Author Posts

ကြွေလွင့်ရပြန်ပြီ ကြယ်တစ်ပွင့်

သည်နေ့ ကျွန်တော့် အလုပ်နားရက်ဖြစ်သည်။ ရုံးအလုပ်၊ သတင်းစာအလုပ် နားသော်လည်း ကျွန်တော် အနားမယူဖြစ်။ နံနက်မိုးလင်း ပုံမှန်အလုပ်များ ပြုလုပ်ပြီးသည်နှင့် စာကြည့်စားပွဲ ထိုင်သည်။ စာရေး၊ စာဖတ် ပြုလုပ်ရန် ပြင်ဆင်သည်။ စျေးက ဝယ်လာသော ဗုဒ္ဓဟူးနေ့ထုတ် 7Day သတင်းဂျာနယ်ကို ဖတ်သည်။ ထို့နောက် အင်တာနက်ပေါ်က သတင်းများကို လိုက်ကြည့်ဖြစ်သည်။ ထိုသို့ကြည့်နေရင်း တစ်နေရာအရောက် ကျွန်တော့် အကြည့်များ ရပ်တန့်သွားသည်။ လက်ကလည်း နောက်ထပ်သတင်းများဆီသို့ မရွေ့တော့။ သတင်းကို သေချာအောင် နောက်တစ်ခေါက် ဖတ်မိသည်။ “FREDA ဥက္ကဋ္ဌဟောင်း ဆရာကြီး ဦးအုန်း ဆုံးရှာပြီ” တဲ့။ ထိုသတင်းကို ဖတ်ပြီး ကျွန်တော် ဝမ်းနည်းကြေကွဲရသည်။ နှမြောတသ ဖြစ်မိသည်။ စာလည်း ရေးချင်စိတ် မရှိတော့။ သူနှင့်ထိတွေ့ […]

လောကကြီးကို အလှဆင်ပါ

သစ်ပင်တို့သည် လောကကြီးကို အလှဆင်ကြသည့် သဘာဝအဆင်တန်ဆာဖြစ်သလို လူသားနှင့် တကွသော သတ္တလောကကြီး တခုလုံးတို့၏ မှီခိုအားထားရာလည်း ဖြစ်ပါသည်။ သာမာန်အားဖြင့် ကြည့်လျှင် သစ်ပင်တို့၏ အကျိုးပြုမှုသည် မထင်ရှားသော်လည်း အမှန်စင်စစ် သစ်ပင်သည် တစ်ဦးတစ်ယောက်အတွက် သာမက ပတ်ဝန်းကျင် လောကကြီးတခုလုံး အတွက်ပါ အကျိုးများစွာ ပြုနေသည်ကို တွေ့ရပေလိမ့်မည်။ သတ္တဝါတို့၏ ရှင်သန်မှုသည် သစ်ပင်တောတောင်တို့နှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ သစ်ပင်သည် လောကကြီးကို များစွာ အကျိုးပြုသည်ဖြစ်၍ အများ၏ အားကိုးအားထားရာ ဖြစ်သောကြောင့် “သစ်တစ်ပင်ကောင်း ငှက်တသောင်းတောင် နားလို့ရသည်”ဟုပင် ပြောစမှတ်ပြုကြပါသည်။ လူတို့၏ စားစာရာ၊ နေစရာ၊ ထိုင်စရာ ဝတ်စရာတို့မှ စ၍ အသုံးအဆောင် အားလုံးနီးပါးသည် သစ်ပင်တို့မှ ထုတ်လုပ်၊ ရရှိသော ထုတ်ကုန်များဖြစ်ပါသည်။ လူသားတို့သည် ဆေးဝါးအတွက်လည်း […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြည်သူနဲ့အလှမ်းမဝေးစေချင်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး.. သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တဲ့။ အခုနောက်ပိုင်းကာလတွေ မှာ ပညာတတ်အသိုင်းအဝိုင်း၊ NGO အသိုင်းအဝိုင်း၊ CSO အသိုင်းအဝိုင်းတွေကြား ပေါ်ပြူလာဖြစ်နေလာတဲ့ စကားစုတစ်ခု။ ဒီစကားစုဟာ အခုမှ ကောက်ခါငင်ခါ ထပေါ်လာတဲ့ စကားစုတော့ မဟုတ်ပါဘူး။ ၁၉၈၀ ပြည့်နှစ် မှာ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှုကြောင့် ကမ္ဘာကြီးဟာ ရေရှည်ရပ်တည်ဖို့ စိုးရိမ်စရာ အနေ အထားနဲ့ ရင်ဆိုင်ကြုံတွေ့နေရလို့ သိပ္ပံပညာရှင်တွေက ကြေညာခဲ့တယ်။ အဲဒါတွေကို ထိန်းချုပ်နိုင်ဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမယ်လို့လည်း အကြံပြုပြောကြားခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဟာ ကမ္ဘာမှာ ခေတ်စားလာခဲ့တာပါ။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ နိုင်ငံတော်အစိုးရ အပါ အဝင် ပညာရှင်တွေ၊ အဖွဲ့အစည်းတွေက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဘက်စုံထောင်စုံ လုပ်ဆောင်ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း NGO အချို့က သစ်ပင်စိုက်တာ၊ အမှိုက်ကောက်တာ၊ […]

တောင်ပြာကြားမှ မလေးငယ်

ငှက်ကလေးများရဲ့ တီတီတာတာ နှုတ်ခွန်းဆက်သံက မနက်ခင်းတစ်ခုလုံးကို လတ်ဆတ်သင်းပြန့်စေတယ်။ တောရိပ်တောင်ရိပ်တွေကြား စိမ့်ဝင်စီးမျောနေတဲ့ဆောင်းက ဆောင်းပီပီသသ။ ခန္ဓာကိုယ်ပေါ် အုပ်မိုးထားတဲ့ တရုတ်ဂွမ်းစောင် အထပ်ထပ်ကိုဖောက်ဝင်ပြီး အေအးဓာတ်က အသွေအသားတွေကို နမ်းရှိုက်လို့။ ခဲကပ်ကပ်အအေး အအေးဓာတ်ကိုအံတုပြီး ဂွမ်းစောင်တွေ အောက်က ကိုယ့်ကိုယ်ကိုယ် ရုန်းထွက်လိုက်တယ်။ လေပြည်ရနံ့ကင်းတဲ့ မနက်မှာ မြူခိုးရနံ့တွေဟာ ကျွန်တော့်ဆီ ပြေးဝင်လာလေရဲ့။ အိမ်တံခါးကိုဖွင့်။ အိမ်ငယ်လေးပေါ်ကနေ ခြံထဲဆင်းလိုက်တော့ ပြာပုံဘေးမှာ ကွေးကွေးလေးခွေနေတဲ့ ခွေးပေါက်စတစ်ကောင်က ကျွန်တော့်ဆီပြေးလာပြီး လျှာနဲ့လျက် တိုးဝှေ့နှုတ်တယ်။ နှင်းမှုန်မြူခိုးတွေကြားမှာ အရွက်မပါတဲ့ သစ်ပင်အကိုင်းအခက်တွေက အဝတ်အစားမကပ်တဲ့ လက်တံရှည်တစ္ဆေတွေလို ကျွန်တော့်ကို ခြောက်လှန့်နေကြတယ်။ နေရဲ့အလင်းရောင်ကို ပိတ်ဆို့ထားတဲ့ ဖွေး ဖွေးလှုပ်မြူခိုးတွေအောက် ကျွန်တော် အသက်ရှူကျပ်နေတာ အမှန်ပဲ။ ရွာဦးဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံ ရှစ်ချက်ကြားရသည်အထိ မနက်ခင်းနေဟာ ကျွန်တော်နဲ့တောင်တန်းများရဲ့အဝေးမှာ ရှိနေတုန်းပဲ။ […]

သဘာဝပတ်ဝန်းကျင်နှင့်လူမှုဘဝအတွက် ရေးပါသောအစိမ်းရောင်ရွှေ

စက်တင်ဘာ ၁၈ရက်သည် ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ဖြစ်သည်။ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့အခမ်းအနား ကို မြန်မာနိုင်ငံရန်ကုန်မြို့ရှိရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် ကျင်းပခဲ့သည်။ ထိုနေ့ကဝါးချစ်သူများကွန်ရက်ဥက္ကဋ္ဌက ဖုန်းဆက်ပြီးအသိပေးဖိတ်ကြားခဲ့သည်။ ရွှေလက်ကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးများရေးသားနေသူအတွက် သွားသင့်သည်ဟုလည်းသူကပြောသေးသည်။(သူကရွှေလက်ကိုအခမ်းအနားမတိုင်ခင်ကပင် ဖိတ်ကြားထားခဲ့ပြီးထိုနေ့နံနက်စောစောကထပ်မံအသိပေးဖိတ်ကြားခြင်း ဖြစ်သည်။)သို့သော် ကမ္ဘာ့ဝါးနေ့အထိမ်းအမှတ်အခမ်းအနားသို့ ရွှေလက်မရောက်ဖြစ်ခဲ့ပါ။ ထို့အတွက် ဖိတ်ကြားသူများကိုအားနာမိသလိုစိတ်မကောင်းလည်း ဖြစ်ရသည်။ မြန်မာ့ဝါးနှင့်ပတ်သက်ပြီးပညာရှင်များ၏ ဆွေးနွေးမှုကိုရွှေလက် မကြားနာလိုက်ရ။ ခင်းကျင်းပြသထားသော ၀ါးအသုံးအဆောင်ပစ္စည်းများကို မမြင်လိုက်ရ။ ဖေ့စ်ဘွတ်ခ်တွင် တက်လာသည့် အခမ်းအနားပုံရိပ်များကိုသာ ကြည့်ရင်းဖြေသိမ့်ခဲ့ရသည်။ထို့နောက် ရွှေလက် သိထားသည့် မြန်မာ့ဝါးအကြောင်း အနည်းအကျဉ်းကို ပြန်ပြောချင်စိတ် ဖြစ်လာမိသည်။ ၀ါး၏ဘဝအစ ၀ါးသည် နှစ်ရှည်ခံ မြက်ကြီးမျိုးရင်း ဖြစ်သည်။ စွတ်စိုသောမုတ်သုံသစ်တောများတွင် အလွန်သန်စွမ်းသည်။ သမပိုင်းတွင် အသင့်အတင့်ကောင်းပြီးခြောက်သွေ့ပူပြင်းသောဒေသများတွင်တော့ အပင်ပုများအဖြစ် ပေါက်ရောက်တတ်သည်။ ပညာရှင်များ၏ အဆိုအရကမ္ဘာဦးကာလတွင် ၀ါး၏ဘဝသည် မော့(Moss) ရေညှိရေမှော်များမှ စတင်သည်။ […]

အမှိုက်ပြဿနာဖြေရှင်းရာတွင် အတုယူရမည့် စံနမူနာကောင်းတစ်ခု

သည်ကနေ့ ရွှေလက်တစ်ယောက်စာရေးခြင်း၊ စာဖတ်ခြင်းများကို အနားပေးပြီး 4TV မှ ထုတ်လွှင့်သည့် အစီအစဉ်များကို ကြည့်နေမိသည်။ ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရသည်မှာ ငြီးငွေ့ လာသဖြင့် Reader Channal လိုင်းသို့ ပြောင်းလိုက်သည်။ ကံအားလျော်စွာပင် စာပေဟောပြောပွဲအစီအစဉ် ထုတ်လွှင့်နေသည်ကို တွေ့ရသည်။ ရွှေလက်လည်း စာပေဟောပြောပွဲငတ်နေသည့်အတွက် ရေငတ်တုန်း ရေတွင်းထဲကျသလို ဖြစ်သွားသည်။ ဟောပြောနေသူက စာရေးဆရာမတစ်ဦးဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က ဟောပြောခဲ့သည့်ပွဲကို ပြန်လည်ထုတ်လွှင့်ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ရွှေလက်နှစ်ခြိုက်မိပါသည်။ ရွှေလက်က သဘာဝချစ်သူဆိုတော့ ထိုစာရေးဆရာမဟောပြောခဲ့သည်များထဲမှ အမှိုက်နှင့် ပတ်သက်သည့် အကြောင်းအရာလေးက စိတ်ထဲစွဲသွားသည်။ နှစ်သက်လွန်းလို့ စာဖတ်သူများကို ပြန်လည်ဝေငှချင်မိသည်။ ကြားလိုက်ရသည်ကို ပြန်လည်ဝေငှမှာ ဖြစ်သည့်အတွက် စာရေးဆရာမဟောပြောသကဲ့သို့ တစ်ထပ်တည်းကျမည်မဟုတ်ပေ။ ရွှေလက်အနေဖြင့် ကြားသိလိုက်ရသည်များကို အခြေခံကာ ထိုစာရေးဆရာမနေ […]

ရေကြီးမှ လှေလိုက်ရှာနေလို့မရတော့တဲ့ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး

“ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုထိရောက်သည်” တဲ့။ “ အပ်ဖြင့် ထွင်းရမည့် ကိစ္စကို ပုစိန်ဖြင့် မပေါက်ရစေနှင့်” တဲ့။ ဒီစကားတွေကို စာရေးသူ အကြိမ်ကြိမ် ကြားခဲ့ဖူးခဲ့သလို လူတော်တော် များ များလည်း ကြားဖူးကြပါလိမ့်မယ်။ ဒါပေမယ့် လိုက်နာ ဆောင်ရွက်မှု အပိုင်းမှာတော့ အားနည်းခဲ့တယ်။ ကြိုတင် ကာကွယ်ဖို့ မေ့လျော့ခဲ့တဲ့အတွက် အပ်နဲ့ထွင်းရမယ့်ကိစ္စကို ပုစိန်နဲ့ပေါက်ခဲ့ကြရတယ်။ မဆုံးရှုံးသင့်တာတွေကို ဆုံးရှုံးခဲ့ရတယ်။ အချိန်၊ ငွေနဲ့ လူ့အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတယ်။ အဲဒီလို ပျက်စီးဆုံးရှုံးမှုတွေကို သင်ခန်းစာယူပြီး ကြိုတင်ကာကွယ်မှုတွေ စနစ်တကျ ထိထိရောက်ရောက် ဆောင်ရွက်နေကြပြီလား။ ဒီနေရာ မှာ စာရေးသူနဲ့ နီးစပ်တဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတွေနဲ့ ပတ်သက်ပြီး အနည်းငယ် တီးခေါက်ကြည့်ချင်ပါတယ်။ စာရေးသူတို့ […]

အိန္ဒိယအပူလှိုင်းနှင့် ရာသီဥတုပြောင်းလဲမှု

အိန္ဒိယသည် ယခုနှစ်တွင် ဆယ်စုနှစ် ၁၂ ခုအတွင်း အပူဆုံး မတ္လကို ကြုံတွေ့ခဲ့ရပြီး ၎၏ ရာသီဥတု အခြောက်သွေ့ဆုံးများထဲမှ တစ်ခုဖြစ်သည်။ ဧပြီလသည်လည်း ၂၀၁၀ နှင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း တတိယမြောက် အပူဆုံးအဖြစ် ဆိုးရွာစွာ အပူချိန်မြင့်တက်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ တရားဝင်မိုးလေဝသခန့်မှန်းချက်က မေလအထိ အပူချိန်မြင့်မားမည်ဟု ခန့်မှန်းထားသည်။ အန္တရာယ်ရှိသော အပူသည် လေထုထဲတွင် ဖန်လုံအိမ်ဓာတ်ငွေ့ အနည်းငယ်မျှသာ စုပုံလာသည့်အတွက် တာဝန်ရှိသည့် အိန္ဒိယနိုင်ငံကဲ့သို့ နိုင်ငံများသည် ရာသီဥတုဆိုင်ရာ ထိခိုက်မှုများကို မကြာခဏ ခံရပုံကို အလေးပေးဖော်ပြနေသည်ဟု ဆိုသည်။ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ကန့်သတ်ချက်များသည် ပြည်နယ်အားလုံး၏ ထက်ဝက်ကျော်ကို ပျံ့နှံ့သွားခဲ့ပြီး လာမည့်သီတင်းပတ်များအတွင်း ဓာတ်အားလိုအပ်ချက် စံချိန်တင်မြင့်မားလာခြင်းကြောင့် နိုင်ငံ၏ ကျောက်မီးသွေးကြီးစိုးသော စွမ်းအင်စနစ်သည် ပိုမိုကျပ်တည်းလာမည်ဟု မျှော်လင့်ရကြောင်း […]

တောဆင်ရိုင်းသတ်ဖြတ်ခံရမှု၊ လူတွေနဲ့ထိပ်တိုက်တွေ့ဆုံမှုလျော့ကျစေရေး

ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်မှာဆင်မုဆိုးအန္တရာယ်ကနေတိမ်းရှောင်လာတဲ့ တောဆင်ရိုင်းသုံးကောင်ဟာလူနေကျေးရွာတွေအနီးသို့ရောက်ရှိလာတဲ့အတွက်ဆင်နဲ့လူပဋိပက္ခမဖြစ်စေရေးသစ်တောနဲ့ရဲတပ်ဖွဲ့ကလိုက်လံထိန်းသိမ်းနေရကြောင်း နိုဝင်ဘာ ၂ ရက်ထုတ် သတင်းစာတွေမှာဖတ်လိုက်ရပါတယ်။ သတင်းတွေအရတော့ မြန်အောင်မြို့နယ် မျှင်ဝါးတောင်၊ အင်းကွယ်နဲ့ ခတ္ထိယကျေးရွာတွေအနီးသို့ နိုဝင်ဘာ ၁ ရက်နေ့လယ်မှစပြီးတောဆင်ရိုင်းသုံးကောင် ရောက်ရှိလာတဲ့အတွက် ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကျေးရွာသားတွေကခြောက်လှန့်မောင်းထုတ်နေရတယ်လို့ သိရပါတယ်။ လွန်ခဲ့သော၁ဝရက်ခန့်ကတည်းက မြန်အောင်မြို့နယ်နဲ့ဆက်စပ်နေတဲ့ အင်္ဂပူမြို့နယ်ရှိကျေးရွာအချို့သို့တောဆင်ရိုင်းငါးကောင်ရောက်လာခဲ့ခြင်းဖြစ်ပြီးဒေသခံတွေကမောင်းထုတ်သဖြင့် မြန်အောင်မြို့နယ်သို့ရောက်လာကြောင်း၊ သုံးကောင်သာတွေ့ရပြီးနှစ်ကောင်ပျောက်ဆုံးနေကြောင်းလည်းဒေသခံတွေကပြောနေ ကြပါတယ်။ အခုနောက်ပိုင်းကာလတွေမှာတောဆင်ရိုင်းတွေဟာလူနေကျေးရွာတွေ အနီးရောက်ရှိလာပြီးစိုက်ခင်းတွေကိုဖျက်ဆီးခြင်း၊ လူကိုရန်မူခြင်းတွေ မကြာခဏ ဖြစ်ပေါ်လာတာကိုတွေ့ရတယ်။ အချို့ဖြစ်စဉ်တွေမှာလူသေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းတွေရှိခဲ့ပြီးလူနေအိမ်တွေကိုပါ စွန့်ခွာရွှေ့ပြောင်းရတဲ့အထိ ဖြစ်ပွားခဲ့ရတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီးသုံးသပ်ချက်တွေ အမျိုးမျိုးရှိခဲ့တယ်။ အဓိကကတော့ လမ်းသစ်ဖောက်၊ ရေလှောင်တမံဆောက်၊ သစ်ထုတ်အစရှိတဲ့ လူတွေကြောင့် ဖြစ်ပေါ်လာတဲ့သစ်တောပြုန်းတီးမှု များလာတယ်။ အဲဒီအခါမှာဆင်တွေအတွက် တောတွင်းအစာရေစာရှားပါးလာပြီးစားကျက်မြေအသစ်ရှိရာစပါးခင်းတွေဆီကိုရောက်လာတော့တာပါပဲ။ ဒီအတွက် တောပြုန်းတီးမှုကတောဆင်ရိုင်းတွေအတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်နေခဲ့ပြီလို့ ဆိုရမလိုပါပဲ။နောက်ပြီးတောပြုန်းလို့ စားကျက်ပျောက်၊ နေစရာပျောက်နေတဲ့ ဆင်တွေကိုဆင်မုဆိုးတွေကအလွတ်မပေးဘဲလိုက်လံဖမ်းဆီးတာတွေလည်းတစ်နှစ်ထက်တစ်နှစ် များလာခဲ့တယ်။ ဒါကြောင့် နိုဝင်ဘာ […]

နာဂစ်ကပေးသောသင်ခန်းစာများကို ပြန်လည်တူးဖော်ကြည့်ခြင်း

နာဂစ် …။ နာဂစ် ဆိုသည့် အသံကြားလိုက်သည်နှင့် ကျွန်တော့်စိတ်များလေးလံထိုင်းမှိုင်းလာသည်။ ပူဆွေးသောကမျက်ရည်များ ဝေ့သီလာသည်။ ရင်ထဲတွင် ဖော်ပြ၍ မရနိုင်သော ဝေဒနာ ပေါင်းများစွာက ကျွန်တော့်ကိုအဆက်မပြတ် နှိပ်စက်လာကြသည်။ ဖြစ်နိုင်လျှင် နာဂစ်ဆိုသည့် အသံကို ကျွန်တော်မကြားချင် တော့။ နာဂစ်အကြောင်းလည်းမတွေးချင်တော့။ နာဂစ်အကြောင်းစာ၊ ကဗျာများမဖတ်ချင်သလို ကျွန်တော် ကိုယ်တိုင်လည်းမရေးချင်တော့။ ကျွန်တော်နာဂစ်ကိုစိတ်နာသည်။ မုန်းသည်။ ထို့ကြောင့် ကျွန်တော် နာဂစ်ကို မေ့လိုက်ချင်သည်။ သို့သော် ….။ ××× နာဂစ်မုန်တိုင်းသည် ၂၀၀၈ခုနှစ် မေလ ၂ ရက်တွင် ဟိုင်းကြီးကျွန်းဆွယ်ကိုဦးတည်ပြီး အချင်းဝက် အကျယ်မိုင် ၁၉၀၊ တောင်၊ မြောက် အကျယ် ၂၅၅ မိုင်ခန့်အရွယ်၊ အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီမိုင် ၁၃၀ ခန့်ဖြင့် လပွတ္တာ၊ ပြင်စလူ၊ ငပုတော၊ ဘိုကလေး၊ […]