Author Posts

သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ လူချွန်လူမွန် သူရဲကောင်းများ

ဒီစာအုပ်ကတော့ မြစ်ညှာရေဝေရေလဲ အရပ်တွေ မပျက်စီးရေး ၊ အာတိတ်ရေခဲ ပြင်တိုင်းတာရေး ၊ အာဖရိက စိမ်းစိုသစ်တောတွေ ထိန်းသိမ်းရေး စတဲ့ ကမ္ဘာမြေကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်များ ၊ တက်ကြွလှုပ်ရှားသူများ ၊ သိပ္ပံပညာရှင်များ ၊ တန်ခိုးအာဏာကြီးမားသော သူကြွယ်ကြီးများ သဘာဝပတ်ဝန်းကျင်ကို ချစ်တဲ့ လူချွန်လူမွန်သူရဲကောင်းများ ရဲ့လုပ်ဆောင်ချက်တွေကို ဓာတ်ပုံတွေနဲ့တွဲပြီး ဖတ်ရှု ရမယ့် ဆရာနေဦးဝေရဲ့စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၁၂ခုနှစ် တွင်ပထမအကြိမ်အဖြစ်အုပ်ရေ ၅၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၁၄၂ ပါဝင်ပါတယ်။

အိပ်ပျော်နေတဲ့ ဘီလူကြီးကို မနိုးကြပါနဲ့လို့ အန္တာတိကရေခဲပြင်ကိုရောက်နေတဲ့ ကုလ အကြီးအကဲဆို

COP28 ကုလသမဂ္ဂ ရာသီဥတုဆွေးနွေးပွဲကြီးက မကြာခင်ရက်ပိုင်အတွင်းမှာ ဒူဘိုင်းမှာကျင်းပတော့မှာ ဖြစ်ပါတယ်။ အဲ့ဒိမတိုင်မီ ကမ္ဘာရာသီဥတုပြောင်းလဲမှုတွေကိုလက်တွေ့သိမြင်နိုင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရေ့က ရေခဲတွေ အရည်ပျော်နေတဲ့ ကမ္ဘာ့တောင်ဘက်ပိုင်းက အန္တာတိကတိုက်ကို အလည်အပတ်ရောက်နေပါတယ်။ ] သူက “ ကမ္ဘာကြီးပူနွေးလာမှုအတွက် တာဝန်ရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရေး ကို ညီလာခံ လာတက်တဲ့ နိုင်ငံအသီးသီးက ကိုယ်စားလှယ် အရေးပေါ်ဆွေးနွေးမှုတွေကို လုပ်ဖို့လိုနေပါပြီ ။ တကယ်ကို ဆိုးရွားတဲ့ အရှိန်အဟုန်ကို ကျွန်တော်တို့ မြင်တွေ့နေရပါတယ်။ ရေခဲတွေ အရည်ပျော်နေတာကိုကြည့်ပြီး ကျနော် ခင်ဗျားတို့ကိုပြောချင်တာက အိပ်ပျော်နေတဲ့ ဘီလူးကြီး ကို မနိုးကြပါနဲ့ လို့ပဲဆိုချင်ပါတယ်။ အန္တတိကသာ အရည်ပျော်သွားမယ်ဆိုရင် ကမ္ဘာကြီးက ဆိုးဝါးတဲ့ ဒဏ်ရာတွေပြည့်နှပ်သွားပါလိမ့်မယ်” လို့ ပြောသွားပါတယ်။ ဂူတာရက်စ်သည် အန္တာတိကတိုက်သို့ သုံးရက်ကြာ […]

လက်ပံပင်တမ်းချင်း

ကျနော်တို့ငယ်ငယ် စာသင်ကျောင်းဝင်းထဲက လက်ပံပင်ကြီးမှာ စကောလောက်ရှိတဲ့ပျားးအုံတွေ အုံတစ်ရာနီးပါလောက်ထိရှိခဲ့တာလို့ ပြောရင် နားထောင်တဲ့သူတွေက အံ့သြကြတယ်။ တချို့ကလည်း ဖြစ်နိုင်ပါ့မလားဆိုတဲ့ သံသယနဲ့ ကြည့် ကြတယ်။ ဒါဟာတကယ်ရှိခဲ့တာပါ။ ကျွန်တော်သုံးတန်းနှစ်မှာ သူငယ်ချင်းဝင်းဇော်နှင့်အတူ လက်ပံပင်ကြီးပေါ်က ပျားအုံတွေကို ရေကြည့်ကြတာ ကိုးဆယ့်ရှစ်အုံတိတိရှိခဲ့ပါတယ်။ စာသင်ကျောင်းဝင်းထဲကဒီလက်ပံပင်ကြီးနဲ့ကျနော်တို့ရွာဟာ ခွဲမရခဲ့ပါဘူး။ စာသင်ကျောင်းဝင်းဟာလည်း ကျနော့်အဖိုး လှူခဲ့တဲ့ကျောင်းဝင်းမို့ ကျနော်ခုထိဂုဏ်ယူနေပါသေးတယ်။ ဒီလက်ပံပင်ကြီးမှာ ပြောစမှတ်ပြုရမယ့် ဖြစ်ရပ်တစ်ခုလည်းဖြစ်ခဲ့ပါသေးတယ်။ လွန်ခဲ့တဲ့ သုံးဆယ့်ငါးနှစ်ကျော်က ဒီလက်ပံပင်ကြီးပေါ် ဝံကြီးတစ်ကောင်တက်ခဲ့တယ်။ အဲဒီဝံကြီးက ရွာသားတစ်ယောက်ကို မျက်နှာတစ်ခြမ်းပဲ့အောင် ကုပ်ဖဲ့ပြီးမှ လက်ပံပင်ကြီးပေါ်တက်သွားခဲ့တာပါ။ ရွာကလူတွေက သေနတ်သမားကိုခေါ်ပြီး ဝံကြီးကိုပစ်ချခဲ့ကြတယ်။ အပင်ပေါ်မှာ ဝံကြီးဟာ မျက်ရည်ကျခဲ့တယ်လို့ ကျနော့်သူငယ်ချင်း တေဇော်ဝင်းက ပြောပါတယ်။ အဲ့ဒီဝံကြီးသေတော့ ပိသချိန်တစ်ရာ ကျော်ပါတယ်။ ကျနော်က ရွာကလေးမှာလေးတန်းအထိနေပြီး မြို့ကိုပြောင်းရွေ့နေထိုင်ရပါတယ်။ ကျနော်ခြောက်တန်းနှစ် ရွာကိုခဏအလယ်ပြန်တော့ […]

ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၅ ရာခိုင်နှုန်းကျော်က စစ်တပ်တွေက ထုတ်လွှတ်နေတာပါ

ကမ္ဘာကြီးပူနွေးလာမှုက သိသိသာသာ တိုးတက်နေတာကို လူတိုင်း ခံစားသိနိုင်နေပါပြီ ။ ဒါပေမဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို လျော့ကျအောင်လုပ်ဖို့အတွက် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကိုတော့ ဘယ်သူမှ လျှော့ချဖို့ မကြိုးစားကြပါဘူး ။ ကမာ္ဘကြီးပေါ်မှာ ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချဖို့ရာအတွက် ကိုယ့်ရဲ့ လူနေမှုဘဝပုံစံကို ပြောင်းလဲဖို့ကြိုးစားနေတဲ့အရည်အတွက်က အနည်းငယ်ပဲ ရှိပါတယ် ။ အဲ့လိုပဲ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုအကြောင်းကို ပြောတဲ့အခါတိုင်း စစ်တပ်တွေထုတ်လွှတ်တဲ့ ပမာဏက အမြဲကျော်ကျော်သွားကြပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ ၊ သိပ္ပံပညာရှင်တွေက ကုလသမဂ္ဂကို စစ်တပ်တွေ ထုတ်လွှတ်နေတဲ့ဖန်လုံအိမ်ဓာတ်ငွေ့ပမာဏနဲ့ ပတ်သတ်ပြီး ထိန်းချန်မထားဖို့အတွက် နဲ့ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် တိုက်တွန်ပေးရန် တောင်းဆိုထားပါတယ်။ ၂၀၂၂ နိုင်ငံတကာကျွမ်းကျင်သူများ အဖွဲ့တစ်ဖွဲ့ရဲ့ တိုင်းတာတွက်ချက်မှုအရ ရုပ်ကြွင်းလောင်စာသုံး စစ်တပ်တွေရဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုက တစ်ကမာ္ဘလုံးအတိုင်းအတာနဲ့ကြည့်မယ်ဆိုရင် ၅.၅ ရာခိုင်နှုန်း ရှိတယ်လို့ […]

အယ်လ်နီညိုဖြစ်စဥ်နှင့်သဘာဝဘေးအန္တရာယ်

ယခုအခါအယ်လ်နီညိုဟူသောစကားကိုသဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များပြောကြားနေသည်ကိုကြားနေရပါသည်။သို့သော်လည်း အယ်လ်နီညိုဟူသောစကားကိုအလေးအနက်မထားကြသလို အယ်လ်နီညိုဆိုတာဘာလဲဟုပင်မမေးကြပေ။အာရုံစိုက်သူနည်းပါးသည်ဟုဆိုရပေမည်။အမှန်စင်စစ်အယ်လ်နီညိုကို လူသားတိုင်း၊နိုင်ငံသားတိုင်အာရုံစိုက်ဖို့လိုသည်။အယ်လ်နီညိုဖြစ်စဥ်သည် ၁၉၈၀ ခုနှစ်လောက်ကစတင်ဖြစ်ပေါ် ဘာသည်ဟုဆိုပါသည်။ အယ်လ်နီညိုဆိုသည်မှာ အယ်လ်နီညိုဆိုသည်မှာ ဒီဇင်ဘာခရစ္စမတ်ကာလတွင် တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေ၊မြောက်ပိုင်းဒေသများဖြစ်သည့် “ပီရူးနှင့်အီကွေဒေါ”ကမ်းခြေရှိ မူလရေစီးကြောင်းများတွင် ရေနွေးစီးကြောင်းများအစားထိုးဝင်ရောက်လာဖြစ်ရပ်ကိုခေါ်ဆိုခြင်းဖြစ်သည်။ဒီဇင်ဘာလခရစ္စမတ်ရက်နားတွင်ဖြစ်ပွားလေ့ရှိသဖြင့် ခရစ္စတော်၏သားဟူသောအနက်အဓိပ္ပါယ်အဖြစ် “အယ်လ်နီညို”(El Nilo)ဟုခေါ်ခြင်းဖြစ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်ပုံ အယ်လ်နီညိုနှစ်များတွင် အီကွေတာအနီး ပင်လယ်ရေမျက်နှာပြင် အပူချိန်သည် ပုံမှန်ထက်ပိုပူနွေးလာကာ အီကွေတာတစ်လျှောက်ရှိ ကုန်သည်လေများ အားပျော့သွားသည်။အထက်လေထုလွှာအတွင်း လေလှည့်ပတ်မှုဖြစ်စဥ်သည်လည်း ပုံသဏ္ဍာန်မမှန်တော့ဘဲ ဆဲလ်များကွဲထွက်သွားပြီး၊တောင်အမေရိကတိုက်၊အနောက်ဘက်ကမ်းခြေတစ်လျှောက် ပုံမှန်အေးမြခြောက်သွေ့သော မိုးလေဝသဖြစ်စဥ်များအစား ပူနွေးစိုစွတ်သည့်ဖြစ်စဥ်များ အစားထိုးဝင်ရောက်လာသည်။ယင်းဖြစ်စဥ်ကိုပင်အယ်လ်နီညိုဖြစ်ပေါ်ပုံဟုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အယ်လ်နီညိုဖြစ်စဥ် စာရေးသူတို့နိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်များရှိခဲ့ပါသည်။ ယခုလာမည့် ၂၀၂၄ မှာလည်းအယ်လ်နီညိုဖြစ်နိုင်ဖွယ်ရှိကြောင်းခန့်မှန်ပြောဆိုသည်ကိုလည်းကြားသိရသည်။မြန်မာနိုင်ငံ၌ အယ်လ်နီညိုဖြစ်ပေါ်သည်ကာလများတွင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ပူပြင်းခြောက်သွေ့ခြင်း၊မိုးခေါင်ခြင်း၊ရေရှားခြင်း၊မုတ်သုန်မိုးအားနည်းခြင်းတို့ကြုံတွေ့ရသည်။ ထို့ပြင်အနောက်တောင်မုတ်သုန်လေအဝင်နောက်ကျခြင်း၊မုတ်သုန်လေအားနည်းခြင်း၊ မုန်သုန်အထွက်စောခြင်း၊ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ပေါ်မှုပုံမှန်ထက်လျှော့နည်းခြင်းတို့ဖြစ်ပေါ်သည်။ထိုဖြစ်စဥ်များကြောင့်စိုက်ပျိုးရေးလုပ်ငန်းကိုထိခိုက်စေသည်။အပူချိန်မြင့်မားခြင်းကြောင့် ကျန်းမာရေးကိုလည်းထိခိူက်စေပါသည်။၂၀၁၉ ခုနှစ်က အမြင့်ဆုံးအပူချိန် ၃၂ ဒသမ ၅ ဒီဂရီဆဲလ်စီယပ်အထိဖြစ်ခဲ့သည်။ယခုနှစ်ဇူလိုင်လကလည်း အားအနည်းငယ်ရှိသောအယ်လ်နီညိုအခြေအနေဖြစ်ခဲ့ကြောင်းလည်းသိရသည်။အားအလွန်ကောင်းသောအယ်လ်နီညိုသည် ၁၉၈၂-၈၃ ၊၁၉၉၇-၉၈နှင့်၂၀၁၅-၁၆ […]

ရာသီဥတုဖောက်ပြန်မှုက ဥရောပလယ်သမားတွေကို အထိနာစေတော့မှာလား

ဒီနှစ်ပိုင်းတွေအတွင်းမှာ ရေကြီးမှု၊ မိုးခေါင်မှုနှင့် အပူလှိုင်းများ တိုးလာခြင်းကြောင့် ဥရောပနိုင်ငံတွေရဲ့ စိုက်ပျိုးရေးကို ထိခိုက်နေပါတယ် ။ ရာသီဥတု အကျပ်အတည်းက တောင်သူလယ်သမားတွေနဲ့ လယ်ယာ ကဏ္ဍအတွက် စီးပွားရေး ဆုံးရှုံးမှုများ ဖြစ်ပေါ်နေပြီး အဲ့ဒိကိစ္စကို မကိုင်တွယ်ဘူးဆိုရင်တော့ ပိုမိုဆိုးရွားလာဖို့ပဲ ရှိနေပါတယ်။ Edinburgh တက္ကသိုလ်မှ စိုက်ပျိုးရေးနှင့် အစားအစာစနစ်ဆိုင်ရာ အကြီးတန်းကထိက ဒေါက်တာ Peter Alexander က “ဥရောပနှင့် ကမ္ဘာတစ်ဝှမ်းရှိ အစားအစာစနစ်၊ ဂေဟစနစ်များနှင့် လူသားကျန်းမာရေးအတွက် အန္တရာယ်တွေက ကမာ္ဘကြီး ပိုမိုပူနွေးလာခြင်းကြောင့် သိသိသာသာ မြင့်တက်နေပါတယ် ။ သိပ္ပံပညာနဲ့ ပတ်သက် ပြီးတော့ အခြားပြောစရာ မရှိပါဘူး ။ တိုးတက်နေတာမှန်ပေမဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းဖို့က လက်လှမ်းမမီနိုင်သေးဘူး ”လို့ ပြောကြားခဲ့ပါတယ် […]

ဖောက်ပြန်လာသောရာသီဥတုနှင့် လူသားအချို့၏နမော်နမဲ့မှုများ

ဒီစာအုပ်ကတော့ ဆရာ ဦးမြင့်ဝေ ရေးသားထားတဲ့ ဖန်လုံအိမ်အာနိသင်ဆိုသည်မှာ အဘယ်နည်း ၊ ရာသီဥတု ပိုမိုနွေးထွေးလာသည် ဆိုသည်မှာ အမှန်ပင်လော ၊ မုန်တိုင်းနောက်တစ်ခေါက်လာရင်ဘယ်လိုရင်ဆိုင်ကြမည်နည်း ၊ ရာသီဥတု မဖောက်ပြန်ရအောင် ဘယ်လိုသတိရှိရှိနေထိုင်သင့်ပါ သနည်း စသော ပြည်သူတွေသိလိုနေကြသည့်မေးခွန်း များကို စာရင်းဇယားများဖြင့် တင်ပြထားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ လေ့လာလိုသူများ၊ ဗဟုသုတအနေဖြင့် ဖတ်မှတ်လိုသူများ ဖတ်သင့်သည့်စာအုပ်ဖြစ်သောကြောင့် greenness က ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ်ထုတ်ဝေခဲ့သည့်အတွက် စာအုပ်ကိုတော့ ရှာဖို့ ခက်ခဲသွားပြီဟု ဆိုရမည် ဖြစ်သည်။

မင်းတို့ကောင်းစားဖို့အတွက် ငါတို့က လည်စင်းခံနေရတာပါ

ချမ်းသာတဲ့ နိုင်ငံတွေက လွှတ်ထုတ်လိုက်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၁၀ ရာခိုင်နှုန်းက ဆင်းရဲတဲ့နိုင်ငံတွေ လွှတ်ထုတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ၅၀ ရာခိုင်နှုန်း နဲ့ညီတယ်လို့ သိပ္ပံပညာရှင်တွေက တွက်ချက်ပြလိုက်တဲ့ အခါမှာတော့ ကမာ္ဘကြီးပူနွေးလာပြီ ရာသီဥတုတွေ ဖောက်ပြန်အောင် လုပ်နေတာ ချမ်းသာတဲ့နိုင်ငံတွေပါ၊ သူတို့ကောင်းစားဖို့အတွက် ဇိမ်ခံနိုင်ဖို့အတွက် ဆင်းရဲတဲ့နိုင်ငံတွေက လည်းစင်းခံပေးနေရတယ်ဆိုတဲ့ အဖြေက ထွက်လာပါတယ်။ ကာဗွန်ညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် ဥရောပသမဂ္ဂမှာ အချမ်းသာဆုံး နိုင်ငံတွေရဲ့ ထုတ်လွှတ်မှု ၁၀ ရာခိုင်နှုန်း က အဆင်းရဲဆုံးနိုင်ငံတွေရဲ့ ထုတ်လွှတ်မှု ၅၀ ရာခိုင်နှုန်းနဲ့ ညီပါတယ်လို့ Oxfam ရဲ့ အစီရင်ခံစာသစ်တွင် ဖော်ပြထားပါတယ်။ “သူတို့ရဲ့ ဇိမ်ခံလူနေမှုပုံစံတွေ တိုးမြင့်လာပြီး ကြီးကျယ်ခမ်းနားတဲ့ စည်းစိမ်ဥစ္စာတွေက ကျွန်တော်တို့ ကမ္ဘာကြီး ကို ပျက်စီးစေပါတယ်” လို့ Oxfam […]

မြို့ကလေး နှင့် ဧရာဝတီ

‘ဧရာဝတီ မြစ်သည် ထုံးဘိုမြို့အပေါ်သဘောကောင်းသည်’တဲ့။ တက္ကသိုလ်ဘုန်းနိုင်ကတော့ တပြည်သူမရွှေထားဝတ္ထုထဲတွင် မြို့ကလေးရဲ့ ဧရာဝတီ ကို ထိုသို့ ဖွဲ့ဆိုခဲ့ဖူးသည်။ “ထုံးဘို ဆိပ်ကမ်းမှာ ကျောက်ဆောင်မရှိ။ သောင်မထွန်းပဲ မြစ်အတွင်း လှေ သမ္ဗာန်ကြီးငယ်တို့ ကောင်းစွာဆိုက်ကပ် နိုင်သောကြောင့် ဖြစ်သည်။မြစ်ကမ်းလမ်းဘေး တလျှောက်က ရွက်ဝါကြွေသော ကုက္ကိုတောသည်လည်း ဧရာဝတီနှင့် အလှချင်း ပြိုင်နေခဲ့သည် မဟုတ်လား” ဆိုခဲ့ သည့် အတိုင်း မြစ်က မြို့အပေါ် သဘောကောင်း၍ မြစ်ဆိပ်မှာ သောင်မထွန်း ကျောက်ဆောင်မရှိပေမယ့် ကမ်းပါးတွေက တော့ တအိအိပြိုနေခဲ့ပြီ။ မြို့ကလေးသည် ဧရာဝတီ မြစ်၏အနောက်ဘက်ကမ်း နဖူးမှာ မေးတင်ထားသည်။ အနောက်ဘက် ကြည်းတောင်နှင့် ဆုံရာမှ သွယ်ဆင်းလာသော တောင်တန်းကြီးသည် ဧရာဝတီထဲရေဆင်းသောက်နေဟန် ပုံမျိုးဖြင့်မြစ်ထဲကို တိုးထွက်နေသည်။ အကောက်တောင် ဟုခေါ်သော ထိုတောင်တန်းသည် […]

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်သည့် စောင့်ကြည့်ရမည့်လေဖိအားနည်းရပ်ဝန်း INVEST-99W ထိုင်းပင်လယ်ကွေ့တွင် စတင်ဖြစ်ပေါ်

INVEST-99W စတင်ဖြစ်ပေါ်သည့်အခြေအနေ ဘရူနိုင်းနိုင်ငံ ဘန်ဒါဆရီဘာဂါဝန်မြို့အနောက်ဘက် ထိုင်းပင်လယ်ကွေ့မှာ စတင်ဖြစ်ပေါ်ပြီး အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း၊ ကပ္ပလီပင်လယ်တောင်ပိုင်းကို နိုဝင်ဘာလ ၂၇ ရက်နဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့တွေမှာ ရွေ့လျားဝင်ရောက်လာပြီး လေတိုက်နှုန်း တနာရီ မိုင် ၄၀ အထိ ရှိလာနိုင်ကာ မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်မဲ့ မိုးလေဝသအခြေအနေများ ပင်လယ်ပြင်အခြေအနေ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း၊ ကမ်းနီးရေလုပ်ငန်းလုပ်ကွက်တွေမှာ နိုဝင်ဘာ ၂၈ ရက်နေ့က စ ပြီးတော့ အရှေ့ဘက်မှ လေပြင်းတိုက်ခတ်တာ တနာရီ မိုင် ၃၀ ခန့်အထိရှိနိုင်ပြီး လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိ ရှိနိုင်ပါတယ်။ နိုဝင်ဘာ ၂၈ ရက်နဲ့ ဒီဇင်ဘာလဆန်းပိုင်းမှာတော့ မိုးလဲရွာလာနိုင်မဲ့အခြေအနေများရှိကြောင်းတွေ့ရပါတယ်။ […]