Author Posts

ပေါ်လ်ဟော့ကန်ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပြောပြတဲ့အကြံပြုစာလို့ ပြောရမယ့်စာအုပ်

ပတ်ဝန်းကျင်ဆိုင်ရာ စာအုပ်မိတ်ဆက်(နိုင်ငံတကာ) Draw Down : The Most Comprehensive Plan Ever Proposed to Reverse Global Warming ပေါ်လ်ဟော့ကန် ( ၇၅နှစ်)ဆိုတာ အမေရိကန်လူမျိုး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ၊ စာရေးဆရာ ၊ စီပွားရေးလုပ်ငန်းရှင် ၊ လှုံ့ဆော်ရေးသမားတစ်ယောက် ဖြစ်ပါတယ်။ ဆန်ဖရန်စစ္စကိုမှာနေပါတယ်။ Draw Down ကို ၂၀၁၇ တုန်းက ထုတ်ခဲ့တာပါ။ ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးပေးနိုင်မယ့် အကျိုးရှိတဲ့ဖြေရှင်းချက် ၁၀၀ ကို စုစည်းပြီးဖော်ပြထားတဲ့ စာအုပ်ပါ။ အဲ့ဒိစာအုပ်ထဲမှာ သိပ္ပံပညာရှင်တွေ ပြောတဲ့ ပြောစကားတွေကို နိုင်ငံရေးသမားတွေ ၊ အစိုးရ တွေ ၊ လွှတ်တော်အမတ်တွေ နဲ့ အရပ်သားတွေ ကို နားလည် […]

ပြန်လာမယ့်နှင်းတွေ

ပုစဉ်းပျံလေးတွေ ဝဲနေတယ် ဆောင်းဝင်လာတော့မယ် လေသံတိုးတိုးလေးနဲ့ ကိုယ့်ငွေ့နွေးနွေးလေးကို လွမ်းရ တချိန်ကအကြောင်းဟာ တနေ့နေ့ကို မျှော်တလင့်လင့် နှင်းရည်စိုလက်တဲ့ လမ်းကလေးပေါ် အရင်လိုစိတ်နဲ့ ကြည်နူးရိပ် အချစ်ရေ ရောက်ရာအရပ်က ပြန်လှည့်ပါ ရင်ထဲမှာ တကျည်ကျည်မြည်နေပြီ။ . ထွန်းကို

ဆယ်လ်မွန်ငါးတို့အပြန်

ဆယ်လ်မွန်ငါးတွေဟာ ရေချိုမှာမွေးဖွားပြီး ရေငံ(ပင်လယ်)မှာကြီးပြင်းတဲ့ငါးမျိုးဖြစ်တယ်… မိခင်ဆယ်လ်မွန်ငါးဥမှ (၃)လကြာမှာ ငါးသားလောင်းတွေအဖြစ်ထွက်လာပါတယ်.. ရေချိုမှာ ပျမ်းမျှ(၂)နှစ်ခန့် ကြီးထွားအောင်နေပြီးမှ ပင်လယ်ပြင်ကြီးဆီထွက်လာပါတယ်.. ပင်လယ်ပြင်မှာ (၃)နှစ်ကြာရင် ကြင်ဖေါ်ရှာပြီး မိမိတို့မွေးဖွားရာ ရေချိုအရပ်ဆီကိုပြန်ကြပါတယ်.. တချို့ဆယ်လ်မွန်တွေကတော့ ကြင်ဖေါ်မတွေ့နိုင်ပဲ ပင်လယ်သမုဒ္ဓရာထဲ (၅)နှစ်အထိကြာတတ်ပါတယ်.. ဒီကြားထဲမှာတော့ လူသားတွေရဲ့ဖမ်းဆီးခြင်းခံရတာမျိုးရှိပြီး မွေးရပ်ပြန်မျိုးဆက်မပွားနိုင်တာလည်းများတယ်.. သုတေသီတို့တွေ့ရှိချက်အရ (၁၀)%သာ မွေးရပ်ပြန်မျိုးပွားနိုင်ကြောင်းတွေ့ရှိရပါတယ်။ ဆယ်လ်မွန်ငါးတို့ရဲ့ အပြန်ခရီးဟာ မိုင်ပေါင်း(၂၀၀၀)လောက်ရှိကြတယ်တဲ့.. ချစ်ဖေါ်နဲ့လက်တွဲမျိုးဆက်သစ်မွေးဖွားဖို့ အပြန်ခရီးစတင်ပြီဆိုတာနဲ့ ဆယ်လ်မွန်စုံတွဲဟာ လုံးဝအစာမစားတော့ပါ….. အဲလိုနဲ့ မိမိတို့မွေးဖွားရာအရပ်ရောက်ရင် ဆယ်လ်မွန်ငါးတို့ ချစ်ရည်လူးပြီး အမဖြစ်သူဟာ ဥချရန် ၎င်းရဲ့အမြီးနဲ့ ကျောက်စရစ်သားကိုတူးဆွပြီး တွင်းချိုင့်ဖြစ်အောင်လုပ်တယ်.. ဆယ်လ်မွန်ငါးတွေဥချမွေးဖွားရာအရပ်စာ ကျောက်စရစ်မြေခံရေကြည်ရာအရပ်ဖြစ်တယ်..။ တခါဥရင် အကောင်ရေ(၂၀၀၀) မှ (၁၀၀၀၀) အထိရှိတတ်တယ်တဲ့…. ဆယ်လ်မွန်ငါးအမဥတွေချနေချိန်မှာ ငါးအထီးဟာ ဘေးနားမှာ ငါးမအန္တရယ်မဖြစ်အောင် ကာကွယ်ဖို့ စောင့်ရှောက်နေရပါတယ်…ငါးအမဥတွေအကုန်ချပြီးမှာ အထီးဖြစ်သူက […]

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးလှုပ်ရှားမှုးတွင် တောင်ကိုရီးယား K Pop အဖွဲ့ Black Pink ပါဝင်

အောက်တိုဘာလ ၂၃ ရက်နေ့မှာ ဂူဂဲလ်က ဖန်တီးပြီးတော့ ယူကျူ့ကနေ လက်ခံကျင်းပမယ့် Dear Earth (ချစ်သောကမ္ဘာ ) အစီအစဉ်မှာ တောင်ကိုရီးယားကေပေါ့ Black pink (ဘလက်ပင့်ခ်) အဖွဲ့ က စကာပြော ၊ သရုပ်ဆောင်တင်ဆက်မှုတွေ လုပ်ပြဖို့အတွက် အဖိတ်ကြားခံလိုက်ရပါတယ်။ ကုလသမဂ္ဂရဲ့ ရေရှည်တည်တံ့ဖွံ့ဖြိုးသော ပန်းတိုင် ( SGDs ) စီမံကိန်းအတွက် အွန်လိုင်း ပရိသတ် သန်းပေါင်း များစွာရှိတဲ့ ဘလက်ပင့်ခ်ကို သံတမန်အဖြစ် ခန့်အပ်ပြီး သူတို့ရဲ့အသံနဲ့ အများပြည်သူကို လှုံ့ဆော်မှု လုပ်မှာပါ။ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်ကို ဖြေလျှော့ဖို့လူတစ်ဦးချင်းစီမှာ အသိစိတ်ဓာတ်တွေ မြင့်တက်လာစေရန် ရည်ရွယ်ပြီး SGDs အစီအစဉ်ကို လှုတ်ရှားမှုတစ်ရပ်အနေနဲ့ အကောင်အထည်ဖော်နေတာပါ။ လူတွေရဲ့ နေ့စဉ်ဘဝမှာ အပိုလုပ်နေတဲ့ […]

အစောဆုံးလာရောက်တတ်ကြသည့် ဆောင်းဧည့်သည် ငှက်လေးများ

ယနေ့နံနက်စောစော လမ်းထလျှောက်သောအချိန်တွင် မြူနှင်းများ ပိတ်ဖုံးစွာ ကျနေသည်ကို တွေ့လိုက်ရပါသည်။ မိုးအကုန် ဆောင်းအကူး ရာသီကာလကို ရောက်လာပြန်ပြီဟု သတိပြုမိလိုက်သည်။ နှစ်စဉ်နှစ်တိုင်း မြန်မာနိုင်ငံသို့ လာနေကျ ဆောင်းခိုငှက်တွေ ရောက်နေကြပြီလားလို့လည်း တွေးမိလိုက်သည်။ တဆက်တည်းမှာပင် ငှက်ချစ်သူ ကဗျာဆရာကြီး မင်းသုဝဏ်၏ ၁၉၅၆ ခုနှစ်က ရေးသားခဲ့သော မှတ်တမ်းတစ်ခုထဲတွင် ဆောင်းခိုငှက်လေး ကောက်လျင်ငှက် (Brown Shrike) ၏ ကျစ် ကျစ် ကျစ် အော်မြည်သံကို စက်တင်ဘာလ ၁၄ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်နယ်တွင်းမှာ စတင်ကြားရကြောင်း ရေးထားသည်ကို အမှတ်ရမိသည်။ ထိုကောက်လျင်ငှက်ငယ်သည် မြောက်ဘက် ဆိုက်ဘေးရီးယား၊ မွန်ဂိုလီးယား၊ မန်ချူးရီးယား၊ တရုတ်ပြည် စသည်တို့တွင် သားပေါက်ကြပြီး၊ အလွန်အေးခဲသော ဆောင်းရာသီနီးချိန်တွင် ပူနွေးသောတောင်ဘက်ပိုင်း တိုင်းပြည်များသို့ ရွှေ့ပြောင်းလာကြခြင်း ဖြစ်သည်။ ဧပြီလထိအောင် […]

မဲခေါင်ဆင်ဥယျာဉ်

မဲခေါင်ဆင်ဥယျာဉ်ဟာ လာအိုနိုင်ငံအတွင်းမှာရှိတဲ့ ဆင်တွေကို သဘာဝအတိုင်းထိန်းသိမ်းပြီး ဆင်တွေရဲ့ သဘာဝရှင်သန်သွားလာနေထိုင်မှုတွေနဲ့ ပြည့်နှက်နေတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ ဆင်တွေကို စိတ်ဝင်စားသူတွေနဲ့ လာအိုနိုင်ငံဆီအလည်အပတ်လာရောက်သူ ခရီးသွားကမ်ဘာ့လူသားတွေအနေနဲ့ လာအိုနိုင်ငံက ဆင်ဥယျာဉ်ကို မျဖစ္မနေသွားရောက် လည်ပတ်သင့်ကြောင်း အကြံပြုချင်ပါတယ်။ ဒီဆင်ဥယျာဉ်ကို ၂၀၀၈ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ဆင်များကို ရုပ်ပိုင်းဆိုင်ရာကျန်းမာဖွံဖြိုးရေး၊ သိမြင်မှုအာရုံမြင့်တက်ရေးနဲ့ မျိုးဆက်ပွားများမှုအခွင့်အလမ်း ပိုမိုရရှိရေးအတွက် တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ မဲခေါင်ဆင်ဥယျာဉ်မန်နေဂျာ Wendy Leggat က ဒီဥယျာဉ်ကိုတညဆောက်ရခြင်း ရည်ရွယ်ချက်က ဆင်တွေကို သူတို့နဲ့ထိုက်တန်တဲ့အခွင့်အလမ်းနဲ့ ဆင်တွေအတွက် ကိုမိုကောင်းမွန်တဲ့ဘဝကို ဖန္တီးပေးရန် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်တယ် ပြောပါတယ်။ Greeness ပရိသတ်များ၊ ပတ်ဝန်းကျင်ချစ်ုမတ်နိုးသူများ၊ ဆင်တွေကို စိတ်ဝင်စားသူများလည်း လာအိုကို ရောက်ဖြစ်ရင် ဒီဆင်ဥယျာဉ်လေးကို သြားရောက်လည်ပတ်လေ့လာဖို့ တိုက်တွန်းပါတယ်။ အားလုံး လြတ္လပ္စြာ ခရီးသွားရင်း ပတ်ဝန်းကျင်ကိုလေ့လာရင်း […]

လူ့ဝန်တာ

ကောင်းကင်နဲ့ မြေလွှာ သာယာပါရဲ့။ အလှကို ပုံစံပျက်အောင် (အိုကွယ်…) မဖျက်ပါနဲ့။ ။ အောင်ကိုထိုက် (အရာတော်) Photo Credit

သမုဒ္ဒရာတွေ ကျန်းမာမှ လူသားတွေ ကျန်းမာမယ်

လူသားတွေအတွက် အစားအသောက် ၊ အပန်းဖြေမှုနဲ့ ဆေးဝါတွေကို ထုတ်လုပ်ပေးနေတဲ့ သမုဒ္ဒရာကြီးတွေက အခုတော့ ပလက်စတစ်အမှုန်တွေနဲ့ ကျန်းမာရေး မကောင်းဘူးဖြစ်နေပါတယ်။ ဖျားနာနေတဲ့ သမုဒ္ဒရာကြီး က လူသားတွေကို ဆိုးကျိုး များစွာကို ဖြစ်ပေါ်စေတော့တာပေါ့။ ဥပမာပြောရရင် ရောဂါပိုးမွှားတွေကို ဖန်းတီးပေးတယ်၊ ရေထုညစ်ညမ်းမှုကိုဖြစ်စေတယ် ၊ ရေညှိအဆိပ်သင့်မှု ကို ဖြစ်လာတယ် ။ အဲ့ဒါတွေက လူသားတွေရဲ့ ကျန်းမာရေးကို ထိခိုက်လာစေတာပေါ့ ၊ သမုဒ္ဒရာဆိုတာ ကုန်းပေါ်က လူသားတွေ စွန့်ပစ်တဲ့ အမှိုက်တွေကို နောက်ဆုံး လက်ခံတဲ့နေရာဖြစ်တော့ နှစ်စဉ်လူသားတွေ လွှင့်ပစ်လိုက်တဲ့ အမှိုက်တွေ စုပုံနေတော့တာပေါ့ ။ ကမ္ဘာဂြိုဟ်ပေါ်မှာရှိတဲ့ သက်ရှိ၈၀% လောက်က သမုဒ္ဒရာထဲမှာ နေထိုင်တာပါ။ အဲ့ဒိသက်ရှိတွေ အဆိပ်သင့်လာပြီဆိုရင် ကုန်းနေသတ္တဝါတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ ရောက်လာတော့တာပါပဲ။ ရေမှာပေါက်ပွားတဲ့ […]

တောလမ်းကလေး

တရားသံနည်းနည်း တောအဖျားမှာ လှိုက်ခတ် ဝေဖြာ ခြေလှမ်းတိုင်း အေးချမ်းမှုကို ခင်းထားတယ်။ ဘဝဆိုတာ စစ်မြေပြင်တစ်ခုပဲ…လို့ သင်ကြားပေးသူ မမတစ်ယောက် စိန်တစ်ဆင်စာမှာ စစ်ရှုံးသွားခဲ့ပုံ ဦးနှောက်ထဲဝင်ပြီး တောခြောက်ဆဲ။ ကြာပြီလား/ကြာခဲ့ပြီလား/ကြာပါပြီ တောလုံးစိမ်းမြ နှင်းရည်သောက် သောကတချို့ ဆောင်းဦးပေါက်ခဲ့တာ….။ အောင်မှူးဝေ ၃၊၁၀၊၂၀၂၁

အင်ဒိုနီးရှား ကမ်းခြေအချို့ရဲ့ ပင်လယ်ရေမှာ ပါရာစီတမော​ ဆေးတွေနဲ့ ညစ်ညမ်းနေ

အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာကမ်းခြေနဲ့ အချို့သော ကမ်းခြေတွေမှာ ရှိတဲ့ ပင်လယ်ရေတွေကို ပညာရှင်တွေ စစ်ဆေးမှုလုပ်ရာမှာ ပါရာစီမောတွေက ရှိသင့်သည်ထက် ပမာဏထက် အများကြီးပိုကာ ပင်လယ်ရေကို ညစ်ညမ်းစေနေတယ်လို့ ဆိုင်းယင့်ဒါရိုက် သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ ပါရာစီတမောဆိုတာ အဖျားတက်ရင်သောက်တဲ့ အဖျားပျောက်ဆေးဖြစ်ပြီး ပင်လယ်ရေထဲမှာ အဲ့ဒိဆေးရဲ့ ဓာတုပစ္စည်းတွေ အများကြီး ပါနေတာကို သိပ္ပံပညာရှင်တွေ လေ့လာစူးစမ်းမှုတွေကို လုပ်နေရပါတယ်။ ဂျာကာတာပင်လယ်အော်မှာ ၃နေရာနဲ့ ဂျာဗားကျွန်း အလယ်ပိုင်းကမ်းခြေတစ်နေရာ လည်း အဲ့လိုမျိုး ပါရာစီတမော ဓာတ်တွေကိုတွေ့ ရပါတယ် လိုက ဆိုပါတယ်။ သိပ္ပံပညာရှင်တွေက ပင်လယ်ကမ်းခြေက ပင်လယ်ရေတွေမှာ သက်ရှိတွေ လိုအပ်တဲ့ အောက်စီဂျင် ပမာဏ ရှိမရှိ ကိုစစ်ဆေး ကြတာပါ။ စစ်ဆေးရင်နဲ့မှာ ပင်လယ်ရေ တစ်လီတာမှ ပါရာစီတမော ၆၁၀ […]