Author Posts

ပျောက်ဆုံးဖို့အန္တရာယ်ကြုံတွေ့လာနိုင်တဲ့ နိုင်ငံတော်ရဲ့သဘာဝအမွေတစ်ခု

ပြက္ခဒိန်တစ်ခုမှစခဲ့တဲ့ သမိုင်းကြောင်းတစ်ခု ၁၉၈၃ ခုနှစ်တွင် ပန်းရိုးမနှင့်ရွှေမင်းဝံပြက္ခဒိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ တွင်းတောင် အင်းရဲ့ဓာတ်ပုံပါရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ထိုအချိန်က မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကထိက ဒေါက်တာမင်းသိန်း တွေ့မြင်ခဲ့ပါတယ်။ ဓာတ်ပုံမှာ မြင်တွေ့ရတဲ့အနေအထားအရ တွင်းတောင်အင်းတွင် စပီရူလိုင်းနား စိမ်းပြာရေညှိများရရှိနိုင်ကြောင်း သုံးသပ်မိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါက်တာမင်းသိန်း ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ ကျောင်းသူကျောင်းသားတွေဟာ သုတေသနလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ထုတ်လုပ်မှုနဲ့ အသုံးချမှုလုပ်ငန်းတွေကို သုတေသန ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတော့တယ်။ ၁၉၈၅ ခုနှစ် ဝန၃်ကြီးဌာနကိုယ်စားလှယ်များပါဝင်ပြီး ထပ်မံ သုတေသနလုပ်ငန်းများ ထပ်မံ ဆောင်ရွက်နိုင်ရန် လေ့လာစီစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြန်ပါတယ်။ ဒီနောက် ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(BPI)မှာပဲ စပီရူလိုင်းနားဌာနခွဲတစ်ခုအဖြစ် စတင် ထူထောင်နိုင်ခဲ့ပါတယ်။ […]

ပိုးစုန်းကြူးလေးတွေ ပျောက်ကုန်ပြီလား

ကျွန်‌ဝောာ်တို့ပတ်၀န်းကျင်မှာ ပိုးစုန်းကြူးလေး တွေကို မတွေ့ရတော့ပါဘူး။ ဘာလို့လဲ? မျိုးတုန်းကုန်တာလား? ဒီနေ့ တနသ်ာရီဂျာနယ်မှာ ဒီအကြောင်းလေးရှင်းပြထားတာတွေ့လို့ စိတ်၀င်စားပြီး google မှာပါရှာဖတ်ကြည့်မိတယ်။ ပိုးစုန်းကြူးတွေက နွေဦးရာသီရဲ့ပိုးကောင်လေးတွေပါ။မကြာခင်ရောက်လာတော့မယ့် နွေဦးကစလို့ June လ လောက်ထိ ပိုးစုန်းကြူးတွေ ပေါ်လာတက်တဲ့ရာသီပါပဲ။ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၂,၀၀၀ ၀န်းကျင်လောက်ရှိပါတယ်တဲ့ ။အကောင်အကြီးအသေးရှိတယ်။တချို့က ပန်း၀တ်ရည်ကိုစားတယ်။ဘက်တီးရီးယားစားတယ်။ တချို့ ပိုးစုန်းကြူးတွေက အချင်းချင်းပြန်စားကြပါတယ်။ ပိုးစုန်းကြူးတွေဟာ ဒိုင်နိုဆောတွေနဲ့ခေတ်ပြိုင်လို့တောင်ပညာရှင်တွေကဆိုပါတယ်။သူတို့ ကမ္ဘာပေါ်မှာ ရှိခဲ့တာ နှစ်သန်းပေါင်း 100 ကျော်ပါပြီတဲ့။ ဒါပေမယ့် လူသားတွေအနေနဲ့ ဒီ‌သက်တမ်းရင့် ပိုးကောင်ငယ်တွေကို ထိန်းသိမ်းဖို့၊ကြင်နာဖို့ ပျက်ကွက်ခဲ့ကြပါတယ်။ သိပ္ပံပညာရှင်တွေကိုယ်တိုင်တောင် 2018 ခုနှစ်လောက်မှ ပိုးစုန်းကြူးတွေပျောက်ကွယ်လာတာကိုအရေးတကြီး အဖြစ် သုတေသနတွေပြုကြ။ထိန်းသိမ်းဖို့ စာတမ်းတွေဖတ်ကြ။အဖွဲ့တွေဖွဲ့ကြနဲ့ လှုပ်ရှားလာခဲ့တယ်လို့ The Guardian သတင်းစာက ဆိုပါတယ်။ ဒီသုတေသနတွေလုပ်ပြီးမှပဲ ပညာရှင်တွေဟာ […]

ကမ္ဘာကြီးပူနွေးစေတဲ့ မီသိန်းကို ရှင်းထုတ်နိုင်တော့မှာလား

ကာဗွန်ဒိုင်အောက်ဆိုက်ထက် ကမ္ဘာကြီးကို ပိုပူစေတဲ့ မီသိန်းကို ရှင်းနိုင်ဖို့နည်းလမ်းရှာ ယနေ့ ကမ္ဘာကို ခြိမ်းခြောက်နေတဲ့ ကမ္ဘာ့အပူချိန် မြှင့်တက်လာမှုပြဿနာက ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ကြောင့်လို့ အများကထင်မှတ်နေချိန်မှာ သိပ္ပံပညာရှင်တစ်စုက ကာဗွန်ဒိုင်အောက်ဆိုက်ထက် စွမ်းအားအဆ ၃၀ ကျော်ပိုများတဲ့ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကလည်း အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်တယ်လို့ ဇွန်လ ၁၅ ရက်ကထုတ်တဲ့ အမျိုးသားသိပ္ပံ အကယ်ဒမီဂျာနယ်မှာ ဖော်ပြထားပါတယ်။ ကမ္ဘာ့ လေထုထဲကို မီးတောင်ပေါက်ကွဲခြင်းလို ဖြစ်စဉ်ကနေ မီသိန်းဓာတ်ငွေ့တွေရောက်သွာတာထက် လူသားတွေရဲ့ နေ့စဉ​် လှုပ်ရှားမှုကနေ ရောက်သွားတာကပိုပါတယ်လို့ သူတို့ကဆိုပါတယ်။ သဘာဝမှာက ပင်လယ်သမုဒ္ဒရာထဲက အဏုဇီဝကောင်တွေက အဲ့ဒိမီသိန်းတွေကို စားသောက်လိုက်ခြင်းဖြင့် လေထုထဲရှိ ကမ္ဘာကြီးကိုပူနွေးစေမယ့် မီသိန်းပြင်းအားကို လျှောချပေးနိုင်ပါတယ်။ အဲ့ဒိအချက်ကို ကိုင်ပြီး သိပ္ပံပညာရှင်တစ်စုက ပင်လယ်ရေအောက်ကြမ်းပြင်က အဏုဇီဝကောင်တွေကို လေ့လာရေးလုပ်တဲ့အခါမှာ […]

ဒုဋ္ဌဝတီ

တောင်ကို လက်ဆွဲတက်နေတဲ့ သစ်ပင်နဲ့ တောင်ကို ဆင်းနမ်းနေတဲ့ တိမ်ဆိုင်နဲ့ တောင်ကို ကွေ့ဆင်းနေတဲ့ လမ်းခရီးနဲ့ တောင်ကို ခြဲထြက္သြားတဲ့ လမ်းမကြီးနဲ့ တောင်ကို ဖမ်းယူနှုတ်ဆတ်နေတဲ့ ရေစိမ်းစိမ်းနဲ့ ဒုဋ္ဌဝတီဟာ ခွဲခွာခြင်း သင်္ကေတဖြစ်သလို ရှမ်းပြည်နှစ်ခု ပေါင်းဆုံပေးရာတံတား မြစ်က ကျဉ်းတယ် ရေစီးက သန်တယ် ဖြတ်ကူးသွားမယ်ဆို စိတ်ခိုင်ခိုင်ထားဖို့လည်းလိုတယ်။ သုခေတ်အိမ် 23.4.2018

ဟာရီကိန်း အိုင်ဒါ အပြီးမှာ လင်းပိုင်တွေ သောင်တင်လို့ ကယ်တင်နေရ

လူဝီစီယားနား ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်သွားသော ဟာရီကိန်း အိုင်ဒါကြောင့် ရေကြီးရေလျှံမှု ဖြစ်ကာ အဆိုပါ ရေနဲ့ ရောပါလာတဲ့ လင်းပိုင် အချို့ ရေကျချိန်မှာ ပြန်မပါသွားဘဲ ကုန်းပေါ်မှာ သောင်တင်နေလို့ ကယ်ဆယ်ရေးအဖွဲ့ တွေက သူတို့ ပင်လယ်ထဲကို ပြန်လွှတ်ပေးခဲ့ရပါတယ်။ လူဝီစီယားနားပြည်နယ်သားတွေအတွက် လင်းပိုင်း ကို ကုန်းပေါ်မှာ ပထမဆုံးမြင်တွေ့ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ တစ်ပတ်လုံး လင်းပိုင်တွေအကြောင်းပြော မဆုံး ဖြစ်ခဲ့ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်းကို တော့ အမေရိကန် အဏ္ဏဝါ သက်ရှိကယ်ဆယ်ရေးအဖွဲ့ များပေါင်းပြီး လုပ်ခဲ့ကြပါတယ်။ Sea Wild ကယ်ဆယ်ရေးအဖွဲ့ က သောင်တင်နေတဲ့ လင်းပိုင်တွေ ကို ရေကန်တင်ထားတဲ့ ထရက်ကားတွေ ထဲကို တင်ပြီး တိရိစ္ဆာန်ကု ဆေးရုံကို ခေါ်သွားပြီး ဆေးဝါးကုသမှုတွေကို လုပ်ပေးပြီးမှာ သူတို့ကို […]

စစ်ဖြစ်ခဲ့တဲ့ မြေတွေမှာ အဆိပ်အတောက်ဖယ်ရှားနိုင်ဖို့ မြက်မျိုးတစ်မျိုး ဖန်တီး

စစ်တွေဖြစ်ခဲ့တဲ့ မြေတွေမှာ ဗုံးဆန်ကျည်ဆန်တွေကြောင့် မြေကြီးတွေက RDX လို့ခေါ်တဲ့ အဆိပ်သင့်ပြီး ကျန်ခဲ့ပါတယ်။ ပေါက်ကွဲပြီး တွင်းတွေ ချိုင့်တွေဖြစ်ခဲ့တဲ့ မြေတွေ ယမ်းတွေကြောင့် မြေကြီးက အဆိပ်သင့်ခဲ့လို့ အဲ့ဒိမြေတွေကို ပြုပြင်ပြီး စိုက်ပျိုးရေးလုပ်တယ်ဆိုရင် အပင်တွေမှာ အဆိပ်အတောက် မကင်းနိုင်ဘူးဖြစ်နေပါတယ်။ အဲ့လိုမြေမျိုးကိုပြန်လည်သန့်စင်ဖို့အတွက် ယောက်ခ်တက္ကသိုလ်က ရုက္ခပညာရှင်တွေ စုစည်းပြီး ( panicum virgatum) မြတ်မျိုးကို မျိုးရိုဗီဇပြုပြင်ပြီး မြေဆီသန့်စင်အောင်လုပ်နိုင်ခဲ့ပါတယ်။ မြက်ကို ကျနော်တို့ ကမ္ဘာမှာ မြေဆီလွှာတိုက်စားမှု မရှိအောင်အဓိက စိုက်ပျိုးခဲ့တာပါ။ အခုတော့ မြတ်ပင် တွေကို ဟိုက်ဒရိုဂျင်စုဆောင်းဖို့နဲ့ မြေဆီသန့်စင်ဖိုပအတွက်ရည်ရွယ်ပြီး မျိုးရိုးဗီဇပြင်ကာ စိုက်ပျိုး လာကြပါပြီ။ ဒုတိယကမ္ဘာစစ်နဲ့ ပြည်တွင်းစစ်တွေအတွင်းမှာ သုံးခဲ့တဲ့ လက်နက်ခဲယမ်းမီးကျောက် တွေမှာ RDX က အဓိကအစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။ […]

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့

ကမ်းခြေပေါင်း(၃၀)ကျော်ပိုင်ဆိုင်ထားတဲ့ ထားဝယ်မြို့ အာဆီယံအမှိုက်ကင်းစင်ဆုံးဆုရတဲ့မြို့။တနသာင်္ရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိတဲ့ကမ်းခြေလေးပါ။အရေးတော်ပုံကြီးပြီးသွားရင် လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ဗျာ။ #Dawei #LaungLon #ThaintharyiRegion #Myanmar #Burma #Tavoy #SouthernMyanmar #BeautifulDaweiBeach #BeautifulMyanmar #photocrdAungThuPhyo

မျှော်လင့်သစ်ပင်

သူနမ်းလျှင် ပန်းပွင့်ဖြစ် သူပစ်တော့ ဝါရွက်ကြွေ.. မျှော်လင့်ခြင်း ဆိုတဲ့အပင်အောက် ခင် လျှောက်ရင်း.မြင်စေ.. ပန်းမပွင့်တဲ့ အခန်းဆက်နွေ အလွမ်း ရွက်တွေကြွေနေရဲ့။ အပင်ရင်းမှာတော့ ခင်နင်းလျှင်ရွက်ကြွေပျောက် ခင်လျှောက်မှရွက်ကြွေစင် ရက်ရှည်ပင် မညှိုးခြောက်သေးပါဘူး… မိုးပေါက်ကလေးလို ခင်သာနမ်းလျှင်.. ပန်းပွင့်ဝေမတဲ့။ မောင်စိန်ဝင်း(ပုတီးကုန်း) (သမုဒယနှင်းဆီပြာ ကဗျာပေါင်းချုပ် မှ)

ပလပ်စတစ် အစားထိုး ရေမှာပျော်နိုင်တဲ့ ကြွပ်ကြွပ်အိတ်ကို အင်ဒိုနီးရှားမှာ ထွင်နိုင်ပြီ

ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပရိုဂမ် ( UNEP) ရဲ့အစီရင်ခံစာအရ ကမ္ဘာမှာ ပလပ်စတစ်ကို နှစ်စဉ်တန် ၃၀၀ ကျော်ထုတ်လုပ်နေပါတယ် ၊ ပြန်သုံးလို့ ရတာ၉% ပဲရှိပါတယ်။ ကျန်တဲ့ ၉၀% ကျော်က အမှိုက်အဖြစ်နဲ့ မြေပြင်ပေါ်မှာ ရေထဲမှာ ရောက်သွားတာပါ။ အခုတော့ သမုဒ္ဒရာတွေထဲကို ကမ္ဘာကမြစ်ကြီးတွေက ပလက်စတစ်တွေကို သယ်ယူပြီးပို့ချပေးနေပါတယ်။ အေဗာနီအီကို လို့ခေါ်တဲ့ အင်ဒိုနီးရှားကုမ္ပဏီတစ်ခုက ပလက်စတစ်ကြွပ်ကြွပ်အိတ်ကို အစားထိုးဖို့အတွက် နည်းပညာတစ်ခုကိုသုံးပြီး ရေထဲမှာပျော်တဲ့ ကြွပ်ကြွပ်အိတ် တစ်မျိုးကို တီထွင်နိုင်ခဲ့ပါတယ်။ အေဗာနီက သူတို့ ဝက်ဘ်ဆိုက်မှာ ကျနော်တို့ တစ်ခါသုံး ကြွပ်ကြွပ်အိတ်တွေကို စားထိုးနိုင်ပါပြီ။ သဘာဝဘေးအန္တရာယ်လည်မဖြစ်ဘူး ၊ အဆိပ်လည်း မသင့်နိုင်ဘဲ။ မီးရှို့စရာလည်းမလိုဘူး၊ ရေနဲ့ဖျော်လိုက်တာနဲ့ ရေထဲမှာ ပျော်ဝင်သွားလို့ စွန်ကပစ်ရတာမခက်ခဲတော့ ဘူး […]