Author Posts

ပြန်မရတော့တဲ့ ဆောင်းရာသီများ

ကျွန်တော်တို့ငယ်ဘဝကို ပြန်မရနိုင်သလို ငယ်ဘဝကဆောင်းရာသီတွေကိုလည်း ပြန်မရနိုင်တော့ပါလားလို့ ကျိုးတို့ကျဲတဲ နှင်းမြူတွေကို ကြည့်ပြီး ကျွန်တော်တွေးနေမိတယ်။ ငယ်ဘဝကို ပြန်မရနိုင်ပေမယ့် ငယ်ငယ်တုန်းက ဆောင်းကိုတော့ အကောင်းအတိုင်း ကျနော်တို့ပြန်ရသင့်တယ်လို့လည်း တောင့်တနေမိတယ်။ ပြန်မရတော့တဲ့ ဆောင်းရာသီတွေထဲမှာ ပါသွားတာတွေက အများကြီးပါပဲ။ နှင်းပေါက်ကြီးကြီးတွေ၊ ထူပိန်းနေတဲ့မြူတွေ၊ အော်ဂဲနစ်စစ်စစ် အသီးအနှံတွေ စသဖြင့် ပြန်မရနိုင်တော့တာတွေ အများကြီး။ နှင်းတွေစိုစွတ်နေတဲ့ မြက်ခင်းစိမ်းတွေ၊ ချိုးကူသံတွေလို ပြန်မရနိုင်တော့တဲ့ လွမ်းစရာတွေကလည်း အများကြီး။ ကျနော်တို့ငယ်ငယ်က ဆောင်းရာသီဆို မီးဖိုဘေးမှာ မီးလှုံရင် ကောင်ညှင်းနဲ့ ခရမ်းချဥ်သီးချက်ကို စားရတဲ့အရသာ ဘယ်မေ့နိုင်မလဲ။ ကောင်ညှင်းကလည်း လယ်ကွင်းထဲက ရိတ်ကာစ စပါးကနေရထားတဲ့ ကောက်ညှင်းဆန်အသစ်စက်စက်ဆိုတော့ ရနံ့က‌ မွှေးမြပြီး ကောက်ညှင်းထမင်းကလည်း စေးနေတာကိုး။ ခရမ်းချဥ်သီးဆိုတာကလည်း ဘာဓာတ်မြေသြဇာမှမသုံး၊ ဘာဓာတုပိုးသတ်ဆေးမှမသုံးတဲ့ ပေါ်ဦးပေါ်ဖျား သဘာဝခရမ်းချဥ်သီးပါ။ ကောက်ညှင်းကို […]

ပိုက်လိုင်းပေါက်ပြီး ရေနံစိမ်းလီတာ ၄သန်းကျော် မက္ကဆီကိုပင်လယ်ကွေ့ထဲရောက်

အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ နိုဝင်ဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ လူဝီစီယားနားပြည်နယ် အရှေ့တောင်ဖက် ကမ်းလွန်ဒေသမှာ ရေနံစိမ်းလီတာ ၄သန်းကျော်လောက်ရှိတဲ့ အကွက်ကြီးကိုတွေ့ခဲ့ရတယ်လို့ သိရပါတယ်။ ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲက သိရတဲ့ အချက်အလက်တွေကတော့ ပိုက်လိုင်း ပေါက်တဲ့ နေရာကို မသိရသေးကြောင်း ၊ ကမ်းခြေဖက်ဆီကို မရောက်သေးကြောင်း ၊ ရေနံတွေ ပေနေတဲ့ ဇင်ယော် ၂ ကောင်ကိုကမ်းခြေမှာ တွေ့ခဲ့ရပေမဲ့ တောင်ရိုင်းတွေ ဘယ်လောက် ထိခိုက်နေတယ်ဆိုတာကို မစုံးစမ်းရသေးကြောင်း ၊ လေပြင်းတိုက်နေလို့ အချို့ ရေနံစိမ်းတွေ အငွေ့ပျံနေကြောင်း ၊ ရေနံကွက်ကြီးကနေ ရေနံ ကွက်ငယ်တွေအဖြစ် ကွဲထွက်နေကြောင်း ၊ ဟူစတန်အခြေစိုက် Third Coast Infrastructure LLC ၏ လုပ်ငန်းခွဲဖြစ်သော Main […]

ကချင်မှာ မြေရှားသတ္တုစွန့်ပစ်ရည်ကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါဖြစ်နေ

■ ကချင်ပြည်နယ် လိုင်ဇာနဲ့ မိုင်ဂျာယန်မြို့ကြားမှာရှိတဲ့ အင်ခေါင်းပါရွာက မြေရှားသတ္တုတူးဖော်ရာမှာအသုံးပြုတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေကြောင့် ဒေသခံ သုံးရာနီးပါး အရေပြားရောဂါ ဖြစ်နေတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ပြောပါတယ်။ မြေရှားသတ္တုကန်က စွန့်ပစ်ရည်တွေဟာ အင်ခေါင်းပါရွာအနီးက ချောင်းထဲကိုစီးဆင်းနေပြီး အဲဒီချောင်းရေကို အသုံးပြုရာကနေ အရေပြားရောဂါဖြစ်နေကြတာလို့ ဆိုပါတယ်။ လက်ဖဝါး၊ ခြေထောက်နဲ့ ခန္ဓာကိုယ်မှာဖြစ်ပွားနေတာလို့ အင်ခေါင်းပါရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ ကျွန်တော်တို့ရွာက ချောင်းရေကိုပဲ အဓိက အသုံးပြုကြတာ။ အနာဖြစ်တယ်ဆိုတာ မရှိခဲ့ဘူး။ ပြီးခဲ့တဲ့နှစ်က ရွာအနီးမှာ မြေရှားတူးဖော်ရေးလုပ်ငန်းတွေ စတယ်။ အဲဒီမြေရှားတူးဖော်တဲ့ သတ္တုကန်တွေကနေ အက်ဆစ်ရည်လို အပြင်းစား အသုံးပြုထားတဲ့ စွန့်ပစ်ရည်တွေ ထုတ်တော့ ချောင်းထဲကို သွန်တာ။ အဲဒါကို သုံးမိပြီး အနာတွေ […]

ကိုယ့်လက်နဲ့စိုက်တဲ့သစ်ပင် ရှင်သန်နေတာမြင်ဖူးပြီးလား

ကျွန်တော်တို့ကလေးဘဝက ကျွန်တော်တို့ ဒေါ်ကြီးက ကျွန်တော်နှင့် ကျွန်‌တော့်ညီဝမ်းကွဲ ညီအစ်ကိုနှစ်ယောက်ကို အိမ်ဝင်းထဲမှာ အုန်းပင်တစ်ယောက်တစ်ပင် စိုက်ခိုင်းပါသည်။ ” သစ်ပင်ဆိုတာ ကလေးစိုက်မှ အကြီးမြန်တာ” ဟု ဆိုပါသည်။ ထိုအုန်းပင်နှစ်ပင်တွင် ကျွန်တော်စိုက်ခဲ့သည့်အပင်က သေပြီး ကျွန်တော့်ညီစိုက်ခဲ့သည့်အပင်က ရှင်ပါသည်။ ထိုအုန်းပင်မှာ နှစ်နှစ်ဆယ်ကျော်သက်တမ်းရှိပြီး အသီးတွေသီးနေပါပြီ။ ကျွန်တော့်ညီကတော့ ငါစိုက်ခဲ့တဲ့အုန်းပင်ကလေးဟု ဂုဏ်ယူတတ်ပါသည်။ ကျွန်တော်ကတော့ ကိုယ်စိုက်သည့်အပင်သေသည့်အတွက် သူ့လိုဂုဏ်ယူစရာမရှိ။ ထိုအခါ အပင်ကြီးတစ်ပင်ဖြစ်ဖြစ်မြောက်မြောက်စိုက်ပြီး ရှင်သန်ဖို့မလွယ်တာ သဘောပေါက်လာပါသည်။ ကျွန်တော်စိုက်ခဲ့သည့်သစ်ပင် ဘယ်နှပင်ရှင်လဲ ပြန်စဥ်းမိပါသည်။ ကျွန်တော်သစ်ပင်တွေကို ကိုယ့်အသိနှင့်ကိုယ်စပြီး စိုက်ပျိုးဖူးတာက အသက်နှစ်ဆယ်ကျော်မှဖြစ်သည်။ လမ်းမကြီးဘေး အရိပ်ရပင်မရှိသည့်နေရာတွေကို သူငယ်ချင်းတွေနှင့် သွားသွားပြီးစိုက်ကြပါသည်။ စိန်ပန်း၊ မယ်ဇလီပင်၊ ပိတောက် စသည့်အပင်ကြီးမျိုးတွေစိုက်ကြသည်။ စိုက်ပြီးတစ်နှစ်လောက်အကြာ လမ်းပြင်ဆင်မှုလုပ်တော့ ကျွန်တော်တို့အပင်တွေ အကုန်ပါသွားပါသည်။ ကျွန်တော်တို့နောက်နှစ်အားမလျော့ပဲထပ်စိုက်ကြပြန်ပါသည်။ ထိုအပင်တွေထဲမှ ဆယ်ပင်လောက်ရှင်သန်ကျန်ရစ်ပါသည်။ […]

ပထမဆုံး ဝေလငါးဘေးမဲ့ဒေသကို ဖန်တီးနိုင်ခဲ့တဲ့ ဒိုမီနီကာကျွန်း

ကမ္ဘာ့အကြီးဆုံး တိရစ္ဆာန်တစ်မျိုးဖြစ်တဲ့ မျိုးသုဉ်းလုနီးပါး စပမ်းဝေလငါးတွေက ကာဗွန်ဒိုင်အောက်ဆိုဒ် စုဆောင်းသိမ်းဆည်ယူရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး ၎င်းတို့ရဲ့ အညစ်အကြေးတွေက အာဟာရဓာတ်ရေနေ ပင်တွေအတွက် အာဟာရကြွယ်ဝပါတယ် ။ ကာရေဘီယံကျွန်းစုထဲက ဒိုမီနီကာကျွန်းမှာ အဲ့ဒိအကောင်ကြီးတွေအတွက် ကမ္ဘာ့ပထမဆုံးသော အဏ္ဏဝါဘေးမဲ့ ဧရိယာကို ဖန်တီးလိုက်နိုင်ပြီဖြစ်ပါတယ် ။ အရေးပါတဲ့လုပ်ငန်းတွေဖြစ်တဲ့ သူနာပြုစုခြင်း နှင့် အစာကျွေးရန်အတွက် ကျွန်းနိုင်ငံအနောက်ဘက်ခြမ်း တစ်ခုလုံးကို ဘေးမဲ့ ဧရိယာအဖြစ် သက်မှတ်ပြီး နောက်ထက် စတုရန်းကီလိုမီတာ ၈၀၀ နီးပါးကိုလည်း အရံအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း အစိုးရက ပြီးခဲ့အပတ် တနင်္လာနေ့တွင် ကြေညာခဲ့ပါတယ်။ “ကျွန်ုပ်တို့သည် ကြီးကျယ်ခမ်းနားပြီး ဉာဏ်ရည်မြင့်မားသော တိရစ္ဆာန်များ အန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကျွန်ုပ်တို့၏ ရေနှင့် ကျွန်ုပ်တို့၏ ရာသီဥတုကို ဆက်လက် ကျန်းမာစေကြောင်း သေချာစေလိုပါသည်” […]

မှောင်ခိုစျေးကွက်ထဲမှာ ပန်းပန်နေတဲ့ ရုရှား ရေနံ

ယူကရိန်းကို ကျူးကျော်လို့ ရုရှားရေနံကို အီးယူအပါအဝင် အ‌နောက်အုပ်စုတွေ ပိတ်ဆို့မှုတွေလုပ်လိုက်ကြတယ်။ ပိတ်ဆို့မှုလုပ်ပြီးမကြာခင်မှာ ရုရှားက ရေနံကနေဝင်တဲ့ ဝင်‌ငွေတွေ ၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားပြီး စီးပွားရေး ယုတ်လျော့ သွားပါတယ်။ ဒါပေမဲ့ ရုရှား ကမ်းလွန်တွင်းတွေကနေ ထွက်တဲ့ ရေနံ ၁စည်က ဒေါ်လာ ၆၀လောက်တောင် မရနိုင်တော့တဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ ကျူးကျော်စစ်က ၁၈ လကြာလာပါပြီ။ အနောက်အုပ်စုရဲ့ ပိတ်ဆို့မှုကို ရုရှားက ရှောင်လွဲလို့ ရတဲ့နည်းလမ်းတွေနဲ့ ရေနံစိမ်းတင်ပို့မှုလုပ်လာပါတယ်။ ကမ်းလွန်ရေနံတွင်းတွေက ရေနံစိမ်းတွေကို မှောင်ခိုသင်္ဘောတွေနဲ့ တင်တယ်၊ ခြေရာခံလို့မရတဲ့ ဆက်သွယ်‌ရေး စနစ်တွေကို သုံးတယ်။ ပြီးတော့ လျှော့စျေနဲ့ စျေးဆိုင်လိုက်တဲ့အခါမှာတော့ ရုရှားရဲ့ ရေနံတင်ပို့မှုက ပြတ်တောက်သွားတယ် မရှိဘူး ဖြစ်နေပါတယ်။ အီးယူက ရုရှားရေနံစိမ်းကို ယူတဲ့နိုင်ငံတွေကို […]

အသက်ကယ်မြို့လေးအသက်ရှည်စေချင်

တောင်တွေကို လှေကားသဖွယ် အဆင့်ဆင့်ဖြတ်သန်းကာ သွားရောက်ရသည့်မြို့ဖြစ်သောကြောင့် တောင်လှေကားမြို့လို့ခေါ်သည်တဲ့လား …။ ပန်းများစွာဖူးပွင့်ကာ မြို့ကိုအလှဆင်နေသောကြောင့် ပန်းမြို့တော်ဟုခေါ်လေသလား …ဂုဏ်သတင်းရနံ့မျိုးစုံစွာနှင့် သင်းပျံ့ နေသည့် မြို့ကလေ ပြင်ဦးလွင်သည် ယခုအချိန်တွင် အများသတ်မှတ်ချက်အရ နွေအပူရှိန်မှအကာအကွယ်ယူရာ အသက်ကယ်မြို့လေးဟုပင်။ ပြီးခဲ့သည့် ၂၀၁၀ပြည့်နှစ် နွေရာသီအပူအလွန်ကဲမှုကြောင့် မန္တလေးတိုင်းဒေသကြီးအပါအ၀င် မြန်မာနိုင်ငံအလယ်ပိုင်းမြို့နယ်များမှ လာရောက်ကာ အပူရှောင်တိမ်းကြသောကြောင့် အသက်ကယ်မြို့ဟုအမည်တွင်ခဲ့ကြောင်း ယင်းဒေသခံများဆိုသည်။ သို့သော် လွန်ခဲ့သည့် ၁၀ နှစ် ခန့်မှစတင်ကာ ပြင်ဦးလွင်မြို့လေးသည် နွေးထွေးရာကနေ အပူဒဏ်ကို တဖြည်းဖြည်းခံစားလာခဲ့သည်။ နွေအပူဒဏ်ခံစားရသည့်အကြောင်းများကို ပြင်ဦးလွင်ဒေသခံများ ယခင်ကသတိမထားမိသော်လည်း ယခုအချိန်တွင် “အရင်ကနဲ့မတူဘူး၊ ပိုပူလာတယ်’’ ဟုပြောလာကြလေသည်။ လယ်မြေစိုက်ပျိုးရန်အတွက် ထည့်သွင်းရသည့် အရင်းအနှီး၊ အသုံးပြုရသည့်ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအသုံးစရိတ်များသည် တစ်နှစ်လျှင် ကျပ်ဆယ်သိန်းခန့်ရှိမျှသာလျှင် အကောင်အထည်ပေါ်မည်ဖြစ်သော်လည်း စျေးကွက်အတွင်း စျေးမရပါက တစ်ခါတစ်ရံ ကျပ်သုံးသိန်းခန့်သာ […]

ကျွန်တော် ငယ်ငယ်တုန်းက ရန်ကုန်ဆောင်း

အဲ့ဒီနေ့ဟာ ကျောင်းပိတ်ရက် စနေနေ့ဖြစ်တဲ့အတွက် နံနက်လေးနာရီ အိပ်ရာကထ သူငယ်ချင်းတွေစုပြီး လေးဒေါင့်ကန်လမ်းမကြီးအတိုင်း ငမိုးရိပ်တံတားဆီကို ပြေးခဲ့ကြတယ်။ ဒီဇင်ဘာလရဲ့ နံနက်ခင်းတစ်ခု ဖြစ်တဲ့အတွက် ခိုက်ခိုက်တုန်အောင်ချမ်းလှပါတယ်။ ဒါကြောင့် ကျွန်တော်တို့ညီအကို သူငယ်ချင်းတစ်စုဟာ ဘောင်းဘီရှည်ကိုယ်စီ၊ အနွေးထည်ကိုယ်စီနဲ့ လေးတောင့်ကန်လမ်းမကြီးအတိုင်း ငမိုးရိပ်ချောင်းကမ်းပါးအထိ အပြေးလေ့ကျင့်ရင်း ပြေးခဲ့ကြတာပါ။ မကြာမီမှာ ကျွန်တော်တို့နေထိုင်ရာ သင်္ဃန်းကျွန်းမြို့နယ်မှာ လွတ်လပ်ရေး နေ့ပြေးခုန်ပြေးပြိုင်ပွဲတွေ ကျင်းပပါတော့မယ်။ ထိုပြေးခုန်ပြေးပြိုင်ပွဲမှာ အသွားအပြန် ဆယ်မိုင်လောက်ရှိမယ့် တာဝေးအပြေးပြိုင်ပွဲလည်း ပါ၀င်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဟာ ထိုပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် နိုဝင်ဘာလကစပြီး အပြေးလေ့ကျင့်နေကြတာပါ။ ကျန်တဲ့လူငယ်တွေဆိုရင်လည်း မိမိတို့အားသန်ရာ အားကစားနည်းတွေကို လေ့ကျင့်နေကြပါတယ်။ မီတာတစ်ရာပြေးပွဲ၊ မီတာလေးရာပြေးပွဲ၊ မီတာရှစ်ရာပြေးပွဲတွေနဲ့ အမြင့်ခုန်၊ အဝေးခုန်၊ တန်းကျော်ပြေးပွဲ စတဲ့ပြိုင်ပွဲတွေအတွက်လေ့ကျင့်နေကြတဲ့ လူငယ်မောင်မယ်တွေလည်း အများအပြားရှိခဲ့ကြတယ်။ အသက် ၁၂ နှစ် […]

မင်းတို့ရဲ့အမှိုက် မင်းတို့တင် နံတာမဟုတ်ဘူး ငါတို့ပါနံနေတာ၊ ခေါင်းရှောင်ကောင်းကောင်းနဲ့ ရှောင်မနေကြနဲ့

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစီရင်ခံစာသစ်မှာ ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများသည် ရာသီဥတုဆိုင်ရာ ဆောင်ရွက်မှုအပေါ် “အလွန်အမင်း လမ်းကြောင်းလွဲနေ” ဆဲဖြစ်တယ်လို့ ဖော်ပြလာပါတယ်။ COP28 မတိုင်မီ အမျိုးသားရာသီဥတုဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအသစ်တွင် ၎င်းတို့ရဲ့လုပ်ဆောင်ချက်များက ပါရီသဘောတူညီချက် ကန့်သတ်ချက်များ ကိုလိုက်နာပြီး ကမ္ဘာ့အပူချိန်မြင့်တက်မှုကို ဆက်လက်ထိန်းထားရန် မလုံလောက်သေး ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများ၏ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လက်ရှိအနေအထားတိုင်းသာ ဆက်ထုတ်နေဦးမယ်ဆိုရင် ၂၀၃၀ ခုနှစ်တွင် နောက်ထပ် ၉ ရာခိုင်နှုန်း တိုးလာမှာ ဖြစ်ပါတယ် ။ ကမာ္ဘကြီးရဲ့ ၂၀၁၀ ခုနစ်က အနေအထားနဲ့ နှိုင်းယှဉ်ပြီးတော့ ထိန်းသိမ်းမှုလုပ်ရမယ်ဆိုရင် ကမ္ဘာ့အပူချိန် 1.5C အထိ ကန့်သတ်ရန် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ၄၅ ရာခိုင်နှုန်းကျဆင်းဖို့ လိုအပ်ပါတယ်။ အခုဖြစ်နေတာက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကျဆင်းဖို့နေနေသာ […]

မျိုးသုဥ်းလုအန္တရာယ်ရှိ ကြိုးကြာခေါင်းနီများကို ကာကွယ်ထိန်းသိမ်းကြပါစို့

ကျွန်တော်တို့နိုင်ငံမှာ ငှက်မျိုးစိတ်အများအပြားရှိ ပါတယ်။သိရသလောက်တော့ ၁၁၃၀ လောက်ရှိတယ်လို့သိရပါတယ်။ဒေသရင်းငှက်တွေရှိသလို ဆောင်းခိုငှက်တွေလည်းလာရောက်လေ့ရှိတယ်။ယခုရာသီကလည်းမိုးကုန်လုဖြစ်နေပြီ။ မကြာခင်ဆောင်းဝင်လာတော့မှာမို့ ဆောင်းခိုငှက်တွေရောက်လာတော့မှာပါ။ တချို့ဒေသတွေဆို ဝင်ရောက်စပြုလာပြီလို့လည်း သိရတယ်။ မြန်မာနိုင်ငံမှာတချို့ငှက်မျိုးစိတ်တွေပျောက်ကွယ်လုဖြစ်လာနေတယ်။ ဆောင်းခိုငှက်မျိုး စိတ်ပေါင်း ၅၀ လောက်မျိုးသုဥ်းလုအန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ဥပမာ-ငှက်ကြီးဝန် ပိုကဲ့သို့ငှက်မျိုးပေါ့။ငှက်ကြီးဝန်ပိုငှက်အကြောင်းကိုတော့ ကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပါတယ်။ ယခုလည်းငှက်ကြီးဝန်ပိုတွေလိုပဲ ကြိုးကြာခေါင်းနီငှက်မျိုးစိတ်တ်မျိုးလည်း မျိုးသုဥ်းလုအန္တ ရာယ်နဲ့ရင်ဆိုင်နေရတယ်လို့ သိရတယ်။ ကြိုးကြာငှက်က ကျွန်တော်တို့မြန်မာလူမျိုးတွေနဲ့ မစိမ်းပါဘူး။ ရှင်မောဂ္ဂလာန်နုစဥ်ဘဝက လယ်ထွန်နေရင်းကြိုးကြာဥနှစ်လုံးကိုယူလာပြီး ဇနီးသည်ကို ပြုတ်စေတယ်။ ပြီးတော့ဇနီးသည်တစ်လုံး အမေတစ်လုံး ကျွေးစေရာ ဇနီးဖြစ်သူက သူချည်း အကုန်စားပြီး မျက်မမြင်ယောက္ခမဖြစ်သူကို သံပရာသီးကို ကြိုးကြာဥဆိုပြီး လိမ်ကျွေးတယ်။ ဒီအချိန်မှာပဲ ကောင်းကင်ကကြိုးကြာအော်သံကြားတော့ ယောက္ခမဖြစ်သူက”အော် ရွှေကြိုးကြာရယ် နင်အသံသာပေမယ့်၊ နင့်ဥကချဥ်လိုက်တာ”လို့ ညည်းတွားခဲ့တယ်။ ဒီဖြစ်စဥ်လေးကြောင့် ကြိုးကြာငှက်ဟာ မြန်မာလူမျိုးတို့နဲ့ဆက်စပ်မှုရှိနေတယ်။ ကြိုးကြာဥကိုလည်း အစားကောင်းဟုယုံကြည်ကြသည်။ ကြိုးကြာငှက်သည် […]