Author Posts

တနိုင်တပိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး (၁)

သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလို့ဆိုလိုက်တာနဲ့လူအများစုအမြင်မှာ သစ်မခုတ်ဖို့၊ သစ်ပင်စိုက်ဖို့ဆိုတာကို ဦးစွာပထမ ဖြစ်ပေါ်လာတတ်ကြပြီး ဘယ်မှာလဲမြေ၊ ဘယ်မှာလဲစိုက်စရာသစ်ပင်၊ ခုတ်တဲ့သူတွေတော့မတားနိုင်ပဲ ဆိုပြီး အမြင်စောင်းစရာတွေလဲဖြစ်လာတတ်ကြပါတယ်။ သစ်တောသစ်ပင်ဆိုတာကလည်း လူသားတို့ရဲ့မွေးရာပါမိတ်ဆွေတွေလဲဖြစ်လို့ အထက်ကအမြင်ဟာလည်း မမှားပါဘူး။ အိုးအိမ်အတွက်၊ လောင်စာအတွက်၊ လမ်းပမ်းဆက်သွယ်ရေးအတွက်၊ စိုက်ပျိုးရေးအတွက် အစရှိတဲ့ လိုအပ်ချက်ခေါင်းစဥ်တွေအောက်ကနေ သစ်တောသစ်ပင်တွေကိုခုတ်ယူနေကြရတာကလည်း ပကတိအရှိတရားပါပဲ။ တကယ်တမ်း သစ်တောပြုန်းတီးမှုတားဆီဖို့က သစ်ပင်ခုတ်တာတွေရပ်ရမယ်၊ သစ်ပင်တွေစိုက်ရမယ်။ ဒီလောက်လုပ်ရင်လုံလောက်ပြည့်စုံပြီလားဆိုရင်တော့ မရသေးပါဘူး။ သစ်တောပြုစုစောင့်ရှောက်မှုဟာ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းစုကြီးနဲ့ယှဥ်ကြည့်ရင်တော့ ရေပေါ်မှာပေါ်နေတဲ့ရေခဲတောင်ရဲ့အစိတ်အပိုင်းတခုလောက်ပဲရှိနေသေးပြီး အခြားလုပ်ငန်းစုတွေက ရေအောက်ကရေခဲတုံးလောက်ထိကြီးမားများပြားလှပါတယ်။ နိုင်ငံ၊ ဒေသတခုမှာ တရားဥပဒေစိုးမိုးမှုအားနည်းချိန်ဟာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအများဆုံး၊ အမြန်ဆုံးဖြစ်စေသလို သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေ အခြေယိုင်တဲ့ကာလပါပဲ။ အဲလို မတည်ငြိမ်တဲ့ ကာလမှာ ဘာမှမလုပ်ပဲထိုင်ကြည့်နေရတော့မှာလားလို့ မေးလာရင်တော့ ကြီးမားကျယ်ပြန့်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုညလုပ်မရနိုင်ပေမဲ့ တကိုယ်ရေတကာယနဲ့ မိသားစုအလိုက် လုပ်ဆောင်နိုင်တဲ့သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းတွေကိုတော့ လုပ်ဆောင်နိုင်ကြရပါမယ်။ ဘာတွေ လုပ်ရမလဲဆိုရင်… မီးဖိုချောင်ကထွက်တဲ့ ဆွေးမြေ့လွယ်တဲ့ အမှိုက်တဖြစ်လဲ […]

ဝတ်ရည်နှင့်ရနံ့ လုပွဲ

ကံကော်တွေစပွင့်ကြလေပြီ။ နွေဦးကံ့ကော်တွေစပွင့်ကြလေပြီ။ စျေးထဲတွင် ကံ့ကော်ပန်းကုံးတွေကို မြင်ရလေပြီ။ တကုံးကိုငါးရာရောင်းတာလည်းရှိသည်။ သုံးရာရောင်းတာလည်းရှိသည်။ ပန်းကုံးတွေကတော့ အရွယ်အစားတူတွေ။ သူ့ဖောက်သည်နှင့်သူဝယ်ကြလေသည်။ ကံ့ကော်ပန်းမှာ ရှားသေးသည့် ပွင့်ဦးကံကော်တွေမို့ အရောင်းသွက်သည်။ စျေးရသည်။ ” ကံ့ကော်ပန်းကို စျေးမဆစ်သင့်ဘူး” ဟု ကံ့ကော်ပန်းခူးဖူးသူတွေကပြောကြသည်။ ကံ့ကော်ပန်းတွေက ကိုင်းဖျားကိုင်းနားတွေမှာ ပွင့်သည်။ ခက်ခက်ခဲခဲတက်ပြီး ကံ့ကော်ပန်းပန်းလှလှရအောင် ခူးရသည်။ပြုတ်မကျအောင် ကိုင်းတို့၊ ငြမ်းတို့ဆွဲပြီးတက်ရသည်မှာ လက်အံသေမတတ်ဖြစ်သည်။ တနည်းအားဖြင့် ကံ့ကော်ပန်းခူးရသည့်အလုပ်သည် အသက်နှင့်ရင်းရသည့်အလုပ်ဖြစ်သည်။ စာရေးသူလည်း ကံကော်ပန်းကောက်ဖူးသည်။ တကယ်မလွယ်သည့် အလုပ်ဖြစ်သည်။ ကောင်းကောင်းမွန်မွန်ငြမ်းမဆင်ထားပါက ပိုခက်သည်။ ကိုင်းဖျားမှာပွင့်နေသည့် ကံ့ကော်ပန်းကို ကိုယ့်ဆီရောက်လာအောင် ကိုင်းကိုတဖြည်းဖြည်းဆွဲယူရသည်။ ကျန်လက်တစ်ဖက်ကလည်း အခြားကိုင်းတစ်ခုကိုမြဲမြဲကိုင်ထားရသေးသည်။ လူ့ခန္ဓာကိုယ်အလေးချိန်နှင့် လှုပ်သည့်လှုပ်ရှားမှုနှင့် အကိုင်း၊ အပင်သည် ယိုင်းထိုးနေတတ်သည်။ သည်ကြားထဲမှာမှ ကံ့ကော်ပန်းကို မနာအောင်ယုယုယယ ကောက်ယူရသည်။ ကံကော်ပန်းကောက်ရသည့်အချိန်က မနက်စောစော။ […]

လက်ဖက်ခြောက်ထုတ် ၊ အသင့်စားနဲ့ ဟော့‌ဒေါ့တွေမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ အများကြီးပါတယ်လို့ လေ့လာမှုအသစ်တစ်ရပ်က ဆိုပြီ

အမေရိကန်နိုင်ငံ ကတ်ခ်ဆေးကျောင်းက ပတ်ဝန်းကျင်ကျန်းမာရေး ဌာနမှာ ဒေါက်တာဘွဲ့စာတမ်းတင်နေတဲ့ ဟေးလေးဟမ်ဆင် ဆိုသူရဲ့စာတမ်းပါ အချက်အလက်အရ အသင့်စား အစားအသောက်တွေကို ထုတ်ပိုးတဲ့ ပစ္စည်းတွေ ၊ လက်ဖက်ခြောက်အထုတ်လေးတွေ နဲ့ ဟော့‌ဒေါ့လို စားသောက်ကုန်တွေမှာ သွေးထဲမှာ မပျော်သွားဘဲ ခန္တာကိုယ်တွင်း တစ်နေရာရာမှာ အနည်ကျသွားစေပြီး ကင်ဆာရောဂါဖြစ်ပွားမှုနဲ့ ဆက်စပ်နေတဲ့ ဖော်အဲဗားဓာတုပစ္စည်း ( PFAS ) တွေ ပါဝင်မှုမြင့်မားတယ်လို့ သိရပါတယ်။ သူမနဲ့ အဖော်သုတေသီများက လူတွေရဲ့ အစားအသောက်များက အချိန်ကြာလာသည်နှင့်အမျှ သူတို့ရဲ့ သွေးထဲတွင် ထာဝရဓာတုပစ္စည်းများပါဝင်မှုနှုန်းနဲ့ ဘယ်လိုဆက်စပ်မှုရှိတယ်ဆိုတာကို ဆန်းစစ်ရန် ပထမဆုံး လေ့လာမှုဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ ပေါင်မုန့်၊ အားကစားသမားတွေသောက်တဲ့ နို့အချိုရည်များ၊ လက်ဖက်ရည် နဲ့ ရေနွေးကြမ်း ကဲ့သို့သော အချို့သော အစားအစာများနဲ့ အဖျော်ယမကာများကို […]

အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၂)

”မဟုတ်ဘူးအန်တီရဲ့၊ အဖြူရောင်များတာတော့များတာတော့များပါရဲ့။ ဒါပေမယ့် တချို့Glacier ခေါ်တဲ့ ရေခဲမြစ်တွေက အရည်မပျော်တော့ဘူး။ အမြဲခဲနေတယ်။ အဲဒီရေခဲမြစ်တွေက အဖြူရောင်အပြင် အပြာရောင်၊ တချို့ဆိုရင် အစိမ်းရောင်တောက်နေတယ်” ”ဟယ်. . သိပ်ကိုလှမှာပဲနော်။ အပြာတို့၊ အစိမ်းတို့က တောတွေတောင်တွေ သစ်ပင်တွေရဲ့ အရောင်ဟပ်တာများလာမသိဘူး။ ဘာပဲဖြစ်ဖြစ် အဲသလိုလှတဲ့ သဘာဝမြေပြေ တို့နိုင်ငံမှာရှိတယ်ဆိုတာ ပြချင်လိုက်တာ။ ဦးသိန်းအောင်ရဲ့ နယ်ရှင်နယ်ပတ်ခ်ကြီးပြီးရင် ဒီရေခဲတောင်ကိုကြည့်ဖို့ လူတွေလာလာချင်ကြမှာပဲ။ အပန်းဖြေစခန်းအမြန်ဆောက်၊ ရဟတ်ယာဉ်ကွင်းလုပ်၊ Ski စီးလို့ရအောင်စီစဉ်၊ သိပ်ပိုက်ဆံရမှာပဲနော်။ အဲဒီကျ ကိုစောလွင် တိုးကုမ္ပဏီဖွင့်ပါလား” ကိုစောလွင်က ရယ်နေသည်။ ”အဲဒီ တိုးရစ်ကိစ္စကျ ကျွန်တော်ဝါသနာမပါဘူး အန်တီ။ ခါကာဘိုရာဇီအတူတက်ခဲ့တဲ့ ဂျပန်မိတ်ဆွေမိသားစုက ကျွန်တော် တိုးကုမ္ပဏီလုပ်ချင်ရင် ကူညီမယ်လို့ပြောပါတယ်။ ကျွန်တော်က သစ်ခွပဲ” သူဟာ အတော်သစ္စာကြီးသူပေပဲ။ ”ကဲ. . […]

ရွှေ့ပြောင်းမျိုးစိတ် ၅ စိတ်မှာ မျိုးစိတ်တစ်ခုက မျိုးတုန်းသွားနိုင်တယ်လို့ ကုလ ဆိုပြီ

ရွှေ့ပြောင်းနေထိုင်သော တိရစ္ဆာန်များသည် ပတ်ဝန်းကျင်ပြောင်းလဲမှု၏ အညွှန်းများအဖြစ် လုပ်ဆောင် သော်လည်း ကျွန်ုပ်တို့ကမ္ဘာဂြိုဟ်၏ ရှုပ်ထွေးသောဂေဟစနစ်များကို ထိန်းသိမ်းရာတွင်လည်း အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ နှစ်စဉ် သန်းပေါင်းများစွာသော တိရိစ္ဆာန်များသည် ကုန်းမြေ၊ ပင်လယ်နှင့် ကောင်းကင်များကို ဖြတ်၍ ရွှေ့ပြောင်းသွားလာကြသည်။ နိုင်ငံများနှင့် တိုက်ကြီးများကို ဖြတ်ကျော်ကာ အချို့သည် အစာရှာဖွေရန်နှင့် မျိုးပွားရန် ကမ္ဘာတဝှမ်း ကီလိုမီတာ ထောင်နှင့်ချီ၍ ခရီးသွားကြသည်။ သို့သော် ယခုအချိန်အထိ ဤတိရစ္ဆာန်များ၏ ထိန်းသိမ်းစောင့်ရှောက်ရေးအခြေအနေ သို့မဟုတ် ဦးရေ လမ်းကြောင်းများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အချက်အလက်မတွေ့ရှိရသေးပါ။ ပထမဆုံးအကြိမ်အဖြစ်၊ ယခု သူတို့ရင်ဆိုင်ရမည့် အန္တရာယ်များအကြောင်း ခိုင်လုံသော အထောက်အထားများ ရှိနေပြီဖြစ်သည်။ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ သဘောတူစာချုပ် (UN Biodiversity Treaty) အရ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ […]

ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောနှစ်မြုပ်ပြီး ဆီကွက်တွေ ကမ်းလာကပ်လို့ နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာ

တောင်အမေရိကတိုက် မြောက်ပိုင်း ဗင်နီဇွဲလားနိုင်ငံရဲ့ ကမ်းလွန်းမှာ ရှိတဲ့ ထရီနီဒတ် တိုဘာဂို ကျွန်းနိုင်ငံမှာ ဘယ်ကမှန်းမသိတဲ့ ရေနံသင်္ဘောမှောက်ပြီး ဆီကွက်တွေ ကမ်းလာကပ်တဲ့အတွက် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာထားရတယ်လို့ သိရပါတယ်။ ထရီနီဒက်နှင့် တိုဘာဂို ဝန်ကြီးချုပ်က ကာရေဘီယံ အရှေ့ပိုင်းရှိ ကျွန်းနှစ်ကျွန်းအနီးတွင် ရေနံယိုဖိတ်မှုကြောင့် “နိုင်ငံတော် အရေးပေါ်အခြေအနေ” ဖြစ်လာကြောင်း ပြောကြားခဲ့ပါတယ်။ Tobago ရဲ့ အနောက်တောင်ဘက် ကမ်းရိုးတန်းရှိ ကမ်းခြေအများအပြားတွင် ရေနံကွက်များ ဖုံးအုပ်ထားပြီး ၎င်းတို့ကို ရှင်းလင်းပြီး သိုလှောင်ရန် သင်္ဘောသားများ ရုန်းကန်နေကြရပါတယ်။ ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့က Tobago အနီးတွင် တိမ်းမှောက် ခဲ့သော လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောပိုင်ရှင်ကို အစိုးရက ဖော်ထုတ်နိုင်ခြင်း မရှိသေးကြောင်း ဝန်ကြီးချုပ် Keith Rowley က […]

လွမ်းဖွယ်ကောင်းတဲ့နွေဦးရာသီ

ပျော်ခင်းငယ်မှ သာလှ သည်ချိန်ကျလျှင် တောဝဂနိုင်၊ စုံသာမြိုင်မှာ မခိုင်ရွက်ညောင်း၊ ကြွေကျပြောင်းလို့ ထောင်းထောင်းငယ်လျံငွေ့ လောင်ဓလေ့နှင့် လွမ်း၍ငယ်တစေ အလိုသေရချည့် စိတ်ဖြေလို့မရနိုင် ဘယ်နှယ့်လူခိုင်ပါ့မယ် ( ဦးယာ) လွမ်းစရာကောင်းလိုက်တဲ့ ရာသီအချိန်ဟာရောက်လာခဲ့ပြီ။ မြို့ပေါ်မှာတော့ နွေဦးရဲ့ သရုပ်ကို ဗံဒါပင်တွေကအရင်ပြ ပေတယ်။ အရွက်ကြီးကြီးတွေနဲ့ အုပ်နေတဲ့ ဗံဒါပင်က ရိုးတံကျဲကျဲကိုမြင်ကတည်းက နဂိုကမှ မပျော်ရွှင်သူတွေရဲ့စိတ်ထဲ လွမ်းဖွယ်ရာသီဟာ လာခဲ့ပြီ။ ပူနေတဲ့စိတ်ကို အငွေ့ပျံစေတဲ့ရာသီ။ ဆွေးနေတဲ့စိတ်ကို အလွမ်းစိတ်ပြန်ပေါ်လာအောင် ကိုင်လှုပ်တဲ့ရာသီ။ အမြုပ်တစီစီထနေတဲ့ ထန်းရည်ကို မသောက်ရတော့တဲ့သူတွေ၊ ကိုယ့်ဇာတိရွာတောတန်းကလေးကို မငေးနိုင်တော့တဲ့သူတွေဟာ ဒီနွေကို ဘယ်လိုကျော်ဖြတ်ကြရပါ့။ သူတို့အတွက် နွေဟာ အပူသက်သက်ကိုကြီးယူလာခဲ့လေပြီ။ တော်ထဲကသစ်ရွက်တွေကြွေသလို မျော်လင့်ချက်တွေကြွေကြပြီ။ တောထဲက စမ်းချောင်းတွေလို ပျော်ရွှင်မှုတွေ ခမ်းကြပြီ။ တောမီးလောင်သလို စိတ်တွေလောင်ကြပြီ။ နာရေးကဖွင့်တဲ့ အသံချဲ့စက်သံတွေဟာ […]

လက်ပံပွင့်တွေကို လွမ်းရတဲ့အကြောင်း

လက်ပံပင်ကြီး ဆက်ရက်တွေဆူညံပျော်မြူးကြ ငါတို့တွေဆော့ကစားကြ။ ငါတို့ငယ်ဘဝအားလုံး သူ့အရိပ်အောက်မှာ။ ဆောင်းနှောင်းနွေဦး လရောင်အောက် လက်ပံပွင့်ကောက်ခဲ့တုန်းက ကိုယ့်အရိပ်ဟာ လွမ်းစရာလို့ ကလေးတစ်ယောက် မတွေးတတ်ခဲ့ပါ။ ” ဆက်ရက်ကလေးတွေရေ ငါ့အတွက် လက်ပံပွင့်လေးတစ်ပွင့်လောက်ပါ” ကျွန်တော်တို့ငယ်စဥ် လက်ပံပင်အောက်ကနေ အပင်ပေါ်ကိုမော့ကြည့်ရင်း ပြောခဲ့ရသောစကားဖြစ်သည်။ လက်ပံပင်ကြီးက မြင့်တော့ လက်ပံပွင့်အကြွေကိုသာ စောင့်ကြရသည်။ အပင်ပေါ်မှာ ဆက်ရက်တွေကဆူညံပျော်မြူးနေကြသည်။ သူတို့ကိုယ်ပြောတာနားမလည်မှန်းသိသော်လည်း အော်ပြောခဲ့ကြသည်။ ဆက်ရက်ကလေးတွေ နှုတ်သီးနှင့်ဆိတ်လို့ ကြွေကျလာသည့် လက်ပံပွင့်က လတ်လတ်ဆတ်ဆတ် ရဲရဲနီနေပါသည်။ လက်ပံပွင့်သည့်အချိန်က ဆောင်းနှောင်းနွေအကူးအချိန်။ ကျွန်တော်တို့စာမေးပွဲဖြေခါနီး ဖေဖော်ဝါရီလဆန်းပိုင်းဆို လက်ပံပွင့်တွေစပွင့်ပြီဖြစ်သည်။ ဆရာကြီးက ညကျောင်းခေါ်သဖြင့် ကျောင်းကအပြန် ကျောင်းဝင်းထဲက လက်ပံပင်ကြီးအောက်မှာ လရောင်ထဲမှာ ဆီမီးခွက်ကလေးတွေနဲ့ လက်ပံပွင့် ကြွေရှာရသည်။ ပွင့်ဦးကာလမို့ တပွင့်တလေသာရပါသည်။ ရံဖန်ရံခါ တဝဲဝဲကြွေလာသည့် လက်ပံပွင့်ကို အောက်ကနေ အချင်းချင်း […]

ရွှေ့ပြောင်းတွေကို စစ်ပွဲထက် ပိုကြောက်ရတယ်လို့ စစ်တမ်းတစ်ခုက ဆို

မကြာခင်ကျင်းပမယ့် ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မြူးနစ်ညီလာခံအတွက် အကြိုစစ်တမ်းတစ်ခုကို ပြုလုပ်တဲ့ နေရာမှာ စက်မှုထိပ်သီး ၇ နိုင်ငံအပြင် ဘရာဇီး ၊ အိန္ဒိယ ၊ တရုတ် နဲ့ တောင်အာဖရိကတို့မှ လူ ၁၂၀၀၀ တို့ကို မေးမြန်းမှု ပြုလုပ်ခဲ့ပါတယ် ။ ကမ္ဘာ့လုံခြုံရေးဆိုင်ရာ မေးခွန်း ၃၂ ခုကို ဖြေခိုင်းရာမှာ အများဆုံး တူညီတဲ့ အဖြေတစ်ခုကတော့ ရုရှားနိုင်ငံရဲ့ ရန်လိုမှုကြောင့် ဖြစ်လာမယ့် စစ်ပွဲထက် ‌ရာသီဥတု အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာမယ့် ရွှေ့ပြောင်းတွေရဲ့ ခြိမ်းခြောက်မှုကို စိုးရိမ်မှုအရှိဆုံး ဆိုတဲ့ အဖြေတစ်ခုပေါ်ထွက်လာပါတယ်။ လာမယ့် သောကြာနေ့မှာ ဂျာမဏီနိုင်ငံမြူးနစ်မြို့မှာ ပြုလုပ်မယ့် ကမ္ဘာ့ထိပ်တန်း နိုင်ငံများက နိုင်ငံရေးနဲ့ ကာကွယ်ရေး အဆင့်မြင့် အရာရှိတွေ တွေ့ဆုံဆွေးနွေးပွဲအကြို လုပ်တဲ့စစ်တမ်းဖြစ်ပါတယ် ။ […]

ငါးစွန့်ပစ်မြေဩဇာ

ကျွန်တော် ‌အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာအစုံ သင်ယူလေ့ကျင့်သုံးစွဲခဲ့သည့် ငါးအမိုင်နိုအက်စစ် အကြောင်းလေးမျှဝေပါရစေ ငါး တစ်ဆ ထန်းညိုတစ်ဆ ကိုတလခန့်ချဉ်ဖေါက် သုံးစွဲသည့်နည်းပညာလေးပါ ငါး (မည်သည့်ငါးမဆိုသုံး၍ဖြစ်ပါသည်) ၁။ဈေးမှငါးခုတ်သားရောင်းသည့်ဈေးတန်းမှလူစားရန် မသင့်သော ဂျီးခွံ အူ ချေး ပါးဟတ် ဆူးတောင် ၂။လူအများစားသုံးနိုင်သော ငါးများ ၃။ငါးသေးငါးနုတ်များ ထန်းလျက်အညို (အောက်ပါပစ္စည်းများသုံးစွဲ၍ရ) ၁။မုန့်လုပ်ရန်အခဲကြီးများအိုးချအခဲများ ၂။တင်လဲ‌ရည် ၃။သကါရည် ပြုလုပ်ရန် ထန်းလျက် ၆၀ကျပ်သားကို ကြိုချက်ပြီးသာအရည်၁လီတာရအောင်ကြိုချက်ပါ ဥပမာ။ ။ ငါး ၁ ပိဿာနှင့်ပြုလုပ်မည်ဆိုပါလျင် ထန်းလျက်ညို၁ပိဿာကိုကြိုချက်ရ ၁.၇၅ လီတာရအောင်ကြိုချက်ပါ ငါးစိမ်းနှင့်ထန်းလျက်ရည့််ကိုစဉ်းအိုး(စဉ်းအိုးအရွယ်အစား ငါး၁ပိဿာချဉ်ဖေါက်ရန် ၇ပိဿာခန့်ဆန့်ရ ပါမည်) အတွင်းထည့်ပြီးလေလုံ ၁၅ရက်ခန့်ထားရပါ မည် ။၁၆ရက်မြောက်သောနေ့မှစ၍ အဖုံးဖွင့် မနက် တကြိမ်ညနေတကြိမ်သစ်သားမွှေတန်အသုံးပြု ၍ နေ့စဉ်မွှေပေးရပါမည် ။စုစုပေါင်းရက်၃၀ အကြာ ရေကြက်အေး […]