Author Posts

ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ကျား ၅ ပုံ ၁ ပုံက စားကျက်ပျောက်ပြီး သေဆုံး

ဒီလထုတ် ကွန်မြူနီကေးရှင်း ဘိုင်အိုလိုဂျီဂျာနယ်ပါ ဆောင်းပါတစ်ပုဒ်မှာ ကမ္ဘာ့ပေါ်က ကျား ၅ပုံ ၁ပုံက ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် ရေလွှမ်းလွင်ပြင်ဖြစ်သွား စားကျက်ပျောက်သွားကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါအပြင် သူတို့ရဲ့လေ့လာမှုအရ ကျားသစ် အကောင်၂၀၀ မှာ တစ်ကောင် အစာပြတ်လပ်ပြီး သေဆုံး နေရတယ်လို့ လည်း ဆိုထားပါတယ်။   ကမ္ဘာကြီးမှာ စွမ်းအင်လိုအပ်ချက်တွေ တစ်နေ့ထက် တစ်နေ့ များလာတဲ့အတွက်ကြောင့် နိုင်ငံအသီးသီးက အစိုးရတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေက ရေအားလျှပ်စစ်လုပ်ငန်းတွေကို တလမန်းကြမ်း တည်ဆောက် နေကြပါတယ်။   ပြီးခဲ့တဲ့ နှစ်တွေ က သိပ္ပံပညာရှင်တွေနဲ့ တောတွင်းသားအခွင့်အရေး တောင်းဆိုတဲ့ အဖွဲ့တွေက ရေအားလျှပ်စစ်လုပ်ငန်းတွေကို မဟားဒယား လုပ်နေမယ်ဆိုရင် ရေလွှမ်းလွင်ပြင်တွေဖြစ်ပေါ်ပြီး ဒေသတွင်း ဇီဝမျိုးစိတ်တွေအတွက် အစားရေစာ ပြဿနာဖြစ်လာနေတယ်လို့ ထောက်ပြလာကြပါတယ်။   […]

ပလတ်စတစ်မြစ်များ

ပင်လယ်သမုဒ္ဒရာတွေထဲ ဝင်ရောက်လာတဲ့ ပလတ်စတစ်ပမာဏရဲ့ (90)%ဟာ ကမ္ဘာ့မြစ်ကြီး (၁၀)စင်း စီးဝင်လာတာကို သင်ယုံပါသလား။ အဲ့ဒီမြစ်ကြီး (၁၀)စင်းထဲက အထင်ကရမြစ်ကြီး (၉)စင်းဟာ အာရှတိုက်အတွင်းတည်ရှိပြီးတစ်စင်းဟာ အာဖရိကတိုက်မှာတည်ရှိပါတယ်။ အာရှတိုက်ရှိမြစ်(၉)စင်းထဲက တစ်စင်းဟာထိုင်းနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၅)နိုင်ငံရဲ့ နယ်ခြားမြစ်တစ်စင်း ဖြစ်နေတာကို လေ့လာတွေ့ရှိရပါသည်။ နှစ်စဉ်ကမ္ဘာတစ်ဝှမ်း ပလတ်စတစ် တန်ပေါင်း သန်း (၃၀၀) ထုတ်လုပ်သုံးစွဲပြီး ပလတ်စတစ်အမှိုက် တန်ချိန် (၈.၈)သန်းဟာ ပင်လယ်သမုဒ္ဒရာတွေထဲ စွန့်ပစ်ကြပါတယ်။ ဒီပလတ်စတစ်အမှိုက်တွေထဲမှာ ရေပုလင်း (၄၀) ဘီလျံ၊ တစ်ခါသုံး (၁၀၀) ဘီလျံနဲ့ တစ်ကိုယ်ရေသုံး (၅၂၂) သန်း ပါဝင်ပါတယ်။ လက်ရှိသမုဒ္ဒရာထဲ စွန့်ပစ်တဲ့ ပလတ်စတစ်အမှိုက်ထဲက တန်ပေါင်း (၂၇၀၀၀၀) ဟာ သမုဒ္ဒရာရေမျက်နှာပြင်မှာ ပေါလောပေါ်နေပြီး၊ လေတိုက်ခတ်မှုနဲ့ သမုဒ္ဒရာရေစီးကြောင်းတွေကြောင့် ကမ္ဘာ့သမုဒ္ဒရာရေမျက်နှာပြင်အနှံ့ စီးမျောနေပါတယ်။ ဒီစီးမျောနေတဲ့ […]

ရဝမ်ဒါလို နိုင်ငံတောင် အီးဘိုက်တွေ သုံးဖို့အတွက် ပြင်ဆင်နေကြပြီ

ရဝမ်ဒါနိုင်ငံဆိုတာ အာဖရိကတိုက် ရဲ့ အရှေ့ဖက်ခြမ်းက နိုင်ငံတစ်နိုင်ဖြစ်ပါတယ်။ ကုန်းတွင်းပိတ်နိုင်ငံလေး ဖြစ်တဲ့အပြင် စစ်မက်ထူပြောခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီကနေ့ ရဝမ်ဒါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဖို့အတွက် လမ်းတွေပေါ်မှာ ပြေးဆွဲနေတဲ့ ဆိုင်ကယ် ကယ်ရီသမားတွေ တက္ကဆီ ဒရိုင်ဘာတွေက သူတို့ရဲ့ ဆီကားတွေ ဆိုင်ကယ်တွေကိုလျှပ်စစ်ကားတွေ လျှပ်စစ်ဆိုင်ကယ်တွေ ပြောင်းလဲပစ်ဖို့အတွက် ကြိုးစားနေကြပါပြီ ။ ကီဂါလီမြို့ပေါ်က လမ်းတွေမှာ ၁၂ နှစ်ကြာအောင် ဆိုင်ကယ်ကယ်ရီဆွဲနေတဲ့ ဒီဒီယာက “ စစချင်းတော့ အဆင်မပြေဘူးပေါ့ဗျာ ။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ကျင့်သားရသွားမှာပါ ။ ကျနော်တို့ ဆီကားတွေ ၊ ဆီဆိုင်ကယ်တွေ မသုံး ဖို့အတွက် စကြိုးစားနေပါပြီ ။ ဓာတ်ဆီ ၊ ဒီဇယ်တွေက […]

ရွှေစက်တော်သွား တောလား (ရှင်မဟာရဌသာရ)

အပိုဒ် (၂)။ စူးစူးနိဗ္ဗာန်၊ … … ၊ တောကြက်တွန်သံ မြူးမြူးတည်း။ စူးစူးနိဗ္ဗာန်၊ ရောက်မည်မှန်၍၊ ဧကန်တဆော၊ ယာယီကြောကို၊ သဘောစိုက်စိုက်၊ လမ်းရိုးလိုက်သော်၊ တောင်ရိုက်ကမ်းဆင်း၊ ကုန်းကျင်းချောင်းမြောင်၊ မြောက်တောင်မှိုင်းဝေ၊ သစ်ပင်တွေနှင့်၊ ပင်ခြေကျင်းကျင်း၊ ပန်းအင်ကြင်းလည်း၊ ခက်ချင်းခိုက်ထိ၊ စောင်းကြိုးညှိသို့၊ နှမိနှမြော၊ လွမ်းဘွယ်ပေါစွ၊ တောင်တောဝန်းကျင်၊ သို့ရာတွင်မူ၊ အကြင်တောင်သူ (အကြင်ပျောင်းသူ)၊ လွမ်းစေဟူသို့၊ လျှံဆူထွေပြား၊ ငှက်အများလည်း၊ ပျားသို့ချိုအေး၊ ရင့်ရူကြွေးလျက်၊ မောင်ထွေးတို့လော၊ မယ်တို့လောဟု၊ သဘောနှုတ်ဆက်၊ မေးကြလျက်တည့်၊ လင်းဝက်တောလျှိုး၊ ဥချိုးငှက်ပျင်း၊ ပြေးဆင်းငှက်ခါး၊ သစ်ပင်ဖျားက၊ သိန်းကျားစွန်ရဲ၊ လင်းမြီးဆွဲလည်း၊ ကြဲကြဲစစ်စစ်၊ မြည်ကျစ်ထိုးဆွပ်၊ မြေဝပ်ဘီလုံး၊ ပြေးတုံးအနီး၊ တောင်သူဘီးလည်း၊ မြေကြီးနိမ့်မြင့်၊ ပျံအားတင့်ရှင့်၊ ဘော်နှင့်မကွာ၊ ချစ်လျာမလျော့ (နှုတ်လျှာမလျော့)၊ သံသော့သော့နှင့်၊ ဆော့သည့်နှုတ်သီး၊ […]

စီပွားရေး ကျပ်တည်းနေလို့ အင်ဒိုနီးရှားက ဒီရေတောတွေ အလွန်အကျွံ ခိုးခုတ်ခံနေရ

အင်ဒိုနီးရှားက သစ်တောဝန်ထမ်းတွေနဲ့ ရဲတွေရဲ့ အဆိုအရ ရိုင်အူကျွန်းစုအပါအဝင် အခြားကျွန်းတွေမာ ဒီရေရောက်တောတွေ အလွန်အကျွံ ခိုးခုတ်ခံနေရတယ်လို့ သိရပါတယ်။ သူတို့အဆိုအရ မဒမလို သစ်တွေကနေစပြီး ဒီရေရောက်တောတွေမှာ ရှိတဲ့ သစ်မာသားတွေ အများအပြားကို ခုတ်ခံနေရပါတယ်။ ရေလွှမ်းမှုကြောင့် စိုက်ခင်းတွေ ပျက်တာရယ် ၊ ကိုဗစ်ကြောင့် ကုန်သွယ်မှု အခက်အခဲ ဖြစ်တာရယ်ကြောင့် ဒေသတွင်း ကျွန်းတွေမှာ စီပွားရေး ကြတ်တည်း မှုဖြစ်လာတဲ့အတွက် ဒေသခံတွေက ဒီရေတောတွေကို ခိုးခုတ်ပြီး စင်ကာပူ ၊ မလေးရှား အပါအဝင် နိုင်ငံအချို့ကို ဒီရေတောသစ်တွေကို ပို့ဆောင်နေကြပါတယ်။ အင်ဒိုနီးရှားအစိုးရက ဒီရေတော ဧက ၁သန်းခွဲကျော်ကို ပြန်လည်ပျိုးထောင်ဖို့ကြိုးစားနေချိန်မှာ ဒီရေတောတွေ ခိုးခုတ်ခံနေရတာက အစိုးရအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာပေါ်က ဒီရေတော ၄ပုံ၁ ပုံကို […]

ကမ္ဘာကျော်ရုပ်ရှင်မင်းသားလီယိုနာဒိုဒီကာပရီရို၏ ရာသီဥတုပြောင်းလဲမှုအမြင်နှင့် မြန်မာနိုင်ငံအခြေအနေ

(၁) သည်နေ့ ရွှေလက် အိပ်ယာနိုးတော့ နေတောင် အတော်မြင့်နေပြီ။ နေ့စဉ်ပြုကျင့်နေကျအတိုင်း သစ်ပင်၊ ပန်းပင်လေးများကို ရေလောင်းသည်။ ငှက်ကလေးများကို အစာကျွေးသည်။ ဆောင်းတွင်းဟုခေါ်ရမည့်ကာလ ဖြစ်သော်လည်း တစ်ခါတလေမိုးကြီးလေကြီးပင် ကျရောက်လာတတ်သည်။ ထို့ကြောင့် ရွှေလက်အနေဖြင့် ယခု ကာလကို နွေလား၊ မိုးလား၊ ဆောင်းလား ခွဲမရအောင် ဖြစ်မိသည်။ ရွှေလက်ကိုယ်တိုင်လည်း ဆောင်းနံနက်ခင်း တွင် ချွေးဒီဒီးကျနေသည်။ နံနက်ခင်းလုပ်စရာ အလုပ်များပြီးတော့ ခေတ္တအနားယူသည်။ သွားတိုက်၊ မျက်နှာ သစ်၊ ခြေလက်သန့်စင်သည်။ ချစ်ဇနီးလေး ပြင်ပေးထားသည့် ပဲပြုတ်နှင့် ထမင်းကြော်ပူပူလေး စားသည်။ ပြီးတော့ ကော်ဖီသောက်၊ လက်ဖက်ရည်ကြမ်း သောက်ရင်း အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်းများကို ဖတ်ရှု နေမိသည်။ ထိုအချိန်မှာ ရွှေလက်အလုပ်လုပ်သည့် သတင်းစာတိုက်တွင် သတင်းထောက် လုပ်ခဲ့ဖူးသူက ဖုန်း […]

ရွှေတွင်းမတူးဖြစ်အောင် ဆန္ဒပြတဲ့ လယ်သမားသပိတ်ကို ကိုလံဘီယာ အစိုးရက နှိမ်နင်း

လွန်ခဲ့တဲ့ ၅နှစ်လောက်က လယ်သမား အုပ်စုလေးတစ်စုက သူတို့ ထွန်ယက်စိုက်ပျိုးနေတဲ့ နယ်မြေတွေမှာ ကုမ္ပဏီတွေက ရွှေတွင်းတွေလာတူးဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့ဒိလူနည်းစုကလေးက ရွှေတွင်းတွေလာ မတူးအောင် သပိတ်မှောက်ဆန္ဒပြမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့ အောင်မြင်ခဲ့ပါတယ်။ အင်ဂလိုဂိုးလ်အာရှန်တီ ဆိုတဲ့ နိုင်ငံခြား ရွှေတူးဖော်ရေး ကုမ္ပဏီက တောင်အမေရိက အင်ဒီးစ်တောင်တန်းကြီး ပေါ်က ကာဂျာမာကာ ဒေသမှာ ရွှေတူးဖို့အတွက် စီမံကိန်းလုပ်ခဲ့ပြီး လေ့လာမှုတွေလုပ်ခဲ့တာပါ။ အဲ့ဒိစီမံကိန်းကို လယ်သမာေးတွ အင်နဲ့ အားနဲ့ ဆန္ဒပြခဲ့ကြပါတယ်။ လယ်သမားတွေက ဒေးဗစ်အန်ဂိုလစ် လှုတ်ရှားမှုဆိုပြီး သူတို့ရဲ့ သပိတ်ကို အရှိန်မြှင့်ခဲ့လို့ အစိုးရ က အလျှော့ပေးပြီး သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေးကို သဘောတူခဲ့ပါတယ်။ ဒါပေမဲ့ ဒီနှစ် နှစ်ဦးပိုင်းလောက်ကနေ စပြီး ရွှေတွင်းကုမ္ပဏီတွေက မြေပြင်စစ်ဆေးမှုတွေ ဖောက်ခွဲမှုတွေ တစ်စတစ်စ လုပ်လာကြပါတယ်။ […]

ဆောင်း

မေ့နိုင်သွားပြီလားတဲ့ သူငယ်ချင်း မေ့ဆေးဆရာဝန်ကမေးတော့ သူ့ဖုန်းနံပါတ်လေး စိတ်ထဲကရွတ်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်မိတယ်။ ခက်ပါတယ် ခွဲသွားတာကြာပေမယ့် အရင်လို အသည်းခိုက်အောင် အေးဦး​​‌တော့မှာပဲ။ ။ #မိုဃ်းဇက်သော် ၉၊ ၁၁၊ ၂၀၂၁

ကလော

အမြဲတမ်း ရှင်းသန့်သော လမ်းများနဲ့ သင်းပျံ့သော ပန်းများနဲ့ လတ်ဆတ်သော လေနဲ့ ကြည်နူးဖွယ်ရာ ရှုခင်းများနဲ ရာသီဥတု ဘယ်လောက်အေးအေး အပြုံးနွေးနွေးနဲ့ ထွေးပွေ့ထားတဲ့မြို့လေး ကလော….တဲ့လေ လာချင်သော်လည်း မနီးသေးလို့ လွမ်း မျော် လို့သာ နေရတဲ့ မြို့လေး…။ ခိုင်သွေးကို #Greenness photo:Credit