Author Posts

ချင်းတောင်

( က ) ဆပ်နီခေါင်ကို နွားနောက်သားနဲ့ မြည်းတယ် တောင်ကို ရုန်းတယ် တောကို ရုန်းတယ် ပလိုင်းထဲ မိသားတစ်စုလုံးပါတယ်။ ( ခ ) ရေ ကျောက်ကြိုကျောက်ကြားက စီးတယ် ကြမ်းတယ် ကြည်တယ် စိတ်လိုပဲ။ ( ဂ ) တောင်ထိပ်မှာရပ်ပြီး ခါးဆန့်လိုက် သလုံးသားခဲနေတဲ့ကျွတ်ကို ခါချလိုက် ဂေးလီ … နှလုံးသားကိုခဲတဲ့ ကျွတ်ကလေး ဒီမိုးလည်း ကုန်ပြန်ဦးတော့မယ်။ ( ဃ ) မွေးလာတယ် သေသွားတယ် ဘဝဆိုတာ ချည်တစ်လုံးစာပဲ စပြီးမကြာမီမှာ ဆုံးတယ်။ ( င ) ခေါင်တိုင်မှာ ဆဋ္ဌမမြောက်နွားနောက် ဟာငိုင်းလက် တူမီးတစ်လက် ခေါင်ခွက်ကိုယ်စီနဲ့ ခေါင်ပွဲ တစ်နှစ်တာ တောင်ယာသိမ်းခဲ့ပြီ။ ( […]

အဂရိုနော်မစ်နဲ့ မြို့ပြစိုက်ခင်းကို ဖန်တီးဖို့ ကြိုးစားနေတဲ့ ဘရက်ဆဲလ်မြို့

ဘယ်လ်ဂျီယံနိုင်ငံက ဘရက်ဆဲလ် မြို့ဆိုတာ အစိုးရရုံးစိုက်ရာ မြို့ ကြီးဖြစ်တဲ့အပြင် ဥရောပသမဂ္ဂ အုပ်ချုပ်ရေးရုံးတော်တော်များများလည်းရှိပါတယ်။ အဲ့ဒိမြို့ မှာ အီးယူရဲ့ ငွေးကြေးစိုက်ထုတ်မှုနဲ့ မြို့ပြစိုက်ခင်းတွေကို အိမျမိုေးတှပေါျမှာ ပြုလုပ်နေပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ စူပါမာကတ်တွေရဲ့ အမိုးတွေပေါ်မှာ စိုက်ခင်းတွေ စတင်ပြီး လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လကနေ ဒီနေ့အထိ မျိုးစိတ် ၆၀ ကို စမ်းသက်စိုက်ပျိုးခဲ့ပါတယ်။ လောလောဆယ်တွက်ချက်မှု အရ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ ၂တန်ကျော်ထွက် ရှိထားပါတယ်။ ခေါင်မိုးပေါ်စိုက်ခင်း ကို အဂရိုနော်မစ် ( စိုက်ပျိုးစီးပွား)အဖြစ် လာဂမ်စီမံကိန်းဆိုပြီး အမည်ပေးကာ မြို့ပြစိုက်ခင်းတွေကို တည်ထောင်ဖို့ ကြိုးစားနေပါတယ်။ လောလောဆယ်တော့ သုတေသန အဆင့်မှာ ပဲရှိပါသေးတယ်။ ခေါင်မိုးတွေပေါ်မှာ စီးပွားဖြစ်စိုက်ပျိုးလို့ ရတဲ့ မျိုးစိတ်တွေကို စမ်းသက်နေပါတယ်။ ဒီစီမံကိန်းမှာ ဘာတွေ […]

ပြည်

မြူဆိုင်းလမ်းတွေအတိုင်း တိုးဝင်သွားရင် ဆိုင်ကယ်မီးတလက်လက် နှင်းတဖျပ်ဖျပ် လိပ်ပြာအတွေး လွင့်လွင့်ဝဲဝဲ နာဖျားနေ့ရက်တွေအတွက် ခင်ဝမ်း သီချင်းများရှိ ခင်ဝမ်း သီချင်းများအတွက် ကြင်နာတတ်သော နားများရှိ စက်ခေါင်းတွဲတန်းရှည်ကြီးနဲ့ ရကောက်ရထားဟာ အလွမ်းဖြေဆေးကို မြို့ရဲ့ အလယ်ခေါင်ကို တိုက်ရိုက်တင်ပို့တယ် အစိမ်းသက်သက်ဖြစ်သွားတဲ့တစ္ဆေပုံပြင်များအတိုင်း နှင်းငွေ့အိပ်ရာဖူးငုံခင်းလေးတွေ ယမ်းငွေ့တဝေ မြူငွေ့ဆိုင်းဆိုင်း အတွေးတန်းမီးအိမ်လေးတွေ တမှိတ်မှိတ် ကြယ်ကလေးတွေ တဖိတ်ဖိတ် ဒုက္ခတရားတွေ ဘယ်လောက်ဝေဝေ ဆည်းလဲသံခိုနန်းမြင့် ဆံတော်ရှင်အရိပ်အောက် မျက်လှည့်ပြသလို ခနတော့ ငြိမ်းချမ်းမိမယ် မင်း‌ကြီးတောင်ပန်းပွင့်များ ဝေဝါးရှုခင်းကို တောက်ပစေမယ် ခုတော့ သူစိမ်းတွေ မဟုတ်တော့ဘူး မြို့ပြကြီးအလယ်ခေါင်က ကျနော်လည်း ဧရာဝတီ ညာဘက်ခြမ်းရဲ့ နှလုံးသားဖြစ်ခဲ့ပြီ။။ ရွှေကြယ်မိုး #photocredit

မြန်မာ့တောင်တန်းများ (ပင်းပက်တောင်)

ပင်းပက်တောင်ခေါ် ထင်းရှူးပင်တောင်သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တွင် တည်ရှိပြီး မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး သံသတ္ထုများတည်ရှိ ထုတ်လုပ်ရာနေရာလည်း ဖြစ်သည်။ တောင်ကြီးမြို့မှ အရှေ့တောင်ဘက် ၇ မိုင်အကွာတွင် တည်ရှိသည်။ တောင်သည် ခန့်မှန်းခြေ ဧရိယာ ၈ စတုရန်းမိုင်ခန့် လွှမ်းမိုးထားသည်။ တောင်သည် ပင်လယ်ရေမျက်နှာပြင်အထက် ၁၄၀၀ မီတာ၊ ၄၅၂၄ ပေ အထက်တွင် တည်ရှိသည်။ တောင်ဧရိယာဝန်းကျင်တွင် လူ ၇၀၀၀ ပတ်ဝန်းကျငခန့်် နေထိုင်ကြပြီး အများစုသည် ပအိုဝ်းလူမျိုးများ ဖြစ်ကြပြီး ရှမ်းနှင့် အိန္ဒိယလူမျိုးများလည်း နေထိုင်ကြသည်။ တောင်ကို ဝန်းရံထားသည့် လွင်ပြင်ကို ဟိုပုန်းလွင်ပြင်ဟု သိကြသည်။ ထိုလွင်ပြင်တွင် လူ ၃၅၀၀၀ ခန့်မှန်းခြေ နေထိုင်ကြပြီး ရွာပေါင်း ၁၀၀ ခန့်ရှိသည်။ သဘတ်စမ်းချောင်း (Thabat […]

သူတို့ကို မယုံနဲ့

သူတို့ကို မယုံနဲ့ သူတို့ဘာပြောပြော မယုံနဲ့ သူတို့ကနေ သစ်ပင်ကို သစ်ပင်လို့ ပြောလည်း မယုံနဲ့ လူကို လူလို့ ပြောလည်း မယုံနဲ့ လကို လလို့ ပြောလည်း မယုံနဲ့ ယုန်ကို ယုန်လို့ ပြောလည်း မယုံနဲ့ သူတို့ ဘာပြောပြော မယုံနဲ့ ။ သူတိုကနေ ရွှေကို ရွှေလို့ ပြောလည်း မယုံနဲ့ ငွေကို ငွေလို့ ပြောလည်း မယုံနဲ့ ရေကို ရေလို့ ပြောလည်း မယုံနဲ့ သူတို့ ဘာပြောပြော မယုံနဲ့ ။ တက်နေတာက ဈေး ကျနေတာက စိတ်ဓာတ် သစ်လည်းပြောင်ပြီ မြစ်လည်းခေါင်ပြီ လျှပ်စစ်မီးမရှိရင် ဖယောင်းတိုင်ထွန်းတဲ့ သဘာဝဓာတ်ငွေ့တွေ အလုံးအရင်းနဲ့ ပြည်ပကိုထွက်ခွာ ငါတို့တော့ အမှောင်ထဲမှာ […]

ဝေလငါးများကို အမဲမလိုက်ခြင်းဖြင့် တစ်နှစ်ကိုကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန်သန်း၂ထောင်နီးပါးမျှ ထိန်းသိမ်းနိုင်

ဝေလငါးဆိုတဲ့ သတ္တဝါသည် ကျနော့်တို့ဂြိုဟ်ကမ္ဘာပေါ်တွင် သာမန်မဟုတ်ဆုံး သတ္တဝါဖြစ်တယ်ဆိုတာ သံသရဝင်စရာမရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ ရာသီဥတုပြောင်းလဲမှုဝန်ထုပ်ကို လျှော့ချပေးနိုင်တယ်လို့ပြောရင် ခင်ဗျားတို့ အံ့အားသင့်သွားမှာပါ။ လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို သစ်ပင်တွေက သဘာဝရဲ့နိယာမသဘောတရားအတိုင်း စုပ်ယူတယ်ဆိုတာ လူတိုင်းသိပြီးသားပါ။ သူတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်က ကာဗွန်တွေကိုစုပ်ယူပြီး အောက်ဆီဂျင်ကိုထုတ်ပေးပါတယ်။ ပင်လယ်သမုဒ္ဒရာထဲမှာတော့ ကာဗွန်စုပ်ယူဖို့ကို အဲ့ဒိတိုက်တန်ကြီးတွေက အလုပ်လုပ်ပေးနေပါတယ်။ ဝေလငါးကြီးတွေဟာ သူတို့ခန္တာကိုယ်ထဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်မြောက်အမြားကို သိုလှောင်ထားပါတယ်။ အဲ့ဒိကာဗွန်တွေကို သူတို့သေဆုံးတဲ့အခါမှာ သူတို့နဲ့အတူ သမုဒ္ဒရာကြမ်းပြင်ကိုယူဆောင်သွားပါတယ်။ အဲ့တာကို ဝေလငါးသင်္ချိုင်း( whale falls )လို့ ခေါ်ပါတယ်။ whale fallsတွေက အာဟာရကြွယ်ဝလို့ ရေနက်ပိုင်းနဲ့ ရေအောက်ကြမ်းပြင်မှာနေထိုင်တဲ့ သတ္တဝါတွေအတွက် အထူးအကျိုးရှိပါတယ်။ ပင်လယ်ရေအောက်ထဲမှာကာဗွန်တွေကို ဖမ်းပြီးသိမ်းထားတဲ့သဘောပါပဲ။ ဆန်ဖရန်စ္စကိုတက္ကသိုလ်က ပြုလုပ်တဲ့ အဏ္ဏဝါသုတေသနတစ်ခုမှာ whale fallsတွေက ကမ္ဘာ့ကာဗွန်ထုတ်လွှတ်မှု […]

မြန်မာ့တောင်တန်းများ(မြင်းမိုရ်လက်ခတ်တောင်)

တနင်္သာရီတိုင်း ထားဝယ်ဒေသတွင်တည်ရှိပြီး တနင်္သာရီတိုးအတွင်း အမြင့်ဆုံးတောင်ဖြစ်သည်။ မြင်းမိုရ်လက်ခတ်ရွာ၏ အရှေ့တောင်ဘက် ၁၅ ကီလိုမီတာအကွာတွင် တည်ရှိကာ ထိုင်းနိုင်ငံနှင့် နယ်နိမိတ်၏ အနောက်ဘက် ၄၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ တောင်၏ အမြင့်သည် ၂၀၇၂ မီတာ ရှိပြီး တောင်ထိပ်ဖျားသည် ၁၈၅၇ မီတာ ရှိသည်။ ဤတောင်သည် အရှေ့တောင်အာရှရှိ မြင့်မားသည့် တောင်ထိပ်ရှိသည့်တောင်များထဲမှ တစ်ခုဖြစ်သည်။ #Greeness ဓာတ်ပုံ #crd

နော်ဝေးနိုင်ငံရဲ့ ကမ္ဘာ့အရှည်ဆုံးသစ်သားလှေကားရှိတဲ့နေရာ

နော်ဝေးနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အရှည်ဆုံးသစ်သားလှေကားရှိတဲ့နေရာ။ လှေကားထစ်ပေါင်း 4,444 ခုရှိတယ်လို့ ဆိုပါတယ်။