Author Posts

အင်းလေးကန်

အင်းလေးကန်သည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့အနီးတွင် တည်ရှိသည်။ မိုးညှင်းခရိုင်ရှိ အင်းတော်ကြီးမှလွဲလျှင် မြန်မာနိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံးကန်ဖြစ်သည်။ တောင်နှင့်မြောက်တန်းလျက်ရှိသော တောင်တန်းကြီး(၂)ခုကြားတွင် ခွက်ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်းကြီး၏ အလယ် အနက်ရှိုင်းဆုံးအပိုင်း၌ တည်ရှိသည်။ လောပိတတွင် ရှိသော (တစ်ချိန်က အရှေ့တောင်အာရှတွင် အကြီးဆုံးဖြစ်ခဲ့ဖူးသည့်) ရေအားလျှပ်စစ်ဓာတ် ထုတ်လုပ်ရေးစက်ရုံ အတွက် အဓိကကျသော ရေအရင်းအမြစ် သဘာဝလှောင်ကန်လည်းဖြစ်သည်။ အင်းလေးရေပြင်ပေါ်တွင် ရွာကြီး၊ ရွာငယ်များ တည်ဆောက်ထားသည်။ တစ်နေရာမှ တစ်နေရာသို့ လှေများ၊ စက်လှေများဖြင့် သွားလာကြသည်။ လှေကို ခြေဖြင့်လှော်ခတ်သည်။ အင်းလေးဒေသ နန်ဟူးရွာရှိ ဖောင်တော်ဦးဘုရားသည် တန်ခိုးကြီးဘုရားအဖြစ် ထင်ရှားကျော်ကြားသည်။ ပထဝီဝင်ဆိုင်ရာအခြင်းအရာ ***************************** အကျယ်အဝန်းအားဖြင့် ခန့်မှန်းခြေ ၄၄.၉ စတုရန်းမိုင် (၁၁၆ စတုရန်း ကီလိုမီတာ) ခန့်ရှိပြီး […]

၁ ရက်ထဲမှာ ငလျင် အကြိမ်တစ်ထောင်ကျော် လှုပ်သွားလို့ အိုက်စလန် ရေပြာအိုင်ကို ပိတ်ထားရ

အိုက်စလန်ရဲ့အထင်ရှားဆုံး ခရီးသွားလုပ်ငန်းဆွဲဆောင်မှု နေရာတစ်ခုဖြစ်တဲ့ Reykjanes ကျွန်းဆွယ်မှာရှိတဲ့ ရေပြာအိုင်ရေပူစမ်းရဲ့ အနီးပတ်ဝန်းကျင်တစ်ခုလုံး ၂၄ နာရီအတွင် ငလျင်အကြိမ်ရေ ၁၄၀၀ ခန့်လှုတ်ခတ်ခဲ့ ပါတယ်။ လာရောက်လည်ပတ်တဲ့ ခရီးသည်များ ကြောက်လန့်တကြား ထွက်ပြေးကုန်တဲ့အတွက်ကြောင့်နဲ့ မီးတောင်ပေါက်ကွဲနိုင်မှု အန္တရာယ် ရှိတဲ့အတွက်ကြောင့် အဲ့ဒိအပန်းဖြေစခန်းကို ပိတ်ထားလိုက်ပါတယ်။ Reykjavíkကျွန်းဆွယ်၏ အနောက်တောင်ဘက်ရှိ ဘူမိအပူရေပူစမ်း Blue Lagoon သည် ညသန်းခေါင်ကျော်တွင် အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် တစ်ညတာအတွင်း တက္ကစီများဖြင့် ဟိုတယ်နှစ်လုံးရှိသည့် အပန်းဖြေစခန်းမှ ဧည့်သည်ဒါဇင်ပေါင်းများစွာ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြ တယ်လို့ သိရပါတယ်။ Icelandic သတင်းဝဘ်ဆိုဒ် Víkurfréttir က ဧည့်သည် ၄၀ ခန့် ညတွင်းချင်း ထွက်ခွာသွား ကြောင်း ဖော်ပြခဲ့ပြီး ဟိုတယ် ဧည့်ခန်းတွေနဲ့ လမ်းတွေပေါ်မှာ […]

ပေါင်းသတ်ဆေးအသုံးပြုခြင်း‌ရဲ့ နောက်ဆက်တွဲပြဿနာ

ပေါင်းသတ်ဆေးဟာ ပေါင်းပင်တွေ၊ကိုင်းပင်တွေကိုသာမက အပင်ကြီးတွေကိုပါ အမြစ်အထိသေသွားအောင် အာနိသင်ပြင်းထန်ပါတယ်။ အဆိုပါပေါင်းသတ်ဆေးနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းထဲက တောင်သူနှစ်ဦးနဲ့ Greenness က မေးမြန်းခဲ့ပါတယ်။ မေး။ ဒီဆေးနှင့်ပတ်သက်ပြီး အတွေ့အကြုံလေးပြောပေးပါလား။ တောင်သူ (၁) ။ ကျနော့မှာ ပဲခင်းလေးကွက်ရှိပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်လောက်က ပဲမကျဲခင် ပေါင်းတွေကို ပေါင်းသတ်ဆေးနဲ့သတ်လိုက်တယ်။ လူအတော်သက်သာတာကိုး။ ပြီးတော့ပဲစိုက်။ အဲ့ဒီနှစ်က ပဲတစ်ကွက်ကိုနှစ်ဆယ်နှုန်းနဲ့ ပဲရှစ်ဆယ်ရခဲ့တယ်။ နောက်နှစ်လည်း ဒီ‌ပေါင်းသတ်ဆေးနဲ့ပဲ ပဲမစိုက်မီပေါင်းသတ်တယ်။ အဲ့ဒီနှစ်ကစပြီး ပဲတစ်ကွင်းဟာ တစ်ဆယ်အပြင်မထွက်တာခုထိပါပဲ။ လုံးဝကိုမြေဆီလွှာပျက်သွားတာပေါ့။ ခုထိပဲထွက်နူန်းက တက်မလာသေးပါဘူး။ ရှစ်ဆယ်ရတဲ့ပဲခင်းလေးကွက်ဟာ လေးဆယ်ဝန်းကျင်ပဲရနေတာ လေးနှစ်ရှိပါပြီ။ ဘယ်အချိန်ပြန်ကောင်းမလဲမပြောနိုင်ဘူး။ တောင်သူ (၂)။ ကျွန်မတို့ကတော့ ဒီပေါင်းသတ်ဆေးကို လယ်ရေပေးတဲ့မြောင်းဘောင်ကို ဖျန်းမိတာပါ။ ကိုင်းပင်တွေသေအောင်ပေါ့။ ကိုင်းပင်တွေသေရုံမကဘူး။ ရွံ့နေနဲ့စေးနေတဲ့မြေဟာ အချပ်လိုက်ကြီးတွေဖြစ်ပြီး ကမ်းပါးတွေပြိုတာ။ ကျွန်မတို့လည်းတော်တော်လန့်သွားတယ်။ နှစ်တိုင်းမုန့်ညင်းတွေစိုက်ရနေတဲ့ ဒီမြောင်းဘောင်တွေဟာ […]

သံလွင်ဆီတွေ စျေးကောင်းတော့ သူခိုးတွေကြောင့် သက်တမ်းရင့်အပင်တွေ အန္တရာယ်နဲ့ရင်ဆိုင်နေရပြီ

၂၀၁၉ လောက်ကနေ စပြီး တရိပ်ရိပ် တက်လာတဲ့ သံလွင်ဆီစျေးက အခုဆိုရင် အရင်စျေးနှုန်းထက် ၃ ဆ ကျော်သွားပါပြီ ။ နောက်ဆက်တွဲကတော့ မြေထဲပင်လယ်ဒေသမှာ ရှိတဲ့ သံလွင်ပင်တွေ ရဲ့ အသီးတွေ အကိုင်းတွေ နဲ့ အပင်လိုက်ပါ သူခိုးတွေရဲ့ လက်ချက်စာမိနေတာပါပဲ ။ အဲ့ဒိအခိုးခံရတဲ့ အပင်တွေထဲမှာ အချို့အပင်တွေဆိုရင် သက်တမ်း ရာနဲ့ချီနေပါပြီ ။ သံလွင်ပင်တွေကို အဓိကစိုက်ပျိုးတဲ့ နိုင်ငံငံတွေထဲမှာ ဂရိ ၊ စပိန်နဲ့ အီတလီ နိုင်ငံတို့ပါဝင်ပါတယ်။ အဲ့ဒိနိုင်ငံတွေ မှာ သူခိုးတွေက စိုက်ပျိုးခြံတွေ ဖောက်ဝင်တာတွေ ၊ ခြံလုပ်ငန်းက စာရင်းကိုင်တွေ စာရင်းဖျောက်တာတွေ နဲ့ သံလွင်ဆီခိုးယူမှုကိစ္စတွေက အများကြီးကိုဖြစ်ပေါ်နေပါတယ်။ အချို့ခြံတွေဆိုရင် အစောင့်မရှိလို့ လူမိုက်ဂိုဏ်းတွေက ခြံထဲကိုဝင်ပြီး လွှစက်တွေနဲ့ […]

“”ရှားပါးမျိုးစိတ်ဝင် ပင်လယ်နို့တိုက်သတ္တဝါ ရေဝက်များ””

ပင်လယ်ရေနေနို့တိုက်သတ္တဝါ(Marine Mammals)များဖြစ်ကြသော မြန်မာနိုင်ငံရှိ လောင်းမန်းနုတ်သီးပါ ဝေလငါး၊ကျောဘို့ပါလင်းပိုင်၊ကြောင်လိမ်ဂျွန်းထိုးလင်းပိုင်၊အပူပိုင်းဒေသ လင်းပိုင်ပြောက်၊ပုလင်းနှုတ်သီး လင်းပိုင်၊ဧရာဝတီလင်းပိုင်၊ကျောရေယက်မဲ့လင်းရှူးနှင့် ရေဝက်မျိုးစိတ်များမှာ မျိုးသုဥ်းရှားပါးရေနေနို့တိုက် သတ္တဝါစာရင်းတွင် ပါဝင်နေပါသည်။ ယင်းပင်လယ်နို့တိုက်သတ္တဝါမျိုးနွယ်စိတ်များထဲတွင် မျိုးသုဥ်းရှားပါးစာရင်းဝင်ဖြစ်နေသည့် ရေဝက်(Sea cow or Manatee)မှာ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်း ပိုမိုခံနေရပါသည်။ ပင်လယ်ရေနေ နို့တိုက်သတ္တဝါ ရေဝက် ရေဝက်များသည် ရှားပါးမျိုးစိတ်ဝင် ပင်လယ်ရေနေ နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြပြီး သိပ္ပံအမည်မှာ Dugong Dugong ဟုအမည်ရပြီး မြန်မာလို “ရေဝက်”ဟု ခေါ်ဆိုကြပါသည်။ ရေဝက်ကို “ရေနွား“၊ “ရေကုလားအုတ်” ဟုလည်း ခေါ်ဆိုကြသည်ကိုတွေ့ရပါသည်။ ပင်လယ်ပြင်နေ နို့တိုက်သတ္တဝါမျိုးနွယ်စိတ် လေးမျိုးရှိသည့်အနက် ရေဝက်သည်လည်း တစ်မျိုးအပါအဝင်ဖြစ်ပါသည်။ရေဝက်ကို အင်္ဂလိပ်အမည်ဖြင့်”sea cow” or “manatee” ဟု အမည်တွင်ပါသည်။ ရေဝက်မျိုးစိတ်၏ […]

ကျေးလက်ကဗျာလေးတွေက ပြောတဲ့သဘာဝပတ်ဝန်းကျင်နှင့် ခေတ်ပေါ်ကဗျာတစ်ပုဒ်ရဲ့ဝန်ခံချက်

ရှေးကျေးလက် ကဗျာတွေထဲမှာ ရာသီဥတု၊သစ်ပင်တွေအကြောင်းပါနေတာလေးတွေကိုပြောချင်ပါတယ်။ ဒီကျေးလက်ကဗျာတွေလေးဟာ ဘယ်သူက စပ်ဆိုခဲ့တယ်ရယ်လို့ မသိကြရပါဘူး။ မြန်မာပြည်သူတွေ နူတ်ဖျားကနေ ရွတ်ဆိုလက်ဆင့်ကမ်း သယ်ဆောင်လာကြတဲ့ ကဗျာလေးတွေဖြစ်ပါတယ်။ ” ကောက်တီနဲ့ မယ်စော ရောနှောပါလို့ ပျိိုးတောင် မိုးလေက ခေါင်။ သည်ပျိုးရေအောင်မှ မယ်နဲ့မောင် အလှူပေးမယ် မိုးကူပလေး။” တောင်သူဇနီးမောင်နှံနှစ်ဦးက သူတို့အလှူပြုနိုင်ဖို့ မိုးကိုအကူအညီတောင်းနေတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ရှေးခတ်အခါကလည်း ရာသီဥတုဟာ ခုခေတ်လို မဆိုးဝါးပေမယ့် မိုးခေါင်တဲ့နှစ်တွေဆိုတာ ရှိခဲ့ကြတာပေပဲလို့ နားလည်ရပါတယ်။ ဒါပေမယ့် ကဗျာရဲ့လေထဲမှာ ပူပန်မှုမပါ။ ကဗျာထဲမှာ မိုးကိုချစ်တဲ့စိတ်ကလေးကိုလည်း တွေ့မြင်နေရပြန်တယ်။ မိုးဟာရွာလာမှာပဲရယ်လို့ ယုံကြည်မှုကိုလည်း တွေ့ရပါတယ်။ ပျိုလေးတို့ အိမ်စွန်း ကျွန်းဆယ့်နှစ်ပင် စောင့်ရှောက်စေချင်။ မငြိုငြင် ရှင်အောင်ပမွေး။ မယ်နှင့်မောင် ကံဆိုင်တော့ ကျောင်းတိုင်ဖို့လေး။ ဒီကဗျာလေးကတော့ ချစ်သူနှစ်ဦးကံဆုံကြတဲ့အခါ ကျောင်းဆောက်လှူဖို့ […]

ရာသီဥတုဖောက်ပြန်မှုကို ပြင်ဆင်ဖို့ ကတိတွေပေးပေမဲ့ ဂျာမဏီ ၊ နော်ဝေ နဲ့ ဗြိတိန် တို့ကတော့ ရုပ်ကြွင်းလောင်စာတွေကို ပိုထုတ်ဖို့စီစဉ်နေ

ကုလသမဂ္ဂ ကျောထောက်နောက်ခံပြု လေ့လာမှု တစ်ရပ်က ဂျာမဏီ ၊ နော်ဝေ နဲ့ ဗြိတိန် အစိုးရများက အနည်းဆုံး ၂၀၅၀ ခုနှစ်အထိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို တိုးမြှင့်ရန် စီစဉ်နေကြောင်း ဖော်ပြခဲ့ပါတယ်။ ရုပ်ကြွင်းလောင်စာ အဓိကထုတ်လုပ်သော နိုင်ငံများသည် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၃၀ မှာ ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ကန့်သတ်မယ်ဆိုတဲ့ သဘောတူညီချက်ကို ဆန့်ကျင်ပြီး ရုပ်ကြွင်းလောင်စာပမာဏ နှစ်ဆကျော် ထုတ်ယူရန် စီစဉ်ထားကြပါတယ်။ မကြာခဏဖြစ်ပေါ်နေတဲ့ ရာသီဥတုဖောက်ပြန်မှုဖြစ်တဲ့ ပြင်းထန်သော အပူလှိုင်းများ၊ မိုးခေါင်မှု၊ ရေကြီးမှုနှင့် တောမီးတွေ ယနေ့ကမာ္ဘက ဖြစ်ပွားနေပေမဲ့ သူတို့ကတော့ သူတို့နိုင်ငံတွေရဲ့ စွမ်းအင်လုံခြုံရေး ဆိုတဲ့ ခေါင်းစဉ် အောက်ကနေ ရုပ်ကြွင်းလောင်စာတွေကို ပိုမိုထုတ်လုပ်ဖို့ပဲ အာရုံစိုက်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရန် […]

သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနောက်က စာရိတ္တပျက်စီးမှု

အရေးပါအရာရောက်သူတွေရဲ့ စာရိတ္တပျက်စီးမှုကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ရတဲ့အဖြစ်အပျက်တွေ ကမ္ဘာပေါ်မှာ မြောက်များစွာရှိပါသည်။ သူတို့တွေရဲ့ စာရိတ္တပျက်စီးမှုနောက်က သဘာဝပတ်ဝန်းကျင်လိုက်ပြီး ပျက်စီးရသည်။ ယခု ကျွန်တော်ပြောမည့် အကြောင်းအရာမှာ အထက်ပါကိစ္စနှင့် ပြောင်းပြန်ဖြစ်သည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနောက်က စာရိတ္တတွေပျက်စီးမှုဖြစ်ပါသည်။ ကျွန်တော်တို့တွေငယ်စဥ်က ရေနံမှော်တွေ တော်တော်ခေတ်စားသည်။ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းထဲက တောတောင်တွေထဲမှာ ရေနံတွေကို တပိုင်တနိုင်တူးဖော်ကြပါသည်။ ရေနံတွေတူးဖို့ သစ်ပင်တွေခုတ်ရသည်။ ရေနံမှော်တဝိုက်က သစ်တောဧရိယာတွေ ပျက်စီးပြီး လူတွေရဲ့ စွန့်ပစ်အမှိုက်တွေကြောင့် သစ်တောဂေဟစနစ်လည်း ပျက်ယွင်းသွားပါသည်။ ရေနံတွေပေါက်ကြတော့ ပိုက်ဆံလက်ဖျားသီးသူတွေရှိပါသည်။ ရေနံမပေါက်သော်လည်း ရေနံသယ်ပြီး ပြန်ရောင်းချသူတွေလည်း ကိုယ့်ရပ်ကိုယ့်ရွာက လုပ်ငန်းထက် ဝင်ငွေကောင်းကြပါသည်။ ငွေကိုလွယ်လွယ်သုံးနိုင်လာသည့်အခိုက် မူးယစ်ဆေးဝါးသည် ရေနံမှော်ကိုဝင်လာပါသည်။ မှောက်မှာ ရေနံတူးနေကြသူတွေက အရာရာကိုစမ်းသပ်ချင်နေသည့် လူငယ်တွေဖြစ်သည်။ စမ်းကြသည်။ စွဲကြသည်။ မူးယစ်ဆေးဝါးက ရေနံမှော်တွင်းမှာ ရပ်နေသည်မဟုတ်ပါ။ […]

၂၀၅၀မှာ ကာဗွန်ထုတ်လွှတ်မှု သုညအခြေအနေရောက်‌အောင် လုပ်မယ်ဆိုသော်လည်း… …. ကမ္ဘာ့ထိပ်တန်းကုမ္ပဏီတွေထဲမှာ ၄ ရာခိုင်နှုန်းလောက်ပဲ ကုလသမဂ္ဂရဲ့ စည်းမျဉ်းတွေကိုလိုက်နာ

မနေ့ကထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ကမ္ဘာ့အကြီးဆုံးဆိုတဲ့ ကုမ္ပဏီ ၂၀၀၀ ကျော်မှာ တစ်ဝက် လောက်က ကုလသမဂ္ဂရဲ့ ၂၀၅၀ ကာဗွန်ထုတ်လွှတ်မှု သုညအခြေအနေရောက်အောင် လုပ်ဖို့အတွက် သတ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ စည်မျဉ်စည်းကမ်းတွေကို လိုက်နာကြတယ်လို့ ပါရှိပါတယ်။ ဒါပေမဲ့ အမှန်အကန်အကောင်အထည်ဖော်နေတာက ၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။ Oxford University အပါအဝင် လွတ်လပ်သောအချက်အလက်စုဆောင်းရေးလုပ်ငန်းစုဖြစ်သည့် Net Zero Tracker မှ ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများစာရင်းဖြစ်သော Forbes Global 2000 ၏ နောက်ဆုံး ခွဲခြမ်း စိတ်ဖြာမှုအရ သိရတာပါ ။ ကာဗွန်ထုတ်လွှတ်မှုသုံည ပစ်မှတ်များကို လုပ်ကိုင်နေတဲ့ ကုမ္ပဏီအရေအတွက်က ၂၀၂၂ ခုနှစ် ဇွန်လမှာ ၇၀၂ ရှိခဲ့ပြီး ၄၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ ၂၀၂၃ […]

ဘိုးဘွားသစ်ပင်ကြီးတွေ

တစ်ရက်ကျွန်တော့်ဇာတိရွာကလေးက အစ်မဝမ်းကွဲတစ်ယောက်နှင့် ဖုန်းပြောကြရင်း စိတ်ထဲ ရုတ်တရက်ပေါ်လာသဖြင့် ရွာဘုန်းကြီးကျောင်းအနောက်ဘက် ကပ်ရက် လမ်းဘေးက ကုက္ကိုလ်ပင်ကြီး အကြောင်းမေးလိုက်မိပါသည်။ ” ခုတ်ပစ်လိုက်ပြီးပြီကား။ မရှိတော့ဘူး။ခုတ်ဆို ဟိုဘက်ရွာက လူတစ်ယောက်ကို ဆယ်သိန်းနဲ့ ရောင်းတာ” ဟု သူက ပေါ့ပေါ့ပါးပါးအသံဖြင့် ပြောဆိုပါသည်။ အစ်မဖြစ်သူက ပေါ့ပေါ့ပါးပါးအသံဖြင့်ပြောဆိုလိုက်သော်လည်း ကျွန်တော့်စိတ်ထဲမှာ မပေါ့ပါးနိုင်ပါ။ နှမျောစိတ်၊ လွမ်းမောစိတ်တွေဖြစ်လျက် နေပါတော့သည်။ ထိုကုက္ကိုလ်ပင်ကြီးအောက်မှာ ကျွန်တော်တို့ကလေးဘဝက မောင်နှမတွေအတူကစားခဲ့ကြသည်။ သူငယ်ချင်းတွေနှင့်ထိုအပင်အောက်မှာပင်ချိန်းဆို တွေ့ဆုံခဲ့ကြရသည်။ ကျွန်တော်တို့မောင်နှမတွေ ထိုအပင်ကြီးအောက်မှာပင် စက်ဘီးစီသင်ပြီး စက်ဘီးစီးတတ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျွန်တော်တို့ငယ်ဘဝကစ အပင်ကြီးအဖြစ်ရှိနေနှင့်ပြီး သက်တမ်းဘယ်လောက်မှန်းမသိသည့် ဘိုးဘွားသစ်ပင် ၁၀ ပင်လောက် ကျွန်တော်တို့ရွာကလေးမှာရှိပါသည်။ ရွာမြောက်ဘက်အဝင်က စိမ်းစားသရက်ပင်ကြီးတစ်ပင်၊ မြစ်ကမ်းပါးဘေးက မန်ကျည်းပင်ကြီးနှစ်ပင်၊ ဘုန်ကြီးကျောင်းအနောက်ဘက်က ကုက္ကိုလ်ပင်၊ ဘုန်းကြီးကျောင်းနှင့်စာသင်ကျောင်းကြားက အောင်းပင်ဟုခေါ်ကြသည့် သရက်ပင်ကြီးသုံးပင်၊ စာသင်ကျောင်းဝင်းထဲက လက်ပံပင်ကြီးတစ်ပင်၊ […]