Author Posts

ကမ္ဘာ့ပထမဆုံး နှင်းတောစီးအီးဘိုက်ကို တီထွင်နိုင်ခဲ့

နှင်းတောစီး ဆိုင်ကယ်တွေက ဆောင်းဝင်လာပြီဆိုရင် ဥရောပမှာ မရှိမဖြစ် အသုံးလိုတဲ့ ယာဉ်တွေပါပဲ။ အခုတော့ မွန်းဘိုက်ကုမ္ပဏီက နှင်းတောစီးတဲ့ ရုပ်ကြွင်းလောင်စာသုံး ယာဉ်တွေအစား အီးဘိုက်ကို ပထမဆုံးတီထွင်နိုင်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံအဲလ်ပတ်တောင်တန်းကြီးပေါ်မှာ နေတဲ့ မိဘတွေဆီကို ၂၀၁၅ တုန်းက အလည်သွား မွန်ဘိုက်စီအီးအို နိကိုလက်မူရွန်က နှင်တောထဲမှာ ဖြတ်သန်းသွားရတဲ့ အခက်အခဲကို သိမြင်ခဲ့လို့ သက်တောင့်သက်သာနဲ့ သွာလို့ရအောင် အီးဘိုက်တစ်မျိုး တီထွင်မယ်ဆိုပြီး လုပ်ခဲ့တာပါ။ ဒီနှစ်ခရစ္စမတ်မှာ သူက နှင်းတောစီး အီးဘိုက်ကို တီထွင်ပြီး မိဘတွေရှိရာ နှင်းတောင်ပေါ်က အိမ်ကို သွားရောက် လည်ပတ်နိုင်ခဲ့ပါတယ်။ နှင်းတောစီးယာဉ်တွေ အများကြီးရှိပါတယ်။ အားလုံးက ရုပ်ကြွင်းလောင်စာသုံးပြီး သွားနေကြတာပါ။ ကျနော်က အဲ့ဒိထဲမှာ သဘာ၀ ပတ်ဝန်းကျင်ကို အကျိုးပြုမယ့် အီဘိုက်ကိုတီထွင်လိုက်တာပါလို့ သူက ဆိုပါတယ်။ “ […]

နှင်းမဝေနိုင်တဲ့ဆောင်း

ဆောင်းရဲ့အငွေ့အသက်တွေကို ပြည့်ပြည်ဝဝ ခံစားရရှိခြင်းမရှိတဲ့ ဆောင်းရာသီရဲ့ နံနက်ခင်းတစ်ခု မှာဖြစ်ပါတယ်။လူတစ်စုဟာ ဓားတွေ၊ လွှတွေ၊ ရဲဒင်းတွေ ကြိုးတွေကို အသုံးပြုပြီး သစ်ပင်ကြီး တစ်ပင်ကို ခုတ် ဖြတ်ဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။သစ်ပင်ကြီးကို ဘာအတွက်ခုတ်ကြမှာလဲ ၊ဘာ့ကြောင့် ခုတ်ကြတာလဲ။တချို့ အ ကိုင်း၊ အခက်ေတွေကိုပဲ ခုတ်မှာလား ၊ဒါမှမဟုတ် အဲဒီ့အပင်ကြီးရဲ့ ပင်စည်အရင်းကနေပဲ ခုတ်လှဲပြစ်လိုက်ကြ မြာလား ဘယ္လို ခုတ်ကြမှာလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိပါဘူး။ကျွန်တော် သိတာက အဲဒီ့နေ့က ကောင်းကင်ကြီးတစ်ခုလုံးမှာ မိုးရဲ့ အရိပ် မိုးရဲ့အရောင်တွေ တွဲလွဲဲခိုနေခဲ့ကြတယ် ဆိုတာကိုပါပဲ။ တကယ်လည်း အဲဒီနေ့က ဆောင်းဟာ လိင်ပြောင်းဖို့ စိတ်အား ထက်သန်နေသူတစ်ယောက်ရဲ့ ပုံစံ မျိုးနဲ့ မိုးရဲ့ အရိပ် မိုးရဲ့ အရောင်တွေကို ညို့နေအောင် ပန်ဆင်ထားခဲ့ပါတယ်။(မိတ်ဆွေတစ်ယောက်ကတော့ ဘ […]

လျှို့ဝှက်ချက်

နေ့လယ်ခင်းမှာ နှင်းကျတယ်လို့ သတင်းစကားကြားရလို့ ပြတင်းပေါက်ကို ဝမ်းသာအားရ ငါ ဖွင့်မိလိုက်တယ်။ နှင်းနဲ့တူတဲ့အရာ ဆိုလို့ ဘာမှမတွေ့ အဲ့လို လိမ်ခံရပေါင်းလည်း များပြီ ငါဟာ လူအချို့ရဲ့ သဲ့သဲ့စကားသံကိုသာ လမ်းပေါ်တွေက ကားတွေပေါ်မှာ အမြဲ ကြားနေရတယ်။ လူစိမ်းတွေ အချင်းချင်း ပုံမှန်နေ့တွေထဲ ကိုယ် နဲ့ သူ ဘယ်သူဘယ်ဝါ မိတ်ဆက်မအားဘဲ ဘဝခရီးကို တိတ်တဆိတ် ဖြတ်သန်းသွားလာနေကြရဲ့။ ပြီးခဲ့တဲ့ နှစ်ကလည်း နှင်းကျတယ် သတင်းကြားလို့ ပြတင်းပေါက်ကို ငါ ဖွင့်ကြည့်မိသေးတယ် ကိုယ် ဘာဖြစ်ချင်မှန်း မသိဘဲ ကိုယ့်ကိုကိုယ် လိမ်ညာဖို့ အမြဲကြိုးစားတဲ့ လူငယ်လေးတစ်ယောက်ရဲ့ အထီးကျန်ပြတင်းပေါက်ပေါ့။ ။ #ကန္တာရမိုးစက် ၂.၁.၂၂

၂၀၂၁ ရာသီဥတုအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ် (မတ်လ)

ကမ္ဘာပေါ်ရှိ တရိစ္ဆာန်နှင့် အပင်မျိုးစိတ် ရှစ်သန်းတွင် တစ်သန်းခန့်သည် အဓိကအားဖြင့် လူသားတို့၏ ပယောဂကြောင့် မျိုးသုဉ်းရန် ခြိမ်းခြောက်ခံနေရကြောင်း ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဝန်ဆောင်မှုဆိုင်ရာ အစီရင်ခံစာက ဖော်ပြခဲ့ပါတယ်။ တူရကီနိုင်ငံဟာ ဥရောပသမဂ္ဂ၏ ပိုမိုရေရှည်တည်တံ့ခိုင်မြဲသော၊ ထိရောက်ပြီး စိမ်းလန်းသောစီးပွားရေးဆီသို့ ဦးတည်သွားသင့်တယ်လို့ တူရကီနိုင်ငံဆိုင်ရာ EU ကိုယ်စားလှယ်အဖွဲ့ဝင် Nikolaus Meyer-Landrut က ပြောကြားခဲ့ပါတယ်။အာဖရိက၏ အကြီးဆုံးရေချိုကန်မှာ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးရေး မစ်ရှင်ကို စတင်လိုက်ပြီလို့ ကုလသမဂ္ဂက ပြောကြားခဲ့တယ်။ မတ်လ ၉ ရက်မှာ ကင်ညာသမ္မတက အာဖရိကခေါင်းဆောင်များကို ယခုနှစ် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ (COP26) မတိုင်မီ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ရန် ဘုံရပ်တည်ချက်ကို ဖွံ့ဖြိုးတိုးတက်စေဖို့ တိုက်တွန်းခဲ့တယ်။ နိုင်ဂျီးရီးယားဟာ ၂၀၁၆၊ ၁၇ ကတည်းက လက်တွေ့ချပြရန်ခက်ခဲတဲ့ […]

မူလာရှီးဒီကြိုးတံတား နှင့် မူလာချောင်း

မူလာချောင်းဟာ ပူတာအိုဒေသ မူလာရှီးဒီရွာလေးမှာရှိပြီး ချောင်းရေဟာ ရေခဲတောင်ကနေ မြစ်ဖျားခံ စီးဆင်းလာတာကြောင့် အအေးဆုံးချောင်းလို့ ဆိုနိုင်ပါတယ်။ ရေကလည်း ပြာလဲ့ကြည်စိမ်းနေလေ့ရှိပါတယ်။ မူလာချောင်းကို ဖြတ်ကူးဖို့အတွက် ၁၉၅၈ ခုနှစ်က ဝါးနဲ့လုပ်တဲ့ကြိုးတံတားကို တည်ဆောက်ခဲ့ပြီး ပူတာအိုနဲ့ ၇ မိုင်အကွာမှာ တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ အဆိုပါတံတားကိုပဲ ၁၉၉၆ ခုနှစ်မှာ ပြန်လည်ပြုပြင်ခဲ့ပါတယ်။ ၂၀၁၅ ကားကြီးတွေပါ ဖြတ်ကူးသွားလာနိုင်တဲ့ ကြန္ကရစ္တံတားကို ကြိုးတံတားရဲ့ မလှမ်းမကမ်းမှာ တည်ဆောက်ခဲ့ပါတယ်။ မူလာချောင်းနဲ့ မူလာရှီးဒီတံတားများဟာ ပူတာအိုဒေသရဲ့ အထင်ကရ နေရာတစ်ခုဆိုရင် မှားမယ်မထင်ပါဘူး။ ဒါ့အပြင် မူလာရှီးဒီရွာလေးကို ၁၉ ခုနှစ်မှာ သာသနာပြုရန်ရောက်ရှိလာတဲ့ မစ္စတာရောဘတ်မော့စ်က အမေရိကန်ကနေ ဂရိတ်ဖုမျိုးစေ့တွေယူလာပြီး စိုက်ပျိုးခဲ့တယ်လို့လည်း သိရပြီး ဒီရွာလေးဟာ မြန်မာနိုင်ငံအတွက် ဂရိတ္ဖုသီး စတင်ပြန့်ပွားရာ နေရာတစ်ခုလို့လည်း ဆိုကြပါတယ်။ Greeness […]

ချယ်ရီခရီးသွားများ

ခရီးတစ်ခု အစပြုရာ ပထမဆုံးအနေနဲ့ ဝန်ခံစရာတစ်ခု ရှိပါတယ်။ အလှအပ မြတ်မြတ်နိုးနိုး ခံစားတတ်တဲ့ အသည်းနှလုံး ကျွန်တော်ဆီမှာ ပါမလာခဲ့ဖူး ဆိုတာပါပဲ။ အကြောင်းအရင်း ပြန်တွေးကြည့်လိုက်တော့ ငယ်ဘဝနဲ့ နည်းနည်းတော့ ဆိုင်မယ်ထင်တယ်။ တောရွာမှာမွေး တောမှာကြီးပြင်းခဲ့ပြီး စားဝတ်နေရေးသာ အရေးကြီးဆုံးလို့ ဘဝက ပြဌာန်းပေး လိုက်လို့လည်း ဖြစ်နိုင်ပါတယ်လေ။ ချယ်ရီပန်းပွင့်တဲ့အချိန် ချယ်ရီပင်တွေရှိတဲ့နေရာကို ခရီးသွားဖြစ်မယ်လို့ ကျွန်တော် ကြိုမသိခဲ့ရိုး အမှန်ပါ။ ဖန်တီးထားတာမျိုး မဟုတ်ဘဲ သဘာဝအတိုင်း လှပနေတဲ့ နေရာတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေ အများကြီးရှိနေခြင်းဟာ မြန်မာနိုင်ငံအတွက် သဘာဝကပေးတဲ့ အထူးလက်ဆောင်ကောင်းတွေပါ။ “ အစ်ကို ချယ်ရီပန်းတွေ ပွင့်နေပြီ။ ရုံး အားတဲ့ရက် လေထန်ကုန်း သူငယ်ချင်းတွေနဲ့ သွားရအောင်” တဲ့။ စာရေးဆရာမ မနှင်းနွယ်က ပြောလာခဲ့တယ်။ […]

အသစ်တွေ့ရှိသော သစ်ပင်မျိုးစိတ်အား လီယိုနာဒို၏ အမည်ပေး

ယူကေရှိ တော်ဝင်ရုက္ခဗေဒဥယျာဉ် Kew မွ သိပ္ပံပညာရှင်များသည် အော်စကာဆုရှင် Leonardo DiCaprio ကို အစွဲပြု၍ သစ်ပင်မျိုးစိတ်သစ်ကို အမည်ပေးခဲ့ကြောင်း ကြေညာခဲ့သည်။ Uvariopsis dicaprio ဟုလည်းလူသိများသော “dicaprio သစ်ပင်” သည် ကင်မရွန်းနိုင်ငံ Ebo သစ်တောတွင်သာ ပေါက်ရောက်သော အပင်ဖြစ်ပြီး အီဘိုသစ်တောတွေ ခုတ်ထွင်တာကို ရပ်တန့်အောင် ကူညီပေးရာမှာ လီယိုနာဒို၏ လုပ်ဆောင်မှုများက အရေးပါခဲ့ကြောင်း ဒေါက်တာ Martin Cheek က BBC သတင်းဌာနအား မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြောကြားခဲ့သည်။ ကင်မရွန်းအစိုးရသည် စက်မှုလုပ်ငန်းများအတွက် Ebo သစ်တောကို ခုတ်ထွင်းရန် ခွင့်ပြုမိန့်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ပတ်ဝန်းထိန်းသိမ်းရေး ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှုကြောင့် သစ်တောခုတ်ထွင်းရေး ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခဲ့သည်။ သိပ္ပံပညာရှင်တစ်ဦးအဖြစ် […]

ကမ်းခြေ

လှိုင်းတွေကိုမျဉ်းတားကြည့်တော့ မီးခိုးတွေ အူထွက်လာတယ် သောင်ပြင်ထက်က သဲဖွေးဖွေးတွေမက ဘဝမ်ားစြာ ကျင်လည်လည်ခဲ့လေသလား တိမ်တွေရဲ့တေးသွား လှိုင်းတွေကြား နေဝင်ဆည်းဆာတွေရော လှခဲ့လေသလား ပင်လယ်ရေဘယ်သူသောက်သောက် ပင်လယ်ရေ ဘယ်သူသောက်မလဲ ကျယ်သလောက် ကျယ်စမ်းပင်လယ် ပိုကျယ်လောင်တဲ့ အသံနဲ့အော်ကြည့်လိုက်မယ် အငှားခန္ဓာထဲ ဝင်ကစွပ်လေးတို့ရေ လောင်ကျွမ်းစွာ မရယ်လိုက်ပါနဲ့ အားလုံးဟာ အနွမ်းပြေပြေ မပြေပြေ အိမ်ပြန်ရမယ့် ဧည့်သည်တွေ… လင်းခ(မော်လမြိုင်)