။ ။ ခိုင်သွေးကို 12: 20 AM Jun. 29. 2019