Author Posts

ရာသီဥတုဖေါက်ပြန်မှုကြောင့် မင်းတုန်းမြို့နယ်အတွင်း စိုက်ခင်များ ထောင်နဲ့ချီပျက်ဆီးဆုံးရှုံး

မင်းတုန်း၊ သြဂုတ် ၈၊ ၂၀၂၁။ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှာသြဂုတ်လ ၆ ရက်နေ့ မနက်ပိုင်းက ရေနစ်မှုကြောင့် နှမ်းစိုက်ခင်းဧက ၅ ထောင်နီးပါး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ မြေပြင်စာရင်းကောက်ယူမှုတွေအရ သိရပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်ချောင်းရေ တောင်ကျရေတို့ ပေါင်းစုံကာ ရေကြီးနစ်မြုပ်ခဲ့ပြီး၊ ကျေးရွာပေါင်း ၅၅ ရွာရေဝင်ကာ ယာယီရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ရေကြီးတော့မယ်ထင်လို့ ကြိုတင်သိမ်းဆည်း ရေလွှတ်ရာမှာထားတယ်။ ဒါပေမဲ့တကယ်တမ်းရေဝင်လာတော့ လူလွတ်ပြေးရတာ နှမ်းခင်းကတော့ဆုံးပေါ့ ပိုးကျလို့ဆေးဖျန်းတာက ၂ ရက်ဘဲ ရှိသေးတယ်။ ဒီလိုမှန်းသိမဖျန်းပါဘူး” လို့ မဲဇလီကျေးရွာက တောင်သူ ကိုဇင်မျိုးကပြောပါတယ်။ ရေကြီးရေလျှံမှုကြောင့် မိုးစပါး၂၀၀ ဧက၊ နှမ်း ၄၀၁၀ ဧက၊ မိုးမြေပဲ ၅၀၀ ဧက၊ ဖူးစားပြောင်း ၁၄၀ ဧကနဲ့ […]

ရှိနေတာတွေ ရေရှည်တည်တံ ခိုင်မြဲရေးအတွက် စိတ်ဝင်စားတဲ့ ဂဝင်းနက်ပက်သရို

ဟောလီးဝုဒ်က ဆယ်လီတွေထဲမှာ အသုပ်စုံလို့ပဲပြောရမလား ၊ ၁၂ မျိုး ဂျင်းသုပ်လို့ပဲ ပြောရမလား အလုပ်ဆိုရင် အကုန်လုပ်တဲ့ မင်းသမီးကတော့ ဂဝင်းနတ်ပက်သရိုဖြစ်ပါတယ်။ လုပ်သမျှလည်း အောင်မြင်တယ်လို့ ပြောရမှာပါပဲ။ ရုပ်ရှင်မင်းသမီး ၊ မော်ဒယ် ၊ စီးပွားရေးလုပ်ငန်းရှင် ၊ စာရေးဆရာ ၊ အဆိုတော် နဲ့ လူမှုရေး လုပ်ငန်းတွေ လုပ်တဲ့ သူတစ်ယောက်ပါ။ ပြီးခဲ့တဲ့ နှစ်တွေ တုန်းက ဆိုရင် ကျမဟာရနံ့ ဆိုပြီး ဖယောင်းတိုင် ထုတ်တယ်ဗျာ။ လူတွေက ညစာစားဖို့ အဲ့ဒိဖယောင်းတိုင်ကို ဈေးကြီးပေးပြီး ဝယ်သုံးကြတယ်ဗျာ။ အမွှေးရနံ့ပါတဲ့ ဖယောင်းတိုင်တွေ ရောင်းနေတာကြာပါပြီ ၊ သူမရဲ့ ကျမဟာ ရနံ့ ထွက်မှပဲ ညစာကို ဖယောင်းတိုင် သင်းသင်းလေးထွန်းပြီး စားတာပိုကောင်း သလိုမျိုး […]

အသက်နှင့်ရင်းပြီး သစ်ပင်ကို ကာကွယ်ခဲ့သော အမျိုးသမီးများ

ဒီပုံလေးက အိန္ဒိယနိင်ငံ Garhwal တောင်တန်း ဒေသ ရှိ Bishnoi အမည်ရှိတဲ့ရွာလေး တစ်ရွာမှ ပုံပဲဖြစ်ပါ တယ်။ ရုတ်တရက်ကြည့်ရင် တစ်ခုခု အပြစ်ပေးခံရတဲ့ အပြစ်သားတွေလို့လည်း ထင်မြင်နိုင်တဲ့ ပုံလေး ပါ။ ဒါပေမယ့် ဒီပုံရဲ့ နောက်ခံသမိုင်းကတော့တကယ့် ကို လေးစား ချီးကျူးဖွယ် အရမ်းကောင်းသလို သဘာဝကို ချစ်မြတ်နိုးတဲ့ လူနည်းစုလေးတွေရဲ့အကြောင်းတွေရှိနေ ပါတယ်။ “Tree hugger”လို့ သူတို့ကို ခေါ်ဆိုကြသလိုသူတို့ရဲ့ သူတို့ကျေးရွာဝန်းကျင်က သစ်ပင်တွေကို မခုတ်ရလေ အောင် သစ်ပင်အတွက်တစ်ရွာလုံးစုပေါင်းပြီးအရူးအမူး နဲ့ အသည်းအသန်ကာကွယ်ခဲ့ကြတဲ့ ရွာလုံးကျွတ်ပါဝင် သော လှုပ်ရှားမှုကြောင့် မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖက်တွယ် ဆုပ်ကိုင်ထားမှု လို့ သုံးနှုန်းသည့် ဟိန္ဒူဘာသာစကား “Chipko”ဆိုသည့် စကားလုံးနဲ့တင်စားပြီးတော့လည်း ခေါ်ဆိုထားကြပါသေးတယ်။ အခုဖော်ပြပါပုံက၁၉၇၀ ခုနှစ်များအတွင်းက […]

မြောက်ပြန်လေရဲ့ ဆိုရိုးစကား

ဒီရာသီ ရောက်လာရင် ဓနိရည် အေးမြမြနဲ့ ဆောင်းဦး မနက်ခင်းကို လွမ်းပါရဲ့။ လမ်းလျှောက်ရင်း ခြေသလုံးမှာ နှင်းတွေဖတ်ဖတ်စိုပြီး ကပ်ငြိနေတဲ့ မြက်ဖျားသီးကလေးတွေက ယားကျိကျိ အရသာ။ ထိကရုန်း စူးမိတဲ့ ဒဏ်ရာတွေက ရှတတ အေးမြမြ။ အားပါးတရ ရှူ ရှိုက်ပြီး ပြန်လည် မှုတ်ထုတ်လိုက်တဲ့အခါ စီးကရက်မီးခိုးလို အထွေးလိုက် ပြန်ထွက်လာတဲ့ ဆောင်းငွေ့များ။ ရုတ်တရက် ဘင်္ဂလား ပင်လယ်အော်ဆီက ဖြတ်ပျံတိုက်ခတ်လာတဲ့ လေနွေးများ။ အုန်းပင်တန်းဆီကနေ အိပ်တန်းထ အုပ်ဖွဲ့ ပျံသန်းလာကြတဲ့ ဗျိုင်းအုပ်ဖွေးဖွေး မြူ ထွေးထွေး။ သစ်ပင်မြင့်တို့ဆီက တတောက်တောက် ကျဆင်းနေသော နှင်းသီးပေါက်များ။ နေရောင်ကို ငံ့လင့်တောင့်တနေသော မှိုင်းပြပြ ဝပ်စင်းနေတဲ့ ပတ်ဝန်းကျင်။ ခြံစည်းရိုးတိုင်ထိပ်မှာ သူ့ဝတ်ရုံလွှာကို တစ်ကိုယ်လုံးဖုံးအုပ်ထားတဲ့ စာခေါင်းကြီးတစ်ကောင်နဲ့အတူ အျခား ဆိုက်ဘေးရီးယား […]

သစ်တောပညာရှင်ဦးအုန်း ရေးသောစာများ၊ ဦးအုန်းအကြောင်းကို ရေးဖွဲ့ထားသောစာများ စုစည်းထားသည့်စာအုပ်..

အခုမိတ်ဆက်ပေးမယ့် စာအုပ်လေးကတော့ ‘ကမ္ဘာမြေချစ်သူ ဆရာကြီးဦးအုန်း’ ဆိုတဲ့စာအုပ်လေးပါ။ စိမ်းရောင်စို စာပေကနေ ၂၀၁၉ ခုနှစ် ဩဂုတ်လက ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ သစ်တောပညာရှင် ဦးအုန်းရဲ့အကြောင်း၊ ကမ္ဘာမြေချစ်သူအကြောင်းတွေ စုံစုံလင်လင်နဲ့ သစ်တောပညာရှင် ဦးအုန်း ရေးသားပြုစုခဲ့တဲ့ ဆောင်းပါးနဲ့ သုတေသန စာတမ်းတွေကို ထည့်သွင်း ဖော်ပြထားပါတယ်။ ဝယ်ယူဖတ်ရှုလေ့လာသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ကျွန်တော်တို့ကတော့ မှတ်ချက်ပြုချင်ပါတယ်။ တန်ဖိုး- ၃၀၀၀ ကျပ် စိမ်းရောင်စိုစာပေ အမှတ် ၁၅၉(က)၊ ရွှေတိဂုံဘုရားလမ်း၊ ဘုရားကြီးရပ်ကွက်၊ ဒဂုံစာတိုက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ကျိန္တလီ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်းတွင် ရှားပါးလိပ်မတကောင် ဥချ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကျိန္တလီကမ်းခြေဒေသ ပင်လယ်လိပ်ထိန်းသိမ်းရေးဇုန်တွင် လိပ်မတကောင် တက်ရောက်ဥချသွားခဲ့ကြောင်း ကျိန္တလီဒေသ ကမ်းနီးငါးလုပ်ငန်း ပူးပေါင်းစီမံခန့်ခွဲမှုအသင်း (KIFCA) မှ သိရသည်။ စက်တင်ဘာ ၂၇ ရက်နေ့တွင် ပင်လယ်လိပ်မတကောင် တက်ရောက်ဥချခဲ့ပြီး လိပ်ခြေရာအကျယ်မှာ ၉၀ စင်တီမီတာ ရှိကြောင်း၊ လိပ်ဥကျင်းတည်နေရာကို GPS Point မှတ်ကာ သဘာဝအတိုင်းထားရှိကြောင်း ယင်းအသင်းမှ ကိုသားကြီးက ၎င်း၏ လူမှုကွန်ရက်အကောင့်တွင် ရေးသားထားသည်။ ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ပင်လယ်လိပ်မတကောင် တက်ရောက်ဥချမှုရှိခဲ့ကြောင်း သိရသည်။ ရှားပါးပင်လယ်လိပ်မျိုးစိတ်များကို ထိန်းသိမ်းနိုင်ရန် ကျိန္တလီကမ်းခြေတွင် ကမ်းခြေအရှည် ၂၄ မိုင်အား ဇုန် သုံးဇုန် ပိုင်းခြားပြီး လိပ်ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ #News Watch

ဇာတိ

အမေရိကမှာ မစ္စစ္စပီမြစ်ကြီးလှသလို ငါတို့ဆီမှာ ဧရာ၀တီမြစ်ကြီးသိပ်လှတယ်။ ဧရာ၀တီကိုမင်းမစွန့်ခွာပါနဲ့။ ပြင်သစ်မှာ နိုက်တင်ဂေးလ်ငှက်ကလေးတွေလှသလို ငါတို့ဆီမှာ နွေဥဩကလေးတွေသိပ်လှတယ်။ နွေဦးကိုမင်းမစွန့်ခွာပါနဲ့။ ဂျပန်မှာ ဖူဂျီယာမတောင်ကြီးလှသလို ငါတို့ဆီမှာ ရိုးမတောင်ကြီးသိပ်လှတယ်။ ရိုးမကိုမင်းမစွန့်ခွာပါနဲ့။ ကနေဒါမှာ မေပယ်လ်ရွက်ကလေးတွေလှသလို ငါတို့ဆီမှာ ပိတောက်ခက်ကလေးတွေသိပ်လှတယ်။ ပိတောက်ကိုမင်းမစွန့်ခွာပါနဲ့။ ချောချောမွေ့မွေ့ အဆင်ပြေပြေ လွယ်လွယ်ကူကူမဟုတ်ပေမယ့် မင်းရဲ့အလံတော်ကို မင်းစိုက်ထူနိုင်တဲ့နေ့အထိ ဒီမြေကို မင်းလုံး၀မစွန့်ခွာနဲ့။ မိုဃ်းဇော် T. Club လူငယ်မဂ္ဂဇင်း၊ဒီဇင်ဘာ၊၂၀၁၂ ခုနှစ်။ ဓာတ်ပုံ-MCN

ပဒုမ္မာကြာဖြူတွေသာပွင့်တဲ့ မန်းလေးအနီးက ရွှေလှံဗိုလ်ကန် (သို့) မြလိပ်တောင်ကြာကန်

ကြာကန်တော့ ကြာကန်ပဲ။ ဒီကြာကန်ရဲ့ထူးခြားချက်က ကြာဖြူတွေပဲပွင့်တယ်။ ကြာဖြူတောင်ရိုးရိုးကြာဖြူမဟုတ်ဘူး။ ပဒုမ္မာကြာဖြူကြီးတွေတဲ့ မျက်စိတဆုံး ရေပြင်ကျယ်ကြီးရယ် စိမ်းစိုနေတဲ့ကြာပင်တွေထဲမှာ ဟိုတပျောက်ဒီတပျောက်ပွင့်နေကြတဲ့ကြာဖြူလေးတွေရယ်၊ နောက်ခံမြလိပ်တောင်ကြီးရယ် တွဲမြင်ရတဲ့မြင်ကွင်းက အရမ်းကိုလှတဲ့ ကဗျာတပုဒ်ပါပဲ ။ ဘယ်မှာရှိတာလဲ **************** မန်းလေးနဲ့ ၄၅ မိနစ်လောက်ပဲဝေးတဲ့ ရွှေစာရံဘုရားနားက ရွှေလှံဗိုလ်ကန်ထဲမှာရှိတာပါ။ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးရွာအနီး မြလိပ်တောင်ခြေမှာရှိလို့ မြလိပ်တောင်ကြာကန် လို့လဲခေါ်ပါတယ်။ ဘယ်လိုသွားရလဲ ****************** မန်းလေး -ပြင်ဦးလွင် လမ်းအတိုင်းသွားလို့ အုန်ချောရောက်ရင် မီးပွိုင့်ကနေ ရွှေစာရံဘုရားသို့ ဆိုတဲ့လမ်းမကြီးအတိုင်းတည့်တည့်ကြီးဝင်သွားလိုက် ၅ မိနစ်လောက်မောင်းပြီးရင် လမ်းဆုံတခုတွေ့လိမ့်မယ်။ လမ်းနှစ်ခွမှာ ရွှေစာရံဘက်ကိုမလိုက်ပဲ ခရိုင်ချင်းဆက်လမ်းအမှတ် ၂ လမ်းထဲတည့်တည့်ကြီးလိုက်သွားပါ ဒုဌဝတီတံတားကိုကျော်လိုက်ရင် စက်ရုံအကြီးကြီးတခုတွေ့လိမ့်မယ်။ စက်ရုံအကျော်လေး လမ်းရဲ့ဘယ်ဖက်ခြမ်းမှာ စိုက်ပျိုးရေးရွာ ဆိုင်းဘုတ်တွေ့မယ် ၊ ရွာထဲကိုလမ်းဆုံးတဲ့ထိဖြတ်မောင်းသွားလိုက်ပါ။ ရွာလမ်းဆုံးရင် လမ်းနှစ်ခွတွေ့လိမ့်မယ် ၊ […]