Author Posts

အဟောင်းကို ပြင်သုံးဖို့အတွက် ပြင်ဆိုင်ကဖေးတွေဖွင့်နေကြပြီ

လျှပ်စစ်ပစ္စည်းတွေပျက်တာနဲ့ လွှင့်ပစ်ပြီး အသစ်ဝယ်သုံးတာတွေက သဘာဝပတ်ဝန်းကျင်မှာ အမှိုက်တွေများ လာတဲ့အပြင် လူနေထိုင်မှုစရိတ်မြင့်တက်လာတာပဲ အဖတ်တင်ပါတယ် ။ လျှပ်စစ်ပစ္စည်းတွေကို သုံးစွဲနေတဲ့ ကုန်ကျစရိတ်တွေကြားထဲမှာ ရုန်းကန်နေရတာတွေ ကယ်တင်ဖို့အတွက် ဥရောပနိုင်ငံအချို့က ပြင်ဆိုင်ကဖေး တွေကို ဖွင့်ဖို့ ကြိုးစားလာကြပါပြီ ။ ဥရောပအိမ်များတွင် ပျမ်းမျှအားဖြင့် လျှပ်စစ်ပစ္စည်း ၇၄ ခုရှိကြောင်း Waste Electrical and Electronic Equipment Forum (WEEE) အရ သိရပါတယ် ။ ပစ္စည်းတစ်ခုပျက်သွားတာနဲ့ အသစ်ဝယ်ရလို့ကုန်ကျစရိတ်က မိသားစုဝင်ငွေကို စတင်ပြီး ထိခိုက်လာပါတယ် ။ အသစ်ဝယ်မယ့်အစား အခမဲ့ပြင်ဆိုင်တွေ အစားထိုးဝင်လာရင် မိသားစုတွေရဲ့ ဝင်ငွေကို စုဆောင်မိစေမှာပါ ။ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့မှာ ဗုဒ္ဓဟူးနေ့ ညနေတိုင်း မြို့ကလျှပ်စစ်ပစ္စည်းကျွမ်းကျင်သူများက အမ်စတာဒမ်ကဖေးလို့ ခေါ်တဲ့ […]

ရွှေ့ပြောင်းခရီးသွား ဆောင်းခိုငှက်ကလေးတို့၏ သဘာဝများ

မိုးရာသီ ကုန်ဆုံး၍ တိမ်များကင်းစင်သော ဆောင်းဝင်စ ညနေခင်းများတွင် ကောင်းကင်၌ငှက်ကလေးများ အုပ်စုဖွဲ့ အပြိုင်အဆိုင် ပျံသန်းနေကြသည်ကို မြို့ပြတွင်နေနေ၊ ကျေးလက်တွင်နေနေ မြင်ဖူးကြပါ လိမ့်မည်။ ထိုငှက်လေးများသည် ဘယ်ကနေလာပြီး ဘယ်ကိုသွားနေကြသည် ဆိုတာကို မေးခွန်းထုတ် စပ်စုဖူးကြလိမ့်မည် ထင်ပါသည်။ ထိုသို့ အုပ်စုဖွဲ့ ရွှေ့ပြောင်းပျံသန်းလေ့ရှိသော ငှက်အုပ်စုတစ်မျိုးကို ရေပျော်ငှက် (Shorebirds)ဟူ၍ ခေါ်ကြပါ သည်။ မြင်ဖူးနေကြ ဗျိုင်း၊ ဇင်ယော်၊ ပျံလွှားများသည် ရေပျော်ငှက်အုပ်စုဝင်များ ဖြစ်ပါသည်။ ရေပျော်ငှက် (ဆောင်းခိုငှက်) ဆိုသည်မှာ ရေတိမ်ပိုင်း(သို့)ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်များ၏ ရွံ့နွံကဲ့သို့ ပျော့ပျောင်းသော ကမ်းစပ်တလျောက်တွင် ကျက်စားကြသော ငှက်မျိုးစိတ်များဖြစ်ကြပါသည်။ ရေပျော်ငှက်များ ကျက်စားလေ့ရှိသော နေရာများမှာ ရေချိုရေငန်ထိတွေ့ရာ မြစ်ဝနှင့် ပင်လယ်ဝ ဒေသများ၊ ဒီရေအတက်အကျရှိသော ရွံ့လတာပြင်များ၊ မြက်ခင်းပြင်များနှင့် […]

နောက်ကျောကိုဓားနဲ့ထိုးတဲ့ COP28လို့ ဂီတာသွန်းဘာဂ် စွတ်စွဲ

နိုဝင်ဘာ ၃၀ကနေ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ ၂ပတ်နီးပါးကြာအောင် ဒူဘိုင်းမြို့မှာ ကျင်းပခဲ့တဲ့ ကမာ္ဘလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု ညီလာခံဖြစ်တဲ့ COP 28 က တကယ်တမ်းတော့ ရာသီဥတုအရေး လှုတ်ရှားနေသူတွေကို နောက်ကျောကနေ ဓားနဲ့ထိုးလိုက်တာပဲလို့ သဘာဝပတ်ဝန်းကျင်အရေး လှုံ့ဆော်သူ ဆွီဒင်ကျောင်းသူလေး ဂရီတာသွန်းဘာဂ်က စွတ်စွဲ ပြောဆိုလိုက်ပါတယ်။ “ဒူဘိုင်း COP28 ညီလာခံက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူမဖြစ်ခဲ့ပါဘူး ။ လိမ်လည် လှည့်ဖျားမှုတွေ ပြည့်နှပ်နေတဲ့ အစည်းအဝေးကြီးပါ” လို့ သူမက ပွဲအပြီး ဒီဇင်ဘာ ၁၅ ရက်နေ့က ပြောသွားပါတယ်။ COPညီလာခံတွေနဲ့ ပတ်သက်လို့ သူမက ၂၀၂၁ ဂလက်စကို COP 26 ၊ ၂၀၂၂ ရှမ်အယ်ရှိတ် COP 27 ကတည်းက […]

မြို့ကလေးနှင့် ရာသီစာ

ယခုလို ဆောင်းဦးကာလ၏နှင်းရည် စိုစွတ်နေသော နံနက်ခင်းအစတွင်သံပုရာပွင့် ရနံ့ များကို ရှူရှိုက်ရသည်ကလည်း တစ်မျိုးတစ်ဘာသာ ဆန်းလှသည်။ တစ်ချို့ ကတော့ဆောင်း နံနက်ခင်းတွင် ရတတ်သော ပြင်သစ်ပန်း ဒီဇင်ဘာ ပန်းရနံ့များကို ပို၍နှစ်ခြိုက်ကောင်း နှစ်ခြိုက်ပါလိမ့်မည်။ ကျွန်မကတော့ သံပုရာ ပွင့်ရနံ့များကို ပို၍စွဲလန်းနေမိပြီ။သံပုရာ ပင်တွေမှာ ပန်းပွင့်တတ်ကြောင်း ထို အပွင့်သည် ရနံ့ ရှိကြောင်း အရင်ကတော့ မသိခဲ့ ပါ။ ကျွန်မ၏ အမေက သစ်ပင် ပန်းမာန်များစိုက်ပျိုးရတာ ဝါသနာ ပါသောသူမို့ ခြံဝန်းထဲ မှာတစ်ပိုင်တနိုင်စိုက်ပျိုးထားသည်။ တစ်ခုသော ဆောင်းရာသီ၏နံနက်ခင်း စောစောတွင် ထူးခြား၍ညံ့သက်သော အမွှေးနံ့ တမျိုး ရခဲ့သည်။ ခြံ အနောက်ပိုင်း ရေကန်နားတွင် မွှေးသော ပန်းပင်ဘာမှမရှိ။ဒန့်သလွန်ပင်တွေ အဖူး ဖူးပြီးအပွင့် ပွင့်ချိန်ဆိုလျှင်တော့ ထိုအနံ့ကို […]

ကမ္ဘာ့ဒုတိယအကြီးဆုံး ရေချိုကန်

ဝိတိုရိယအိုင်သည် အာဖရိကတိုက်တွင် အကြီးဆုံး အိုင်ဖြစ်၍ မြောက်အမေရိကတိုက်ရှိ ဆူပီးရီးယာအိုင်မှလွဲလျှင် ကမ္ဘာပေါ်၌ အကြီးဆုံး ရေချိုအိုင် ဖြစ်သည်။ ယူနိုက်တက်ကင်းဒမ်း မှ ဝိတိုရိယဘုရင်မ၏အမည်ကို အစွဲပြု၍ ဝိတိုရိယနီယန်ဇာ သို့မဟုတ် ဝိတိုရိယအိုင်ဟု ခေါ်တွင်လေသည်။ ထိုအိုင်ကြီးသည် ယူဂန်းဒါးနိုင်ငံ၊ တန်ဂန်ယီးကနိုင်ငံနှင့် ကင်ညာနိုင်ငံ အသီးအသီးအတွင်း၌ တစ်စိတ်တစ်ဒေသစီ ကျရောက်လျက်ရှိသည်။ အလျား ၂၅၅ မိုင်ကျော်၊ အနံ ၁၅၅ မိုင်ခန့်ရှိ၍ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင်၂၆,၆ဝဝ ခန့်ရှိသည်။ အာဖရိကရှိ ဧရိယာ အကျယ်ဆုံးသော ရေကန် ဖြစ်ပြီး ကမ္ဘာပေါ်တွင် အပူပိုင်းဒေသ ရေကန်များတွင် အကြီးဆုံး ဖြစ်သည်။ ထို့ပြင် ကမ္ဘာပေါ်ရှိ ဒုတိယမြောက် အကြီးဆုံးသော ရေချိုရေကန် ဖြစ်သည်။ ရေထုထည်အားဖြင့် ကြည့်မည် ဆိုပါက ဝိတိုရိယရေကန်သည် ကမ္ဘာပေါ်ရှိ […]

အမှိုက်ကိစ္စနဲ့ ပြင်သစ်သား၁၀ ဦး တရားစွဲခံထားရ

ဘယ်လ်ဂျီယံနဲ့ ပြင်သစ်နိုင်ငံတို့ကြား ကြီးမားတဲ့ အမှိုက်မှောင်ခိုလုပ်ငန်းကို ကြိုးကိုင်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြင်သစ်နိုင်ငံမှာ အမျိုးသား ၁၀ ဦးကို အခုသီတင်းပတ်အတွင်း ရုံးတင်စစ်ဆေးနေပါတယ်။ ပြင်သစ်ကျေးရွာတစ်ရွာ မှာ အမှိုက်တွေ လာပစ်လို့ ဒေသတွင်း ရေထုညစ်ညမ်းမှုနှင့် ဆိုးရွားသော အနံ့အသက်များ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့က ဘယ်ကမှန်းမသိ လာပစ်နေတဲ့ အမှိုက်တွေကြောင့် အနံ့အသက်တွေကြား ရုန်းကန်နေရတယ်လို့လည်း ပြောပါတယ် ။ “ကျွန်တော်တို့အားလုံး ကျေးလက်မှာ အမှိုက်တွေ စုပုံလာတာ တွေ့ဖူးပါတယ်၊ ဒါပေမယ့် ဒီလောက်အများကြီး တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး” လို့ တရားခံများရဲ့ အရပ်ဘက် ရှေ့နေ Muriel Ruef က ဆိုပါတယ် ။ ဘယ်လ်ဂျီနိုင်ငံဖက်က လာတဲ့ အမှိုက်တန်ချိန် ၁ သောင်းကျော်က နယ်စပ်ကိုဖြတ်ကျော်ပြီး […]

သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများအချင်းချင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အပြန်အလှန်အကျိုးပြုနေထိုင်ခြင်း ဖြစ်တည်နေသော ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။တိကျသေချာ သော အကျယ်အဝန်းတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်တည်မှု ရှိကြသည်။အချို့သော သိပ္ပံပညာရှင်များ အနေဖြင့် ဂြိုဟ်တစ်ခုလုံးသည် ဂေဟစနစ်တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။ ဂေဟစနစ်ပတ်ဝန်းကျင်၏ ဥပမာများမှာ – ရေကန်ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ် မြစ်ဝ ဂေဟစနစ် သစ်တော ဂေဟစနစ် မိုးသစ်တော ဂေဟစနစ် မြက်ခင်းပြင် ဂေဟစနစ် ပင်လယ်ရေနက်ပိုင်း ဂေဟစနစ် အစရှိသဖြင့် ရှိကြပါသည်။ အကယ်၍ ဂေဟစနစ်သည် ရေရှည်မတည်တံ့လျှင်- ဂေဟစနစ် ယိုယွင်းပျက်စီးသွားနိုင်ခြင်း၊ စွမ်းအင် ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်း၊ သက်ရှိအုပ်စုများ၏ အမျိုးအစားကွဲပြားမှု ယိုယွင်းပျက်စီးခြင်း၊ နောက်ထပ် ဂေဟစနစ် မတည်ရှိတော့ခြင်းများ ဖြစ်ပေါ်လာပါမည်။ သန္တာကျောက်တန်း ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ်ဆိုသည်မှာ သန္တာကောင်(Coral or […]

ရာသီဥတုဖောက်ပြန်လို့ နေရပ်ကို စွန့်ရမယ်ဆိုရင်

ယူးဇီလန်ကိုသွားရောက်ပညာသင်ကြားပြီးနောက် မွေးရပ်မြေ တူဗာလူကျွန်းကို ပြန်ရောက်လာတဲ့ ကာလီတာတီတီဟိုမာစီ တစ်ယောက် ကျမရဲ့စိတ်ကို လန်းဆန်းသွားစေပါတယ် ၊ညစ်နွမ်းနေတဲ့ အတွေးတွေပျောက်သွားပြီး စိတ်စွမ်းအားတွေ ပြန်လည်ပြည့်လာတယ်လို့ ပြောပါတယ်။ တီတီ နေထိုင်တဲ့ တူဗာလူကျွန်းနိုင်ငံက ပစ္စိဖိတ်သမုဒ္ဒရာထဲက ပင်လယ်ရေမျက်နှာပြင်အထက်ပေ ဘယ်လောက် မှ မရှိတဲ့ နိုင်ငံပါ ။ ကျွန်းရဲ့ အမြင့်ဆုံးနေရာက ပင်လယ်ရေမျက်နှာပြင်အထက် ၁၅ ပေပဲ ရှိပါတယ်။ လက်ရှိ ကမ္ဘာကြီး အပူချိန်မြှင့်တက်လာလို့ ပင်လယ်ရေမျက်နှာမြင့်တက်လာနေတဲ့အချိန်မှာ တူဗာလူကျွန်းတွေက ၂၀၅၀ မှာ ပင်လယ်ရေအောက်ကို ရောက်ပြီး နိုင်ငံပျောက်သွားမယ့် အန္တာရာယ် ကြုံနေရပါပြီ ။ ၂၀၂၁ ခုနှစ် သန်းခေါင်စာရင်အရ တူဗာလူမှာ လူဦးရေ ၁၂၀၀၀ နီးပါရှိပါတယ် ။ တီတီ နယူးဇီလန်ကို ကျောင်းသွားတက်ပြီး ပြန်ရောက်လာတိုင်း တူဗာလူမှာ […]

ဆောင်း နံနက်ခင်း

ညက ကောင်းကောင်း အိပ်မပျော်ပေမဲ့ ထုံးစံအတိုင်း မနက်စောစော အိပ်ရာမှ ထ လိုက်ပါသည်။ ကိုယ်လက်သန့်ရှင်းရေးလုပ် မျက်နှာသစ်ပြီး လမ်းလျှောက်ထွက်ဖို့ ပြင်ဆင်ရသည်။ အားကစားဘောင်းဘီ၊ အနွေးထည်၊ ခေါင်းစွပ်၊ လမ်းလျှောက်ရှူးဖိနပ်တို့ကို စီးပြီး တံတားဘက် လမ်းလျှောက်ထွက်ခဲ့လိုက်သည်။ အအေးဓါတ်သည် ဆောင်းပီသစွာ မြို့အနှံ့ကို လွှမ်းခြုံထားသည်။ ဟိုနေ့က ရန်ကုန်က သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောဖြစ်၍ သူတို့ ရန်ကုန်မှာတော့ အအေးဓါတ်ကောင်းကောင်း မရသေးဟု ဆိုသည်။ ချင်းပြည်နယ်၏ အစပ်မှာ ဖြစ်သော ဒီမြို့ကလေးမှာတော့ နို၀င်ဘာလလောက်ကတည်းက အေးနေခဲ့ပြီ ဖြစ်သည်။ မြို့လေးထဲက လမ်းများပေါ်တွင် လူသွားလူလာ သိပ်မရှိသေး၊ လင်းနေဆဲ ဖြစ်သော လမ်းမီးရောင် လဲ့လဲ့များထဲတွင် မြူနှင်းမှုံတို့က ဝေ့၀ဲစှာ ကျနေသည်။ ဟို အရှေ့ဘက်ဆီမှ ရောင်နီသည် ပျပျလင်းနေ၏။ […]

လောင်စာဆီ အမတော်ကြေးဖြတ်တောက်မှုကြောင့် လယ်သမားတွေက ဘာလင်မြို့ပေါ်ထိတက်ပြီး ဆန္ဒပြ

ဂျာမနီနိုင်ငံတစ်ဝှမ်းမှ လယ်သမားများသည် ၎င်းတို့၏ လယ်ထွန်စက်များကို ဘာလင်မြို့လယ်တွင် မောင်းနှင်ကာ ၎င်းတို့ကို ထိခိုက်စေမည့် ဘတ်ဂျက်ဖြတ်တောက်မည့် အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ။ လယ်သမား ၃၀၀၀ ခန့်သည် ရာနှင့်ချီသော လယ်ထွန်စက်များပေါ်တွင် တက်ရောက်ကြပြီး အထင်ကရ ဘရန်ဒန်ဘာ့ဂ်ဂိတ် အနီးတဝိုက်တွင် စုရုံးပြီး ဆန္ဒပြနေတဲ့အတွက်ကြောင့် လမ်းပိတ်ဆို့မှု ဖြစ်ပွားသွားပါတယ် ။ လယ်သမားများက ၎င်းတို့လက်ရှိခံစားနေကြရသော အခွန်အခွင့်အရေးများနှင့် ထောက်ပံ့ကြေးများကို ဖြတ်တောက်ရန်ကြိုးစားနေတဲ့ အစိုးရရဲ့ အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခြင်းဖြစ် ပါတယ် ။ ရာသီဥတုဖောက်ပြန်မှု ဒဏ်ကို ခံစားနေရတဲ့ လယ်သမားတွေကို ကာကွယ်ဖို့ အစိုးရက ကူညီသင့်တယ်လို့ ၎င်းတို့က ပြောပါတယ်။ အစိုးရရဲ့ အစီအစဉ်အရ လယ်သမားများအနေနဲ့ လယ်ယာ စိုက်ပျိုးနေစဉ်အတွင်း အသုံးပြုသည့် ဒီဇယ်ဆီ အတွက် အခွန် ဖြတ်တောက်ခြင်း […]