Author Posts

နှင်းနဲ့ထွေးတဲ့ နောင်ချိုဆောင်း

ထုံကျင်အေးစက်နေသော ခြေထောက်များကို ကြိုးစားမယူ လျှောက်လှမ်းရင်းက walking shoe စီးမလာမိတာ မှားပြီဟု တွေးလိုက်မိသည်။ ထင်းရူးပင်များ ဝဲယာခြံရံထားသော လမ်းကလေးအတိုင်း လမ်းလျှောက်နေရာက ကျောင်းဝန်းအတွင်း တံမြက်စည်းလှည်း သန့်ရှင်းရေးလုပ်နေသော ဆရာလေးသုံးပါးကို မြူနှင်းဖွေးဖွေးအောက်တွင် တွေ့ရသည်။ ဆရာလေးတွေက ဆောင်းနှင့် အသားကျနေပုံရသည်။ သူတို့ကိုကြည့်ရသည်မှာ ထွေထူးပြီး အအေးဒဏ်ကို ခံစားရသည့်ပုံမပေါ်။ ကျွန်တော့်မှာသာ ကိုယ့်ကိုယ်ကို ထိန်းမရအောင် တုန်ခါနေသည်။ ရှမ်းပြည်မြောက်ပိုင်းက နောင်ချိုဆောင်းကို တစ်ကြိမ်တစ်ခါမျှပင် မကြုံဖူးသော ကျွန်တော့်အတွက် ရှမ်းပြည်ဆောင်းဆိုတာ ဒီလိုမျိုးပါလားဟုတွေးလိုက်မိရင်း ဘာမှ ကောင်းကောင်းမမြင်ရသော တောရကျောင်းဝန်းထဲ ဖွေးဖွေးလှုပ် ပြိုဆင်းနေသော နှင်းဖတ်မျှင်မျှင်လေးများကြားတွင် လိုက်လံစူးစမ်းနေမိသည်။ တောရိုင်းပန်းဖြူဖြူလေးများသည် နှင်းဖွေးဖွေးအောက်တွင် ပျောက်နေသည်။ ရှမ်းတောင်တန်း၏ သင်္ကေတ နေကြာရိုင်းဝါဝါများကိုလည်း ကောင်းကောင်းမမြင်ရ။ စေတီခြေတော်ရင်းတွင် ဖိနပ်ကိုချွတ်ကာ စေတီရင်ပြင်ပေါ်သို့ ခြေထောက်ချလိုက်တော့ […]

” ဇာတိမြေလွမ်းချင်း”

အခြေအနေ အကြောင်းကြောင်းကြောင့် ရေကြည်ရာ မြက်နုရာအရပ်သို့ ရွှေ့ပြောင်း ရောက်ရှိ နေ ထိုင်နေခဲ့ရသော်လည်း ကျွန်တော်၏ ဇာတိက ရန်ကုန် တစ်ဖက်ကမ်းမှ “သန်လျင်” ဟု အမည်ရသည့် မြို့ကေ လးဖြစ်ပါသည်။သန်လျင်သည် တစ်ချိန်က ဟံသာဝတီခရိုင်၊ သန်လျင်နယ်၏ ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ပါသည်။ ပဲခူးမြစ်ပေါ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကမ်းတည်ရှိရာ မြို့လည်း ဖြစ်ပါသည်။ယခင်က သန်လျင် နယ်တွင် ကျောက်တန်း၊ သုံးခြ ၊ ခရမ်းမြို့နယ်တို့ ပါဝင်ခဲ့ပါသည်။၎င်းအစုအဝေးကိုပင် အင်္ဂလိပ်တို့က (ဆီရီယမ်) Syriam ဟု ခေါ်ဆိုခဲ့ကြပါသည်။ သန်လျင်သည် ရှေးမြန်မာဘုရင်များလက်ထက်ကပင် ထင်ရှားသော မြို့တစ်မြို့ အဖြစ်ရှိခဲ့ပါသည်။မြို့ ကိုတည်သူ ငသန်လျင်အား အစွဲပြု၍ သန်လျင်မြို့ဟု တွင်ကြောင်း သန်လျင် သမိုင်း၌ဆိုသော်လည်း အချို့သော မှတ်တမ်းများကတော့ […]

တစ်ရက်ကို အပင် ၄သောင်းကျော် စိုက်နိုင်ဖို့ အောက်တိုကော်ပတာဒရုန်းတွေနဲ့ အစေ့ချစိုက်ပျိုး

သြစတေးလျှနိုင်ငံက ၂၀၁၉ နှစ်ကုန် ကနေ ၂၀၂၀ နှစ်ဦးပိုင်းအထိ တောမီးလောင်ခဲ့တဲ့ မြေတွေမှာ သစ်ပင်တွေ ပြန်စိုက်ဖို့အတွက် အောက်တိုကော်ပတာ ဒရုန်းတွေကို အဆင့်မြင့်ပြီး အစေ့ချစိုက်ပျိုးရေး လုပ်ငန်းတွေကို လုပ်ကိုင်နေပါတယ်။ Air Seed Techno လို့ခေါ်တဲ့ ကုမ္ပဏီက စစ်တပ်ကနေ ဒရုန်းတွေကို ငှားပြီး တစ်ရက် ကို အစေ့ ၄ သောင်းနှုန်း စိုက်ပျိုးနိုင်အောင် ကြိုးစားခဲ့ကြပါတယ်။ အဲ့ဒိလုပ်ငန်းက ရိုးရာ အစေ့ချစိုက်ပျိုးခြင်းထက် ၂၅ ဆပိုမြန်ပြီး ၈၀% လောက် ကုန်ကျစားရိတ် သက်သာတယ်လို့ သိရပါတယ်။ ဒရုန်း မှာ အစေ့အိမ်လေးတွေ ထည့်ပြီး လွှတ်လိုက်တာပါ။ လိုချင်တဲ့ နေရာရောက်ရင် လေထဲကနေ မြေပြင် ဆီကို အဲ့ဒိအထုတ်ကလေးကို ပစ်ချလိုက်ရုံပါပဲ ။ အဓိက […]

ကမ္ဘာ့ဘီလီယံနာတွေ အာကာသထဲကို ခရီးသွားဖို့စဉ်းစားမယ့်အစား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း လုပ်သင့်တယ်လို့ လူတွေ ဝေဖန်နေကြပြီ

အင်္ဂလန်က ပြည်သူ့ဆက်ဆံရေး ဌာနရဲ့ အချက်အလက်ကောက်ယူမှု စစ်တမ်းအရ လူအများစုက ကမ္ဘာ့ အချမ်းသာဆုံး သူဌေးတွေ အနေနဲ့ သူတို့ပိုက်ဆံတွေ ကိုဖြုန်းဖို့အတွက် အာကာသထဲကို ခရီသွားဖို့ ကြိုးစားနေမယ့်အစား ကမ္ဘာ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ကောင်းတယ်လို့ ဝေဖန်ချက်တွေ ပေးတယ်လို့ သိရပါတယ်။ မနှစ်က အမေဇုံသူဌေး ဂျက်ဖ် ဘီးဇော့ ၊ ဗာဂျင်သူဌေး ရစ်ချက်ဘရန်ဆန် တို့ ကတော့ ကန်ဒေါ်လာ သန်းနဲ့ချီအကုန်ခံပြီး အာကာသထဲကို မနှစ်က ခရီးထွက်ခဲ့ပါတယ်။ နာရီပိုင်း ရက်ပိုင်း အာကာသပြန်ဆိုတဲ့ ဘွဲ့တစ်လုံးရဖို့အတွက် ဒေါ်လာသန်းပေါင်းများစွာ သုံးခဲ့ကြပါတယ်။ အဲ့လိုပဲ အခြားသော ကမ္ဘာ့ဘီလီယံနာတွေကလည်း ဂုဏ်တုဂုဏ်ပြိုင်လုပ်ပြီး အာကာသထဲကိုထွက်ဖို့အတွက် ပိုက်ဆံတွေ ဖြုန်းဖို့ကြိုးစားနေပါတယ်။ ကမ္ဘာ့အချမ်းသားဆုံး သူဌေး ၂၀၀ မှာ ၄ပုံ […]

ရိုင်းတဲ့မြစ်

နွေဦးရဲ့သောင်ခပ်မှုထဲ မြစ်ဝမှာ ခေါင်ရေဆုတ်တော့ သောင်လွဲကမ်းများ အစီအရီပေါ်လို့ ဒီရိုက်သံချိုအလင်္ကာမှာ ရိုးရေစစ်ပြီ နဒီ။ ကြည့်စမ်းပါဦး လတာနုန်းပြင် မဲကျံလိမ်းလျက် ဆူးခက်တင်ရင်း ဒီမျှော်ဆင်းသည် မျက်နှာမွဲချို ကပ်ပါးအိုလဲ ကမ်းပျိုငယ်ဝယ် လှေငယ်ခေါင်ထီး နေစောင်းပြီးလျှင် နဒီလွမ်းတေးဖွဲ့မိသည်။ ကေဇော်မိုး

အင်ဒိုနီးရှား ရွာအချို့ မိုင်းခွဲ ငါးဖမ်းတာကို ဆန့်ကျင်ကန့်ကွက်ပြီ

မိုင်းခွဲပြီး ငါးဖမ်းတဲ့ လုပ်ငန်းကို အင်ဒိုနီးရှားမှာ တားမြစ်ထားတာကြာပါပြီ ။ ဒါပေမဲ့ ဒေသတွင်း စီးပွားလုပ်ငန်း ဖြစ်တဲ့အတွက်ကြောင့် အာဏါပိုင်တွေ က မိုင်းခွဲပြီး ငါးဖမ်းတာကို မသိချင်ယောင် ဆောင်နေတာလည်း ကြာပါပြီ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းမှာ ဆူလာဝီဆီ ပြည်နယ်က လူမှုအဖွဲ့ အစည်းတစ်ခု ဦးဆောင်တဲ့ ကျေးရွာအချို့ က မိုင်းခွဲငါးဖမ်းတာကို တာဆီးလာကြပါတယ်။ ရေထဲမှာ မိုင်းခွဲ လိုက်ပြီဆိုတာနဲ့ သန္တာကျောက်တန်းလို ရေအောက်သယံဇာတ တွေ ပျက်စီးတော့တာပါပဲ ။ ဆယ်စုနှစ်များစွာ မိုင်ခွဲလာကြတော့ ဒေသတွင်း မှာ ငါးအနေနည်းလာပြီး ငါးဖမ်းဖို့ အခက်အခဲ တွေဖြစ်လာ ကြပါတယ်။ “ အရင်တုန်းကဆိုရင် ကျနော်တို့ ရေငုတ်လိုက်တာနဲ့ ရေအောက်မှာ ရောင်စုံသန္တာကျောက်တန်းတွေ ကိုတွေ့ရတယ်။ ဘယ်လောက်တောင်လှလဲဆိုရင် […]

အမာရွတ်

သစ်ပင်တွေက မနုပျိုတော့တာကလွဲရင် အရင်တုန်းက နာမည်တွေအတိုင်းပဲ သီးမြဲ ပွင့်မြဲ လှမြဲ စိမ်းမြဲ စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ် တချို့အရာတွေက မရှိတော့ဘူး မရှိတော့တဲ့အထဲ ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ် ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့ ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့ ရေတိုက်စားခြင်းခံရတဲ့ ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့ ။ ။ #စိုးခိုင်ညိမ်း illustration-Amadeus

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်(ဖေဖော်ဝါရီ)

ဗြိတိန်၊ Cumbria မွာ ဖော်ဆောင်မယ့် အကြီးဆုံးသော ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကို တက်ကြွလှုပ်ရှားသူများက နည်းအမျိုးမျိုးနဲ့ ကန့်ကွက်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ ဆွီဒင်ဆယ်ကျော်သက် ပတ်ဝန်းကျင်ရေးရာလှုပ်ရှားသူ ဂရီတာသန်းဘာဂ်ကလည်း ဗြိတိန်အစိုးရကို စီမံကိန်းနဲ့ပတ်သတ်ပြီး ဝေဖန်ခဲ့ပါတယ်။ ကမ်ဘာကျော် သိပ္ပံပညာရှင် James Hansen ဒီစီမံကိန်းက လူငယ်တွေရဲ့ အနာဂတ္ကို မထီမဲ့မြင်လုပ်ခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ Friends of the Earth, Keep Cumbrian Coal in the Hole နဲ့ the World Wide Fund for Nature (WWF) အဖွဲ့တွေနဲ့ ပြည်သူ ၂၃၀၀ ကျော်က ယင်းစီမံကိန်းကို ကန့်ကွက်ခဲ့ကြပါတယ်။ အစိုးရတာဝန်ရှိသူများကတော့ ဒီစီမံကိန်းဟာ Cumbria ကောင်တီ ကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့သာ […]