စက်ဘီးတွေ အဓွန့်ရှည်ပါစေ
ကျွန်တော်တို့နိုင်ငံမှာ စက်ဘီးစီးခြင်းပြန်လည်ခေတ်စားလာသည်ကို တွေ့မြင်ရသည်မှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။ ကျွန်တော်တို့မြို့ကလေးမှာ စက်ဘီးတွေပြန်လည်ခေတ်စားလာသည်မှာဆယ်စုနှစ်တစ်ခုနည်းပါးရှိပြီဟု ဆိုနိုင်မည်ထင်သည်။ ပြီးခဲ့သည့် ခြောက်နှစ်၊ခုနစ်နှစ်လောက်ကစ ဝါသနာအရ၊ ကျန်းမာရေးအရ စက်ဘီးစီးသူတွေများပြားလာကာ စစ်ဘီးစီးအဖွဲ့ပင် ဖွဲ့နိုင်ခဲ့ကြတာကိုတွေ့ရသည်။ စစ်ဘီးစီးခြင်း ပြန်လည်ခေတ်စားခါစ ထိုအချိန်တုန်းက စက်ဘီးစီးကြသူများမှာ ဝါသနာအရစီးသူ၊ကျန်းမာရေးအရစီးသူ၊ ဖက်ရှင်အရစီးသူတို့ သာများပြီး မြို့တွင်းအလုပ်ကိုသွားလာမှုအပါအဝင် စျေးဝယ်သွားတာကအစ ဆိုင်ကယ်တွေနှင့်သာသွားလာကြသည်ကိုတွေ့ရသည်။ ကလေးငယ်များမှအပ စက်ဘီးကို သွားလာရေးအတွက် အသုံးပြုစရာဟု မမှတ်ယူကြသေး။ ဆိုင်ကယ်မစီးတတ်သူတွေနှင့် ဆိုင်ကယ်မရှိသူအနည်းငယ်သာလျှင် စက်ဘီးကိုအသုံးပြုကြသည်။ သို့သော် လွန်ခဲ့သည့်နှစ်နှစ်လောက်မှစပြီး စက်ဘီးကို သွားရေးလာရေးအတွက် အသုံးပြုသူတွေများလာသည်။ စက်ဘီးစီးသူတွေများလာသည်။ စက်ဘီးစီးသူတွေများရခြင်းမှာ ဆိုင်ကယ်ဓာတ်ဆီစျေးတွေ တက်လာခြင်းကြောင့်ဖြစ်သည်။ စက်ဘီးစီးချင်သူတွေအတွက် ဂျပန်ကွန်တင်နာကျ စက်ဘီးတွေက အဆင်ပြေသည်။ စျေးနူန်းတသိန်းနှင့်နှစ်သိန်းကြားဆိုလျှင် ခပ်မာမာစက်ဘီးတစ်စီးကိုရသည်။ စက်ဘီးတွေက စီးပြီးသားအဟောင်းတွေဖြစ်သော်ခည်း ဂျပန်ပစ္စည်းမို့ မာသည်။ ပေါ့ပါးပြီး သွက်လက်သည်။ စက်ဘီးစီးသူတွေများလာတော့ သဘာဝပတ်ဝန်းကျင်ကို […]