နွေဦးကာလ မြူထတဲ့အချိန် (၁)
ဘာပဲသောက်သောက် သောက်တတ်မှ ကောင်းတာကလား၊ ထန်းရေသောက်တာတော့ ထန်းပင်အောက်မှာ အကောင်းဆုံးပဲ။ ထန်းပင်ရင်းက မြက်ခင်းပေါ်မှာ ပဲကြီးလှော်ကြဲ၊ ဆေးလိပ်ကြိုက်ရင် ဆေးလိပ်ခဲ၊ ခြေဆင်းလဲလူ အပူအပင်မရှိ။ ပဲစိကို တစီစီကောက် အလျားမှောက်ပြီး သောက်တာကို လက်ချော်ပြီး၊ ခွက်မကျော်ရင် ပျော်ရွှင်ဖွယ်အတိ၊ အလွန်စည်းစိမ်ရှိတာကလား။ မောင်စွမ်းရည် သည်လိုမြူထသည့် နွေဦးကာလသို့ရောက်လျင် မွေးရပ်မြေကိုသတိရသည်။ မွေးရပ်မြေက လက်ပံတွေ၊ ထန်းပင်တွေ၊ တောတန်းတွေ၊ ဆွေမျိုးတွေနှင့် ငယ်ပေါင်းတွေကိုလည်း ကျွန်တော်သတိရပါသည်။ အထူးသဖြင့်တော့ သည်လိုမြူထသည့်အချိန်မှာ အမြုပ်တစီစီနှင့်ပင်ကျထန်းရည်ကိုလွမ်းရသည်။ အဝေးရောက်အညာသားအများစုလည်း ကျွန်တော့်လိုပင် လွမ်းကြပေလိမ့်မည်။ ဇာတိရပ်ရွာကို လွမ်းသည့် ခုလိုနွေဦးမှာ ဆရာမောင်စွမ်းရည်၏ ရွာလွမ်းချင်းကဗျာက နှလုံးသားမှ နှုတ်ဖျားသို့တက်တက်လာတတ်ပါသည်။ ထိုကဗျာကို ရွတ်ဆိုပြီး ဇာတိလွမ်းစိတ်ကို နှစ်သိမ့်ရပါသည်။ ဆရာစွမ်းက ထန်းရည်သောက်ရင် ထန်းပင်အောက်မှာ အကောင်းဆုံးဟုဆိုသည်။ ကျွန်တော်တို့ ငယ်ဘဝတုန်းကလည်း […]