Author Posts

ရှင်အုန်းညို၏ ပတ်ဝန်းကျင်အလှ

အံ့ဩမခန်း ၊ တောထက်ဝန်းတုံ ၊ ငုံသွန်းရွှေသား ၊ စကားထင်းရူး ၊ ဆိပ်ဖလူးနှင့် ၊ ကွမ်းဖူးကံ့ကော် ၊ စွယ်တော်ပရဝါ ၊ ရင်းမာဖက်ဆွတ် ၊ရင်ခတ်သရဖီ ၊ ကတ္တရီမြစ်ကိုင်း ၊ရွှေနှိုင်းပိတောက် ၊ လဲးနှင့်ပေါက်လည်း ၊ တောက်သည့်မီးရောင် ၊ ပြောင်ပြောင်ညီးညီး ၊ ပန်းတောင်ကြီးသို့ ၊ခရီးတောဝယ် ၊ မြိုင်အလယ်နှိုက် ၊ အံဘြယ္သရဲ ၊ မဖြစ်မြဲးတည်း ၊ လွံကဲးဆထက် ၊ စောကြံတက်ကို ၊ အသက်ရှိဟန် ၊ ခါမတန်နှင့် ၊ ခါတန်မွှေးကြူ ၊ အတူတူလျှင် ၊ လုလုဆိုင်းဆိုင်း ၊အားလုံးလှိုင်း၍ ၊ ပင်တိုင်းကင်းငုံ ၊ ကြိုင်နံ့ထုံသည် ၊ ပင်စုံအပွင့်အပွင့်တည်း […]

“ရာသီဥတုဖောက်ပြန်မှုကြောင့် ယူကေရှိ အပင်များဟာ ပျမ်းမျှအားဖြင့် တစ်လစောပြီး ပန်းပွင့်စေကာ တောရိုင်းတိရစ်ဆာန်များ၊ စိုက်ပျိုးရေးနဲ့ ဥယျာဉ်ခြံစိုက်ပျိုးသူများအတွက် လေးနက်တဲ့ အကျိုးဆက်တွေ ရှိနိုင်ပါတယ်”

ကင်းဘရစ်ချ်တက္ကသိုလ် ပထဝီဌာနပါမောက္ခ Ulf Buntgen ———————————————————— ရာသီဥတုပြောင်းလဲမှုကြောင့် ယူကေတွင် ပန်းများ အချိန်မကျခင် စောပွင့်၊ လျင်မြန်စွာ လိုက်လျောညီထွေမှုမဖြစ်ခဲ့ပါက ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးနိုင် ရာသီဥတုဖောက်ပြန်မှုကြောင့် ယူကေရှိ အပင်များသည် ပျမ်းမျှအားဖြင့် တစ်လစောပြီး ပန်းပွင့်စေကာ တောရိုင်းတိရစ်ဆာန်များ၊ စိုက်ပျိုးရေးနှင့် ဥယျာဉ်စိုက်ပျိုးသူများအတွက်လည်း လေးနက်သော အကျိုးဆက်များ ရှိနိုင်သည်ဟု အင်္ဂလန်ရှိ ကင်းဘရစ်ချ်တက္ကသိုလ်က ပြောကြားခဲ့ပြီး ကိန်းဘရစ်ချ်တက္ကသိုလ်မှ ဦးဆောင်သော သုတေသနအဖွဲ့သည် မှတ်တမ်းတင်ထားသော နိုင်ငံသားသိပ္ပံ ဒေတာဘေ့စ်တစ်ခုကို ၁၈ ရာစုအလယ်ပိုင်းထိ နောက်ကြောင်းပြန် လေ့လာမှုပြုလုပ်ရာတွင် လက်ရှိ ကမ်ဘာကြီးပူနွေးမှုနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့် ဗြိတိန်ရှိ သစ်ပင်ပန်းပင်များမှာ ပုံမှန်ပွင့်ချိန်ထက် တစ္လစော၍ အပွင့်ပွင့်သည်ကို တွေ့ရှိရသည်ဟု ဆိုသည်။ သုတေသီများသည် Woodland Trust မှထိန်းသိမ်းထားသော Nature’s Calendar […]

ညမွှေးပန်း

သူ့ရဲ့ညင်သာတဲ့ ခြေသံက ညရဲ့ရင်ဘတ်ပေါ် ဖွဖွလေးနင်းလျှောက်…။ သူရဲ့မွှေးအီတဲ့ ကိုယ်သင်းရနံ့က လေပြေရဲ့သွေးကြောထဲ တိတ်တိတ်ကလေးထိုးစိုက်…။ သူ့ရဲ့ဖြူစင်တဲ့မျက်ဝန်းအကြည့်က လရောင်မှာ တလက်လက်ဖိတ်ကျ…။ ညမွှေးပန်း တဲ့ ဥပေက္ခာတရားတွေကြား သူ့အတွက် မေတ္တာတရားဟာ သန်းခေါင်ယံထက် ညဉ့်နက်ခဲ့ရတယ်။ ။ မိုးဟိန်းထက်

မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတွေ….

World Wetlands Day 2022 (2-feb) ကမ္ဘာ့ရေတိမ်ဒေသများနေ့အတွက် မိုးယွန်း​ကြီးရေတိမ်ဒေသမှ ငှက်ကလေးတချို့ကိုဖော်ပြပေးလိုက်ရပါတယ်။ Photo by Lin Aung Pyae ကြာဖက်နင်းငှက်ကလေးများ ပျံလွှားငှက်ကလေးများ တင်ကျီးနှင့်ဗျိုင်းကြီးများ ဗျိုင်းကြီး ဗျိုင်းကြီးနှင့်ကျွဲကျောင်းဗျိုင်း ခရုစုပ်ငှက်နှင့်ဒေါင်းလန်းခြေထောက်ငှက်များ ခရုစုပ်ငှက်များ စစ္စလီများ ရေညှောင့်ငှက် မယ်ညိုငှက်များ ငဟစ် မြစ်တွေးငှက် ဥပန်းငှက်

Popa Langur အပါ မဲခေါင်ဒေသတွင် မျိုးစိတ်သစ်ပေါင်း ၂၀၀ ကျော်တွေရှိ

ကမ္ဘာ့တောရိုင်းတိရစ်ဆာန်ရန်ပုံငွေအဖွဲ့ WWF သည် ၂၀၂၀ ခုနှစ်တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် မြန်မာတို့ရှိ မဲခေါင်မြစ်ဝှမ်းဒေသတွင် မျိုးစိတ်သစ် ၂၂၄ မျိုးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သည့် ကမ်ဘာ့တောရိုင်းတိရစၦာန်ရန်ပုံငွေအဖွဲ့ WWF ၏ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး မျောက်မျိုးစိတ်များထဲတွင် ၎င်း၏မျက်လုံးပတ်လည်တွင် အဖြူရောင်စက်ဝိုင်းများရှိသော Popa langur လည်းပါဝင်ပြီး အျခား တွားသွားသတ္တဝါများ၊ ဖားမ်ား၊ ငါးများနှင့် အပင်မျိုးစိတ် ၁၅၅ မျိုးလည်း ပါဝင်သည်။ WWF ၏ အစီရင်ခံစာအရ မဲခေါင်ဒေသရှိ တောရိုင်းတိရိစၦာန်များ ပေါများသော နေရာများကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်ကြောင်း ညွှန်ပြနေပြီး အဆိုပါမျိုးစိတ်သစ်များ၏ သစ်တောပြုန်းတီးမှု၊ ရောဂါနှင့် အခြားအန္တရာယ်များကြောင့် ခြိမ်းခြောက်ခံနေရသော ပတ်ဝန်းကျင်တွင် ရှင်သန်နေထိုင်ရန် အစွမ်းသတ္တိကို တွေ့ရှိရကြောင်း […]

ရေပျံကြီးရေတံခွန်

ရှမ်းပြည် တောင်ပိုင်းနဲ့ မြောက်ပိုင်း ပေါင်းကူးပေးရာ နောင်ချိုမြို့အနီးက ဒုဋ္ဌဝတီတံတားအနီးမှာ ရှိပါတယ်။ ညောင်ရွှေ၊ ရပ်စောက်၊ နောင်ချိုလမ်းအတိုင်း တောင်ပိုင်းကနေလည်း သွားလို့ရပါတယ်။ ဓာတ်ပုံ-စိုင်းစွမ်

ရေဇလာသင်ဖျာခင်းရင်ပေါ့

(၁) ကဆုန်နွေ၏ အပူဓာတ်ထံ၌ ဝန်းကျင်တခွင်သည် နွေငွေ့များယှက်သန်းပျော်ဝင်ကာဖြင့် အခိုးထတောက်လောင်လျက်ပင်ရှိပါ၏။ ရာသီစက်ဝန်းကား တရွေ့ရွေ့ဖြင့် သဏ္ဟာန်ရောရုပ်အားဖြင့်ပါ ရွေ့ဆိုင်းပြောင်းဝင်လျက်ပင်ရှိလေသည်။ နွေတစ်ခင်း၏ အပူထံဝယ် ငွေ့ရည်ဖွဲ့သီမိသော နယုန်မိုးပြေး တပြိုက်နှစ်ပြိုက်ကား အနောက်တောင်လေရူးကလေးများ မြူးထူးကြည်စယ်ခိုက်တွင် မိုးဖွဲမိုးစက်များအဖြစ် လောကတခွင်လုံးအားဖုံးအုပ်ခြုံလွှမ်းလျက်ပင်။ နယုန်မိုးတို့ကား ကန်သင်းရိုတခိုဝယ် ငုပ်လျှိုးအိပ်မောကျလျက်ရှိသော မြက်ရင့်အိုတို့အား မြက်နုငယ်များအဖြစ် ပုတ်နိုးအသက်သွင်းပေးခဲ့လေပြီ။ နယုန်မိုးပြေးထံ၌ မြက်သားမွေးခဲ့သော ဆေးရေးသည် တုပခြယ်သလို့ ရစကောင်းပါရဲ့လား။ နယုန်လလွန်၍ ဝါဆိုလသို့ကူးပြောင်းရောက်ရှိလာပြီဆိုပါလျှင် လယ်ကန်သင်းရိုးတခိုဝယ် မြက်စိမ်းစိုစိုများနှင့် ရေတဖွေးဖွေးလယ်ပြင်သည် လိုက်ဖက်ထောင့်ချိုးလေးအနေဖြင့် သဘာဝအလှကိုခြယ်မှုန်းပြသလျက်ပင်ရှိ၏။ ရွာပတ်ဝန်းကျင်တခိုက လယ်တခွင်မှာ ရေဖွေးပြီဆိုပါလျင် “ကိုသာအေး”တယောက် ခြေဖဝါး၊လက်ဖဝါးများ ယားယံလာခဲ့ပါပြီ။ သင်္ဘောစင်ပေါ်မှာတင်ထားသော ပိုက်အမျိုးမျိုး၊မြှုံးအမျိုးမျိုး၊ဇကာအမျိုးမျိုးတို့ထံ တချက်စိုက်ကြည့်မိချိန်ရင်း ငါးပတ်၊ငါးစင်ရိုင်း၊ကကတစ်၊ကသားပိုးငါးတို့၏ ဗိုက်သား ဖွေးဖွေးများအား အတွေးထဲမြင်ယောင်လာပါတော့တယ်။(သင်္ဘောစင်ဆိုတာ အိမ်တစ်လုံးရဲ့ခေါင်မကြီးအောက်မှာ ထပ်ခိုးပုံစံလေးလုပ်ပြီး လယ်လုပ်ငန်း၊ရေလုပ်ငန်းသုံး ပစ္စည်းများထားရှိတဲ့စင်ကိုဆိုလိုတာပါ) “ကိုသာအေး”က […]

မီးရှို့သူများ

7.2.2020 မှာ သရက်မြို့နယ် ကျောင်းကျန်းမာရေး အစီအစဉ်ဖြင့် ဂုမ္မဏီဆိုသည့်ရွာလေးဆီ ရောက်ခဲ့ကြသည်။ ရွာလေးဆိုပေမယ့် အိမ်ခြေ ၂၀၀ ကျော်ကျော် ရှိသည့် ရွာလေး။ ဒီပမာဏသည် ဒီနယ်အတွက်တော့ ရွာလေးမဟုတ်။ ရွာကြီးဖြစ်သည်။ သရက်မြို့နယ်သည် ပထဝီအနေအထားအရ မြေပြန့် နည်း၍ တောထူသည်။ တောင်ထပ်သည်။ မိုးရွာလျှင် ရွှံ့ကပ်သည်။ လမ်းချော်သည်။ မိုးကုန်ပြန်တော့ ဖုန်ထူသည်။ လမ်းချိုင့်သည်။ ရွာစုလေးတွေများ၍ ရွာချင်းဆက် ဝေးကြသည်။ အိမ်ခြေ ၃၀၊ ၄ဝသာရှိသည့်ရွာများ ဒုနဲ့ဒေးရှိသည်။ အိမ်ခြေ (၁၀၀)ဆိုလျှင် ရွာက ကြီးသည်ဟု ဒေသခံများကိုယ်တိုင် သတ်မှတ်ကြသည်။ ခု ဂုမ္မဏီဆိုသည့် ရွာသည် အိမ်ခြေ ၂ဝဝကျော်၊ လူဦးရေ ၉ဝဝကျော်ရှိသော ရွာဖြစ်သောကြောင့် ထိုရွာသည် ရွာကြီးသာ ဖြစ်ပါသည်။ ထိုရွာလေးသို့ သွားဖို့ […]

နှလုံးသားပုံ ရိ(ဒ်) ရေကန် (သို့) ချင်းတောင်းတန်းပေါ်က အံ့ဖွယ်အလှတရား

အိန္ဒိယ-မြန်မာနယ်စပ်၊ ချင်းပြည်နယ်ထဲက စိမ်းညို့ညို့တောင်တန်းကြီးတွေရဲ့အလယ်မှာ ပြုပြင်ခြင်းမရှိဘဲ သဘာဝအတိုင်းနှလုံးသားပုံ ပုံသဏ္ဍာန်ဖြစ်တည်နေတဲ့ ရိ(ဒ်)ရေကန်ဟာ မြင်ရသူအဖို့တော့အံ့ဖွယ်အလှတရားလို့ စိတ်ထဲမှာမြင်မြင်ချင်း ရေရွတ်မိပါလိမ့်မည်။ ရိ(ဒ်)ရေကန်ဟာ မြန်မာနိုင်ငံမှာ တင်မက ကမ္ဘာပေါ်မှာရှိတဲ့ ရေကန်တွေအနက် အသည်းနှလုံးပုံသဏ္ဍာန်နဲ့အတူဆုံး ရေကန်ရယ်လို့မှတ်တမ်းတွေမှာ ဖော်ပြကြတာကိုလည်းဖတ်ရှုဖူးပါတယ်။ ရေကန်ရဲ့သွင်ပြင်လက္ခဏာက ထူးခြားဆန်းပြားနေသလို သူ့ကိုပံ့ပိုးနေကြတဲ့ အလှတရားတွေကလည်း ခိုင်ခိုင်မာမာတည်ရှိနေတာပါ။ အသည်းပုံ ရိ(ဒ်)ရေကန်ရဲ့ ဘေးပတ်လည်မှာ စည်းရိုးပုံသဏ္ဍာန် ရစ်ဝိုင်းပေါက်နေတဲ့ မိုးမခပင်တွေ ရဲ့အလှတရားကလည်းထူးခြားနေသလို အဲဒီ မိုးမခပင်တွေဟာ ရိ(ဒ်)ရေကန်ရဲ့အလှတရားပျက်မသွား အောင် ကာကွယ်ဖို့သစ္စာခံပြီး ဝန်းရံပေါက်နေသလားတောင် ထင်မှတ်စရာပါ။ ရိ(ဒ်)ရေကန်ကို အပေါ်စီး ကနေကြည့်လိုက်ရင် ဘေးပတ်လည်မှာရစ်ဝန်းပေါက်နေတဲ့ မိုးမခပင်တွေဟာ သေသပ်လှပတဲ့အနားကွပ် တခုနဲ့တူနေပြီး ရေကန်ကြီးရဲ့အသည်းနှလုံးပုံ အလှတရားကို တိုက်စားပျက်ဆီးမသွားအောင် ထိန်းသိမ်းပေးနေတဲ့ စည်းရိုးတစ်ခုနဲ့လည်း တူနေပြန်ပါတယ်။ အဲဒီ မိုးမခပင်တွေကို ဒေသခံတွေကတော့ သူတို့ရဲ့ယုံကြည်မှုအရ “ဝိညာဉ်ခြံစည်းရိုး’’ […]

တာဝန်သိမှု တာဝန်ယူမှုနဲ့ နောက်ဖေးလမ်းကြားက အမှိုက်ပြဿနာ

နောက်ဖေးလမ်းကြားဆိုတာ အမှိုက်ပစ်စရာနေရာတစ်ခုလို ဖြစ်နေတာကြာခဲ့ပါပြီ။ အထူးသဖြင့် အထပ် မြင့် တိုက်တွေပေါ်ကနေ ပစ်ချလိုက်တဲ့အမှိုက်တွေကြောင့် နောက်ဖေးလမ်းကြားတွေမှာ အမြဲတမ်း ရှုပ်ပွပြီး ညစ်ပတ်နံစော် နေတတ်ပါတယ်။ အဲဒီအမှိုက်တွေကြောင့် ကြွက် ခြင် ယင်တွေက ပေါများလာပြီး ပတ်ဝန်း ကျင်မှာ နေတဲ့လူတွေကို ဒုက္ခအကြီးအကျယ်ပေးလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ့်တိုက်ခန်းမှာ အမှိုက် မရှိရင် ပြီးရော စိတ်နဲ့ စွန့်ပစ်လိုက်တဲ့အမှိုက်တွေဟာ ကိုယ်အပါအဝင် ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်စေတယ် ဆိုတာ စည်းမဲ့ကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေ သိထားဖို့ လိုပါတယ်။ (၁) ကျွန်တော်က ရန်ကုန်မှာ အိမ်ပိုင်ရှိသူမဟုတ်တော့ မိသားစုနဲ့အတူ အိမ်ငှားနေခဲ့ရပါတယ်။ ရန်ကုန်မှာ အိမ်စငှားနေကတည်းက ဒဂုံမြို့သစ်မြောက်ပိုင်းမှာ လုံးချင်းအိမ်ကလေးတွေ ငှားနေခဲ့တဲ့အတွက် တိုက်ခန်းနေ တဲ့ အတွေ့အကြုံ မရှိခဲ့ပါဘူး။ ဒါပေမယ့်လည်း တိုက်ခန်းနဲ့နေတဲ့ မိတ်ဆွေ […]