Author Posts

ရေအားလျှပ်စစ်ထုတ်လုပ်ရန် ဆည်နှင့်ရေကာတာများ ဆောက်လုပ်ခြင်းကြောင့် မျိုးသုဉ်းမည့်အန္တရယ်နှင့် ရင်ဆိုင်နေရသော သားရဲများ

၂၀၂၁ ခုနှစ် ဒီဇင်ဘာအစောပိုင်းကာလတွင် လေ့လာတွေ့ရှိခဲ့သော သုတေသနစစ်တမ်းတွင် ရေအားလျပ်စစ်အတွက် ရေကာတာနှင့်ဆည်များ တည်ဆောက်ချဲ့ထွင်ခြင်းများကြောင့် သားရဲမ်ား၏ ကျက်စားနေထိုင်ရာဒေသများကို ပျက်စီးစေပြီး သားရဲမ်ားကို မျိုးသုဉ်းမည့်အန္တရာယ်ဆီ တွန်းပို့နေသည်ဟု ဆိုသည်။ အထူးသဖြင့် အာရှတွင် ရေကာတာတည်ဆောက်မှုများကြောင့် ကမ်ဘာ့လက်ကျန် ကျားကောင်ရေ၏ ငါးပုံတစ်ပုံကျော်ကို ထိခိုက်ခဲ့ကြောင်း သုတေသီများက တွေ့ရှိခဲ့သည်။ အချို့သော ဒေသ သစ်တောဧရိယာများတွင် ရေကာတာနှင့် ဆည်များကြောင့် ၎င်းတို့၏ ကျက်စားနေထိုင်ရာနေရာများ ရေလွှမ်းကာ က်ားမ်ား မျိုးသုဉ်းသွားသည်ဟု ဆိုသည်။ ကျားသစ်များသည်လည်း ၎င်းတို့၏ အကြာအေဝး လေးပုံတစ်ပုံအထိ တိုးလာသော ရေကာတာများ၏ ခြိမ်းခြောက်မှု ရင်ဆိုင်နေရသည်။ ၎င်းတို့၏ အထင်ကရနှင့် ကြောက်စရာကောင်းသော ဂုဏ်သတင်းရှိသော ကျားများသည် လွန်ခဲ့သည့်ရာစုနှစ်များအတွင်း မူလဘူတအကြာအေဝး၏ ၉၀ ရာခိုင်နှုန်း ကျော်မှ ပျောက်ကွယ်သွားခဲ့သည်။ မကြာသေးမီနှစ်များအတွင်း […]

၆လီတာ ရေညှိတစ်ကန်က ၁၀နှစ်သား သစ်ပင်စုပ်ယူနိုင်တဲ့ ကာဗွန်ပမာဏအတိုင်း လေသန့်ပေး

ဆာဘီးယားနိုင်ငံမြို့တော် ဘဲဂရိတ်မှာ ညစ်ညမ်းနေတဲ့ လေထုကို တိုက်ဖျက်ဖို့အတွက် အရည်ပင် ( liquid tree ) လို့ ခေါ်တဲ့ ရေညှိကန်တွေကို မြို့ အနှံ့ တည်ဆောက် ခဲ့ပါတယ်။ သူတို့ရဲ့ တီထွင်မှုကတော့ တကယ့် အံ့အားသင့်စရာကောင်းတဲ့ ဖန်တီးမှု တစ်ခုဖြစ်ခဲ့ပါတယ်။ ယာဉ်အသွားအလာ ထူထပ်တဲ့ မြို့တော်မှာ သစ်ပင်တွေကို စိုက်ဖို့ အချိန်ယူရပါတယ်။ အပင်ရှင်သန်ကြီးပြင်း အောင် ပြုစုစောင့်ရှောက်ဖို့အတွက် အခက်အခဲတွေလည် ရှိပါတယ်။ အပင်ကြီးတွေကို တိုက်ရိုက်စိုက်ဖို့ ကလည်း ငွေကုန်လူပန်း ဖြစ်နိုင်ပါတယ်။ အဲ့ဒါတွေကို စဉ်းစားမိတဲ့ ဘဲဂရိတ်မြို့တော်ဝန်က တက္ကသိုလ် က ရုက္ခဗေဒပညာရှင်တွေနဲ့ တိုင်းပင်နှီးနှော ပြီးနောက်မှာတော့ အခုလို တီထွင်မှု တစ်ခုရခဲ့ပါတယ်။ ရုက္ခဗေဒသဘောတရားအရ အပင်တွေက အလင်းမှီ အစာစုဖွဲ့ဖို့အတွက် လေထဲက […]

ပလက်စတစ်အမှုန်တွေ ခန္တာကိုယ်ထဲမှာ များလာရင် ပိုးသတ်ဆေး မတိုးတော့ဘူးလို့ဆို

အမေရိကန် တက္ကဆက်ပြည်နယ် ဟူစတန်မြို့ ရိုက်စ် တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသန ရလဒ်အရ မိုက်ခရို ပလက်စတစ်လို့ခေါ်တဲ့ ပလက်စတစ်အမှုန့်တွေက ကိုယ်ခန္တာထဲမှာ တဖြည်းဖြည်းများလာရင် ရောဂါပိုးကို တိုက်ဖျက်တဲ့ ပဋိဇီဝဆေးဖြစ်တဲ့ ပိုးသတ်ဆေးတွေက အစွမ်း မပြနိုင်တော့ဘူးလို့ သိရပါတယ်။ ပိုလီစတိုင်ရင်း လို့ခေါ်တဲ့ ပလက်စတစ်တွေက လူသားတွေရဲ့ အစားချေလမ်းကြောင်းကနေတစ်ဆင့် သွေးကြောတွေဆီကို ဝင်ရောက်နေတာပါ။ သုတေသီတွေကိုယ်တိုင်ထိတ်လန့်သွားတဲ့ အချက်တစ်ချက်က နောက်ပိုင်း ကလေးငယ်တွေရဲ့ ကိုယ်တွင်းမှာရှိတဲ့ ပိုလီစတိုင်ရင်း ပမာဏက လူကြီးတွေထက် ၁၅ဆ တောင်ပိုများနေတယ်ဆိုတာပါပဲ ။ အဲ့ဒီပလက်စတစ် အမှုန်တွေ ခန္တာကိုယ်ထဲမှာ အများကြီး ရှိတဲ့သူ ရောဂါပိုး ကူးစက်ခံရတဲ့အခါ ရောဂါပိုးတွေက ပိုးသတ်ဆေးတွေကို ပလက်စတစ်အမှုန်တွေကို အကာအကွယ်ယူပြီး ပုန်းရှောင်နေတဲ့အတွက် ပိုသတ်ဆေး တွေက ရောဂါပိုးတွေကို ထိထိရောက်ရောက် မတိုက်ခိုက်နိုင်တော့တာလို့ […]

ဝေလအစိုးရက တစ်အိမ်တစ်ပင် မစိုက်မနေရ စီမံကိန်းကို စတင်အသက်သွင်းပြီ

အင်္ဂလန်ကျွန်းစုမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဝေလနယ်မှာ အစိုးရက ရာသီဥတုထိန်းသိမ်းရေး လုပ်ငန်း တစ်ရပ် အနေနဲ့ အိမ်တစ်အိမ်မှာ သစ်ပင်တစ်ပင်စိုက်ရမယ်ဆိုတဲ့ စီမံကိန်းကို လမယ့်နှစ် မတ်လကနေ စတင်မယ်လို့ မနေ့ က ကြေညာခဲ့ပါတယ်။ ဒေသတွင်း ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ လျှော့ချနိုင်ဖို့အတွက် အိမ်တစ်အိမ်ကို ကိုယ့်အစီအစဉ်နဲ့ ကိုယ် သစ်ပင်တစ်ပင်စိုက်ရပါမယ်။ ပထမဆုံး တစ်ပင်ကို သက်ဆိုင်ရာဒေသအတွင်းမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေက ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး သစ်ပင် ပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းတွေကို အဲ့ဒိအိမ်တွေက တာဝန်ယူရမှာ ဖြစ်ပါတယ်။ ၂၀၂၂ အောက်တိုဘာလကိုနောက်ဆုံး ထားပြီး ဒေသတွင်းအိမ်တိုင်း အနည်းဆုံး သစ်ပင်တစ်ပင်စိုက်ပျိုးထားရမှာဖြစ်ပါတယ်။ ပထမဆုံး စိုက်ပျိုးထားတဲ့ သစ်ပင်ကို အစိုးရက စာရင်းသွင်းမှတ်တမ်းတင်ထားပြီး သီးပင်စားပင်ဆိုရင် အစိုးရပိုင်အနေနဲ့ သက်မှတ်ထားမှာ ဖြစ်ပါတယ်။ အပင်ထွက်ပစ္စည်းတွေကို အစိုးရက စီမံခန့်ခွဲမှာဖြစ်ပြီး […]

သတင်းအမှောင်ချခံခဲ့လိုက်ရတဲ့ ဂီနီယာပင်လယ်ကွေ့ က ရေနံကွက်ကြီး

ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက မက္ကဆီကို ပင်လယ်ကွေ့မှာ BP ရေနံ ကုမ္ပဏီရဲ့ Deep Water Horizon ကမ်းလွန်ရေနံလုပ်ငန်းက ပေါက်ကွဲပြီး ရေနံစည် သန်း၄၀ ကျော် ပါတဲ့ ရေနံကွက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲ့ဒိတုန်းက ကမ္ဘာ့ သတင်းမီးီယာတွေမျာ လတော်တော်ကြာအောင် ခေါင်းကြီး သတင်းအနေနဲ့ ပါခဲ့လို့ လူတော်တော်များများ သိခဲ့ရပါတယ်။ ဒါပေမဲ့ ၂၀၀၂ ကနေ ၂၀၁၂ လောက်အထိ ၁၀စုနှစ် တစ်ခုစာ ရှိခဲ့ အာဖရိကတိုက် အနောက်ဖက်ကမ်းခြေ ဂီနီယာ ပင်လယ်ကွေ့က ရေနံကွက်ကြီးအကြောင်း ကိုတော့ ဘယ်သူမှ တစ်စွန်းတစ မသိလိုက် ကြပါဘူး ။ အဲ့ဒိတုန်းက ဂြိုဟ်တုက ရိုက်ထားတဲ့ ဓာတ်ပုံ အထောက်အထားအရ ဂီနီယာပင်လယ်ကွေ့ မှာ ရှိခဲ့တဲ့ ရေနံကွက်ကြီး […]

မိန်းမလှကျွန်း

ဗြုံးမွှေးကျွန်း ဖရီဒါရုံးရှေ့ရှိ ပင်လယ်ရေမျက်နှာပြင်သည် ငြိမ်သက်လျက်ရှိ၏။ အချိန်ကား နံနက် (၅) နာရီခွဲ။ ဇူလိုင်လ မိုးရာသီဖြစ်၍ ပတ်ဝန်းကျင်တစ်ခုလုံး အုံ့ဆိုင်းနေပြီး အရှေ့အရပ်ဆီမှ နေရောင်ဖျော့ဖျော့လေးကိုသာ လှမ်းမြင်နေရ၏။ ပင်လယ်ဘက်မှတိုက်ခတ်လာသော လေအေးကလေးကလည်း နံနက်ခင်းကို လတ်ဆတ်နေအောင် အားဖြည့်သကဲ့သို့ရှိနေ၏။ ကျွန်ုပ်လည်း ရုံးရှေ့ကွက်ပျစ်ပေါ်တွင် ထွေရာလေးပါးကိုစဉ်းစားရင်း အတွေးနယ်ချဲ့နေစဉ် ရုတ်တရက် ခေါ်သံတစ်ခုကြောင့် အတွေးတို့သည် လွင့်စင်ကွယ်ပျောက်ကုန်၏။ ကိုမျိုးမြင့်။ ။ ‘ကျော်မျိုးလွင်ရေ … မနက်စာ ထမင်းကြော် ရပြီဟေ့။ စားရအောင် လာခဲ့တော့။’ ကျွန်ုပ်။ ။ ‘ဟုတ် အကို … လာပါပြီ။’ ကျွန်ုပ် ထမင်းစားပွဲဝိုင်းတွင် ထိုင်လိုက်မိသည်နှင့် … ကိုမျိုးမြင့်။ ။ ‘မနက်ခင်းလေးမို့ ရုံးရှေ့ပင်လယ်ရေဟာ ငြိမ်နေတာ။ အခုတောင် ပင်လယ်ဘက်ကနေ ဒီရေ […]

အင်ဒီးစ်တောင်တန်းကြီးပေါ်မှာ မျိုးဆက်ခွင့်ရသွားတဲ့ ကယ်လီဖိုးနီးယား လင်းတငှက်များ

ကမ္ဘာပေါ်က မိုးပျံ ငှက်မျိုးစိတ်တွေထဲမှာ ကယ်လီဖိုးနီးယားက လင်းတတွေက အကြီးဆုံးပဲလို့ ပြောရမှာပါ။ ဒါပေမဲ့ လူသားတွေရဲ့ အဆိပ်ချ တာတွေ ၊ အမဲလိုက်တာတွေ နဲ့ အသိုက်ဖျက်ခံရတာ တွေကြောင့် ၁၉၈၀ ဝန်းကျင်မှာ ကယ်လီဖိုးနီးယားမှာ လင်တတွေ ပျောက်ကွယ်သွားသလိုဖြစ်သွားပါတယ်။ ဒေသတွင်းနေထိုင်တဲ့ ဇီ၀ မျိုးစိတ်တစ်ခုပျောက်ကွယ် တော့မယ့် အရေးကို အဲ့ဒိတုန်းက ပတ်ဝန်းကျင်ထိန်း သိမ်းရေး သမားတွေနဲ့ အုပ်ချုပ်ရေး အာဏါပိုင်တွေကြားမှာ အခြေအတင်ဖြစ်ခဲ့ရပါတယ်။ လင်းတ မျိုးစိတ် တွေ မပျောက်ဖို့ ထိန်းသိမ်းဖို့ လိုတဲ့အကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ကတိုက်တွန်းပေမဲ့ အာဏါပိုင်တွေကတော့ သက်သက်အကြောင်းရှာတယ်လို့ ပဲ မြင်ခဲ့ကြပါတယ်။ နောက်ဆုံးတော့ ကယ်လီဖိုး နီးယားမှာ ရှိတဲ့ လက်ကျန် လင်းတတွေကို အကုန်ဖမ်းပြီး ယူတက်ပြည်နယ်က ဇီးယွန်အမျိုးသား ဥယျာဉ်ထဲမှာ […]

မြစ်တွေကို လူတွေလို သဘောထားပြီး ကာကွယ်စောင့်ရှောက်ကြပါ

“ မြစ်တွေမှာ အသက်ရှိတယ်။ ဒီရေအတက်အကျ လုပ်ရင်း သူတို့ အသက်ရှူနေကြရတယ်။ သူတို့ဟာ ပုံမှန်အတိုင်း ကျန်းကျန်းမာမာ စီးဆင်းရင်း လူတွေကို ပျော်ပျော်ရွှင်ရွှင် အထောက်အကူ ပြုနေကြတယ်။ အခုနောက်ပိုင်း လူတွေက မြစ်တွေ ညစ်ညမ်းအောင်၊ ရေစီးရေလာ ပျက်စီးအောင် လုပ်ကြတော့ မြစ်တွေ ခမျာ အသက်ကို ပုံမှန် မရှူနိုင်ကြတော့ဘူး။ အသက်ရှူကျပ်နေကြရတယ်။ ရှေ့ဆက် ရှင်သန်ဖို့ ခက်ခဲနေကြရတယ်။ အဲဒါကို အသိဉာဏ် ရှိသူတိုင်း စာနာနားလည်ဖို့ လိုပါတယ်” အတိအကျမဟုတ်ပေမယ့် အဲဒါနဲ့ အဓိပ္ပာယ် တူညီတဲ့ စကားတွေကို စာရေးသူ သတင်းထောက်ဘဝက သစ်တောပညာရှင် ဦးအုန်းဆီက ကြားခဲ့ရတာပါ။ အခု သစ်တောပညာရှင် ဦးအုန်း (စာရေးသူကတော့ အဘ တစ်ယောက်လို ချစ်ခင်လို့ အဘလို့ ခေါ်ပါတယ်) […]

တစ်နှစ်ကို ဖန်တီးအမဲသား ပေါင် ၄သိန်းလောက် စထုတ်နိုင်ပြီလို့ ဆို

အမဲသားထုတ်လုပ်ဖို့အတွက် မွေးမြူရေးခြံ တွေတည်ဆောက် ရပါတယ်။ အဲ့ဒိခြံတွေကနေ ဖန်လုံအိမ်ဓာတ်ငွေ့ ဖြစ်တဲ့ မီသိန်း တွေက အမြောက်အများကိုပဲ ကမ္ဘာ့လေထုထဲကိုရောက်လာပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုက် လိုပဲ အပူကိုစုတ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုကို အားကောင်စေတဲ့ ထိတ်တန်းဓာတ်ငွေ့ ထဲမှာ ပါလာပါတယ်။ ကျနော်တို့ ရဲ့ စားသောက်ကုန်ဖြစ်တဲ့ မွေးမြူရေး လုပ်ငန်းတွေက ကျနော်တို့ကမ္ဘာကြီးကို ထိခိုက်စေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ တွေကို ထုတ်နေပါတယ်။ အဲ့ဒိပြဿနာကို သိပ္ပံပညာရှင်တွေ က အဖြေရှာကြရာမှာ နည်းလမ်း တစ်ခုကိုတွေ့ခဲ့ပါတယ်။ နွားတွေရဲ့ ဆဲလ်တွေ ကို ဓာတ်ခွဲခန်းမှာ မွေးမြူပြီး အသားတွေကို စမ်းသက်ထုတ်လုပ်ကြည့်ရာမှာတော့ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ စီးပွားရေး အရ တွက် ခြေကိုက်နိုင် မကိုက်နိုင် ကို ထည့်ပြီး စဉ်းစားတဲ့နေရာမှာ မကိုက်ဘူး ဖြစ်နေပါတယ်။ […]

အညာနဲ့ ထန်း အိုးစားမကွဲစေချင်ပါ

နွေဦးကာလ မြူထသောခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက် ထန်းပွင့်ထန်းခိုင်၊ ရွှန်းမြိုင်မြိုင် ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ဝန်ကြီးပဒေသရာဇာရေး တဲ့ ‘နွေဦးကာလ မြူထသောခါ’ တျာချင်းကဗျာရဲ့ နိဒါန်းအပိုဒ် လေး ဖြစ်ပါတယ်။ ရွှေလက်ဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ ကြီးပြင်း ခဲ့ရပေမယ့် အဲဒီကဗျာလေး ကြောင့် အညာဒေသနဲ့ ထန်းတောနဲ့ ထန်းတက်သမားမိသားစုနဲ့ စိတ်ထဲမှာ အလိုလိုရင်းနှီးကျွမ်း ဝင်ခဲ့ရတယ်။ အညာဒေသလို့ဆို လိုက်တာနဲ့ ထန်းပင်ထန်းတောကြီးတွေ၊ ထန်းတက်သမား မိသားစုဘဝတွေကို စိတ်အာရုံမှာ အလိုလိုမြင်ယောင်လာတဲ့ အထိ အဲဒီတျာချင်းကဗျာလေးက အ စွမ်းထက်လှပါတယ်။ အဲဒီကဗျာ ကြောင့်ပဲ နောက်ပိုင်းကာလတွေ မှာ အလုပ်တာဝန်တွေနဲ့ အညာဒေသရောက်တဲ့အခါမှာလည်း ထန်းပင်၊ ထန်းတောကြီးတွေဆီ အရောက်သွားခဲ့ တယ်။ ထန်းပင်ကျရည်ကို သောက်၊ ပဲကြီးလှော် နဲ့ […]