Author Posts

ပါပူဝါနယူးဂီနီမှာတောင် တောပြုန်းမှုတွေ ဖြစ်နေတယ်လို့ ဂြိုဟ်တုပုံရိပ်တွေကပြ

ဩဂုတ်လတုန်းက သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လွှတ်တင်ထားတဲ့ ဂြိုဟ်တုကနေ ပေးပို့တဲ့ ပုံရိပ်အရ သစ်တောတွေ ထူထပ်ပါတယ်ဆိုတဲ့ ပါပူဝါနယူးဂီနီလို ကျွန်းတွေမှာ တောင် တောပြုန်းမှုတွေ ဖြစ်နေပါတယ်။ ကျွန်းပေါ်မှာ သစ်ခုတ်ဖို့အတွက် လမ်းတွေ ဖောက်နေတာနဲ့ရယ် အဆောက်အအုံ ဆောက်ဖို့အတွက် လမ်းကွန်ယက်တွေလုပ်နေတာနဲ့တင် တောတွေပြုန်းကုန်တာလို့ ဆိုပါတယ်။ မေရီလင်းပြည်နယ်က ကမ္ဘာမြေ သရုပ်ခွဲမှုနဲ့ရှာဖွေေတွေ့ရှိမှု တက္ကသိုလ် ရဲ့စမ်းသက်ခန်းက ရတဲ့ အချက်အလက်တွေအရ ဖော်ပြကြတာပါ။ ဩဂုတ်လ ၁ရက်နေ့ကနေ ၂၉ ရက်နေ့အတွင်းမှာပဲ နယူးဗြိတိန်အရှေ့ပိုင်း က တောင်ကုန်းတွေမှာ သစ်ပင်တွေ ပျောက်လာတာကို ဂြိုဟ်တုပုံရိပ်မှာတွေ့လာရပါတယ်။ အဲ့ဒိလို သစ်ပင်တွေ လျော့နည်းလာတာက နှစ် ၂၀ အတွင်းမှာ လျော့နည်းတဲ့ ပမာဏနဲ့ သြဂုတ်လအတွင်း လျော့နည်းမှု ကို နှိုင်းယှဉ်တာ ၅၈% အထိရှိပါတယ်။ […]

ဖူချီးယား

ဖူချီးရှားပင်သည် အပင်ငယ် သို့မဟုတ် များသောအားဖြင့် ခြုံပင်ဖြစ်သည့် ပန်းပွင့်သော အပင်မျိုးစိတ်တွင် ပါဝင်သည်။ ၁၆၉၆-၆၇ ခုနှစ်အတွင်း ပြင်သစ်ဘုန်းတော်ကြီးလည်းဖြစ် ရုက္ခဗေဒပညာရှင်လည်းဖြစ်သည့် ချားလက်စ် ပလျူမီယာက ကာရေးဘီးယမ်း ကျွန်း ဟက်စ်ပန်နီရိုလတွင် ရှာတွေ့ခဲ့ပြီး Fuchsia triphylla အဖြစ် ပထမဆုံးအကြိမ် သိပ္ပံနည်းကျ ဖော်ပြခဲ့သည်။ သူသည် ရှာဖွေတွေ့ရှိသည့် မျိုးစိတ်သစ်ကို ဂျာမာန်ရုက္ခဗေဒပညာရှင်ကြီး လီယိုဟာ့တ် ဖု့ချ်စ် ၏အမည်ပေးခဲ့သည်။ အပွင့်များသည် အောက်ဖက်သို့ တြဲလ်ားက်စြာ ပွင့်တတ်သည့် best hanging basketflower ဖြစ်သည်။ အေအးဓာတ္ကို အထူးနှစ်သက်လှပြီး ရာသီမရွေးပွင့်တတ်သောကြောင့် ဥယျာဉ်အလှစိုက်အပင်များတွင် အထူးထင်ရှားသည်။ စိုစွတ်သော မြေအမျိုးအစားတွင် စိုက်ပျိုးသင့်သည်။ ရာသီဥတုနှင့် မျိုးစိတ်အမျိုးအစားပေါ်မူတည်၍ ပန်းပွင့်ချိန် ကွဲပြားသည်။ ပုံမှန်အခြေအနေတွင် ဖူချီးယားပန်းများသည် မတ္လမွ ဧပြီလတွင် […]

မြန်မာ့တောင်တန်းများ (ဂမ်လန်ရာဇီ)

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်တည်ရှိသည်။ ၎င်းသည် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တွင် တည်ရှိပြီး ဟိမဝန္တာ တောင်တန်း၏ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်၏။ တောင်သည် မြန်မာနှင့် တိဘက်တို့ နယ်စပ်တွင် တည်ရှိပြီး အိန္ဒိယနှင့် သုံးနိုင်ငံတွေ့ဆုံရာ နေရာမှ ၁၅ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၅၈၈၁ ကီလိုမီတာ အမြင့်ရှိသည့် ခါကာဘိုရာဇီ သည် ဂမ်လန်ရာဇီမှ ၆.၆ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ဂမ်လန်ရာဇီသည် တစ်နှစ်ပတ်လုံး ဆီးနှင်းများနှင့် ရေခဲများ ဖုံးလွှမ်းလျက်ရှိသည်။ မြန်မာနိုင်ငံ မြေတိုင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ဂမ်လန်ရာဇီတောင်သည် နှမ်းဖတ်ကျောက် အမျိုးအစား ဖြစ်သည်။ အသစ်တိုင်းတာချက်အရ ဂမ်လန်ရာဇီတောင်၏ အမြင့်သည် ပေပေါင်း တစ်သောင်း ကိုးထောင် နှစ်ရာ ငါးဆယ့်ရှစ်ပေ ရှိသည့်အတွက် အရင်တိုင်းတာချက်ထက် ၁၁၈ ပေ ပိုမြင့်နေပြီး၊ […]

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမေရိကန်လျှပ်စစ်ကား ထုတ်တဲ့အစီအစဉ်မှာ ဖို့ဒ်လည်း ပါဝင်လာ

ကမ္ဘာပေါ်မှာ ထရက်ကားတွေ နဲ့ပတ်သက်လာရင် အမေရိကန်တွေက နည်းနည်းပိုရူးတယ်လို့ ပြောရမှာပါ။ အင်ဂျင်ပါဝါပိုကောင်း ပြီး ခရီးဝေးတွေ သွားနိုင် ထရက်ကားတွေကို သူတို့ကြိုက်အောင် GM တို့ ဖို့ဒ်တို့ က ထရက်ကားတွေ ကိုတိုးထုတ်ခဲ့ကြပါတယ်။ အခုတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သမ္မတ ဂျိုးဘိုင်ဒန်က ငွေသုံးပြီး လျှပ်စစ်အားဖြည့်တဲ့ ဆိုင်တွေ ကို တိုင်းပြည်အနှံ့ဖွင့်မယ်လို့ စီမံကိန်းရေးထားတဲ့အတွက် လျှပ်စစ်ထရက်ကားတွေကို ထုတ်ဖို့အတွက် အမေရိကန်ကား ကုမ္ပဏီတွေက ပြိုင်ပွဲတစ်ရပ်လို ထုတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။ ဖို့ဒ် ကားကုမ္ပဏီကတော့ ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်သုံးပြီး လျှပ်စစ်ကားထုတ်တဲ့ စက်ရုံ ၃ရုံ တည်ဆောက်ဖို့ လုပ်နေပြီဖြစ်လို့ အခုဆိုရင် စတုတ္ထမြောက် လျှပ်စစ်ထရက်ကား ထုတ်တဲ့ ကုမ္ပဏီဖြစ်လာပါပြီ။ တစ်စင်းကို ကန်ဒေါ်လာ ၂သောင်းအောက်နိမ့်တဲ့ ကားအစီးရေ ၁သိန်းကိုလည်း အမှာစာရထားပါတယ်။ […]

ရွေးကဗျာ

ပတ်ဝန်းကျင် ကဗျာ တကယ်တော့ ” ရွေး ဟာ မြို့ကလေးရဲ့အစ ။ တကယ်တော့ ရွေး ဟာ တောမကျ မြို့မကျ မြို့လေးကို ဖက်တွယ်ရှင်သန်ရင်း ငေးမျှော်ကြည့်ရင်း “ဒီရဲ့ နရီစည်းမှာ ကလိုက် ခုန်လိုက် ။ နှစ်ပေါင်းများစွာ မြို့ကလေးကို ထွေးပိုက်ရင်း တခါ တခါ ကြည်နူးပျော်ရွှင်ရင်း တခါ တခါ အနာတရ ဒါဏ်ရာတွေနဲ့ မြို့ကလေးကို ဖေးမရင်း မြို့ကလေးရဲ့အခင်အကျင်းမှာပျော်ဝင်နေခဲ့ ။ ခုတော့ ရွေးရဲ့ ရင်ခွင်ထဲ အတင်းကျူးကျော်လာတဲ့ မြို့ကလေးဟာ ရွေးကို အကျည်းတန်စေခဲ့ပြီလား ရွေးကို အထီးကျန်စေပြီလား ရွေးကို မသိချင်ယောင် ဆောင်နေပြီလား… ရွေး ဟာ မြို့လေးကို ဆိတ်ဆိတ်ငြိမ်ငြိမ်ကြည့်နေရင်း နာနာကျင်ကျင် ကြေကြေကွဲကွဲ ဖြစ်နေရှာ တကယ်တော့ […]

မြစ် ချောင်းတစ်လျှောက် မြို့ ရွာတွေမှာလည်း အမှိုက်ကင်းစင်စေချင်တယ်

ပြီးခဲ့တဲ့လ (၂၀၁၉ ခုနှစ် ဒီဇင်ဘာ ကျောင်းပိတ်ရက်) ကပေါ့၊ ကရင်နှစ်သစ်ကူး ရွာပြန်ချင်တယ်လို့ ဇနီးသည်က ပြောလာတဲ့အတွက် ရွာပြန်ဖို့ စီစဉ်ဖြစ်ခဲ့တယ်။ ရွာဆိုတာက ဇနီးသည်ရဲ့ ရွာ၊ အဲဒီမှာ သူ့အမေ၊ ညီမ မိသားစု၊ မောင် မိသားစုနဲ့ ဆွေမျိုးတွေ ရှိတယ်။ အားလုံးက ဗုဒ္ဓဘာသာ၊ ကရင်လူမျိုးတွေ၊ ဒီတော့ ကရင် နှစ်သစ်ကူးသွားရင်း အလည်အပတ်သွားမယ်။ ကလေးတွေလည်း ရောက်ဖူးမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်မယ်ပေါ့။ ကျွန်တော်ကတော့ အလုပ် နှစ်လုပ် လုပ်နေရသလို စာကလည်း ရေးနေရတာမို့ မိသားစုကို လိုက် ပို့ပြီးရင် ချက်ချင်းပြန်လာမယ်။( အဲဒီအစီအစဉ်တောင် ပထမက မပါဘူး။ သူငယ်ချင်း ကဗျာဆရာ တစ်ယောက် က လိုက်ချင်တယ်ဆိုလို့ အားချင်း စီစဉ်လိုက်ရတာ) ဇနီးသည်ရဲ့ […]

စကော်တလန်မှာ သစ်တောတွေပြန်လည်ဖြစ်ထွန်းဖို့ နှစ်၃၀ စီမံကိန်းနဲ့ ပြန်စနေ

စကော်တလန် အစိုးရ က အက်ဖရစ်ဟိုက်လန်း လို့ခေါ်တဲ့ နေရာမှာ သစ်တောပြုန်းတီးမှု ဖြစ်သွားလို့ အဲ့ဒိ ဒေသက ဧက၅သိန်းကို နှစ်၃၀ စီမံကိန်းနဲ့သစ်တောတွေဖြစ်အောင်လို့ ပြန်လည်လုပ်ကိုင်နေပါတယ်။ အဲ့ဒိ အစီအစဉ်အရဆိုရင် စကော်တလန်ပြန်လည်ပေါင်းစည်းရေး မဟာမိတ်အဖွဲ့ က အစီအစဉ် အကောင် အထည် ပေါ်လာပြီ ဆိုရင် စကော်တလန်က ကမ္ဘာပထမဦးဆုံး တောရိုင်းသဘာ၀ ပြန်လည် တည်ထောင်တဲ့ နိုင်ငံဖြစ်သွားမှာပါ။ အက်ဖရစ်ဟိုက်လန် က စကော်တလန်မှာ ထင်ရှားတဲ့ နယ်မြေတစ်ခုဖြစ်ပြီး စိတ်လှုတ်ရှားစရာကောင်းတဲ့ သဘာဝရှု့ခင်းတွေ ပြည့်နှပ်နေပါတယ်။ ဇီဝမျိုးကွဲတွေလည်း အတော်ကိုရှိပါတယ်။ သစ်ပင်တွေကိုပြန်လည် စိုက်ပျိုးပြီး ထိန်းသိမ်းဖို့အတွက် စေတနာ့ဝန်ထမ်းတွေနဲ့ သူတို့ ရဲ့ ပါတနာတွေ ပေါင်းပြီး လုပ်ကြမှာပါ။ ဧက ၅သိန်းကို နေရာ ၉နေရာ ခွဲပြီး လုပ်ကြမှာပါ […]

မြန်မာ့တောင်တန်းများ (ပြက္ခရွေတောင်)

ပြက္ခရွေတောင် သည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ကူမဲမြို့အနီး၊ ရန်ကုန်မန္တလေး ကားလမ်း၊ မိုင်ဂိတ်မှ မိုင်ခန့် အကွာတွင် တည်ရှိသည်။ ၎င်းမိုင်ဂိတ်မှ လမ်းခွဲပြီး ကင်းတားလမ်းမကြီးအတိုင်း အရှေ့တောင်ဘက် ယွန်းယွန်းရှိ ကင်းတားတူးမြောင်း၊ လက်ဝဲတူးမြောင်း၊ ခဝဲဖြူချောင်းတံတားအထိ သွားရသည်။ ထို့နောက် သဲဖြူချောင်းတံတားကို ကျော်၍ လက်ယာဘက်ချိုးကာ ကင်းတားလက်ဝဲ တူးမြောင်းမကြီး အတိုင်းစုန်ဆင်းပြီး ကော်ဖီခြံတံတားထိပ်ထိ ဆက်လက်သွားရသည်။ ၎င်းမှ လက်ဝဲဘက်သို့ ချိုးကာ တောင်ကြီးလမ်းအတိုင်း ပြက္ခရွေတောင်ခြေသို့ သွားရသည်။ တောင်ခြေတွင် ကားရပ်နားစခန်းရှိသည်။ ပြက္ခရွေတောင်ဟူသော အမည်ကား တောင်တစ်လုံးတည်း၏ အမည်မဟုတ်ပေ။ ပြက်တောင်နှင့် ခရွေတောင် တောင်နှစ်လုံးအမည်ကို ပေါင်း၍ ခေါ်ဝေါ်ခြင်းဖြစ်သည်။ ဒေသအခေါ်အဝေါ်အရ အရှေ့တောင်ကြီး၊ အနောက်တောင်ကြီးဟု ခေါ်ကြသည်။ ပြက္ခရွေ အရှေ့တောင်၊ ပြက္ခရွေ အနောက်တောင်ဟူ၍လည်း ခေါ်ကြသည်။ […]

အိမ်တွင်းလေထုသန့်စင်ရန် အကောင်းဆုံးအပင် ၁၀မျိုး

၁၉၈၉ တွင်ထုတ်ဝေခဲ့သောနာမည်ကျော် NASA ၏စမ်းသပ်မှုတစ်ခုတွင် အိမ်တွင်းအပင်များ သည်ကင်ဆာဖြစ်စေသော အော်ဂဲနစ်ဒြပ်ပေါင်းများဖြစ်သည့် formaldehyde နှင့် benzene ကဲ့သို့လေထုညစ်ညမ်းစေသည့် air pollutants များကိုပွတ်တိုက်ပေးနိုင်ကြောင်းဖော်ပြထားသည်။ ထို NASA မှသုတေသီများသည်အာကာသစခန်းပတ်ဝန်းကျင်၏လေထုထဲရှိအဆိပ်အတောက်များကို သန့်စင်ရန်နည်းလမ်းများကိုရှာဖွေနေသည့်အချိန်လဲဖြစ်သည်။ နောက်ပိုင်းသုတေသနများအရ မြေပြင်ရှိ လေထုထဲရှိ အဆိပ်အတောက်အငွေ့များ နှင့် အဏုဇီဝပိုးမွှားများကိုပါ indoor plant များကစုပ်ယူပေးပြီး အိမ်တွင်းလေထုကိုသန့်ရှင်းရေးတွင်အကူအညီထောက်ပံ့ပေးနိုင်ကြောင်းလေ့လာတွေ့ရှိခဲ့သည်။ . ထို့ကြောင့် ယနေ့မှာတော့ အိမ်တွင်းလေအရည်အသွေးကောင်းမွန်လာစေဖို့ စိုက်ပျိုးသင့်သည့်အပင် ၁၀ မျိုးကို ပြုစုရေးသားဖော်ပြပေးလိုက်ပါသည်။ အသေးစိတ်ကိုတစ်ပုံချင်းဆီထောက်ပြီးလဲဖတ်နိုင်ပါသည်။ . ၁။ ပထမဆုံးတစ်ခုကတော့ Snake Plant ဖြစ်ပါသည်။ ဆင်စွယ်ဂမုန်းဟုလူသိများပြီး နဂါးစက်ဂမုန်းလို့လဲခေါ်ပါတယ်။ Snake Plant က လေထုသန့်စင်ရန်ကူညီပေးပါသည်။ အိမ်တွင်းရှိ လေထုထဲတွင် မလိုလားအပ်သည့် အဆိပ်အတောက်ဓာတုအငွေ့များ နှင့် နှာခေါင်းယားယံခြင်း၊ […]

ရေသတ္တဝါများအတွက် ကြီးမားသော အန္တရာယ်ကောင်များ

မြန်မာနိုင်ငံတွင်းရှိ ရေအောက်သဘာဝတရားကိုထိခိုက်နိုင်သော ကျူးကျော်ငါးကြီးမျိုးများ – ၁။ ပီးကော့ဘားစ် ၊ တီလားပီးယားနှင့် အခြား Cichlid မျိုးစုဝင်ငါးများ (Peacock Bass, Tilapia, and other Cichlids) ၂။ တိုမန်ငါးရံ့ (ခေါ်) ငါးရံ့ဘီလူး (Toman Snakehead or Giant Snakehead) ၃။ စုပ်ခွက်ငါး (ခေါ်) မြွေပွေးငါးခူ (Armoured Suckermouth Catfish / Plecostomus) Art Commission by Burmese Creature #Crd