Author Posts

စားသောက်ကုန်တွေမှာ သစ်တောပြုန်းတီးမဖြစ်ပါဘူးဆိုတဲ့ တံဆိပ်ကပ်ရောင်းဖို့အတွက် ဥပဒေရေးဆွဲ

သစ်တောပြုန်တီးမှုဖြစ်ရတဲ့အဓိက လက်သည်က လူသားတွေရဲ့ နေထိုင်ရေးအတွက် ပြုလုပ်ရတဲ့ သစ်ထုတ်လုပ်ငန်းနဲ့ စားရေးအတွက် ပြုလုပ်ရတဲ့ စိုက်ခင်းတွေ ဖြစ်တဲ့အတွက်ကြောင့် စားသောက်ကုန် လုပ်ငန်းတွေမှာ သစ်တောပြုန်းတီးခြင်းမရှိတဲ့ စားသောက်ကုန်တွေ ဖြစ်ကြောင်း ကုန်အမှတ်တံဆိပ်မှာ ဖော်ပြရမယ်လို့ ဥရောပ သမဂ္ဂကောင်စီက ဥပဒေကြမ်းတစ်ခု ကိုရေးဆွဲနေပါတယ်။ မိမိတိုင်းပြည်ရဲ့ ဥပဒေကို မချိုးဖောက်ဘဲ စိုက်ပျိုးရေး လုပ်ငန်း ၊ မွေးမြူရေး လုပ်ငန်းနဲ့ သစ်ထုတ်လုပ်ငန်းတွေ ကနေထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေ နဲ့စားသောက်ကုန်တွေမှာ သစ်တောပြုန်းတီးမှု ကင်းစင်းပါတယ် ဆိုတဲ့ အာမခံ တံဆိပ်ကပ်ရမှာပါ။ ကမ္ဘာပေါ်မှာ အမဲသားထုတ်လုပ်ဖို့အတွက် တောတွေရှင်းပြီး စာကျက်မြေ လုပ်တာတွေ ၊ ရာဘာ ၊ ဆီအုန်း ပဲပိစပ် ၊ကော်ဖီနဲ့ လက်ဖက်တို့လို စီးပွားဖြစ်သီးနှံ တွေ ကို တောတွေရှင်းပြီး ဧကများစွာ […]

မြန်မာနိုင်ငံအတွင်းမှမြစ်များ(မူးမြစ်)

မူးမြစ်သည် ကသာခရိုင် ဗန်းမောက်မြို့နယ် အနောက်တောင်ပိုင်းမှ စတင်ပြီး မြောက်မှသည် တောင်ဘက်သို့ စီးဆင်းသည်။ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်တို့ကို ဖြတ်သန်းပြီးနောက် ဧရာဝတီသို့ ပူးပေါင်းစီးဝင်သည်။ ရေစီးသန်ကာ အကွေ့အကောက်များပြီး မိုးတွင်းကာလတွင် ရေစီးဆင်းမှုများသော်လည်း နွေကာလတွင် ချောင်းသာသာမျှသာ ရေစီးဆင်းမှုရှိသည့်အတွက် မူးချောင်းဟုလည်း ခေါ်ဆိုကြသည်များရှိသည်။ မိုင် ၁၇၀ ခန့်ရှည်လျားသော မူးမြစ်သည် ချင်းတွင်းမြစ်ပြီးပါက ဧရာဝတီသို့ အနောက်ဘက်မှ စီးဝင်သော ဒုတိယမြောက် အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ မုန်းချောင်းနှင့် မန်းချောင်းတို့သည်လည်း ဧရာဝတီ၏ အနောက်ဘက် မြစ်လက်တက်များအနက် အရေးပါသော ချောင်းများဖြစ်သည်။ ယခင်က မူးမြစ်ကို ကူးသန်းသွားလာရေးနှင့် ရောင်းဝယ်ဖောက်ကားကိစ္စများအတွက် တွင်ကျယ်စွာ အသုံးပြုမှုများရှိခဲ့သော်လည်း လက်ရှိတွင်မူ လယ်ယာစိုက်ပျိုးအတွက်သာ အဓိက အသုံးပြုသည်။ မူးမြစ်တွင် ရေဦးတူးမြောင်းနှင့် ရွှေဘိုတူးမြောင်းကို ကိုလိုနီခေတ်က […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၆)

မာရီလာယိုမြစ်(Marilao River) မာရီလာယိုမြစ်သည် သန်းပေါင်းများစွာသော ဖိလစ်ပိုင်လူမျိုးတို့၏ အားထားမှီခိုရာ မြစ်တစ်စင်းဖြစ်သည်။ ဖိလစ်ပိုင်လူမျိုးများသည် သောက်ရေသုံးရေအပြင် ဆည်မြောင်းနှင့် လယ်ယာစိုက်ပျိုးရေးကဏ်ဏ္ဍအတွက်လည်း မာရီလာယိုမြစ်ကို အသုံးပြုကြရသည်။ မြစ်အတွင်း အမှိုက်မျိုးစုံသည် ရုပ်ဆိုးအကျည်းတန်စွာ နေရာယူထားပြီး ထုံးစံအတိုင်း မြစ်အနီးတွင် တည်ဆောက်ထားသော စက်ရုံများ၊ သန့်စင်ခန်းများသည် မြစ်အတွင်းသို့ အညစ်အကြေးများကို စွန့်ပစ်နေကြသည်။ အဓိကအားဖြင့် မာရီလာယိုမြစ်ရေ ညစ်ညမ်းရခြင်းမှာ ရွှေသန့်စင်လုပ်ငန်းများသည် အဓိကနေရာမှ ပါဝင်နေသည်။ ရေတွင် သတ္ထုဓာတ်ပါသော အညစ်အကြေးများပါဝင်နေသည့်အတွက် ဒေသခံများ၏ ကျန်းမာရေးမှာ စိုးရိမ်စရာ ဖြစ်နေသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ပညာရှင်များ၊ အဖွဲ့အစည်းများက မြစ်၏အနာဂတ် သန့်ရှင်းမှုကို ပြန်ရရင် တောင်းဆိုမှုများပြုလုပ်နေသော်လည်း မြစ်ရေနှင့် လေထုညစ်ညမ်းမှုမှာ ကျဆင်းသွားခြင်း မရှိပေ။ မြစ်ကို မှီခိုလုပ်ကိုင်နေသော ငါးနှင့် ပုစွန်လုပ်ငန်းများလည်း ထိခိုက်မှုများရှိနေသည်။ ခဲကဲ့သို့သော […]

ကိုဗစ်ကြောင့် သမုဒ္ဒရာထဲကို ပလက်စတစ်တန်ချိန် ၂သောင်းခွဲကျော်ရောက်ရှိ

၂၀၂၀ ဇန်နဝါရီလကစပြီး ကမ္ဘာကြီးပေါ်ကို ကိုဗစ် -၁၉ ကပ်ရောဂါကြီး ပြန့်နှံ့ ခဲ့ပါတယ်။ ကူးစက်ရောဂါဖြစ်လို့ ရောဂါကူးစက်မှုကို လျှော့ချနိုင်ဖို့အတွက် တစ်ခါသုံး ပလက်စတစ်ပစ္စည်းများကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါတယ်။ တစ်ခါသုံးပြီးတာနဲ့ အမှိုက်အဖြစ်စွန့်ပစ်ရင်းက သမုဒ္ဒရာထဲကို ကိုဗစ်နဲ့ဆက်စပ်စွန့်ပစ် အမှိုက် တန်ချိန် ၂၆၀၀၀ကျော် ရောက်ရှိကုန်တယ်လို့ ဟောင်ကောင်အခြေစိုက် သမုဒ္ဒရာလေ့လာရေးအဖွဲ့ရဲ့ သုတေသီတွေက ဆိုပါတယ်။ အဲ့ဒိအတိုင်းအတာထဲမှာ မက်စ်တွေနဲ့ ဖေ့စ်ရှီးတွေမပါဘူးလို့ ဆိုပါတယ်။ လက်ရှိလေ့လာလို့ ရတဲ့ ဆေးရုံသုံး ကိုဗစ်ဆက်စပ်အမှိုက်တွေရဲ့ ပမာဏကိုပဲ ဖော်ပြလိုက်တာပါ။ မက်စ်တွေနဲ့ ရောဂါပိုးစမ်းသက်ချောင်းတွေ ကို အွန်လိုင်းဈေးကွက်နဲ့ ဆေးရုံတွေရဲ့ အမှာစာတွေကို စစ်ဆေးပြီး စွန့်ပစ်မှု ပမာဏကို တိုင်းတာတွက်ချက်ခဲ့ကြတာပါ။ အဲ့ဒိဆေးရုံစွန့်ပစ် ပလက်စတစ်အမှိုက်တွေကို စနစ်တကျမစီမံနိုင်တဲ့အတွက် အခုတော့ သမုဒ္ဒရာထဲကို အမှိုက်တွေရောက်လာပြီး ရေနေသတ္တဝါတွေကို အန္တရာယ်ဖြစ်လာစေတာပေါ့။ […]

အာရှကာဗွန်လျှော့ချရေးအစီအစဉ်အတွက် ဂျပန်က ကန်ဒေါ်လာ သန်း ၁သောင်း သုံးမယ်

COP 26 ညီလာခံကို တက်ရောက်ခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ်သစ် ကီရှီဒါက လာမယ့် ၅နှစ်အတွင်းမှာ အာရှတိုက် ကာဗွန်လျှော့ချရေး အစီအစဉ်အတွက် ကန်ဒေါ်လာ သန်းပေါင်း ၁ သောင်း ကို အသုံးပြု မယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ ညီလာခံမှာ ကီရှီဒါက ဂျပန်နိုင်င့အနေနဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကို ၂၀၁၃ ခုနှစ်ကို အခြေခံနှစ်အဖြစ်ထားပြီး လျှော့ချမှုတွေကိုစလုပ်မယ်လို့ ဆိုပါတယ် ။ ဒါ့အပြင် ၂၀၃၀ မှာ ဂျပန်နိုင်ငံကနေ ထုတ်လွှင့်မယ့် ဖန်လုံအိမ်ဓာတ်ငွေ့ကို တစ်ဝက်လျှော့ပေးနိုင်အောင်လို့ လုပ်ပေးပါမယ်ဆိုပြီး ကတိပေးခဲ့ပါတယ်။ ၂၀၅၀ မှာတော့ ကာဗွန်သုည အဆင့်ဖြစ်အောင် လုပ်ပေးပါမယ်လည်း ဆိုပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပြည်တွင်း ပုဂ္ဂလိဂ္ဂ နဲ့ ပြည်သူ့ပိုင် တီထွင်မှုတွေ ၊ သုတေသနတွေ […]

တူရကီမြို့တွေက သန့်ရှင်းရေး ဟီရိုးတွေ ဗီသိုဗင် တေးသွားတွေနဲ့ အလုပ်လုပ်

တူရကီနိုင်ငံက မာဒင်မြို့ပေါ်ကို မနက်ခင်းရဲ့ နေရောင်ခြည် ဖြာကျပြီဆိုရင် နို့နှစ်ရောင်အဆင်းရှိတဲ့ မြည်းတွေက သူတို့ရဲ့ လုပ်ငန်းခွင် ကို ဝင်ဖို့အတွက် အဆင်သင့်ဖြစ်နေကြပါပြီ။ တောင်နံရံကိုကပ်ပြီး ဆောက်ထားတဲ့ မြို့ဖြစ်လို့ အတက်အဆင်း လှေကားတွေ နဲ့ ကျဉ်းမြောင်တဲ့ လမ်းတွေကို နှစ်ရာနဲ့ချီပြီး သန့်ရှင်းရေးလုပ်ပေးနေတဲ့ မြည်းတွေက သူတို့ရဲ့ တာဝန်ကို အသက်မသေမချင်း မျိုးဆက်လက်ဆင့်ကမ်းပြီး ထိန်းသိမ်းလာခဲ့ကြပါတယ်။ မိသားစုနေအိမ်တွေ တစ်နေ့ နဲ့ တစ်ည သုံးထားတဲ့ အမှိုက်တွေကို အိတ်တွေထဲကို လူသားအလုပ်သမား တွေက ထည့်ပေးလိုက်ပါတယ်။ အဲ့ဒိအမှိုက်တွေက ထမ်းပိုးပြီး မြို့ပြင်ကို သွားစွန့်ပေးတဲ့ တာဝန်ကို မြည်းတွေက တာဝန်ယူထားပါတယ်။ နေ့စဉ် မပျင်းမရိလုပ်ဆောင်ပေးတဲ့ အမှိုက်စွန့်ဟီရိုးတွေကို မြို့သူမြို့သားတွေက လေးစားကြပါတယ်။ သူတို့ထဲက အချိုကဆိုရင် အဖော် လူသားတောင်မပါပါဘူး ။ […]

အီဂျစ်မှာ ရေကြီးလို့ ကင်းမြီးကောက်တွေအုပ်လိုက်ကြီးထွက်လာ ၊ လူ ၅၀၀ကျော်ဆေးရုံပို့လိုက်ရ

အီဂျစ်တောင်ပိုင်းမှာ ပြီးခဲ့တဲ့ အပတ်က ရေကြီး ရေလွှမ်းမိုး မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် အိမ်ကြိုအိမ်ကြားမှာခိုအောင်းနေကြတဲ့ ကင်းမြီးကောက်တွေ အုပ်စုလိုက်တွေ ထွက်လာကြပြီး အိမ်တွေပေါ်ကို တက်လာကာ လူတွေကို တိုက်ခိုက်လို့ လူ၅၀၀ကျော် ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။ ကင်းမြီးကောက်အထိုးခံရလို့ လူပေါင်း ၅၀၃ ဦးဆေးရုံကိုရောက်ရှိခဲ့တယ်လို့ ဒေသခံ ဆေးရုံအုပ်က ဆိုပါတယ်။ ဆေးရုံရောက်လာသူ အများစုက အဆိပ်တက်တဲ့ လက္ခဏါတွေဖြစ်တဲ့ နာကျင်ကိုက်ခဲခြင်း ၊ အဖျားတက်ခြင်း၊ ချွေးထွက်လွန်ခြင်း ၊ အော့အန်ခြင်း ၊ ဝမ်းသွားခြင်း ၊ အပိန့်တွေပေါ်လာခြင်း နဲ့ ခေါင်းမထူနိုင်အောင်မူးခြင်းဝေဒနာတွေကို ခံစားခဲ့ကြရပါတယ်။ ကံကောင်းတဲ့အချက်တစ်ခုကတော့ အားလုံး အဆိပ်ပြေဆေးရတဲ့အတွက် သေဆုံးခြင်း မရှိဘဲ တစ်ရက်အတွင်းမှာပဲ ဆေးရုံက ဆင်းခွင့်ရခဲ့ကြပါတယ်။ အက်ဝမ်ပြည်နယ်မြေနိမ့်ပိုင်းမှာ ဖြစ်ခဲ့တာပါ။ မိုးလည်းကြီး ၊ ရေတွေလည်းတက်ခဲ့ပါတယ်။ […]

ပုံတောင် ပုံညာကို ဖြတ်ကာ…..

ဗိုလကို (ပန်းတနော်)- ရေးသည်၊ ———————————- ကလေးမြို့သို့ လေ့လာရေး နှင့်ရိုက်ကူးရေး တစ်ခုပြုလုပ်ရန် စစ်ကိုင်း၊ မုံရွာ၊ ဂန့်ဂေါ၊ ကလေး လမ်းအတိုင်း ခရီးနှင်ခဲ့ကြပါသည်။ လမ်းတစ်လျှောက်တွင် ပထဝီဝင်ဘာသာထဲတွင် သင်ယူခဲ့ရသည့် ပုံတောင်ပုံညာ တောင်တက်တောင်ဆင်းလမ်းအတိုင်း ဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံး ထိုလမ်းကိုဖြတ်သန်းခရီးနှင်ခဲ့ခြင်းဖြစ်သည်။ ထူးခြားသည့်အချက်တစ်ခုမှာ ရွာအမည်၊မြို့အမည်များမှာ အသံတစ်သံသာထွက်ရတဲ့ အမည်နာမတွေသာ ဖြစ်သည်။ ကျော၊ စော၊ ယော စသည့်အလွယ်တကူ အမှတ်ရခေါ်ဆိုရလွယ်သည့် နာမည်တွေသာဖြစ်သည်။ တောင်စဉ်တောင်တန်းများကြားက ကျေးရွာများ၊ မြို့များကို ဖြတ်ကာသွားခဲ့ရခြင်းဖြစ်သည်။ ထိုသို့ တောတောင်ရေမြေအရ အမှတ်တမဲ့ကြည့်ပါက အပူအအေးမျှတမည်ဟု ထင်မှတ်ရသော်လည်း ရာသီဥတုက ပူပြင်းသည့်ရာသီမျိုးကိုသာ ခံစားရမည်ဖြစ်ည်။ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်တွင် လူတို့စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းများကို တွေ့ရမည်ဖြစ်သည်။ ထိုသစ်တောစိုက်ခင်းများအားလွန်၍ မျက်စိတစ်ဆုံး လှမ်းမျှော်ကြည့်မည်ဆိုပါက တောင်ကတုံးများကို မြင်ရမည်ဖြစ်သည်။ […]

၂၀၅၀ မှာ သန်း၁သောင်း ဖြစ်လာမယ့် ကမ္ဘာ့လူဦးရေအတွက် စားစရာပြဿနာ

ကမ္ဘာ့သိပ္ပံပညာရှင်အများစုရဲ့ တွက်ချက်မှုအရ ၂၀၅၀ မှာ ကမ္ဘာ့လူဦးရေက သန်းပေါင်း၁သောင်းအထိ ဖြစ်လာမှာရယ် ၊ ရာသီဥတုပြောင်းလဲ လာမှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်မှု ရှိလာတာရယ်တို့ကြောင့် စားနတ်ရိက္ခာ ရှားပါးမှုကြုံတွေ့လာနိုင်ဖွယ်ရာရှိနေပါတယ်။ အဲ့ဒိကိစ္စကိုဖြေရှင်းဖို့ ဂရင်းဝှစ်တက္ကသိုလ်က အဏ္ဏဝါဗေဒပညာရှင် ပါမောက္ခ ပက်ထရစ်ရှာ ဟာဗေးတို့ အုပ်စုက ပင်လယ်သမုဒ္ဒရာတွေ အောက်က အဏ္ဏဝါသဘာဝပေါက်ပင်တွေကိုလေ့လာမှု လုပ်နေပါတယ်။ ရေနေသဘာဝပေါက်ပင်တွေရဲ့ ဇီဝဖွဲ့စည်းပုံကို အဆင်မြင့်နည်းပညာသုံး သုတေသနလုပ်ငန်းတွေ လုပ်နေပါတယ်။ ပထမအဆင့်အနေနဲ့ ရေတိမ်ပိုင်း ပင်လယ်အောက် ရေညှိရေမှော်တွေရဲ့ အာဟာရတန်ဖိုး ကို တွက်ချက် နေပါတယ်။ သူမတို့ရဲ့ သုတေသနလုပ်ငန်းက ကမ္ဘာပထမဆုံး လုပ်ငန်းဖြစ်ပြီး လုပ်ငန်း အောင်မြင်နိုင်ချေ က ၈၀% လောက်ရှိနေပါတယ်။ ကမ္ဘာကြီးရဲ့ ၃ ပုံ ၂ပုံက ရေဖုံးလွှမ်းနေတဲ့ အတွက်ကြောင့်ရေအောက်က သဘာဝပေါက်ပင်တွေကို […]