Author Posts

ဟားမတ်တွေနဲ့ အစ္စရေးတို့သုံးတဲ့ လောင်မီးကျ လက်နက်တွေက စိုက်ပျိုးမြေတွေကို ထိခိုက်နိုင်သလား

              ပြီးခဲ့တဲ့ စနေနေ့မနက်က ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်တွေက အစ္စရေးကို ရောကတ်ပေါင်း ထောင်နဲ့ချီပြီး ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒိရောကတ်တွေမှာ ရဲ့ ကျည်ဆံတွေဖြစ်တဲ့ ဗုံးတွေထဲကို ဖော့စဖိတ်အဖြူနဲ့ တာယာတွေ ရောထည့်ပြီး ပစ်ခဲ့တာပါ။ အစ္စရေးတွေရဲ့ ဒုံကျည်ကာစနစ်ကို ဖောက်ပြီး ဝင်ရောက်နိုင်ဖို့အတွက်က အဲ့လို ဓာတုလက်နက်တွေကို စိတ်ကူးနဲ့ပေါင်းပြီး ဟားမတ်တွေက လုပ်ခဲ့တာပါ။             အဲ့လိုပဲ အစ္စရေးတို့က ပါလက်တိုင်းတွေနေတဲ့ ဂါဇာ ဒေသကိုပြန်ပြီးတော့ လေကြောင်းစစ်ဆင်ရေးတွေလုပ်တဲ့ အခါမှာလည်း ကျဲလိုက်တဲ့ ဗုံးတွေမှာ ဖော့စဖိတ်အဖြူတွေကို အခြေခံထားတဲ့ ဗုံးတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ဗုံးတွေထဲမှာပါတဲ့ ဖော့စဖိတ်အဖြူတွေက လေထုနဲ့ […]

အင်္ဂလန်တက္ကသိုလ်တွေကို ရေနံကုမ္ပဏီတွေက လာဘ်ထိုးပြီး ပါးစပ်ပိတ်ခိုင်းထားတယ်လို့ ဆို

                အင်္ဂလန်တက္ကသိုလ်တော်တော်များများကို ရေနံကုမ္ပဏီကြီးတွေက ရန်ပုံငွေထောက်ပံ့ပေးပြီး သုတေသန လုပ်ငန်းတွေကို ဆက်မလုပ်ဖို့အတွက် လာဘ်ထိုးထားတယ်လို့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများကို အဓိကထားအာရုံစိုက်သည့် သတင်းနှင့် တက်ကြွလှုပ်ရှားသူ ဝဘ်ဆိုက်တစ်ခုဖြစ်သည့် DeSmog ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိပါတယ် ။             ယူကေရှိ အကြီးကျယ်ဆုံးတက္ကသိုလ်အချို့က ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေအား ကိုင်တွယ် ဖြေရှင်းရန် နှင့် ပိုမိုစိမ်းလန်းသောကမာ္ဘကြီးကို တည်ဆောက်မယ်လို့ ကတိပြုထားပေမဲ့ ပြီးခဲ့သောနှစ်အတွင်းက ရုပ်ကြွင်းလောင်စာ ကုမ္ပဏီများထံမှ သန်းပေါင်းများစွာကို လက်ခံခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုအသစ် တစ်ခုအရ သိရပါတယ်။ ရုပ်ကြွင်းလောင်စာ ဘီလူးကြီးများက ၂၀၂၂ ခုနှစ်မှစ၍ ယူကေတက္ကသိုလ်များသို့ စုစုပေါင်း […]

အင်းဆက်ကောင်ရေ ကျဆင်းလာလို့ ဝတ်မှုံကူးဖို့အတွက် အခက်အခဲဖြစ်လာ

               ဒီအပတ်ထုတ် Science Advances ဂျာနယ်မှာ ပါတဲ့ ဆောင်ပါးတစ်ပုဒ်အရ ကမာ္ဘ့အပူပိုင်း ဒေသတွေမှာ ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေရဲ့ ကောင်ရေ ကျဆင်းလာတဲ့ အတွက် ကော်ဖီလိုမျိုးစားသောက်ကုန် လုပ်ငန်းတွေ ထိခိုက်မှု ၂ ဆမက ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ သတိပေးထားတာကို သိရပါတယ်။               ရာသီဥတုပြောင်းလဲမှုနဲ့ ကျက်စားရာဒေသဆုံးရှုံးမှုတွေကြောင့် ဝတ်မှုံကူးပေးတဲ့ အင်းဆက်တွေဟာ အပူပိုင်းဒေသတွေမှာ သိသိသာသာကျဆင်းနေပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ သုတေသနအရ တရုတ် ၊ အိန္ဒိယ ၊ ဘရာဇီး ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင်နိုင်ငံ နဲ့ အာဖရိက […]

အစိမ်းရောင် စွမ်အင် ထုတ်လုပ်ရေးလုပ်ငန်းမှာ တရုတ်တွေ ရှေ့ရောက်နေမှုကို အမေရိကန်တွေ မကျေနပ်ကြ

            ကမ္ဘာ့ဖန်လုံအိမ်ဓာတ်ငွေ့ အထုတ်လွှတ်ဆုံး အင်စတီကျူ့ကို ပြောပါဆိုရင် အမေရိကန်ကာကွယ်ရေး ဝန်ကြီးဌာန ပင်တဂွန်ပါပဲ ။ လောလောဆယ် စက်မှုအင်အားကြီး နိုင်ငံတွေကြားမှာ ထားတဲ့ကတိကဝတ်အရ ပင်တဂွန် ကလည်း ၂၀၅၀ မှာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု သုံည ဖြစ်စေရမယ်လို့ ကြေညာထားပါတယ် ။             ဒါပေမဲ့ ပြဿနာက အမေရိကန်စစ်တပ်တစ်ခုလုံး သုံးနေတဲ့ လျှပ်စစ်စွမ်းအင်သုံး ကိရိယာတွေ ၊ တပ်ဆင်ပစ္စည်းတွေ နဲ့ တိုက်ခိုက်ရေးယာဉ်အပါအဝင် လက်နက်စနစ်တွေမှာ တရုတ်နိုင်ငံထုတ် လစ်သီယံ ဘတ်ထရီက ၇၅ ရာခိုင်နှုန်း ရှိနေတယ်ဆိုတာပါပဲ ။ ပြောချင်တာက အမေရိကန်စစ်တပ်က တရုတ်နိုင်ငံက […]

မြန်မာနိုင်ငံအတွင်းရှိမြစ်များ (ကုလားတန်မြစ်)

          အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်း သည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မွ် စီးဆင်းလာပြီးနောက် ရခိုင် ပြည်နယ် စစ်တွေမြို့အနီးတွင် ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်ပါသည်။မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီဩဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။           ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ်ပေါ်စေပါသည်။ လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသတလျှောက်တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသားလူမျိုးများသည်လည်း ဤ​ြမစ္ကို မှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ […]

တရုတ်တွေက အာဖရိကမှာ အစိမ်းရောင်စွမ်းအင်လုပ်ငန်းတွေ လုပ်နေပြီ

              နမ်မီဘီယားက လေအားလျှပ်စစ် ထုတ်လုပ်မှုနဲ့ ဇင်ဘာဘွေက ကာရီဘာဆည်ထဲကရေပေါ် ဆိုလာခြံတွေက အာဖရိကကို ရုပ်ကြွင်းလောင်စာမှီခိုပြီးသွားနေရတဲ့ လုပ်ငန်းတွေကနေ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် တွေကို အားကိုးလာနိုင်စေဖို့ တရုတ်တွေ ပေးထားတဲ့ ကတိကဝတ်တွေက လုပ်ငန်းတွေဖြစ်ပါတယ်။ဘေကျင်းအစိုးရက အာဖရိက နိုင်ငံတွေမှာ စွမ်းအင်နဲ့ ပတ်သက်တဲ့ ရင်းနှီးမြုတ်နှံမှုတွေ ပြုလုပ်ဖို့အတွက် အများကြီး အာရုံစိုက်ထားပါတယ် ။ လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေသိပ္ပံကျောင်းမှ မူဝါဒရေးရာပညာရှင် Lei Bian က တရုတ်တွေက ရာသီဥတုဖောက်ပြန်မှု တားဆီးရေး နဲ့ပတ်သက်ပြီး နိုင်ငံတကာကိုပေးထားတဲ့ ကတိကဝတ်တွေကိုအကောင်အထည်ဖော်ကို အာဖရိက ကိုစဝင်တာပဲဖြစ်မှာပါ လို့ ဆိုပါတယ် ။             […]

ကိုဆိုဗိုမှာတော့ ဆိုလာနဲ့ သိုးမွေးမြူရေး တွဲပြီးလုပ်နေတယ်

                  ကိုဆိုဗိုရဲ့စွမ်းအင် သုံးစွဲမှု ၉၀ ရာခိုင်နှုန်းက ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွေကရတာပါ ။ နိုင်ငံလေးက သေးပေမဲ့ ကျောက်မီးသွေးသုံးစွဲမှုက ကမ္ဘာမှာ နံပါတ် ၅ အဆင့်မှာရှိပါတယ် ။ သူတို့က ၂၀၅၀မှာ ကျောက်မီးသွေး သုံးစွဲမှုကို လုံးဝပိတ်သမ်းမယ်လို့ ကတိပြုထားပါတယ်။ လေအားနဲ့ ဆိုလာတွေကို အစားထိုးဖို့ကြိုးစားနေပါ တယ်။ အခု ဆိုလာအခင်းတွေကို လုပ်တော့ မြေနေရာလွတ်တွေမှာ သိုးနဲ့ဆိတ်ကိုမွေးမြူဖို့အတွက် စီမံကိန်းစတင်နေပါတယ် ။               ဆိုလာခင်းတွေထဲက မြတ်ပင်းတွေကို ရိတ်ဖို့အတွက် မြတ်ရိတ်စက်မသုံးတော့ဘဲ သိုးတွေ ဆိတ်တွေ မွေးလိုက် တာက […]

ဒက်ချ်လယ်သမားတွေရဲ့ မွေးမြူရေးခြံတွေ ပိတ်ရဖွယ်ရှိနေ

                နယ်သာလန်နိုင်ငံက အမေရိကန်ပြီးရင် စိုက်ပျိုးရေးထွက်ကုန်တွေ အများဆုံး တင်ပို့တဲ့ နိုင်ငံဆိုရင် အံ့အားသင့်စရာ ကောင်းပါလိမ့်မယ် ။ နိုင်ငံသေးသေးလေးကနေ ကမာ်ဘကိုမှေးမွူရေး လုပ်ငန်းထုတ်ကုန်တွေကို အများကြီးတင်ပို့နေပါတယ် ။ အမျိုးသားစာရင်းအင်းဌာနရဲ့ အဆိုအရ မနှစ်ကဆိုရင် လယ်ယာထွက်ကုန် ယူရို ၁၂၂ ဘီလီယံဖိုးအထိ တင်ပို့ခဲ့တယ် လို့သိရပါတယ် ။ အဲ့ဒါကြောင့် နယ်သာလန်နိုင်ငံက ဥရောပနိုင်ငံတွေ ထဲမှာ နိုက်ထရိုဂျင်အောက်ဆိုက် လယ်ဘယ်အမြင့် ဆုံးနိုင်ငံဖြစ်နေပါတယ် ။                ကမ္ဘာ့ရာသီဥတုကို ဆိုးဝါးစွာ ဖောက်ပြန်​စေတဲ့ ကမ္ဘာကြီးပူနွေးလာမှုကို လှုံ့ဆော်ပေးတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ထက် အဆများစွာ အပူကို […]

မြန်မာနိုင်ငံ နေရာအတော်များများမှာ အပူချိန်သိသိသာသာ ထပ်တိုးဖွယ်ရှိ

              မြန်မာနိုင်ငံရဲ့ နွေရာသီကာလထဲ အခု ဧပြီလမှာ အပူချိန်သိသိသာသာ တိုးလာတဲ့ဒဏ်ကို ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ ခံစားနေရတာပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်း အပါအဝင် ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ဧပြီလ ၁၂ ရက်နေ့အထိ နေ့အပူချိန် အနည်းငယ်ထပ်ပြီး တိုးလာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။ အပူပိုင်း ဒေသဖြစ်တဲ့ မန္တလေးတိုင်းမှာလည်း အခုနှစ် ဧပြီလဟာ ပြီးခဲ့တဲ့နှစ်တွေကထက် ပူတဲ့ဒဏ် ပိုခံစားရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။                “မန္တလေးမှာလည်း အတော်ပူတယ်ဗျ။ ဒီနှစ်ကတော့ […]

ပလတ်စတစ်နဲ့ ပတ်သက်ပြီး ဥရောပက နောက်ကျကျန်နေတာလား

                  ပလတ်စတစ်အိတ်တွေက နေရာတိုင်းမှာ ရှိပါတယ်။ ပလတ်စတစ်တွေက ကျနော်တို့ရဲ့လမ်းများပေါ်မှာအမှိုက်သရိုက်များအဖြစ်လည်းကောင်း မြစ်များချောင်းများကို ပိတ်ဆို့စေတတ်သည့် အရာအဖြစ်လည်းကောင်း သမုဒ္ဒရာများတွင် ရေနေတောရိုင်းတိရစ္ဆာန်များကို မွန်းကြပ်စေခြင်းဖြင့်လည်းကောင်း သဘာဝပတ်ဝန်းကျင်ကို အနှောက်အယှက်ပေးနေပါတယ်။ ဒါပေမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ နှစ်ပေါင်းများစွာ မဲဆွယ်စည်းရုံးမှုအပြီးမှာ နေရာ တော်တော်များများက ပလတ်စတစ်သုံးစွဲမှုတွေကို လုံးဝတားမြစ်ခဲ့ပါတယ်။ ယခုအခါ နိုင်ငံပေါင်း ၁၀၀ ကျော်တွင် တစ်ခါသုံး ပလတ်စတစ်အိတ်များကို အပြည့်အဝ သို့မဟုတ် တစ်စိတ်တစ်ပိုင်း တားမြစ်ထားနိုင်ခဲ့သလို ၂၀၁၀ နှင့် ၂၀၁၉ ခုနှစ်အကြားတွင် ပလတ်စတစ်အိတ်များကို ဖယ်ရှားရန် ရည်ရွယ်သည့် အများပြည်သူဆိုင်ရာ မူဝါဒ အရေအတွက်များ သုံးဆတိုးလာပါတယ်။ တင်းကြပ်သော စည်းမျဉ်းများ၏ ရလဒ်များသည်လည်း ပေါ်ပါလာပါတယ်။ […]