Author Posts

အကွယ်ကအကာ

ရာသီဥတုအကြောင်းနားမလည်တော့ ကိုယ့်ကအမြဲတန်းအအေးမိ ကိုယ်ပဲအမြဲတန်းနာဖျား မနက်ဖြန်တနင်္လာနေ့တဲ့ မိုးရွာနိုင်သေးလား ထီးတစ်ချောင်းထက် ကိုယ်ကပိုစိုတယ် အဲဒီထီးတစ်ချောင်းထက် ကိုယ်ကစိတ်ပူတယ် ။ #အိုဇုန်း ၃၁.၁၀.၂၀၂၁

ဆောင်းခိုပျံသန်းငှက်​မျိုးများ တို့ကမ္ဘာ​မြေကိုချိတ်​ဆက်​ထား

ရောင်​နီလာ မနက်​ခင်း အသက်​သွင်းဖို့ ​လေကိုဆန်​ ။ ငှက်​က​လေး​တွေ တိုးတိုးဖွဖွ နိုးထရှင်​သန်​ ။ ​နေ့သစ်​တိုင်း အချိန်​မှန်​ တိမ်​ယံကို ​ဖောက်​ထွင်း။ ​သူတို့ဓ​လေ့ သူတို့ဘဝနဲ့ ​လောကကမ္ဘာ မကျရှုံး​အောင်​ အလှဆုံးဖန်​ဆင်း ။ ​နေ့ ည​တွေ အ​အေးကဲ ​သွေးခဲမတတ်​ ရာသီဆို ။ ငှက်​က​လေး​တွေ အချိန်​​ကောင်​း အိမ်​​ပြောင်းဖို့လို ။ တစ်​​နေရာမှ တစ်​​နေရာကို ​ဆောင်းခိုရန်​ အလည်​သွား ။ အ​အေးဒဏ်​ကို မခံရဲလို့ ပျံဝဲကာ အသိုက်​​ပြောင်းကြတဲ့ ​ဆောင်းခိုငှက်​များ ။ ခရီးစဉ်​ တစ်​​လျှောက်​လုံး ​နောက်​ဆုံးအထိ အားမာန်​ချီ ။ မိုင်​များစွာ မ​ကြောက်​မရွံ့ ​နောက်​မတွန့်ပြီ ။ ​ဆောင်းခိုငှက်​ အမျိုးအမည်​ ဇလုပ်​နီ ကြိုးကြာငှက်​ ။ ဇလုပ်​ပြာ […]

လေထုညစ်ညမ်းမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည့်မြန်မာနိုင်ငံ

(၁) ရန်ကုန်မြို့နယ် ၆ မြို့နယ်ရှိ နေရာ ၉ နေရာတွင် လေထုညစ်ညမ်းမှုတိုင်းတာမှုအရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ချုပ်(WHO) ၏ စံသတ်မှတ်ချက်ထက်ကျော်လွန်ပြီး လေထုညစ်ညမ်းနေကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက် ရသည်။ လေထုညစ်ညမ်းမှုကို စက်မှုဇုန်နေရာများ၊ ယဉ်ကြောသွားလာမှုများသည့်နေရာများဖြစ်သော ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၊ စမ်းချောင်းမြို့နယ် မြေနီကုန်းလမ်းဆုံ၊ ကျောက်တံတားမြို့နယ် ဆူးလေ လမ်းဆုံ၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံစက်မှုဇုန်၊ တာမွေမြို့နယ်၊ လှိုင်သာယာမြို့နယ်များတွင် စိမ်းလန်း အမိမြေ အသင်းကတိုင်းတာခဲ့ခြင်းဖြစ်သည်။ စိမ်းလန်းအမိမြေအသင်းသည် လေထုညစ်ညမ်းမှုတိုင်းတာခြင်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာနှင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည်။ ထိုသို့တိုင်းတာခဲ့သော နေရာများ အနက် ကြည့်မြင်တိုင်မြို့နယ်သည် လေထုညစ်ညမ်းမှု အမြင့်ဆုံးဖြစ်နေသည်။ ယင်းနေရာများတွင် လေထုညစ် ညမ်းမှုကို ဖြစ်ပေါ်စေသည့် နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကန်ဒေါ်လာ သန်း ၂၀၀၀ ကျော်သုံးမယ်လို့ ဂျက်ဖ်ဘီဇော့ ကတိပြု

ကမ္ဘာ့အကြီးဆုံး အွန်လိုင်အရောင်းအဝယ်လုပ်ငန်းတစ်ခုဖြစ်တဲ့ အမေဇုံစီပွားရေးလုပ်ငန်းကို တည်ထောင်သူ ဂျက်ဖ်ဘီဇော့ က ကမ္ဘာသူကမ္ဘာသားတွေရဲ့ စားသောက်မှုပုံစံပြောင်းလဲရေးနဲ့ နဂိုရ်သဘာပတ်ဝန်းကျင် ပြန်လည်ရရှိအောင်လုပ်ဖို့ အတွက် သူပိုင် ပိုက်ဆံထဲက ကန်ဒေါ်လာ သန်း ၂၀၀၀ကျော်ကို သုံးမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ အမေဇုံ ကုမ္ပဏီရဲ့ ၂၀၃၀ အတွင်း ကမ္ဘာ့ရာသီပြောင်းလဲမှုကို ပြုပြင်ရေး လုပ်ငန်းအတွက် လျာထားတဲ့ ကမ္ဘာကြီးရန်ပုံငွေ သန်း ၁သောင်း ထားရှိထားရာ အဲ့ဒိ ပိုက်ဆံတွေထဲက သန်း၂ထောင်ကို ထုတ်သုံး မှာဖြစ်ပါတယ်။ တစ်စက္ကန့်ကို ၃၇၁၅ဒေါ်လာဝင်တဲ့ ကမ္ဘာ့အချမ်းသားဆုံး စာရင်ဝင် ဘီဇော့က COP 26 ညီလာခံမှာ သသူ့အနေနဲ့ ၂၀၂၁ နှစ်က ကမ္ဘာကြီးရဲ့ အလှည့်အပြောင်း နှစ်ဖြစ်တဲ့အတွက် အရေးပါပါတယ်လို့ မိန်ခွန်း ပြောခဲ့ပါတယ်။ “ ကမ္ဘာကြီး ရဲ့ […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၄)

ဆာနိုမြစ်(Sarno River) ဆာနိုမြစ်သည် အီတလီတွင်ရှိသော မြစ်တစ်စင်းဖြစ်ကာ မြစ်၏အရင်းအမြစ်သည် သန့်ရှင်းလတ်ဆတ်ကာ သောက်သုံးရန်သင့်တော်သော်လည်း မြစ်ကြောင်းတစ်လျှောက် စက်ရုံများတိုးပွားလာပြီးနောက် စက်ရုံများမှ စွန့်ပစ်ပစ္စည်းများကြောင့် မြစ်ကို မွီခိုနေသူများအား အဆိပ်သင့်မှုများ ဖြစ်ပေါ်စေလျက်ရှိသည်။ ထို့ကြောင့် ဆာနိုမြစ်ကို ဥရောပတိုက်၏ အညစ်ညမ်းဆုံးသော မြစ်အဖြစ် သတ်မှတ်မှုများရှိနေသည်။ မြစ်ကြောင်းတစ်လျှောက် ပေါ်ပေါက်လာသော စက်ရုံများကြောင့် မြစ်အောက်ပိုင်းတွင် ပိုမိုညစ်ညမ်းကာ မြစ်၏အဆိပ်သင့်မှုကြောင့် မြစ်နှင့် အနီးတစ်ဝိုက်မှ ဒေသခံများတွင် အသည်းကင်ဆာဖြစ်မှု တိုးမြင့်လာကာ စက်မှုစိုက်ပျိုးရေးလုပ်ငန်းနှင့် စက်ရုံများက သူတို့၏ အညစ်အကြေးများကို မြစ်အတွင်းသို့ စွန့်ပစ်နေသည့်အတွက် လေထုညစ်ညမ်းမှုလည်း တိုးပွားလျက်ရှိသည်။ ထို့အပြင် ဆာနိုမြစ် ဧရိယာသည် ရေကြီးရေလျှံမှုနှင့် ရွှံမြေပြိုကျမှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး တစ်နှစ်လျင် သုံးကြိမ်ခန့်ဖြစ်တတ်သည်။ ယင်းသို့ ရေကြီးရေလျှံခြင်း၊ ရွှံညွံမြေများပြိုကြခြင်းကြောင့် ညစ်ညမ်းသော မြစ်ရေသည် […]

စီမံကိန်းလုပ်ခွင့်ရရုံ ဟန်ပြလုပ်ထားသည့် EIA/SIAများ သတိထား

ဒီအကြောင်းရေးဖို့ တေးထားတော့ ကြာပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်ခဲ့။ အခုတော့ မရေးမဖြစ်လို့ ရေးရပါတော့မည်။ မရေးခင်တော့ ကျွန်တော် ဒီဆောင်းပါးကို ရေးတာဟာ မည်သည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းကိုမှ ထိခိုက်စေရန် မရည်ရွယ်ကြောင်း၊ တိုင်းပြည်နှင့် လူမျိုးကောင်းဖို့အတွက်ကိုသာ ရည်ရွယ် ကြောင်း ပြောကြားလိုပါသည်။ တိုင်းပြည်တစ်ပြည် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်တောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ စက်မှုလက်မှုလုပ်ငန်း၊ မြို့ပြတည်ဆောက်ရေးလုပ်ငန်း၊ လမ်းပန်းဆက်သွယ် ရေးလုပ်ငန်း စသဖြင့် လုပ်ငန်းအမျိုးမျိုးကို လုပ်ဆောင်ကြရသည်။ ထိုကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်ရာတွင် သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲခြင်း၊ ဖယ်ရှားရှင်းလင်းတို့ကို ပြုလုပ်ကြ ရသဖြင့် သဘာဝအရင်းမြစ်များပျက်စီး ပျောက်ကွယ်ပြီး သဘာဝပတ်ဝန်းကျင်အနေအထားများ ပျက်စီးခဲ့ကြရ သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုလုပ်ဆောင်တိုင်း သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများဖြစ်ပေါ်နေသဖြင့် ဖွံ့ဖြိုး တိုးတက်မှုနှင့် သဘာဝပတ်ဝန်းကျင်တို့သည် ၀ိရောဓိအသွင် ဆောင်နေခဲ့ပါသည်။ […]

ကမ္ဘာ့အညစ်ညမ်းဆုံမြစ်များ (၃)

မြစ်ဝါမြစ်(Yellow River) ————————— မြစ်ဝါမြစ်သည် တရုတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မြစ်တစ်စင်းဖြစ်ကာ တရုတ်နိုင်ငံအတွက်လည်း အရေးပါသော မြစ်တစ်စင်းဖြစ်သည်။ တရုတ်ပြည်သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးသော နိုင်ငံတစ်ခုဖြစ်သည်နှင့်အမျှ မြစ်ဝါမြစ်တစ်လျှောက် စက်ရုံမျိုးစုံပေါ်ပေါက်လာသည်။ ထိုစက်ရုံများကြောင့်ပင် မြစ်သည် ကမ္ဘာ့တတိယ အညစ်ညမ်းဆုံးနေရာတွင် တည်ရှိနေသည်။ စက်ရုံများသည် သူတို့၏စွန့်ပစ်ပစ္စည်းများကို မြစ်အတွင်းသို့ နေ့စဉ်စွန့်ပစ်နေသောကြောင့် မြစ်ဝါမြစ်၏ ရေသည် စိုက်ပျိုးရန်အတွက် အသုံးပြုရန်ပင် မသင့်တော့သော အနေအထားသို့ရောက်ရှိနေသည်။ ကျောက်မီးသွေးလုပ်ငန်းများသည် လုပ်ငန်းလည်ပတ်ရေးအတွက် မြစ်ရေကိုအသုံးပြုသလို အညစ်အကြေးများကိုလည်း မြစ်အတွင်းသို့ပင် ပြန်လည်စွန့်ပစ်နေသည်က မြစ်ရေညစ်ညမ်းမှုကို သိသိသာသာတိုးစေသည်။ မြစ်ရေသည် သောက်သုံးရန်မသင့်သော အနေအထားသို့ရောက်နေသော်လည်း အချို့ပြည်သူများမှာ မြစ်ရေကိုသာ မွီခိုနေရဆဲဖြစ်သည်။ ထို့ကြောင့် မြစ်ရိုးတစ်လျှောက်နှင့် မြစ်ဝှမ်းဒေသတွင် ရေကြောင့်ဖြစ်သောရောဂါများ၊ ကင်ဆာနှင့် အခြားသော မွေးရာပါ ချို့ယွင်းချက်များ တိုးပွားလျက်ရှိသည်။ Greenness

ကမ္ဘာ့အညစ်ညမ်းဆုံမြစ်များ (၁)

#ဂင်္ဂါမြစ် ဂင်္ဂါမြစ်သည် အိန္ဒိယတွင် ဘာသာရေးအရ အမြင့်မြတ်ဆုံးမြစ်ဖြစ်သည်။ မြစ်သည် လူတို့ကို ၎င်းတို့၏ အျပစ္မ်ားမွ သန့်စင်ပေးသည်ဟု ဟိန္ဒူဘာသာဝင်များက ယုံကြည်ကြသည်။ ဂင်္ဂါမြစ်သည် ကမ်ဘာ့တတိယမြောက် အကြီးဆုံး မြစ်တစ်စင်းဖြစ်ကြီး လူဦးရေ နှစ်ဘီလီယံကျော်သည် အဆိုပါမြစ်အား မှီခိုနေကြရသည်။ ယခင်က သန့်ရှင်းလတ်ဆတ်ခဲ့သော အိန္ဒိယ၏ အမြင့်မြတ်ဆုံးမြစ်သည် ယခုအခါ မြစ်ကြောင်းတစ်လျှောက် လူနေမှုထူထပ်လာသည်နှင့်အမျှ မိလ္လာအညစ်အကြေးများ၊ ပလပ်စတစ်မှိုက်များ၊ ဓာတုစွန့်ပစ်ပစ္စည်းများနှင့် အျခားသော စွန့်ပစ်ပစ္စည်းများကြောင့် ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များတွင် နံပါတ် ၁ နေရာ၌ ရှိနေသည်။ ထို့အပြင် ဘာသာရေးဆိုင်ရာ ပြဲတော်များကလည်း မြစ်ကို ပိုမိုညစ်ပတ်စေပါသည်။ #Greenness Ref: internet