Author Posts

နျူ့စွမ်းအင်နဲ့ ရာသီဥတုဖောက်ပြန်မှု ဘာကိုရွေးကြမလဲ

ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြီးက လက်တွေ့ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုဖြစ်နေပါတယ် ။ ရုပ်ကြွင်း လောင်စာတွေရဲ့ နေရာမှာ အစားထိုးနိုင်ဖို့ စွမ်းအင်သစ် ရှာဖွေတဲ့နေရာမှာ နျူကလီယ ဓာတ်ပေါင်းဖိုတွေကလည်း တစ်ခု အပါအဝင် ဖြစ်နေပါတယ် ။ အန္တရာယ်ကြီးတယ်ဆိုပေမဲ့ ကုန်ကျစရိတ်က အများကြီးသက်သာတာနဲ့ သဘာဝ ပတ်ဝန်းကျင် အထောက်အပံ့အများကြီး ဖြစ်နေတာက ဥရောပနိုင်ငံတွေကို နျူ့ကလီယစွမ်းအင် သုံးဖို့အတွက် ခြေဦးလှည့်လာစေပါတယ် ။ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ ထက်ဝက်ခန့်သည် ကမ္ဘာလုံးဆိုင်ရာနျူကလီးယားပြန်လည် နိုးထရေးတောင်းဆိုမှုတွင် ပါဝင်ခဲ့ပြီး ကမ္ဘာကြီးပူနွေးလာမှုကို ရပ်တန့်ရန်အတွက် မရှိမဖြစ် အစိတ်အပိုင်းတစ်ခု ဖြစ်လာမယ်လို့ ငြင်းခုံနေကြ သော်လည်း ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားသူများက အဏုမြူစွမ်းအင်ကို အသစ်ပြန်လည် အာရုံစိုက်ခြင်းက ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အရေးတကြီးလိုအပ်နေသည့် စွမ်းအင်ရှာဖွေရေးကို အာရုံလွဲသွားစေနိုင် ကြောင်း ပြောဆိုနေကြပါတယ်။ . ပြင်သစ်သမ္မတ Emmanuel Macron […]

ကမာ္ဘလူဦးရေ ၄ ပုံ ၁ပုံက သောက်သုံးရေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်

မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့သောက်သုံးရေနေ့အဖြစ် သက်မှတ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကမာ္ဘကြီးပေါ်မှာတဖြည်းဖြည်းနဲ့ ရေချိုရှားပါးလာတာကို လူသားတွေ အခုတ်တရ ရှိစေဖို့နဲ့ ကမာ္ဘကြီးရဲ့ စိမ်ခေါ်မှုတစ်ရပ်ကို ဝိုင်းဝန်ဖြေရှင်းပေးစေလိုတဲ့ သဘောပါပဲ ။ ဒီနှစ်အတွက် ကမာ္ဘ့သောက်သုံးရေနေ့ အထိမ်းအမှတ် နဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်းပုဒ်ကတော့ “ ငြိမ်းချမ်းရေးအတွက် ရေ” ( water for peace ) ပါပဲ ။ သောက်သုံးရေတွေ ရှားပါးလာပြီး ညစ်ညမ်းမှုတွေ ဖြစ်လာရင် လူသားတွေမှာ မညီမျှမှုတွေ ပိုပြီး တိုးလာ တော့မှာပါ ။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်ကြား ၊ လူ့အဖွဲ့အစည်းတွေ တစ်ခုနဲ့ တစ်ခုကြား တင်းမာမှုတွေ ပြင်းထန်လာပြီး ရေကြောင့် […]

ထိန်းသိမ်းရန်လိုအပ်သော သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်

ဂေဟစနစ်(Ecosystem)ဆိုသည်မှာ သက်ရှိစက်ဝန်းတစ်ခုဖြစ်ပေါ်လာစေရန် အပင်၊ တိရစ္ဆာန်နှင့် တခြားဇီဝရုပ်များအပြင် မိုးလေဝသနှင့် မြေမျက်နှာသွင်ပြင်တို့ပါ အတူတကွ ပူးပေါင်း လုပ်ဆောင်နေကြသော ပထဝီဝင်ဒေသတစ်ခုကို ဆိုလိုပါသည်။ဂေဟစနစ်များတွင် biotic ဟုခေါ် သော သက်ရှိများ အပြင် abiotic ဆိုသည့် သက်မဲ့အစိတ်အပိုင်းများလည်း ပါဝင်နေပါသည်။ သက်ရှိအပိုင်း(Biotic factors)တွင် အပင်၊တိရစ္ဆာန်နှင့် တခြားဇီဝရုပ်များ ပါဝင်ပါသည်။ သက်မဲ့အပိုင်း(Abiotic factors)တွင် ကျောက်တုံးများ၊အပူချိန်နှင့် စိုထိုင်းခြင်း စသည်တို့ ပါဝင်နေပါ သည်။ဂေဟစနစ်အတွင်း ပါဝင်သော အပိုင်းများသည် တစ်ခုနှင့်တစ်ခု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက် ၍ဖြစ်စေ အပြန်အလှန် မှီခိုနေကြပါသည်။ဥပမာ-ဂေဟစနစ်တစ်ခု၏ အပူချိန်ပြောင်းလဲမှုသည် ယင်းဒေသတွင် မည်သို့သောအပင်များ ပေါက်မည်ဆိုသည့် အချက်အပေါ် သက်ရောက်မှုရှိပါသည်။ ထိုအပင်များအပေါ် နေစရာ၊စားစရာအဖြစ် မှီခိုနေရသော တိရစ္ဆာန်များ အနေနှင့်လည်း ပြောင်းလဲမှု အပေါ်မူတည်ပြီး ညှိယူ […]

ကမာ္ဘလူဦးရေ ၄ ပုံ ၁ပုံက သောက်သုံးရေ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်

မတ်လ ၂၂ ရက်နေ့ကို ကမ္ဘာ့သောက်သုံးရေနေ့အဖြစ် သက်မှတ်ပြီး ၁၉၉၃ ခုနှစ်ကတည်းက နှစ်စဉ် ကျင်းပလာခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ကမာ္ဘကြီးပေါ်မှာတဖြည်းဖြည်းနဲ့ ရေချိုရှားပါးလာတာကို လူသားတွေ အခုတ်တရ ရှိစေဖို့နဲ့ ကမာ္ဘကြီးရဲ့ စိမ်ခေါ်မှုတစ်ရပ်ကို ဝိုင်းဝန်ဖြေရှင်းပေးစေလိုတဲ့ သဘောပါပဲ ။ ဒီနှစ်အတွက် ကမာ္ဘ့သောက်သုံးရေနေ့ အထိမ်းအမှတ် နဲ့ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ ဆောင်းပုဒ်ကတော့ “ ငြိမ်းချမ်းရေးအတွက် ရေ” ( water for peace ) ပါပဲ ။ သောက်သုံးရေတွေ ရှားပါးလာပြီး ညစ်ညမ်းမှုတွေ ဖြစ်လာရင် လူသားတွေမှာ မညီမျှမှုတွေ ပိုပြီး တိုးလာ တော့မှာပါ ။ တိုင်းပြည်တစ်ပြည်နဲ့ တစ်ပြည်ကြား ၊ လူ့အဖွဲ့အစည်းတွေ တစ်ခုနဲ့ တစ်ခုကြား တင်းမာမှုတွေ ပြင်းထန်လာပြီး ရေကြောင့် […]

သတ်ပစ်မှာလား ၊ ထားရစ်မှာလားနဲ့ ဥ‌ရောပ ဝက်ဝံညိုတွေရဲ့ပြဿနာ

ပြီးခဲ့တဲ့ ၃ ရက်အတွင်း စလိုဗက်ကီးယားမြောက်ပိုင်းမှာ လူတွေကို ဝက်ဝံညိုတွေရဲ့ ဒုတိယအကြိမ် တိုက်ခိုက်မှု ပြီးနောက် ဒေသခံ အာဏါပိုင်တွေက ‌ဒေသတွင်းအရေးပေါ်အခြေအနေကို ကြေညာလိုက်ရပါတယ် ။ တာထရာတောင်တန်းများအနီးရှိ Liptovský Mikuláš ဒေသတွင် အသက် ၁၀ နှစ်မှ ၇၂ နှစ်ကြား လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပါတယ် ။ လက်နက်ကိုင်ခြောက်ဖွဲ့က ကင်းလှည့်အမဲလိုက်ပြီးနောက် ဝက်ဝံကို ဖမ်းဆီးရမိဖွယ်ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ထပ်မံ ပြောကြားခဲ့ပါတယ် ။ အထူးသဖြင့် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဝက်ဝံတွေရဲ့အန္တရာယ်ကို သတိထားဖို့ လိုကြောင်းကိုလည်း အကြံပြုထားပါတယ်။ “ဝက်ဝံတွေကို ကယ်ဆယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူမနေတဲ့နေရာတွေထဲကို တွန်းပို့ခဲ့ပြီး အရေးပေါ် အဖွဲ့တွေက ဖယ်ရှားဖို့ အမိန့်ပေးထားပါတယ်” လို့ အာဏါပိုင်တစ်ဦးက […]

ကမ္ဘာ့လေအသန့်ဆုံးမြို့များ ( ၂ )

စက်မှုထွန်းကားရေးက ကမ္ဘာကြီးပေါ်မှာ ဆက်လက်ကြီးထွားနေတာဖြစ်လို့ လေထုညစ်ညမ်းမှုကလည်း ကမ္ဘာ့ကြီးပေါ်မှာ ပြောစရာလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ကမ္ဘာပေါ်ရှိ အချို့မြို့ကြီးများတွင် လေထုညစ်ညမ်းမှု လွန်ကဲပြီး ၎င်းတို့ရှိ လေထုအရည်အသွေးသည် ဒေသခံများနှင့် ခရီးသွားများအတွက် ကျန်းမာရေးအန္တရာယ်ဖြစ်စေနေပါတယ် ။ ဒါပေမဲ့ အချို့သောမြို့များက စိမ်းလန်းသောပတ်ဝန်းကျင်နှင့် တင်းကျပ်သော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကြောင့် သန့်ရှင်းသောလေထုအရည်အသွေးကို ရနေလို့ ဂုဏ်ယူနေရပါတယ်။ ကမာ္ဘပေါ်က လေအသန့်ဆုံးမြို့တွေအကြောင်းကို IQair website က စာရင်းလုပ်ထားပါတယ်။ ၇ ။ ။ တောလင်း ( အက်စတိုးနီးယား ) Tallinn သည် အက်စတိုးနီးယား၏မြောက်ဘက်၊ ဖင်လန်ပင်လယ်ကွေ့၏ ရှုခင်းသာပင်လယ်အော်တွင် တည်ထားသော တိတ်ဆိတ်ပြီး ဆွဲဆောင်မှုရှိသောမြို့ဖြစ်သည်။ လူဦးရေ ၅သိန်း အောက်သာရှိသော်လည်း အက်စတိုးနီးယားတွင် လူဦးရေ အများဆုံးမြို့ဖြစ်သည်။ အနီးတစ်ဝိုက်ရှိ ပင်လယ်အော်၊ စက်မှုစင်တာများ […]

ကမ္ဘာ့လေအသန့်ဆုံးမြို့များ

စက်မှုထွန်းကားရေးက ကမ္ဘာကြီးပေါ်မှာ ဆက်လက်ကြီးထွားနေတာဖြစ်လို့ လေထုညစ်ညမ်းမှုကလည်း ကမ္ဘာ့ကြီးပေါ်မှာ ပြောစရာလမ်းကြောင်းတစ်ခုဖြစ်နေပါတယ်။ ကမ္ဘာပေါ်ရှိ အချို့မြို့ကြီးများတွင် လေထုညစ်ညမ်းမှု လွန်ကဲပြီး ၎င်းတို့ရှိ လေထုအရည်အသွေးသည် ဒေသခံများနှင့် ခရီးသွားများအတွက် ကျန်းမာရေးအန္တရာယ်ဖြစ်စေနေပါတယ် ။ ဒါပေမဲ့ အချို့သောမြို့များက စိမ်းလန်းသောပတ်ဝန်းကျင်နှင့် တင်းကျပ်သော ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းများကြောင့် သန့်ရှင်းသောလေထုအရည်အသွေးကို ရနေလို့ ဂုဏ်ယူနေရပါတယ်။ ကမာ္ဘပေါ်က လေအသန့်ဆုံးမြို့တွေအကြောင်းကို IQair website က စာရင်းလုပ်ထားပါတယ်။ ၁၄ ။ ။ ဟိုနိုလူလူ ( အမေရိကန် ) အမေရိကန်နိုင်ငံ ဟိုနိုလူလူမြို့သည် ကမ္ဘာပေါ်တွင် အသန့်ရှင်းဆုံးသောလေထုကို ပိုင်ဆိုင်ခွင့်ရသည့်အတွက် ဂုဏ်ယူရပါတယ်။ ၎င်း၏ ပထဝီဝင်တည်နေရာနှင့် ဟာဝိုင်အီ၏ တင်းကျပ်သော သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများသည် သန့်ရှင်းသောလေထုကို ဖြစ်ပေါ်စေပါတယ် ။ ၁၃ […]

Shortridge’s langur မျောက်မြီးရှည်

မြန်မာပြည်မြောက်ပိုင်းမှာတွေ့ရတယ် တရုတ်ယူနန်မှာကော့ရှိတယ်လိုသိရတယ်။ သုံးလေးကောင်ကနေ ၁၅ကောင်ထိရှိတဲ့အုပ်တွေ မြင်ဖူးတယ်။ တခါတစ်လေတောထဲတွေ့ရင် အုပ်ထဲက အကြီးဆုံးကောင်က လူတွေကိုကြည့်ပြီ ရန်ရှာမဲ့ အမူအရာနဲ့လုပ်ပြတယ် တခြားကောင်တွေတော့ ပြေးတာပေါ့ လူတွေလာလို့ မရဘူး အရမ်းဝေးတယ်ဆိုရင် ခုလိုပဲ အေးအေးလူလူနဲ့နေတာပဲ လက်ရှိအခြေအနေကတော့ အမဲအလွန်အကျွံ လိုက်ခံနေရတယ် အကောင်သေအစိတ်အပိုင်းတွေကို အမြဲဈေးထဲရောင်းနေတာတွေ့ရတယ် အရှင်ကိုတော့ သိန်းဂဏန်းဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နေတာတွေ့ရတယ် မျောက်တွေထဲက ဒီမျိုးတော့ မြန်မြန်လေး ရှားလာမဲ့သဘောရှိတယ် ခရီးသွားသူများ သဘာဝနဲ့ တောရိုင်းတိရစ္ဆာန်ချစ်တတ်ပါစေ ဒေသအခေါ် ထန်စူ (ရဝမ်) ဘရန်ရှောင်

ကြေကွဲနေတဲ့ ဝန်းကျင်

ယခုရက်ပိုင်းအတွင်း ပတ်ဝန်းကျင်သည် နေရာတော်တော်များများမှာ အုံ့မှိုင်းလျက်ရှိနေသည်။ နယ်တွင်သာမက။ ရန်ကုန်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့ကောင်းကင်ပေါ်မှာပါ အုံ့ဆိုင်းနေသည်ကို ဓာတ်ပုံတွေကတဆင့် တွေ့မြင်ရသည်။ နယ်တွေမှာတော့ ယခုလိုရာသီအချိန်ဆိုလျင် အုံ့ဆိုင်းတတ်မြဲ။ ပုံမှန်အချိန်ဆိုလျှင်တော့ အုံ့ဆိုင်းနေသည့် ရာသီသည် အင်မတန်လွမ်းဆွေးဖွယ် ကောင်းပါသည်။ ယခုအချိန်အုံ့ဆိုင်းမှုကတော့ ကြေကွဲဖွယ်ပိုကောင်းနေပေသည်။ နိုင်ငံအနှံ့ သဘာဝပတ်ဝန်းကျင်အတုတွေမှာသာ စိန်းလန်းစိုပြေနေပြီး တကယ့်သဘာဝပတ်ဝန်းကျင်အစစ်တွေမှာ ခြောက်သွေ့နေကြသည်။ မီးလောင်နေကြသည်။ ဒဏ်ရာရာရနေကြသည်။ ဖျားနာနေကြသည်။တောင်ပေါ်တွေမှာ သစ်ပင်တွေ၊သစ်ကိုင်းတွေ ကျိူးကျေနေကြသည်။ မြစ်တွေ လည်ပင်းညစ်ခံနေရသည်။ အသက်ရှူကြပ်နေသော ပတ်ဝန်းကျင်။ ဖျားနာနေသောရာသီဥတု။ ဝန်းကျင်တစ်ခုလုံး တွေ့ရမြင်ရတာ ကြေကွဲဖွယ်ကောင်းနေပါသည်။ သဘာဝပတ်ဝန်းကျင်အတုတွေဖန်တီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်အစစ်တွေကို ဖျက်ဆီးနေကြခြင်းဖြစ်သည်။ အရည်အသွေးအရောင်လဲ့လဲ့အရာသေးသေးလေးတွေအတွက် တကယ့်တောင်ကြီးတွေကို ဖြိုဖျက်နေကြသည်။ တလက်လက်နှင့်တောက်ပသည့် အရာလေးတစ်ခုရဖို့ မြစ်တွေ၊ချောင်းတွေကို ဖျက်ဆီးပစ်နေကြသည်။ မြင်တွေ့နေရသောပတ်ဝန်းကျင်သည် ကြေကွဲဖွယ်ကောင်းပါသည်။ သဘာဝတေးသံတွေ တိတ်ဆိတ်ပြီး ကြောက်မက်ဖွယ်အသံတွေသာ နေရာအနှံ့ ထိတ်လန့်ဖွယ်ကြားနေရပါသည်။ […]

အီးဘိုက် နဲ့ မီးလောင်ပေါက်ကွဲမှု

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ရုပ်ကြွင်းလောင်စာသုံးကားတွေကို သုံးစွဲခြင်းအားစွန့်လွှတ်ပြီး သယ်ယူပို‌ဆောင်ရေးအတွက် ပေါ့ပါးလွယ်ကူတဲ့ လျှပ်စစ်စက်ဘီး (အီးဘိုက်)တွေရဲ့ သုံးစွဲမှုက တိုးတက်လာ နေပါတယ် ။ ဒါပေမဲ့ အီးဘိုက်သုံးစွဲမှုက ၁၀၀ရာခိုင်နှုန်းဘေးကင်းလုံခြုံမှုရှိမနေဘူးဖြစ်နေပါတယ် ။ ဒီနေ့ မနက်ပိုင်းမှာ လန်ဒန်မြို့က မီးသတ်ဌာနက ဗီဒီယိုဖိုင်တစ်ခုကို လိုင်းပေါ်တင်ပြီး ကြေညာချက် တစ်ခု ထုတ်ပြန်လိုက်ပါတယ်။ အီးဘိုက်ဝယ်သုံးသူတွေအနေနဲ့ ကိုယ်ဝယ်တဲ့ ဆိုင်နဲ့ ရောင်းသူဆီကနေ သေချာတဲ့ ကုန်ပစ္စည်ဖြစ်ကြောင်းကို အာမခံရစေချင်ပါတယ် လို့ ဆိုပါတယ် ။ ဘာဖြစ်လဲ ဆိုတော့ ဒီနေ့မနက်ပိုင်းမှာ လန်ဒန်မြို့က နေရာဖော်မပြထားတဲ့ နေရာတစ်ခုမှာ အီးဘိုက်တစ်စီး အားသွင်းထားစဉ်မှာ မီးလောင်ကျွမ်းမှု ဖြစ်တဲ့ အပြင် ပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ် ။ မီးခိုးလုံးတွေအပြင် မီးရှုးမီးပန်တွေလို မီးတောက်တွေ အများကြီး ပေါက်ကွဲလွှင့်စင်ခဲ့ပါတယ် ။ […]