Author Posts

မြန်မာ့မြေပေါ်က ကျွန်းများ (မျောက်နီကျွန်း(Red Monkey Island))

မျောက်နီကျွန်း(Red Monkey Island) သည် မြန်မာနိုင်ငံတောင်ဘက် ကော့သောင်းမှ မိနစ် ၄၀ ခန့် သွားရသည့် ကျွန်းငယ်လေးဖြစ်သည်။ ကမ်ဘာပေါ်တွင် အလွန်လှပသောနေရာဖြစ်ပြီး မပျက်စီးသေးသောသဘာဝရင်းမြစ်များ၊ ပြာလဲ့ကြည်လင်သောရေ၊ ဖြူ ဖွေးနေသော သဲသောင်များနှင့် ဒေသခံတို့၏ အံ့သြဖွယ်ကောင်းသော လူနေမှုပုံစံများကြောင့် ကမ္ဘာ့ခရီးသွားများအကြား အတော်လေးရေပန်းစားသည်။ အဆိုပါကျွန်းသည် အရှေ့တောင်အာရှ၊ တောင်အာရှ၊ ဩစတေးလျ၊ အိန္ဒိယနှင့် ပစိဖိတ်ဒေသများတွင် နေထိုင်သည့် flying fox ခေါ် လင်းနို့မျိုးစိတ်တစ်ခု၏ အခြေချနေထိုင်ရာ နေရာဒေသတစ်ခုလည်းဖြစ်ပြီး အခြားစိတ်ဝင်စားဖွယ် ဇီဝမျိုးမျိုးကွဲများ၊ သန္တာကျောက်တန်းများကလည်း ကျွန်း၏အလှကို ပိုမိုပြည့်စုံစေကာ မြန်မာနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွားများ အာရုံကျရာ ကျွန်းတစ်ခုဖြစ်သည်။ #Greeness Photo:Credit

ရွှေနွယ်ရိုးပင်

အပင်ကို ၃ ခွက် ၁ ခွက်တင်ကျိူသောက်ယင် ဗိုက်ကြီးပူ ပြီးရေတွေ စုတ်ထုတ်နေရတဲ့ တနေ့ တသိန်းလောက်ကုန်ပြီး ဆရာဝန်တွေ လက်လျှော့နေရတဲ့ ရောဂါ ရေဖျဉ်းရောဂါ ပျောက်ပါတယ် ဆီးချိူ သွေးချိူ နဲ့ ကင်ဆာ ရောဂါ ပျောက်ပါတယ် အားလုံး ကျန်းမာ ချမ်းသာကြပါစေ ဂုဏ်နှင့်စွမ်းရည် ၄င်းဆေးရွှေနွယ်သည် ချို၏။ ထက်မြက်၏။ သည်းခြေနှင့်စပ်လျဉ်းသော ရောဂါများကို နိုင်နင်း၏။ ရောဂါအလိုက်အသုံးပြုပုံ အသည်းရောင်ခြင်း/ အသည်းကြီးခြင်း/အသည်းမာကြောကြမ်းတမ်းခြင်းတို့အတွက် ၄င်းဆေးရွှေနွယ်ကို ပြုတ်၍ သောက်ခြင်း။ ဝမ်းဗိုက်ကို လိမ်းပေးခြင်း ပြုလုပ်မူ အထက်ပါရောဂါများ ပျောက်ကင်း၏။ အသည်းအားနည်း/အားပျော့ခြင်းအတွက် ၄င်းရွှေနွယ်ကို ပြုတ်၍ ၄င်းပြုတ်ရည်သက်သက်ကို၄င်း ။ အခြားဆေးဘက်များနှင့်၄င်းသောက်မူ အသည်းကို များစွာအားပေး၏။ သွေးဖောက်ပြန်ရောဂါ ၄င်းဆေးရွှေနွယ် ၅-ကျပ် ။ တွင်းနက်ကတိုးမြစ် […]

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ ဆောင်းပါး # ပျောက်ဆုံးဖို့အန္တရာယ်ကြုံတွေ့လာနိုင်တဲ့ နိုင်ငံတော်ရဲ့သဘာဝအမွေတစ်ခု

ပြက္ခဒိန်တစ်ခုမှစခဲ့တဲ့ သမိုင်းကြောင်းတစ်ခု ၁၉၈၃ ခုနှစ်တွင် ပန်းရိုးမနှင့်ရွှေမင်းဝံပြက္ခဒိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်ရှိ တွင်းတောင် အင်းရဲ့ဓာတ်ပုံပါရှိခဲ့ပါတယ်။ အဲဒီဓာတ်ပုံကို ထိုအချိန်က မော်လမြိုင်တက္ကသိုလ် အဏ္ဏဝါသိပ္ပံဌာနမှ ကထိက ဒေါက်တာမင်းသိန်း တွေ့မြင်ခဲ့ပါတယ်။ ဓာတ်ပုံမှာ မြင်တွေ့ရတဲ့အနေအထားအရ တွင်းတောင်အင်းတွင် စပီရူလိုင်းနား စိမ်းပြာရေညှိများရရှိနိုင်ကြောင်း သုံးသပ်မိခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဒေါက်တာမင်းသိန်း ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ်အဏ္ဏဝါသိပ္ပံဌာနမှ ကျောင်းသူကျောင်းသားတွေဟာ သုတေသနလုပ်ငန်း များ စတင်ဆောင်ရွက်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ထုတ်လုပ်မှုနဲ့ အသုံးချမှုလုပ်ငန်းတွေကို သုတေသန ပြုလုပ်ဆောင်ရွက်ခဲ့ကြပါတော့တယ်။ ၁၉၈၅ ခုနှစ် ဝန၃်ကြီးဌာနကိုယ်စားလှယ်များပါဝင်ပြီး ထပ်မံ သုတေသနလုပ်ငန်းများ ထပ်မံ ဆောင်ရွက်နိုင်ရန် လေ့လာစီစစ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပြန်ပါတယ်။ ဒီနောက် ၁၉၈၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ စက်မှုဝန်ကြီးဌာန မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံ(BPI)မှာပဲ စပီရူလိုင်းနားဌာနခွဲတစ်ခုအဖြစ် စတင် ထူထောင်နိုင်ခဲ့ပါတယ်။ […]

မြန်မာနိုင်ငံတွင်းက သဘာဝအလှတရားများ(တလုတ်ချရေတံခွန်)

တလုတ်ချရေတံခွန်သည် ဒလပင်ကျေးရွာ (ထန်းလှပင်ကျေးရွာ)၊ ရွာငံမြို့နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ရှမ်းပြည်နယ်တောင်ပိုင်းတွင် တည်ရှိသည်။ တလုတ်ချရေတံခွန်သို့ ရွာငံမြို့နယ် ရေဦးကျေးရွာမှတစ်ဆင့် သိမ်ကုန်းအင်းကြီးဒလပင် လမ်းအတိုင်း သွားရောက်နိုင်သည်။ ဒလပင်ကျေးရွာမှ (၃)မိုင်ခန့်ကွာဝေးပြီး ရေတံခွန်အောက်ခြေအထိ ကားလမ်းဖြင့်သွားရောက်နိုင်သည်။ တလုတ်ချရေတံခွန်သည် အမြင့်ပေ ၃၇၅ ပေ မြင့်မားသည်။ Credit Sai_Swan

သစ်ခိုးကောင် / ထင်းခိုးကောင်

သစ်ခိုးကောင် / ထင်းခိုးကောင် ပါတဲ့။ အခုမှမြင်ဖူးတယ်ဗျာ။ ပုံတင်ပေးတဲ့သူကိုလည်း ကျေးဇူးပါခင်ဗျ။ ငယ်ငယ်တုန်းကဆိုရင် လူကြီးတွေက သူများထင်းတွေခိုးမသုံးနဲ့ ထင်းခိုးကောင်ဖြစ်တတ်တယ် ဆိုပြီး ပြောလေ့ရှိကြတယ်တဲ့။ မန္တလေးဘက် ရှမ်းပြည်ဘက် တွေမှာ အတွေ့များပါတယ်တဲ့ဗျာ။ နေရာဒေသပေါ် မူတည်ပြီး အခေါ်အဝေါ် ပြောင်းလဲလာတယ်ထင်တယ်။ Crd: photo (အပင်စိုက်သူများ ဆုံဆည်းရာ)

တန်ဖိုးရှိခြင်း

အုန်းသီးပြောင်ချော ၊ ပုံဖော်နှောက မျောက်ချောတစ်ကောင် ၊ သဏ္ဍာန်ဆောင်၍ ရ အောင်ဖိုးတန် ၊ ဝင်ငွေတိုး ။ ရွှံ့ကိုခူးခွါ ၊ ပြုလုပ်ရာတွင် လောက်စာ နွားရုပ် ၊ ပြောင်းပြီးလုပ်က ဆေးလှရောင်တင် ၊ များလိုချင် ။ သဘာဝကို ၊ လုပ်အားပို၍ အလိုရှိရာ ၊ ပုံဖော်ပါမူ သင့်ရာတန်ဖိုး ၊ အဆတိုး ။ သြော်- — – — လူပြည်လူ့ရွာ ၊ မှတ်သားကာဖြင့် ပညာထပ်တိုး ၊ ပြုလုပ်ပိုးလျှင် အကျိုးကောင်းလှ ၊ နေပျော်ရ သဘာဝက ၊ ပေးဝေငှ အားလုံးကိုယ်စီ လူတိုင်းရ ။ ။ ခေတ်သစ် (ကြွေပုဂံ) ဦးအောင်သင်း […]

ပန်သီးပုံနဲ့ ငှက်ပျောသီးအရသာ သရက်ပင် စိုက်ပျိုးအောင်မြင်

အိန္ဒိယနိုင်ငံတောင်ပိုင်း မန်ဒရာခရိုင်က ကီရူဂါဗာလူ ရွာက ခြံသမားတစ်ဦးက သူ့ခြံကနေ သရက်မျိုး ၁၁၉ မျိုးတောင် စိုက်ပျိုးနိုင်ခဲ့လို့ ဒေသတွင်း သတင်းစာတွေရဲ့ ခေါင်းကြီးပိုင်း မှာ ဖော်ပြခံနေရပါတယ်။ ဒေသအတွင်းကလူတွေတင်မကဘူး ၊ ပြည်နယ်အတွင်းက လူတွေပါ စိတ်ဝင်စားမှု ခံရလို့ သူ့ခြံကို လာရောက်ကြည့်ရှု့ကြပါတယ်။ ဆေးရက်ဂန်ဒီခန်ရဲ့ ခြံက နည်နည်ရရတော့မဟုတ်ပါဘူး။ အဲ့ဒိခြံကို မျိုးဆက်နဲ့ ချီပြီး ထိန်းသိမ်းလာတာပါ ။ အခုဆိုရင် ခြံရဲ့ သက်တမ်းက နှစ် ၂၀၀ ကျော်နေပါပြီ ၊ ခြံထွက်သရက်သီးက အရသာအမျိုးမျိုး ကိုရှိလို့ မိုင်ဆိုးက မဟာရာဇာတွေတောင် ကြိုတင်မှာ စားရပါတယ်။ အခုဆိုရင် ခြံကို ထိန်သိမ်းလာတာ မျိုးဆက် ၇ ဆက်ရှိနေပါပြီ ၊ နာမည်က ဘာဒါဘောက် ( […]

မိုးကုတ်

  မိုးကုတ်မြို့သည် မြန်မာနိုင်ငံအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ပြင်ဦးလွင်ခရိုင်တွင် ပါဝင်သော မြို့နယ်ရုံးစိုက်မြို့ဖြစ်သည်။ ကမ္ဘာတွင် အကောင်းဆုံး ပတ္တမြား သည် မိုးကုတ်မှ ထွက်သည်။ ထို့ကြောင့် ပတ္တမြား၊ နီလာ စသော ကျောက်မျက်ရတနာ ထွက်ရာဒေသအဖြစ် မြန်မာနိုင်ငံတွင် သာမက ကမ္ဘာတွင် ထင်ရှားသည်။ ဗြိတိသျှတို့ သိမ်းပိုက်စက မိုးကုတ်မှာ ခရိုင်ဖြစ်၍ ပတ္တမြားတွင်းခရိုင်ဟု ​ခေါ်ခဲ့ကြသည်။ မိုးကုတ်မြို့သည် ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းကုန်းပြင်မြင့်၏ အနောက်ဖက်စွန်းတွင် တည်ရှိသည်။ မိုးကုတ်မြို့၏ အရှေ့ဖက်နှင့် မြောက်ဖက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဖက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဖက်တွင် သပိတ်ကျင်းမြို့နယ်တို့ တည်ရှိသည်။ မိုးကုတ်မြို့သည် ဧရာဝတီမြစ်၏ အရှေ့ဖက် (၃၆)မိုင် ကွာဝေးပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၈၀၀)တွင် တည်ရှိသော တောင်ပေါ်မြို့တစ်မြို့ ဖြစ်သည်။ အပူပိုင်းဒေသအတွင်း ကျရောက်သော်လည်း […]

#သံခေတ်

သံခေတ် သည် အကြမ်းအားဖြင့် လူ့အသုံးအဆောင် ပစ္စည်းများနှင့် လက်နက်ကိရိယာများကို သံဖြင့် ပြုလုပ် သုံးစွဲခဲ့သည့် အချိန်ကာလမှ အစပြုခဲ့သည်ဟု ဆိုကြသည်။ သမိုင်းအရမူ သံခေတ်သည် ခေတ်ကြီး သုံးခေတ် တွင် နောက်ဆုံး ခေတ်ဖြစ်သည်။ ဤခေတ်၏ အစပြုရာ အချိန်ကာလမှာမူ ပထဝီဝင် အနေအထားအရ ကွာခြားမှုများ ရှိသည်။ သံခေတ်၏ အဆုံးသတ် နေ့ရက်များကိုမူ တိကျသေချာစွာ ဖော်ပြနိုင်ခြင်း မရှိကြချေ။ ယေဘုယျအားဖြင့်မူ သံခေတ်သည် ဘီစီ ၂၁ ရာစုတွင် ကမ္ဘာ့အရှေ့ခြမ်း ၊ ပါရှား ၊ အိန္ဒိယနှင့် ဂရိတို့တွင် စတင်ခဲ့သည်။ ဥရောပတွင်မူ ထိုထက်ပို၍ နောက်ကျခဲ့ပြီး ဥရောပ အလယ်ပိုင်းတွင် ဘီစီ ၈ ရာစုနှင့် ဥရောပ မြောက်ပိုင်းတွင် ဘီစီ […]