Author Posts

ဆိုလာဈေးနှုန်းတွေက တဖြည်းဖြည်းကျလာနေပါပြီ

နိုင်ငံတကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အေဂျင်စီ ( IEA ) ရဲ့အဆိုအရ ၂၀၂၃ မှာ ဆိုလာပါဝါ တပ်ဆင်မှု အများဆုံး နိုင်ငံတွေက တရုတ် ၊ ဥရောပ နဲ့ အမေရိကန်တို့ပဲ ဖြစ်ပါတယ်လို့ သိရပါတယ် ။ ဒီနှစ်တစ်နှစ်ထဲမှာကိုပဲ တရုတ်က လျှပ်စစ်ပမာဏ ၁၈၀ ကနေ ၂၃၀ ဂစ်ဂါဝပ် ထုတ်နိုင်တဲ့ ဆိုလာပါဝါတွေကိုတပ်ဆင်နိုင်ခဲ့ပါတယ် ။ ဥရောပကတော့ ၅၈ ဂစ်ဂါဝပ် ထုတ်နိုင်တာမှန်ပေမဲ့ အဲ့ဒိထဲက ၄၀ ရာခိုင်နှုန်းက ၂၀၂၂ ကတည်းက တပ်ဆင်ခဲ့တာပါ။ ၂၀၂၂ ဒီဇင်ဘာလကနေ ၂၀၂၃ နိုဝင်ဘာလအတွင်း ဥရောပမှာရှိတဲ့ ဆိုလာဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်း ကနေ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ် ။ […]

မြန်မာပြည်တွင်းက သဘာဝအလှအပများ

ဇိန်မှုတောင်သည် ဟားခါးမြို့နယ် အဆုံး ဖလမ်းမြို့နယ်အစတွင်တည်ရှီပြီး ချင်းပြည်နယ်၏တတိယအမြငိ့ဆုံးတောင်တန်းဖြစ်သည် ။ပေပေါင်း ၈၄၁၄ ကျော်မြင့်ကာ ကုလားတန်မြစ် မြစ်ဖျားခံရာ နေရာ(Lai TiLi)လည်းဖြစ်သည် ။ ဇိန်မှုတောင်သည် ချင်းပြည်နယ် ဖလမ်းမြို့၊ ရမ်ထလိုကျေးရွာနားမှာ ရှိပါသည်။ ဇိန်မှုတောင်သည် ဖလမ်း-ဟားခါး ကြားမှာ တည်ရှိပါသည်။ ဖလမ်း-ဟားခါးနဲ့ (၂၂)မိုင် ဝေးပါသည်။ ဒီ တောင် တက်ဖို့အသင့်တော်ဆုံးရာသီက နွေရာသီဖြစ်ပါသည်။ မိုးရာသီမှာဆိုလျှင် တောင်ထိပ်ရောက်ဖို့မဆိုထားနဲ့။ ဖလမ်း-ဟားခါးသွားလျှင် ဇိန်မှုတောင်နားရောက်ရင် မိုးရွာတတ်တယ်။ နွေရာသီတက်လျှင် တောင်ထိပ်ပေါ်ကနေ ဖလမ်းမြို့၊ ဟားခါးမြို့ကိုမြင်ရပါသည်။ မိုးရာသီက တိမ္မ်ား ဖုံးအုပ်ထားသောကြောင့် မြင်ကွင်းမမြင်ရပေ။ မိုးရာသီတွင် ဆိုင်ကယ်နဲ့တောင်ပေါ်တတ်ဖို့လမ်းပန်းခက်ခဲလျက်ရှိပါသည်။ တောင်ကျရေကြောင့် လမ်းများ ပျက်စီးလျက်ရှိပြီး အချို့နေရာတွင် သစ်ပင်အိုများ လမ်းတည့်တည့်ကျိုးကျသောကြောင့် ခုလို မိုးရာသီတွင် အလွန်ပင် ခက်ခဲလျက် ရှိသည်။ […]

“”မြို့ပြတွင် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ””

သစ်ပင်သစ်တောများသည် ကျွန်ုပ်တို့ ရှင်သန်နေထိုင်ရာ ကမ္ဘာမြေကြီးအတွက် သဘာဝကပေးသော အဖိုးမဖြတ်နိုင်သည့် သယံဇာတအရင်းအမြစ်များသာလျှင် ဖြစ်ပေသည်။”ဥတုရာသီ၊တောကိုမှီ၏” ၊ “တောတောင်စိမ်းမှ စမ်းရေရ၏”စသော ဆောင်ပုဒ်များက သစ်ပင်သစ်တောများ၏ ​ဂေဟစနစ်အပေါ် လွန်စွာအကျိုးသက်ရောက်လျက်ရှိပုံကို ဖော်ပြနေပါသည်။ “သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားရသည်”ဟူသော ဆိုရိုးစကားလည်း ရှိပါသည်။ သစ်ပင်သစ်တောများရှိခြင်းက မြေ၊ရေ၊လေနှင့် သဘာဝပတ်ဝန်းကျင်ကို မျှတစေသည်။ရာသီဥတုကို သဟဇာတဖြစ်စေသည်။ဇီဝမျိုးစိတ်များကို လုံလုံလောက်လောက် အကာအကွယ်ပေးနိုင်သည့်အပြင် လူသားတို့ခိုလှုံရာ အဆောက်အအုံအဖြစ်သော်လည်းကောင်း၊ဆေးဝါး၊အသုံးအဆောင်ပရိဘောဂ အဖြစ်သော်လည်းကောင်း၊ထင်း၊မီးသွေး လောင်စာအဖြစ်သော်လည်းကောင်း စသဖြင့် ကဏ္ဍပေါင်းစုံမှ အကျိုးဖြစ်ထွန်းစေသည်။ သစ်ပင်သစ်တောများ စိမ်းလန်းစိုပြည်မှသာလျှင် ကာဗွန်သံသရာလည်ပတ်မှု အလိုလို အားနည်းကာ လေထုညစ်ညမ်းမှုအန္တရာယ်ကို လျော့ပါးသက်သာစေနိုင်မည်။သစ်ပင် သစ်တောများသည် ကျွန်ုပ်တို့လူသားများ နေ့စဥ်ရှူသွင်းနေရသော အောက်ဆီဂျင်ဓာတ်ငွေ့ကို လေထုထဲသို့ အဆက်မပြတ်ထုတ်လွှတ်ကာ အိုဇုန်းလွှာယိုယွင်းပျက်စီးမှုအန္တရာယ်လည်း အထိုက်အလျောက် ကာကွယ်တားဆီးပေးနိုင်ပါသည်။ ထို့ကြောင့် အမှန်တကယ် ကမ္ဘာကြီးသာယာလှပစေလိုလျှင် သစ်ပင်သစ်တောများကို စနစ်တကျ […]

ကန်ထဲကရေ ၊ သဲထဲကရေ

ဒီစာအုပ်ကတော့ ဆရာအေးမြင့် ( ညောင်တုန်း) စီစဥ်တင်ပြထားတဲ့ ရေကန်ငယ်များတွင် ရေငွေ့ပြန်ခြင်းကြောင့် ရေခန်းခြောက်မှု သက်သာစေသောနည်းများနဲ့ ရေရှားပါးသောဒေသသဲချောင်းများတွင် မြေအောက် ရေလှောင်ကန်များတည်ဆောက်ရေးနည်းလမ်းများနဲ့ သောက်သုံးရေကန်များ ၊ ဆည်ကန်ငယ်များ ရေမခန်းခြောက်စေသောနည်းလမ်းများ ၊ သဲချောင်းများတွင်ရေစုဆောင်းရေးနည်းလမ်းများနှင့်မြေအောက်ရေအကြောင်း ၊ပါဝင်ရေးသားကြသူ ပညာရှင်တွေရဲ့ သုံးသပ်ချက်တွေနဲ့ အခြား စိတ်ဝင်စားဖို့ကောင်း တဲ့ အကြောင်း အရာ ကောင်း များစွာကို ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၂၃ ခုနစ် တွင် ပထမအကြိမ် အဖြစ်အုပ်ရေ ၈၀၀ ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၃၉၈ ပါဝင်ပါတယ်။ အသစ်ထုတ်ထားတာမို့ စာအုပ်က ဆိုင်တွေမှာရနိုင်ပါသေးတယ်။

ဖလော်ရီဒါတေးသွား

အခန်းထဲကနေထွက်ကာ အိမ်နောက်ဖေးဝရံတာကနေမြင်နေရတဲ့မြင်ကွင်းကို စိတ်ထဲဆွဲထည့်နေမိတယ်။ ရှေ့တည့်တည့်ရှိဒန့်သလွန်ပင်အကိုင်းကိုကျော်ကာ ခပ်ဝေးဝေးက တောထန်းပင်လေးတွေကို ငေးကြည့်နေမိတယ်။ တိုက်ခတ်နေတဲ့လေတဖြူးဖြူးကြောင့် သစ်ကိုင်းတွေနဲ့သစ်ရွက်တွေတဖျပ်ဖျပ်လှုပ်ရမ်းနေပြီး သစ်ရိပ်တွေဟာလည်း မြေကြီးပေါ်ရမ်းခါကျနေလေရဲ့။ တစ်ပင်ပြီးတစ်ပင် ပြေးလွှားဆော့ကစားနေတဲ့ရှဥ့်ငယ်လေးတွေကတေ့ာ ရှုခင်းထဲထပ်ဖြည့်ပေးထားတဲ့ ဖြည့်စွက်အရသာဖြစ်မှာပေါ့။ သူတို့ဦးခေါင်းသေးသေးလေးတွေနဲ့အမြီးတွေကတေ့ာ မကြာခဏဆက်ခနဲလှုပ်ရှားနေတတ်ပြီး သူတို့အပြုအမူတိုင်းဟာ မနာလိုစရာကောင်းအောင် လျှင်မြန်ဖြတ်လက်လွန်းလှချည်ရဲ့။ စိမ်းနေတဲ့သစ်ရွက်တွေအပေါ် နေရောင်ခြည်ကျနေပုံက ခပ်ဖွဖွလေး။ သစ်ရွက်တွေနာကျင်သွားမှာစိုးရိမ်တဲ့ပုံနဲ့ အသာအယာဖြာကျနေပုံမျိုး။ အခုတလော မကြာခဏရွာတတ်တဲ့မိုးကြောင့် မြေသားဟာအနည်းငယ်စိုစွတ်နေပြီး သစ်ရွက်ကြွေများကတေ့ာ ဟိုတစဒီတစ ပြန့်ကျဲနေလေရဲ့။ ဆန့်ကျင်ဘက်အရပ်မှာရှိတဲ့ မျက်နှာချင်းဆိုင်ကခြံဝန်းထဲမှာတေ့ာ အမြဲတမ်းလိုလိုငြိမ်သက်တိတ်ဆိတ်နေတဲ့တိုက်အိမ်များသာမြင်ရလေ့ရှိပြီး လူမြင်ရလေ့မရှိတာကတေ့ာ နေ့စဉ်လိုလိုပါပဲ။ ကျွန်တော့်အနေနဲ့ နေ့စဉ်သတင်းဆိုးတွေနဲ့ကမ္ဘာကြီးကို အဆက်အသွယ်ဖြတ်ချင်လာရင်တေ့ာ အိမ်နောက်ဖေးဝရံတာဘက်လာထိုင်လေ့ရှိပြီး ဒီမှာရနိုင်တာကတေ့ာ သစ်ပင်များ၊လေကောင်းလေသန့်၊တိတ်ဆိတ်မှုနဲ့ ကိုယ့်ကိုယ်ကိုပြန်လည်ရရှိမှုတွေပါပဲ။ ဖလော်ရီဒါပြည်နယ်ဟာ နေပူတဲ့နေရာဖြစ်ပြီး သစ်ပင်သစ်တောများလည်းပေါများတဲ့ဒေသပါ။ ကိုဗစ်ရောဂါမဖြစ်ခင် ဟိုအရင်အချိန်တွေတုန်းကတေ့ာ ကမ္ဘာအရပ်ရပ်ကခရီးသွားတွေဟာ ဖလော်ရီဒါကို နေ့စဉ်တဖွဲဖွဲလာနေကြပါ။ အခုတေ့ာ နိုင်ငံအတွင်းကအပန်းဖြေလိုသူအချို့သာ လာရောက်နေကြပေမယ့် မြို့ကတေ့ာ […]

ရာသီဥတုဖောက်ပြန်မှုကိုကာကွယ်ဖို့ မျှော်လင့်ချက်မဲ့နေပြီလား (၁)

ယနေ့ကမ္ဘာ ဖန်လုံအိမ်ဓာတ်ငွေ့လွှတ်ထုတ်မှု လျှော့ကျသွားခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေပါတယ်။ သဘာဝဘေးအန္တရာယ်တွေကလည်း ရာသီဥတုဖောက်ပြန်ခြင်းနဲ့အတူ တွဲပြီးတော့ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေကတော့ အဲ့ဒိအခြေအနေပေါ်မှာ စိုးရိမ်မှုမြင့်တက်နေတာတာက အံ့ဪစရာမဟုတ်တော့ပါဘူး။ မျှော်လင်ချက်ပျောက်သွားပြီးလာလို့တောင် ထင်ရတဲ့အခြေအနေမှာ လေ့လာမှုတစ်ရပ်က ၂၀၁၅ ပါရီ သဘောတူညီချက် အချို့ကလမ်းကြောင်းမသွေဖီသေးဘူးဆိုတဲ့ အကြောင်းအရာ ၅ ချက်ကို ပြခဲ့ပါတယ် ။ decarbonisation ( ကာဗွန်ထုတ်လွှတ်မှု ရပ်တန့်ရေး ) နဲ့ net zero ( ကာဗွန ်ထုတ်လွှတ်မှု အလုံးစုံ ကွယ်ပျောက်ရေး ) ဆိုတဲ့ ဝေါဟာရများက နေ့စဉ်သုံးစကားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေမဲ့ လက်တွေ့မှာတော့ အဲ့ဒိဖြစ်စဉ်တွေကို လိုက်နာနိုင်မှုအားနည်းနေဆဲ ဖြစ်ပါတယ် ။ ဂျာမန်အကျိုးအမြတ်မယူသော NewClimate Institute ၏ လေ့လာမှုအရ ဆိုလာစွမ်အင်သုံး […]

ပင်လယ်ရေမျက်နှာပြင်အောက် ပေ ၂၀ ကျော်ကျရောက်နေပေမဲ့ စိတ်ချလုံခြုံသေးတဲ့ ရော့တာဒမ်မြို့

မြောက်ပင်လယ်ရဲ့ အနေအထားက မရေရာ ရှိပေမဲ့ ရော့တာဒမ်သည် ကမ္ဘာပေါ်တွင် အလုံခြုံဆုံး မြစ်ဝကျွန်းပေါ်မြို့များထဲမှ တစ်ခုအဖြစ် သက်မှတ်လို့ရပါတယ် ။ မုန်တိုင်း နဲ့ ဒီရေလှိုင်းတွေ ရဲ့အတားအဆီး ကနေ Maeslantkering ရေပေါ်ရုံးများအထိ၊ Rotterdam သည် ၎င်း၏နိုင်ငံသားများအား ရေလွှမ်းမိုးမှုနှင့် ရာသီဥတုပြောင်းလဲမှုဒဏ်မှ ကာကွယ်ရန် နည်းလမ်းများစွာကို ဒီဇိုင်းထုတ်ထားပါတယ် ။ အဲ့ဒိ ဖြေရှင်းချက်များတွင် လူသိနည်းသော အခြားလုပ်ဆောင်ချက်တစ်ခုပါရှိပါတယ် ။ အဲ့ဒါကတော့ နယ်သာလန်၏ ‘ရေသံတမန်ရေးရာ’ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ခြင်းနှင့် ဒတ်ခ်ျအင်ဂျင်နီယာကုမ္ပဏီများ အလုပ်ဖြစ်အောင် အလုပ်ပေးထားနိုင်ခြင်းတို့ပဲ ဖြစ်ပါတယ် ။ ရော့တာဒမ်၏မြို့တော်ဝန် Ahmed Aboutaleb က ပြီးခဲ့သည့်သီတင်းပတ်မှာ ဒူဘိုင်းCOP28 ရာသီဥတုညီလာခံသို့ မြို့တော်၏ရေကျွမ်းကျင်မှုနည်းလမ်းတွေကို မျှဝေခဲ့ပါတယ်။ ။ ရေစီမံခန့်ခွဲမှုအတွက် မြို့တော်၏ မဟာဗျူဟာပန်းတိုင်များအကြောင်း […]

ယူကေက မုန်တိုင်းဂျာရစ်ကတော့ တော်တော်မွှေသွားတယ်

ယူကေ ကိုဝင်ရောက်တိုက်ခတ်နေတဲ့ မုန်တိုင်း ဂျာရစ်က ကုန်းတွင်းပိုင်းမှာ တော်နေဒို ( လေဆင်နှာမောင်း ) ပုံစံပြောင်းပြီး မန်ချက်စတာမြို့ ပတ်ဝန်းကျင်ကို အပြင်းအထန်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ထောင်ပေါင်းများစွာသော အိမ်ရာတွေ လျှပ်စစ်မီးပြတ်တောက်ခဲ့ပြီး နိုင်ငံနဲ့ အနှံ့ ခရီးသွားလာဖို့ အခက်အခဲတွေဖြစ်ခဲ့ပါတယ်။ စကော့တလန်မှာလည်း ဆီးနှင်းများထူထပ်စွာ ကျဆင်းခြင်းအပြင် လေပြင်းတိုက်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း တို့ကိုလည်း ကြုံတွေ့ခဲ့ရပါတယ် ။ သစ်ပင်တွေလဲ ၊သစ်ကိုင်းတွေကျိုးလို့ လျှပ်စစ်မီး ပြတ်တောက်မှုကို အများကြီး ခံစားလိုက်ရပါတယ် ။ ‘ဒေသတွင်း လေဆင်နှာမောင်း’က Tameside ရှိ Stalybridge အိမ်ရာ ၁၀၀ ခန့်ကို ‘သိသိသာသာ ပျက်စီးဆုံးရှုံးမှု’ ဖြစ်စေခဲ့တယ်လို့ ဒေသခံအုပ်ချုပ်ရေး အဖွဲ့က အစီရင်ခံထားပါတယ် ။ နေအိမ်အမိုးများ ပြိုကျခြင်း၊ နံရံများပြိုကျခြင်းနဲ့ […]

၂၀၂၃ ရဲ့ ကုန်ကျစရိတ်အများဆုံး သဘာဝဘေးအန္တရာယ်များ

နိုင်ငံတကာ ခရစ္စယာန်အကူအညီပေးရေး အလှူအဖွဲ့ကပြုစုတဲ့စာရင်းဖြစ်ပါတယ် ။ ကုန်ကျစရိတ်တွေက လူတစ်ဦးချင်းစီပေါ်ကိုသက်ရောက်တဲ့ ပမာဏအနေနဲ့တွက်ချက်ပြထားပါတယ်။ လူလုပ်တဲ့ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်တဲ့ သဘာဝဘေးအန္တရာယ်တွေ ကို အဓိက ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ် ။ သဘာဝဘေးအန္တရာယ် ကြောင့်ပျက်စီးသွားတဲ့ ပမာဏ ကို တိုင်းပြည်က လူဦးရေ နဲ့စားပြီး အနီးဆုံး တွက်ချက် ယူထားတာဖြစ်ပါတယ် ။ ပျက်စီးဆုံးရှုံးမှုပမာဏ အနည်းအများထက် နိုင်ငံသားတစ်ဦးချင်းစီ အပေါ် သက်ရောက်သွားတဲ့ ကုန်ကျစရိတ်ကိုတွက်ချက်ဖော်ပြတာပဲ ဖြစ်ပါတယ် ။ ( ၁ ) ဟာဝိုင်ရီ ( တောမီး ) လူတစ်ယောက်ကို ၄၁၆၁ ဒေါ်လာ ကုန်ကျခဲ့ပါတယ် ။ ( ၂ ) ဂူအမ် ( မုန်တိုင်း ) […]

“”ကလေးငယ်များနှင့် ပတ်ဝန်းကျင်အပေါ် ပလတ်စတစ်အရုပ်များ၏ သက်ရောက်မှု””

ပလတ်စတစ်ဟူသော ဝေါဟာရသည် ဂရိဘာသာစကားမှ လာ၍ “ပုံသွန်းရန်သင့်သော ပစ္စည်း” ဟု အနက်ရ၏။ နှစ်ပေါင်းအတော်ကြာစွာပင် ပုံသွန်းရလွယ်သော ပစ္စည်းများကိုလည်းကောင်း၊ ဖိအားဖြင့် ပုံပြောင်းနိုင်သော ပစ္စည်းများကိုလည်းကောင်း ပလတ်စတစ်အဖြစ်အသုံးပြုခဲ့ကြ၏။ ထိုပစ္စည်းတို့တွင် မြေစေး၊ ကော်ဖတ်နှင့် သတ္တုအချို့ပါဝင်၏။ ယခုအခါ ပလတ်စတစ်ကို ပစ္စည်းအမျိုးမျိုးမှ ဓာတုဗေဒ နည်းများဖြင့် ရောစပ်ယူနိုင်ပြီဖြစ်ရာ ပလတ်စတစ်လုပ်ငန်းသည် အထူး တိုးတက်ဖွံ့ဖြိုးလျက် ရှိပေ သည်။ ပလတ်စတစ်ပစ္စည်းများကို ကျောက်မီးသွေး၊ လေနှင့် ရေတို့မှ ပြုလုပ်ရရှိသည်ဟုဆို၏။ ဤသို့ဆိုရာ၌ ထိုပစ္စည်းများကို တစ်ခါတည်းရောစပ်၍ ပလတ်စတစ်ပြုလုပ်သည်ဟု မဆိုလိုချေ။ ထိုပစ္စည်းများကို ပထမအဆင့်အားဖြင့် ကြားပစ္စည်းအမျိုးမျိုးကို ပြုလုပ်ပြီးမှ၊ ထိုကြားပစ္စည်းမှတဆင့် ပလတ်စတစ် ပြုလုပ်ကြရသည်။ ကျောက်မီးသွေး၊ ရေ၊ လေ၊ ထုံးကျောက်နှင့် ဆားတို့ကို ကြားပစ္စည်းပြုလုပ်ရန် အတွက် အများအပြားအသုံးပြုကြသည်။ […]