Author Posts

တောင်ဇလပ်ပန်းတွေပွင့်တော့မယ့်အချိန်

တောင်ဇလပ်ပန်းတွေ ပွင့်တော့မယ့် ဆောင်းကိုရောက်လျင် ချင်းတောင်ကို လွမ်းရပြီ။ တောင်ဇလပ်ပန်းတွေနှင့် မဆုံနိုင်သည်မှာလည်း ဆောင်းသုံးရာသီမကတော့ပါ။ ချင်းတောင်မှာ တောင်ဇလပ်ပန်း နီနီတွေက ဒီဇင်ဘာလောက်မှ ပွင့်တတ်ကြပါသည်။ တောင်ဇလပ်တွေ မပွင့်ခင် ပွင့်လင်းရာသီအစ ခုလိုနိုဝင်ဘာလကစပြီး ချင်းတောင်ကို ခရီးသွားဖို့ ကောင်းပါသည်။ ချင်းတောင်ကိုခရီးသွားရလျင် ဆိုင်ကယ်နှင့် သွားရတာအကောင်းဆုံးဖြစ်သည်။ ဘေးပတ်ဝန်းကျင်ရှိ တောင်တန်းများ၊ တိမ်အုပ်များကို လွတ်လပ်စွာကြည့်လို့ရသည်။ တောင်ပေါ်က လတ်ဆတ်သည့် လေကို အားပါးတရရူရိူက်နိုင်သည်။ ရာသီဥတုကအေး၊ လေကလည်းတိုက်သည့် အတွက် လုံလုံခြုံခြုံ နွေးနွေးထွေးထွေးဝတ်ဖို့တော့လိုပါသည်။ သိုင်းငင်းက စားသောက်ဆိုင်မှာဝင်ပြီး ချင်းဒေသထွက် စပျစ်ဝိုင်တစ်ခွက်က သင့်ကိုအနွေးဓာတ်ပေးပါလိမ့်မည်။ ကျွန်တော့အတွက်တော့ ချင်းတောင်ကို တစ်ရက်တာခရီးထွက်ရမည်ဆိုလျင် သိုင်းငင်းနှင့် တီးတိန်ကြားက လေထန်ကုန်းကိုသွားချင်သည်။ လေထန်တောင်ကုန်းပေါ်မှာ တောင်ဇလပ်ပင်တွေ တော်တော်များများရှိသည်။ တောင်ဇလပ်ပန်းနီတွေကကျစ်လျစ်ပြီး မာကျောသည်။ ချင်းတောင်ပေါ်က ချင်းလူမျိုးတွေကလည်း တောင်ဇလပ်ပန်းတွေလိုပဲ […]

ဥရောပမြောက်ပိုင်းကို မွှေသွားတဲ့ မုန်တိုင်း ကီရန်က ရာသီဥတုဖောက်ပြန်မှုနဲ့ ဆိုင်နေလား

နိုဝင်ဘာလ ( ၁ ) ရက်နေ့ ဗုဒ္ဓဟူးနေ့က ဥရောပမြောက်ပိုင်းကိုဝင်ရောက်ဿွားခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ကီရန်‌‌ကြောင့် သန်းပေါင်းများစွာသော ဥရောပသားတွေ လျှပ်စစ်မီးပြတ်တောက်သွားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်လိုက် ရပါတယ်။ ဒိုဘာရေလက်ကြားက ကျွန်းတွေဆီကို ဗုဒ္ဓဟူးနေ့ည ကနေ ကြာသပတေးနေ့မနက်အထိ လေတိုက်နှုန်း ကီလို မီတာ ၁၆၀ ကျော်နဲ့ ဖြတ်သန်းသွားခဲ့ပါတယ်။ စံချိန်တင် လေတိုက်နှုန်းနဲ့ အဆိုးရွားဆုံးမုန်တိုင်း ဖြစ်ခဲ့ပါတယ်။ မုန်တိုင်းရဲ့သက်ရောက်မှုကြောင့် မိုးသီးကြီးများကျဆင်းခဲ့သလို ရေလှိုင်တွေက ပေ ၃၀ လောက်နီးပါး အမြင့် ဖြစ်ခဲ့ပါတယ်။ ဒေသခံတော်တော်များများကို‌ ရွှေ့‌ပြောင်းရေးလုပ်ပေးခဲ့ရပါတယ်။ အင်္ဂလိပ်ရေလက်ကြားထဲက ဂျာစီကျွန်းပေါ်က မိုးလေဝသဌာနရဲ့ အဆိုအရ တိုက်သွားတဲ့ မုန်တိုင်းထဲမှာ တော်နဲဒိုလို လေဆင်နှာမောင်းတွေပါ ပါတယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံ မြောက်ပိုင်းနှင့် အနောက်ဘက် ကမ်းရိုးတန်းများကိုတော့ ဗုဒ္ဓဟူးနေ့ […]

ဂရိတွေ ဓာတ်ငွေ့တူးဖော်မှု ရပ်တန့်ပေးဖို့ ဂရင်းပိစ်အဖွဲ့ တောင်းဆို

ဂရိနိုင်ငံ၏ Aegean ပင်လယ်တွင် သဘာဝဓာတ်ငွေ့ တူးဖော်မှု ပြုလုပ်ရန်အတွက် စမ်းသက်မှုများ လုပ်ကိုင် နေသောကြောင့် လင်းပိုင်နှင့် ဝေလငါးများကဲ့သို့သော ရေနေတောရိုင်းတိရစ္ဆာန်များ အသက်အန္တရာယ် ခြိမ်းခြောက်ခံရမည်ကို Greenpeace မှ စိုးရိမ်မှုများ ဖြစ်ပေါ်နေသောကြောင့် ဂရိအစိုးရကိုတောင်းဆိုမှုများ လုပ်ခဲ့ပါတယ်။ Greenpeace သည် မြေထဲပင်လယ်တွင်ဂရိနိုင်ငံ၏ရည်မှန်းချက်ကြီးသော ရေနက်ပိုင်းဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းကို စွန့်လွှတ်ရန် အသနားခံစာ ရေးပြီးတင်သွင်းခဲ့ပါတယ်။ မကြာသေးမီက ထုတ်ပြန်ခဲ့သော သုတေသနကို ကိုးကား၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းမှ အဆိုပါ စီမံကိန်း၏ သက်ရောက်မှုမှာ ယခင်က ယုံကြည်ထားသည်ထက် ကြီးမားသော အန္တရာယ်ရှိသဖြင့် ဝေလငါးများနှင့် လင်းပိုင်များအပေါ် အကျိုးသက်ရောက်မှုရှိသည် ဟု စောဒကတက်ခဲ့ပါတယ်။ ဂရိနိုင်ငံ အနောက်တောင်ပိုင်းနှင့် ကရေတေတို့ရှိ ရေပြင်တွင် စူးစမ်းလေ့လာတူးဖော်ရန် လျာထားသည့် ဧရိယာများတွင် ယမန်နှစ်က ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုက […]

ရုပ်ကြွင်းလောင်စာစွမ်းအင်ကနေ လျှပ်စစ်စွမ်းအင် အကူအပြောင်းကာလမှ အာဆီယံနိုင်ငံတွေ ဘာလဲ ဘယ်လဲ

ဒီကနေ့ကမ္ဘာကြီးက ရုပ်ကြွင်းလောင်စာတွေဖြစ်တဲ့ ရေနံ ၊ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်‌ငွေ့တွေကို စွန့်လွှတ်ပြီးတော့ သန့်စင်ပြီး ပြန်ပြည့်မြဲစွမ်အင်ဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကို လူမှုဘဝလုံခြုံရေးအတွက် သုံးစွဲရန် ကြိုးစားနေတဲ့ အကူးအပြောင်းကာလထဲကို ရောက်နေပါတယ်။ အဲ့ဒိလို အကူးအပြောင်းကာလမှ အာဆီယံနိုင်ငံတွေအနေနဲ့ အနာဂတ်မှာသုံးစွဲမယ့် စွမ်းအင် ဘေးကင်လုံခြုံရေးကို အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၃၀ မှာ ကမ္ဘာ့ကြီးပူနွေးလာမှုကို ၁.၅ ဒီဂရီအထိ လျှော့ချရန်နဲ့ ၂၀၅၀ မှာ ကမ္ဘာ့လေထုထဲကို ကာဗွန်ထုတ်လွှတ်မှု သုည အခြေအနေထိ ရောက်အောင် ကြိုးစားကြဖို့အတွက် နိုင်ငံတကာက ကြိုးစားချိန်မှာ လက်ရှိသုံးနေတဲ့ ရုပ်ကြွင်းလောင်စာကနေ ရယူတဲ့ စွမ်းအင်တွေကို အပြီးတိုင် အစားထိုးနိုင်ဖို့က အရေးကြီးနေပါတယ်။ အစားမထိုးနိုင်ဘူးဆိုရင်တော့ စွမ်းအင်ပြဿနာတွေက ဒေသတွင်း ပဋိပက္ခ တစ်ခုတောင် ဖြစ်သွားနိုင်ပါတယ်။ အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့အခင်းအကျင်းတွင် […]

သီပေါတွင် ၅၈ နှစ်အတွင်း အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်

သီပေါမြို့ရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်ကို နိုဝင်ဘာ ၁ ရက်နေ့ တင်ခဲ့တယ်လို့ မိုး/ဇလက သတင်းထုတ်ပြန်ထားပါတယ်။ အမြင့်ဆုံးအပူချိန်ကို မိုးလေဝသ စခန်းဖွင့်ခဲ့တဲ့ လွန်ခဲ့သော နှစ်ပေါင်း ၅၈ နှစ်အတွင်း မှတ်တမ်းရယူခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁ ရက်က အမြင့်ဆုံးအပူချိန် ၃၄ ဒသမ ၅ ဒီဂရီစင်တီဂရိတ်( ၉၄ ဒသမ ၁ ဒီဂရီဖာရင်ဟိုက်)နဲ့ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ နိုဝင်ဘာ ၉ ရက်ကလည်း အပူချိန် ၃၄ ဒသမ ၁ ဒီဂရီစင်တီဂရိတ်နဲ့ စံချိန်တင်ခဲ့ပြီး ယခုနှစ်မှာ ယင်းထက်အပူချိန် ပိုမြင့်ခဲ့ပြီး ယခုလ (၂၀၂၃ နိုဝင်ဘာ) ၁ ရက်က စံချိန်သစ် တင်ခဲ့ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့သမုဒ္ဒရာတွေကို ကာကွယ်ဖို့ တွေ့ကြ၊ ဆုံကြ၊ ဆွေးနွေးကြပြီ

အပြည်ပြည်ဆိုင်ရာ သဘာဝ ထိန်းသိမ်းရေး သမဂ္ဂ (IUCN) သည် ကမ္ဘာ့သမုဒ္ဒရာများ ကို ကာကွယ်ရန် ရည်မှန်းချက်ကြီးမားသော ပဏာမခြေလှမ်းသစ် တစ်ခုကို စတင်လိုက်ပြီ ဖြစ်သည်။ ယခုလအစောပိုင်းတွင် IUCN မှ စီစဉ်ကျင်းပသည့် ညီလာခံတစ်ခုအတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် အပြောင်းအလဲပြုလုပ်သူများ ဆွစ်ဇာလန်တွင် တွေ့ဆုံခဲ့ကြသည်။ IUCN ခေါင်းဆောင်များဖိုရမ်၏ ဒုတိယအကြိမ်မြောက်တွေ့ဆုံမှုတွင် ပါဝင်သူ ၄၀၀ ကျော်သည် သဘာဝကို ကာကွယ်ရန်နှင့် ပြန်လည်ထူထောင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်ခဲ့သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ ‘သဘာဝအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ- တိုးတက်မှုကို ခြေရာခံခြင်း၊ အောင်မြင်မှု ဘဏ္ဍာငွေထောက်ပံ့ခြင်း’ ဖြစ်သည်။ အခမ်းအနားအတွင်း IUCN ဥက္ကဋ္ဌ Razan Al Mubarak က အဏ္ဏဝါထိန်းသိမ်းရေး၊ သမုဒ္ဒရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ရေကြောင်းပို့ဆောင်ရေး၊ […]

ကမ္ဘာပေါ်မှာ အကောင်ရေ တစ်သောင်းလောက်ပဲ ရှိတော့တဲ့ နေဝက်ဝံတွေကို ကာကွယ်ဖို့လုပ်ကြရပြီ

ကမ္ဘာပေါ်က ဝက်ဝံတွေထဲမှာ လျှာအရှည်ဆုံး ဝက်ဝံကတော့ နေဝက်ဝံတွေပဲဖြစ်ပါတယ်။ ၎င်းတိုရဲ့ လျှာက ၁ပေလောက်ကို အပြင်ထုတ်နိုင်ပါတယ်။ ကမာ္ဘ့အသေးဆုံး ဝက်ဝံတွေလည်း ဖြစ်ကြပါတယ်။ ပိုလာရေခဲဝက်ဝံတွေထက် ၁၀ ဆ လောက်ကို သေးပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ သွားတွေက ပိုလာဝက်ဝံတွေရဲ့ အရွယ်အစား နဲ့အတူတူပါပဲ ။ နေဝက်ဝံလို အမည်ရတာက သူတို့ရဲ့ ရင်ဘတ်ပေါ်က အဖြူ‌ရောင်အကွက်ကြောင့်ပဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှက အပူပိုင်း မိုးသစ်တောတွေမှာ နေထိုင်ကြပါတယ်။ သူတို့မှာ သန်မာတဲ့ ခြေသည်း လက်သည်းတွေရှိပါတယ်။ ပြီးတော့ ခြေဖဝါးကလည်း အကြီးကြီးပါပဲ ။ ခြေဖဝါးမှာ လူတွေလိုပဲ အမွေးမပေါက်ပါဘူး ။ ဝက်ဝံတွေထဲမှာတော့ အဲ့ဒိအကောင်တွေလောက် သစ်ပင်တက်ကောင်းတဲ့ အကောင်မရှိပါဘူး ။ သူတို့ရဲ့ သက်တမ်းတော်တော်များများက သစ်ပင်တွေပေါ်မှာပဲ ကုန်ဆုံးကြတာပါ […]

နီပေါရေခဲတောင် ၃ပုံ ၁ ပုံလောက်အရည်ပျော်နေပြီ လို့ ကုလသတိပေး

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုး အန်တိုနီယို ဂူတာရေ့စ်က ကမာ္ဘ့ကြီးပူနွေးလာမှုကြောင့် နီပေါနိုင်ငံက ရေခဲတောင်တွေ အရည်ပျော်မှုက မြင့်တက်လာပြီး အခုဆိုရင် ရေခဲပမာဏက ၃ ပုံ ၂ ပုံလောက်ပဲ ကျန်တော့တယ် လို့ ဒီကနေ့ ( အောက်တိုဘာ ၃၁ ) မှာသတိပေးပြောကြားလိုက်ပါတယ်။ အဲ့ဒိသတင်းစကားကို ကမာ္ဘ့အမြင့်ဆုံး တောင် လို့ခေါ်တဲ့ ဧရဝက်တောင် နယ်နမိတ်ထဲကို အလည်အပတ် ရောက် နေတဲ့ အတွင်းရေးမှုးက ပြောလိုက် တာပဲ ဖြစ်ပါတယ် ။ လွန်ခဲ့သော နှစ် ၁၀၀ အတွင်း ကမ္ဘာ၏ အပူချိန်သည် ပျမ်းမျှ ၀.၇၄ ဒီဂရီ စင်တီဂရိတ် တိုးလာသော်လည်း တောင်အာရှ ဟိမဝန္တာ တောင်တန်းများ တစ်လျှောက် ပူနွေးလာမှုမှာ ကမ္ဘာ့ ပျမ်းမျှ ပျမ်းမျှထက် […]

ကာဗွန်ဘတ်ဂျတ်ကြောင့် ၂၀၃၀ မှာ ကမ္ဘာကြီး ပျက်ကိန်း စတော့မှာလား

တနင်္လာနေ့ထုတ် Nature Climate Change ဂျာနယ်ပါ ဆောင်ပါး တစ်ပုဒ်မှာ ဖော်ပြတဲ့ လေ့လာမှုတစ်ခုအရ ၂၀၃၀ မှာ ကမာ္ဘကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့ ၁.၅ ဒီကရီမှာမြဲနေအောင်လုပ်ဖို့အတွက် နိုင်ငံတကာ ကတိကဝတ် ဟာ ဘယ်လိုမှ ဖြစ်လာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ သိပ္ပံပညာရှင်တွေက သတိပေး လိုက်ပါတယ် ဆိုပြီး ပါရှိပါတယ် ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမာ္ဘနိုင်ငံရေးအ‌ခြေအနေတွေနဲ့ နိုင်ငံတကာစီးပွားရေးယှဉ်ပြိုင်မှုတွေကြောင့် ကမာ္ဘ့ လေထုထဲကို ကာဗွန်ထုတ်လွှတ်မှုက လျော့ကျသွားနိုင်စရာမရှိဘူးလို့လည်း ဆိုပါတယ် ။ ၂၀၂၉ ခုနှစ် အစောပိုင်းကာလ (၅) နှစ်ကျော်အတွင်း၊ လက်ရှိနှုန်းဖြင့် ရုပ်ကြွင်းလောင်စာများကို ဆက်လက် လောင်ကျွမ်းနေပါက ကမ္ဘာကြီးပူနွေးလာမှုအတွက် နိုင်ငံတကာက သဘောတူထားသည့် အပူချိန်ကန့်သတ်ချက် ၁.၅ ဒီကရီ အောက်၌ ရှိနိုင်မည်မဟုတ်ပေ။ လေ့လာမှုသည် ကမ္ဘာကြီးသည် ဤပြင်းထန်သော […]

အဆင်ပြေပါစေ ကမ္ဘာကြီးရေ…

++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ … ပြန်စိမ်းလန်းဖို့အတွက် အချိန်ယူစေ.. မကြာခင်ပြန်ဆုံမယ် ကမ္ဘာ ကြီးရေ… ပြန်လည်နလန်ထဖို့အတွက်ကွာ..သင်လည်း နားဖို့လိုမှာ…၊ အဆင်ပြေပါစေ ကမ္ဘာကြီးရေ.. ပျက်စီးခဲ့ ရသမျှ ပြင်ဆင်စေ..မကြာခင် ပြန်ဆုံမယ် ကမ္ဘာကြီးရေ.. ဒါဟာ ငါတို့အမှားကြောင့်သာ ငါတို့ရတဲ့ ကံတရား…) ×× သမိုင်းတလျှောက် ငါတို့လွန်ကျူးခဲ့သမျှ.. သင် ခါးစီးခံခဲ့ရတာပါ.. ပူလောင်ရင်း..ဖောက်ပြန်ရင်း ဝမ်းနည်းစွာ…×× မပြေး..ဘဲ ငါတို့တွေ ဝေးရတာ.. အေးဆေး.. ပြန်တွေ့ကြမှာပါ.. ဒီအချိန်တော့ အားယူရင်း နားဦးကွာ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ….………………………………………………………………………………) ×× အခိုက်အတန့်.. ငါတို့ငြိမ်သက်ရတာ.. အလိုက်အထိုက်..ဖြတ်သန်းရမှာပါ… ကံကိုတော့ အပြစ်ပုံ မချလိုက်နဲ့ကွာ…×× သမိုင်းတစ်လျှောက်.. ငါတို့ ဖျက်စီးခဲ့သမျှ..အထိုက်အလျှောက်..ပြန်ခံကြရမှာပါ.. မျက်နှာ လွှဲ ခဲတွေ ပစ်ခဲ့ကြသမျှ… ++(အဆင်ပြေပါစေ ကမ္ဘာကြီးရေ…………………………………………………………………………………) ××(အချိန်က […]