Author Posts

နှင်း သို့ — ၁

ပြာလဲ့လဲ့ အရောင်လေး စိတ်ကို ငြိမ်းချမ်းလို့ ဆောင်းဦးရာသီထက် စောလွန်းစွာ ငါ့နှလုံးသားဆီအထိ တိုးဝှေ့ အိပ်မက်ထဲယောင်မိလျှင်တောင် စံပယ်ပန်းရနံ့လေးသယ်ဆောင်လာပြီး စိတ်ချင်း နွေးထွေးမှုကိုပေးတယ် စိတ်တွေပဲတူနေသလား ရနံ့လေးတွေပဲမွှေးနေတာလား ပကာသန မပါတဲ့ သနပ်ခါးရနံ့လေး ငါ့ရင်ကို နွေးထွေးစေတယ် မနက်စောစော အိပ်ယာအထမှာ ရင်ခွင်ထဲကို အဦးဆုံးတိုးဝှေ့သူဟာ စံပယ်ပန်းရနံ့လေးနဲ့အတူ နှင်း ပွင့်လေးတွေ ပြုံးပြပျော်မြူးလို့ ။ ။ ရိုးခက်

ကမ္ဘာ့အလှပဆုံးကျွန်းများ (အေဇိုးရက်စ်(Azores)ကျွန်းစု)

ပေါ်တူဂီနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်သော Azores ကျွန်းစုသည် အတ္တလန္တိတ်သမုဒ္ဒရာ အလယ်ပိုင်းရှိ ကျွန်းစုတစ်ခုဖြစ်သည်။ ကျွန်းများကို စိမ်းပြာနေသော တောတောင်ရေမြေများက ဝန်းရံထားသည့်အပြင် တံငါရွာများ၊ စပျစ်ခြံများ၊ ကော်ဖီနှင့် လက်ဖက်စိုက်ခင်းများက သာယာသောသဘာရှုခင်းများအဖြစ် ဖန္တီးပေးထားသည်။ ထို့အပြင် တောင်ပေါ်ဒေသပန်းမျိုးစိတ်တစ်မျိုးဖြစ်သည့် ဟိုက်ဒရင်းဂျာစ် ပန်းခင်းများက လည်း အေဇိုးရက်စ်ကျွန်းစု၏ နေရာအနှံအပြားကို အျပာရောင်များဖြင့် လွှမ်းမိုးထားသည်။ ထို့အပြင် ရေထဲမှ ထိုးထွက်နေသော ကမ်းပါးများ၊ ရေတံခွန်များ၊ ကျွန်းစုတွင် ရှင်သန်နေထိုင်သော ဇီဝမျိုးစုံမျိုးကွဲများကလည်း ကျွန်းများ၏ သဘာဝအလွတရားကို ဖြည့်ဆည်ပေးထားပြန်သည်။ အေဇိုးရက်စ်ကျွန်းစုရှိ ပီကိုကျွန်းတွင် အတ္တလန္တိတ်ဒေသ၏ အမြင့်မားဆုံးတောင်တစ်ခုဖြစ်သည့် Pico တောင်ရှိပြီး ၎င်းသည် ငြိမ်သက်မီးတောင် တစ်လုံးလည်းဖြစ်သည်။ Azores ကျွန်းစုတွင်နေထိုင်သူ လူဦးရေ ၂၄၅, ၇၆၆ (ဒေသစာရင်းအင်းရုံး၊ ၂၀၁၅ အချက်အလက်များ) ရှိပြီး […]

မြန်မာနိုင်ငံရှိ မြစ်များ (ချင်းတွင်းမြစ်)

ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ်ဟုလည်း မြန်မာစာပေတွင် ရေးသားသည်။ ချင်းတွင်းမြစ်သည် ကချင်ပြည်နယ်ရှိ ကျယ်ဝန်းသည့် ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်တွင် မြစ်ဖျားခံပြီး တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုဆုံ၍ ချင်းတွင်းမြစ် ဖြစ်ပေါ်လာပါသည်။ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။ ထူးခြားထင်ရှားသည့် အချက်မှာချင်းတွင်းမြစ်သည်လူအထိအတွေ့နည်းသေးသော ထမံသီဘေးမဲ့တောနှင့် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောများကို ဖြတ်သန်းစီးဆင်းနေပြီး ကျားဘေးမဲ့တောသည် ကမ်ဘာပေါ်တွင် အကြီးဆုံး ကျားဘေးမဲ့တောလည်း ဖြစ်ပါသည်။ ထို့အပြင် အျခား သားရိုင်းတိရိစၦာန်များ ဖြစ်ကြသည့် ရှားပါးပျောက်ကွယ်တော့မည်ဖြစ်သော မျိုးစိတ်များ၊ က်ားမ်ား၊ ဆင်များ၊ မြန်မာနိုင်ငံတွင်သာရှိသည့် […]

စားလို့ရတဲ့ မြေကြီးခဲလေးတွေ

အစာပြေ မြေကြီးခဲ……. အောင်ပန်းစျေးနေ့တိုင်း မြေကြီးခဲ လာရောင်းတဲ့ မို့အို။ စားလို့ရတဲ့မြေခဲလေးတွေပါ။ မြေခဲတိုင်းစားလို့မရပါဘူး။ ပအိုဝ်းလူမျိုးအခေါ်အဝေါ်က *ဟမ်းတော့*လို့ခေါ်တယ် မြေကြီးတော့ ဟုတ်တယ် ရိုးရိုးမြေကြီးတော့ မဟုတ်ပါဖူး လွယ်လွယ်နဲ့ ရှာလို့မရပါဘူး ဒီစားလို့ရတဲ့မြေကြီးတွေက နေရာသက်သက်ရှိပါတယ် များသောအားဖြင့် အဖိုးအဖွားတွေကြိုက်ကြတယ် အစာပြေပေါ့ ထမင်းစားပြီးရင် စားကြတာ များတယ် တချို့ကြ စားတာစွဲသွားရင် မစားဘဲမနေနိုင်ဖြစ်သွားပါတယ် နို့ဆီဘူးတဘူးငါးရာပါ အရသာက စိမ့်ပါတယ် ထုံးဓါတ် အနဲငယ်ပါပါတယ် အနဲငယ်စပ်ပါတယ် ရှမ်းလို လိန်ဟွမ်းလို့ခေါ်တယ် ဗမာလို မြေကြီးမွေးလို့ အဓိပ္ပာယ် ရပါတယ်။ Crd # Sai Naung #CrdOrginalUploader

မြန်မာနိုင်ငံရှိ မြစ်များ (စစ်တောင်းမြစ်)

စစ်တောင်းမြစ်သည် ရှမ်းကုန်းမြေမြင့် အစွန်းမှ မြစ်ဖျားခံစီးဆင်းလာပြီး တောင်ဖက်သို့ ၂၆၀ မိုင် (၄၂၀ ကီလိုမီတာ) အရှည် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အတွင်းသို့ မုတ္တမပင်လယ်ကွေ့၌ စီးဆင်းပေါင်းစပ်သွားပါသည်။ စစ်တောင်းမြစ်၏ မြစ်၀ှမ်းလွင်ပြင်သည် ကျယ်ပြန့်ပြောလှပြီး အနောက်ဖက်တွင် သစ်တောများထူထပ်စွာရှိသည့် ပဲခူးရိုးမမှသည် အရှေ့ဖက် တွင် ရှမ်းကုန်းမြေမြင့် အစပ်အထိ ကျယ်၀န်းပါသည်။ ဤမြစ်၀ှမ်းလွင်ပြင်ဒေသတွင် ရန်ကုန်-မန္တလေးဆက်သွယ်ထားသည့် ပင်မရထားလမ်း၊ ကားလမ်းများ တည်ရှိနေကြပြီး၊ မြို့ကြီးများဖြစ်သည့် ပဲခူး၊ တောင်ငူ၊ ရမည်းသင်း၊ ပျဉ်းမနား စသည့်မြို့ကြီး မ်ား တည်ရှိနေပါသည်။ စစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး၊ မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ […]

ကမ္ဘာ့အလှပဆုံးကျွန်းများ (မော်လဒိုက်ကျွန်းစု)

မော်လဒိုက်ကျွန်းစုသည္ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ကျွန်းနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။ သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဘက် ၄၃၅မိုင် (၇၀၀ ကီလိုမီတာ အကွာ) နှင့် အိန္ဒိယနိုင်ငံ ၏အနောက်တောင်ဘက် ၂၅၀ မိုင် အကွာတွင် တည်ရှိသည်။ ၎င်းသည် အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံ၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ ကျောက်‌ခတ်ကျွန်းဝိုင်း ၂၆ ခုတွဲသည် မြောက်ဘက် အီဟာဗန်ဓိပ္ပိုဟူကျွန်းဝိုင်းမှ တောင်ဘက် အဒ္ဒူမြို့ထိ ဖြန့်ကျက် တည်ရှိသည်။ အကြမ်းဖျင်း တိုင်းထွာသည့်အခါ ၂၉၈ စတုရန်းကီလိုမီတာ (၁၁၅ စတုရန်းမိုင်) ပါဝင်သော မော်လဒိုက်သည် ကမ္ဘာတွင် ပထဝီဝင်အရ အကွဲကွဲအပြားပြား အဖြစ်နေဆုံး နိုင်ငံများတွင် တခု ဖြစ်သကဲ့သို့ ၃၉၃၅၀၀ ယောက်သာ ရှိသော နေထိုင်သူ ပမာဏ အနည်းငယ်ကြောင့် ကုန်းမြေဧရိယာ အရကော၊ […]

မြန်မာနိုင်ငံရှိ အထင်ကရချောင်းများ (မုန်းချောင်း)

မုန်းချောင်းသည် ချောင်းဟုခေါ်သော်လည်း အမှန်မှာ မြစ်ကလေးဖြစ်၏။ ၁၉၆ မိုင်ရှည်လျားသည်။ ဧရာဝတီမြစ်၏ လက်တက်ဖြစ်၍ ဧရာဝတီမြစ်အတွင်းသို့ လက်ျာ ဖက်ကမ်းမှ စီးဝင် ပေါင်းဆုံသည်။ မုန်းချောင်းသည် တောင်ပိုင်း ချင်းတောင်ခရိုင်ရှိ ဝိတိုရိယတောင်၊ ခေါနုဇုမ်၊ နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များတွင် မြစ်ဖျားခံသည်။ အစသော် တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင် အတွင်းသို့ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။ စေတုတ္တရာ မြို့နယ်ကို မြောက်မှ တောင်သို့ နှစ်ပိုင်းအတိမျှ ပိုင်း၍ စီးသည်။ ထိုနောက် ပွင့်ဖြူမြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသည်။ မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။ မဲဇလီရွာမှ ဧရာဝတီမြစ်နှင့် ဆုံရာအထိ အတည့်တိုင်းလျှင် မိုင် ၃ဝ ကျော်ရှိသည်။ မြစ်ရိုးတစ်လျှောက်မှ တိုင်းလျှင်မူကားနှစ်ဆမျှရှိပေမည် ။ […]

မြန်မာနိုင်ငံရှိ မြစ်များ (ဇော်ဂျီမြစ်)

ဇော်ဂျီမြစ်သည် ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့မှ သုံး မိုင်ခန့်ဝေးကွာသော ရေဖြူရွာအနီးရှိ တောင်ခြေတွင် မြစ်ဖျားခံသည်။ ထိုမြစ်ဖျားခံရာနေရာကို ဇော်ဂျီရေထွက်ဟုခေါ်ကြသည်။ ယင်းမြစ်သည် ပင်းတယနှင့် လောက်ဆောက်နယ် တို့ကို ဖြတ်၍၊ ဆုန်တန်းရွာအထိ အရှေ့မြောက်သို့တူရူစီးဆင်းလာပြီး ဆုန်တန်းသို့ရောက်သောအခါ၊ အနောက်ဘက်သို့ တစ်ဆစ်ချိုးကွေ့ပြီးသော်၊ တောင်မင်းကြီး၏ မြောက်ဘက် တစ်လျှောက်သို့ စီးဆင်းပြန်သည်။ ထိုနောက် မောနယ်ရှိမြို့ကြီးကျေးရွာနယ်မြေ ချိုင့်ဝှမ်းဒေသတို့ကို ဖြတ်သန်းကာ ကျောက်ဆည်ခရိုင် မြေပြန့်ဒေသမှနေ၍၊ မြစ်ငယ်မြစ်ထဲသို့ စီးဆင်းလေ သည်။ မြစ်၏ အရှည်အလျားမှာ မိုင်ပေါင်း ၁၅ဝ ဖြစ်၏။ ရှမ်းအမျိုးသားတို့က ယင်းမြစ်ကို နမ်းစောကြည်မြစ်ဟု ခေါ်ကြသည်။ ဇော်ဂျီမြစ် ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်ခရိုင်ဒေသ၌ ဇော်ဂျီမြစ်အပြင် ပန်းလောင်မြစ်၊ စမုန်မြစ်တို့ပါ စီးဆင်းလျက် ရွိရကား၊ ထိုမြစ်တို့သည် လယ်ယာစိုက်ပျိုးရေးကို အထူးကျေး ဇူးပြုကြပေသည်။ မြန်မာမင်း […]

ထရန့်အစိုးရ ကယ်လိုက်လို့ တောပြုန်းတောင်ပြုန်း မဖြစ်သွားတဲ့.. အလာစကား

လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကစပြီး အမေရိကားတိုက်ရဲ့ မြောက်ဖက်အစွန် အမေရိကန်နိုင်ငံပြည်နယ် တစ်ခုဖြစ်တဲ့ အလာစကားမှာ ရေနံတူးဖော်ရေး လုပ်ငန်းတွေ စက်မှုလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ကြပါတယ်။ ထရန့် အစိုးရ တက်လာတော့ အလာစကားက စက်မှုလုပ်ငန်းတွေ နဲ့ ရေနံတူးဖော်ရေး လုပ်ငန်းတွေကို ပြန်စိစစ်ဖို့ အမိန့် ပေးခဲ့ပါတယ်။ အလာစကားပြည်နယ်အစိုးရက ထရန့်အစိုးရရဲ့အမိန့်နဲ့ ညွှန်ကြားချက်အတိုင်း ပြည်နယ်အတွင်း မှာ ရှိတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ရေနံတူဖော်ရေးလုပ်ငန်းတွေက သဘာပတ်ဝန်းကျင်ထိခိုက်မှု ဘယ်အတိုင်း အတာရှိလဲဆိုတာကို ပြန်စစ်ဆေးခဲ့ပါတယ်။ သဘာဝပတ်ဝန်းထိခိုက်မှု စံနှုန်းတွေနဲ့ တိုင်းတာပြီး ရပ်သင့်တဲ့လုပ်ငန်းတွေ ရပ်ခိုင်းပြီး လုံးဝပိတ်သင့်တဲ့ လုပ်ငန်းတွေကို ပိတ်ခဲ့ပါတယ်။ အနှစ် ၃၀ အတွင်း ရေနံစိမ်းစည် သန်း ၆၀၀ နီးပါးလောက် ထုတ်လုပ်ခဲ့ တဲ့ အလာစကားပြည်နယ်က ဒေသအချို့က […]