Author Posts

ဧရာဝတီမြစ်ဆုံဒေသ ထာဝရဘေးကင်းပါစေ

အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက်အထိ မြစ်ကြီးနားမြို့နဲ့ ဧရာဝတီမြစ်ဆုံဒေသမှာ ပြုလုပ်တဲ့ မြန်မာ အစိမ်းရောင်ကွန်ရက်ရဲ့ ငါးကြိမ်မြောက်တွေ့ဆုံပွဲကြောင့် မြစ်ဆုံဒေသကို ဒုတိယအကြိမ်ရောက်ဖို့ အကြောင်း ဖန်လာခဲ့ပါတယ်။ မြန်မာအစိမ်းရောင်ကွန်ရက် ငါးကြိမ်မြောက်တွေ့ဆုံပွဲ ပထမနေ့ကို မြစ်ကြီးနားမြို့ မြို့တော် ခန်းမမှာ ပြုလုပ်ပြီး ဒုတိယနေ့(အောက်တိုဘာ ၂၉ ရက်)ကို မြစ်ဆုံမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်က မြန်မာအစိမ်းရောင်ကွန်ရက်တွေ့ဆုံပွဲတွေတိုင်း မီဒီယာတာဝန်ခံအဖြစ်တာဝန်ယူရသလို တွေ့ဆုံပွဲနဲ့ပတ်သက်တဲ့ News Letter ကိုလည်း နှစ်စဉ်တာဝန်ယူ ထုတ်ဝေပေးခဲ့ပါတယ်။ ဒီနှစ်လည်း တွေ့ဆုံပွဲပထမနေ့အတွက် အစိမ်းရောင်သတင်းလွှာလို့ အမည်ပေးထားတဲ့ News Letterလေး ထွက်နိုင်အောင် ကြိုးစားနေရတာကြောင့် အောက်တိုဘာ ၂၈ ရက်တစ်ညလုံး တစ်ရေးမှ မအိပ်လိုက်ရပါဘူး။ ဒါကြောင့် ကျွန်တော်ရယ်၊ ဓာတ်ပုံဆရာ ဒီဇိုင်နာ ကိုလင်းအောင်ပြည့်ရယ်၊ ပြည်မြို့ […]

ဆိုလာပါဝါကို အိန္ဒိယက နိုင်သွားပြီလား

မြန်မာစာမှာ ပြဒါးသေ တစ်ဆွေ၀ ၊ သံသေတစ်ပြည် ၀ ဆိုတဲ့ စကားရှိပါတယ်။ ဆိုလိုချင်တာက ပြဒါးကို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း ဖန်တီးလာနိုင်ပြီဆိုရင် သောက် ဆေးဖော်တာတွေ သုတ်ဆေး ဖော်တာတွေ ကိုလုပ်နိုင်ပြီဖြစ်လို့ တစ်ဆွေတစ်မျိုး လုံးကို ဝအောင်တင်ကျွေးထားနိုင်တဲ့အပြင် ကိုယ်မျိုးဆက်ကိုလည်း ဆက်ပြီးကျွေးထားနိုင်တယ်လို့ ပြောချင်ပုံရပါတယ်။ အဲ့လိုပဲ သံကို ပုံစံအမျိုးမျိုး နဲ့ သွန်းလောင်း နိုင်ခဲ့ကြတဲ့ အင်္ဂလိပ်တွေ ၊ ဂျာမန်တွေ သူတို့ နိုင်ငံတွေ ကြွယ်ဝချမ်းသာအောင် လုပ်နိုင်တယ်လို့ပြောချင်ပုံရပါတယ်။ အခု အိန္ဒိယနိုင်ငံရဲ့ရထားပို့ဆောင်ရေး လုပ်ငန်းမှာ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်အား ထုတ်လုပ်မှု ဆိုလာပါဝါ စနစ်ကို အစားထိုးသုံးစွဲလိုက်ပြီလို့ သိရပါတယ်။ မနေ့က ဒေလီမက်ထရိုမီးရထားလုပ်ငန် က သူတို့ရဲ့ ရထားပိုကဆောင်ရေးကို ဆိုလာစနစ်နဲ့ ပဲ […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၈)

ဂျော်ဒန်မြစ်(Jordan River) —————————- ဂျော်ဒန်မြစ်သည် ပါလက်စတိုင်း၊ ဆီးရီးယား၊ အစ္စရေးလူမျိုးများမှီခိုနေရသော ဂျော်ဒန်၏ မြစ်တစ်စင်းဖြစ်သည်။ သို့သော် မြစ်ကို မှီခိုနေရသူများကပင် မြစ်ကို ညစ်ညမ်းစေကာ မြစ်အတွင်း အညစ်အကြေးမျိုးစုံကို စွန့်ပစ်နေကြသည်။ ထိုအရာက ရေ၏ ဆားငန်ဓာတ်ကိုတိုးလာစေသည်။ ထိုသို့ ဖြစ်ရသည်မှာ မြစ်ကြောင်းတစ်လျှောက်တွင် ဒုက္ခသည်များနှင့် လူဦးရေတိုးပွားလာခြင့်လည်း သက်ဆိုင်သည်။ Friends Of Earth East Middle East ၏ အဆိုအရ မြစ်၏ ညစ်ညမ်းမှုသည် မိလ္လာအညစ်အကြေးများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများဖြစ်သော ပိုးသတ်ဆေး၊ ဓာတ်မြေဩဇာနှင့် ငါးမွေးမြူရေးလုပ်ငန်းများမှ ဟော်မုန်းအများအပြားပါဝင်သော စွန့်ပစ်အညစ်အကြေးများကြောင့်ဟု ဆိုသည်။ မြစ်ရေညစ်ညမ်းမှုကြောင့် ခရစ်ယာန်ဘာသာဝင်များနှင့် ဘုရားဖူးမ်ားကို မြစ်အတွင်း အပြစ်ဆေးကြောခြင်းနှင့် နှစ်ခြင်းခံယူမှုများမပြုလုပ်ကြရန် အစ္စရေး ကျန်းမာရေးဝန်ကြီးဌနက တောင်းဆိုခဲ့ဖူးသည်။ #ကေဇက်အေ-ရေးသည် #Greenness […]

ရာသီဥတုပြောင်းလဲတယ်ဆိုတာ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာဖို့ မီးမွှေးလိုက်တာပါပဲ

ရာသီဥတုပြောင်းလဲမှုဆိုတာက အင်္ဂလိပ်စကားကို တိုက်ရိုက်ဘာသာပြန်ပြီးပြောလို့ နားလည်မှု ရှုတ်ထွေး နိုင်ပါတယ်။ မြန်မာလို ရှင်းရှင်းလင်းပြောရရင် ရာသီဥတုဖောက်ပြန်မှုပါပဲ။ ဆိုလိုချင်တာက မိုးရွာရမယ့်အချိန် မိုးမရွာဘူး ၊ ရွာပြန်ရင်လည်း မဟားဒယားရွာတာတွေက ရာသီဥတုဖောက်ပြန်တာပါ။ နှင်းကျရမယ့်အချိန်မှာ နှင်းမကျဘူး ။ရန်ကုန်မှာ နှင်းကောင်းကောင်း မကျတာ ၁၀စုနှစ်တစ်ခုလောက်ရှိနေပြီ။ အဲ့ဒါကို ရာသီဥတု ဖောက်ပြန် တယ်လို့ ခေါ်ပါတယ်။ ရာသီဥတုပြောင်းလဲမှု ကို အစဆွဲနေတာက ကမ္ဘာကြီးပူးနွေးလာမှုပါပဲ ။ ကမ္ဘာကြီး ပူနွေးလာအောင် လူသားတွေက ကမ္ဘာလေထုထဲကို အပူကို စုပ်ယူထားနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လို ဖန်လုံအိမ် ဓာတ်ငွေ့တွေကို အရမ်းကာရော ထုတ်လွှတ်နေတဲ့အတွက်ကြောင့်ပါပဲ။ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုက လူသားတွေကြောင့်ဆိုရင် စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံတွေက ဖန်လုံဓာတ်ငွေ့တွေ ထုတ်လွှတ်ကြောင့် လို့အပြစ်တင်လို့ ရသလို ၊ ကာဗွန်တွေကိုစုတ်ယူမယ့် သစ်ပင်တွေကို […]

ဓာတုကင်းစင်သော နိုင်ငံတော်ဆီသို့

အိန္ဒိယနိုင်ငံမဟာရက်ရှ်ထရပြည်နယ်မှာဇူလိုင်နောက်ပိုင်းမှစတင်ပြီးလယ်သမားအနည်းဆုံး ၅၀ ခန့်ဟာပိုးသတ်ဆေးအဆိပ်သင့်မှုကြောင့် သေဆုံးနေရတယ်လို့ နိုင်ငံတကာသတင်းတွေမှာရေးသားနေတာတွေ့ရ ပါတယ်။ သေဆုံးမှုအများစုဟာယာဗက်မယ်ခရိုင်ကတောင်သူတွေဖြစ်ပါတယ်။ အဲဒီဒေသဟာဝါဂွမ်းအဓိကစိုက်ပျိုးရာဒေသဖြစ်ပြီးလယ်သမားတွေ မိမိကိုယ်ကိုယ် အဆုံးစီရင်မှုတွေကြောင့် သတင်းတွေထဲမှာမကြာခဏ မြင်တွေ့နေရတဲ့ဒေသဖြစ်ပါတယ်။ ဇူလိုင်နဲ့စက်တင်ဘာလအတွင်းမှာပဲအဲဒီဒေသမှာရှိတဲ့လယ်သမား ၈၀၀ ကျော်ကိုဆေးရုံတင်ပို့ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။အဓိကအားဖြင့် ဝါဂွမ်း၊ ပဲပိစပ်နှင့် အခြားပဲအမျိုးမျိုးစိုက်ပျိုးတဲ့ ယာဗက်မယ်ခရိုင်ကလယ်သမားတွေကပိုးသတ်ဆေးအမျိုးမျိုးကိုရောနှောသုံးစွဲပြီးအမှုန့်နဲ့အရည်နှစ်မျိုးစလုံးကိုအသုံးပြုခဲ့တာပါ။ သူတို့တွေဟာဝါဂွမ်းသီးနှံတွေကိုဖျက်ဆီးတဲ့ပိုးတွေရဲ့ တိုက်ခိုက်မှုဒဏ်ခံနိုင်ရည်ရှိအောင်မျိုးဗီဇပြုပြင်ထားတဲ့ ဝါမျိုးတွေကိုလည်းစိုက်ပျိုးကြပါတယ်။ဒါပေမဲ့လည်းဝါသီးဖျက်ပိုးတွေကအခုနှစ်မှာဝါခင်းတွေကိုဖျက်ဆီးလာတဲ့အတွက် ပိုးသတ်ဆေးတွေကိုပိုမိုအသုံးပြုနေကြရပါတယ်။ အဲဒီဒေသတွေမှာဇူလိုင်လနောက်ဆုံးပတ်ကနေစပြီးပိုးသတ်ဆေးအဆိပ်သင့်မှုကိုဒေသခံဆရာဝန်တွေကမသင်္ကာဖြစ်ခဲ့တယ်။ အဲဒီကာလအတွင်းလူနာ၄၁ဦးကပိုးသတ်ဆေးအဆိပ်သင့်မှုနဲ့ အလားသဏ္ဌာန်တူတဲ့ရောဂါလက္ခဏာတွေနဲ့ ဆေးရုံရောက်လာခဲ့တယ်။အဲဒီလူနာတွေမှာမူးမော်ခြင်း၊အန်ခြင်း၊အသက်ရှူပြဿနာ၊အမြင်အာရုံဝေဝါးခြင်းနဲ့ကြောင်တောင်တောင်ဖြစ်နေခြင်းစတဲ့လက္ခဏာတွေ တွေ့ရတယ်။သြဂုတ်မှာအဲဒီလိုလူနာအရေအတွက်၁၁၁ဦးရှိခဲ့ရာမှ စက်တင်ဘာမှာနှစ်ဆကျော်များလာပြီး၃ဝဝအထိရှိလာခဲ့တယ်။ဆေးရုံမှာကုသမှုခံယူနေရတဲ့ တောင်သူတွေအနက်အနည်းဆုံး၁ဝဦးဟာအရေးပေါ်ခန်းမှာအသက်လုနေရပြီး၂၅ဦးခန့်ဟာအမြင်အာရုံချို့ယွင်းမှုတွေ ခံစားနေရပါတယ်။ ဒီအကြောင်းကိုအောက်တိုဘာလမှာ ကြားသိခဲ့ရတာပါ။ အိန္ဒိယလယ်သမားတွေ ပိုးသတ်ဆေးကြောင့် အသက်ဆုံးရှုံးနေရတယ်ဆိုတော့ စာရေးသူအံ့သြမိသလိုအနည်းတုန်လှုပ်သွားမိပါတယ်။ ဘာကြောင့်လဲဆိုရင် အိန္ဒိယဟာနည်းပညာ၊ စက် အင်အား၊ လူအင်အား၊ ငွေအင်အားစသဖြင့် ပြည့်စုံတဲ့အပြင် ဓာတုကင်းစင်စိုက်ပျိုးရေး၊ အော်ဂဲနစ်စိုက်ပျိုးရေးကိုလည်းအင်တိုက်အားတိုက်လုပ်နေတဲ့ နိုင်ငံဖြစ်နေလို့ပါပဲ။ မြန်မာပြည်ကလည်းစိုက်ပျိုးရေးနိုင်ငံဖြစ်ပြီးလယ်သမား ၇၀ ရာခိုင်နှုန်းလောက် ရှိနေတဲ့နိုင်ငံဖြစ် ပါတယ်။ ဒီ့အပြင် […]

တရုတ်နိုင်ငံမှာ ခေတ်စားလာတဲ့ လယ်သမားသစ် လှုပ်ရှားမှု

လွန်ခဲ့တဲ့ အနှစ် ၄၀ ၊ ၅၀ လောက်က တရုတ်ကွန်မြူနစ်အစိုးရက မြို့ပြထွန်းကားရေး နဲ့ ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးကိုဇောင်းပေးပြီး ဆိပ်ကမ်းမြို့တွေ နဲ့ စီးပွားရေး ဇုံတွေကို တိုးချဲ့က ပြည်တွင်း အခြေခံ အဆောက်အအုံ တွေကိုတိုးမြှင့်ခဲ့ပါတယ်။   မြို့ပြစနစ်တွေ ထွန်းကားလာပြီးနောက် မြို့ပြ ယဉ်ကျေးမှုစနစ်နဲ့ လူတွေက စက်ရုပ်တွေ သဖွယ် အလုပ်တွေကို လုပ်ကိုင်လာရပါတယ်။ မြို့ပြတွေမှာ လုပ်သားအင်အားတွေ တိုးအောင်လို့ ရွှေ့ပြောင်း တွေကို မြို့ပြမှာအခြေစိုက်ခွင့်ပေးလိုက်တဲ့အတွက် လုပ်သားတွေက အလုပ်အတွက် ယှဉ်ပြိုင်မှုတွေများလာရပါတယ်။   ခေတ်မီလူ့အဖွဲ့အစည်းကြီး တွေတစ်ခုပြီး တစ်ခုဖြစ်လာပြီးနောက်မှာ အလုပ်လုပ်ရတဲ့ အချိန်တွေ တိုးလာသလို ရတဲ့ လုပ်အားခနဲ့ မြို့ပြ အသုံးစရိတ်တွေက ပိုပိုလျှံလျှံ မဖြစ်တော့ပါဘူး ။ အဲ့ဒိတော့ မြို့ပြက […]

ကျိန်စာ

မိုးရွာခြင်းအကျိုးတရားဆိုတာလည်း ခိုင်လုံတဲ့အကြောင်းတရားကိုယ်စီနဲ့။ လေတိုက်တော့လည်းအတူတူ။ မိုးနတ်သားလေနတ်သားဆိုတာ ညီမျှခြင်းကိုချောင်မှာထိုး ထင်ရာကိုအစိုးမရသူရယ်မဟုတ်ခဲ့ပါဘူး။ ရိုးရိုးသားသားလေးပါပဲ စဉ်းစားပါ ဆင်ခြင်ပါ ကိုယ့်မျက်နှာပေါ်ကျတဲ့တံတွေးစက်က ကိုယ်ကိုတိုင်ပက်လက်လှန်မထွေးခဲ့တာ သေချာရဲ့လား။ ခုတော့ … ကိုယ်ထိုင်တဲ့ကိုင်းကိုမချိုင်သင့်တော့ကြောင်း တဇွတ်ထိုးရာသီဥတုများ အလွဲလွဲအမှားမှားနဲ့ တို့တတွေအနားမှာလမ်းသလားရင်း နာဂစ်ဆိုတဲ့ဓာတ်ပြားဟောင်းက သတိပေးလို့တံခါးခေါက်ပြထားလေရဲ့။ ခို င် လွ င် ကောင်း ဇံ

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၇)

မစ္စစ္စပီမြစ်(Mississippi River) ——————- မစ္စစ္စပီသည် အမေရိကန်ရှိ လူသန်းပေါင်းများစွာ မှီတင်းနေထိုင်ရသော မြစ်တစ်စင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် အရှည်ဆုံးမြစ်များထဲမှ တစ်ခုဖြစ်သည်။ သို့သော် စိတ်ပျက်စရာကောင်းသည်မှာ မြစ်ရေသည် သန့်ရှင်းမှုနည်းကာ စွန့်ပစ်ပစ္စည်းများ အဆက်မပြတ် စီးဆင်းနေပြီး မြစ်ရေကလည်း မည်းညစ်နေသည်။ ယခင်က ရေနံယိုဖိတ်မှု အမျိုးမျိုးကြောင့် မြစ်ကမ်းရှိ ရေနေသတ္တဝါများ သိသိသာသာ လျော့ပါးလာခဲ့သလို အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို အသုံးပြု၍ မြစ်ထဲသို့ စွန့်ထုတ်သည့် စက်မှုလုပ်ငန်းများနှင့် တောင်သူများထံမှ အမှိုက်များကလည်း မြစ်အတွင်း နေရာယူထားကြသည်။ ထို့အပြင် ဆိုးရွားသည်မှာ မြစ်ထဲတွင် နိုက်ထရိုဂျင်အခြေခံ ဓာတ်မြေဩဇာများ စိမ့်ဝင်ပျံ့နှံ့နေပြီး အစာကွင်းဆက်(Food Chain)ကို ပျက်စီးစေခြင်းဖြစ်သည်။ ထိုအရာက ရေထဲတွင် အောက်ဆီဂျင်ပမာဏ လျော့နည်းသွားစေကာ ရေနေသတ္တဝါများကို သေကြေပျက်စီးစေသည်။ ကေဇက်အေ-ရေးသည် #Greenness photo:internet