Author Posts

မသုံးတော့တဲ့ သတ္တုတွင်းကို မြေသားဘတ်ထရီလုပ်ဖို့အတွက် ပြင်ဆင်နေ

ဖင်လန်နိုင်ငံမှာရှိတဲ့ အသုံးမပြုတော့တဲ့ ဥရောပ အကြီးဆုံး သတ္တုမိုင်းတစ်ခုကို စကော်တလန်ကုမ္ပဏီတစ်ခုက လျှပ်စစ်သိုလှောင်ဖို့အတွက် မြေသားဘတ်ထရီ တစ်ခုပြုလုပ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အဲ့ဒိနက်ရှိုင်းတဲ့ သတ္တုမိုင်းထဲကို လိုအပ်ရင်ပြန်သုံးဖို့အတွက် တိုင်းပြည်ကထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်တွေထဲက ပိုလျှံလျှပ်စစ်တွေကို သိုလှောင်ထားမှာဖြစ်ပါတယ်။ အဲ့လို သိုလှောင်ဖို့အတွက် ကမာ္ဘမြေဆွဲအားကို အသုံးပြုမှာ ဖြစ်ပါတယ်။ အဲ့ဒိသတ္တုမိုင်း Pyhäjärvi က မြို့တော် Helsinki ရဲ့မြောက်ဘက် ၄၅၀ ကီလိုမီတာ အကွာ ဝေးလံခေါင်သီတဲ့ နေရာမှာ ရှိပါတယ် ။ ကမာ္ဘာမြေမှ မီတာ ၁၄၀၀ ကျော်အနက်က သွပ်နှင့် ကြေးနီတွေ ထုတ်လုပ်ပြီးနောက် မှာတော့ သတ္တုတွင်းကို ရပ်ဆိုင်းလိုက်ပါတယ် ။ အခုတော့ စကော့တလန်အခြေစိုက် Gravitricity ကုမ္ပဏီကို အငှားချထားလိုက်ပါတယ် ။ ကုမ္ပဏီက အလေးချိန်အတင်အချလုပ်ပေးတဲ့ […]

အိမ်မက်ကမ္ဘာမှ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်…. အပိုင်း (၁)

မြစ်ကြီးနား၏ ညနေခင်းသည် မှုန်ရီစွာလှပနေသည်။ ကချင်တောင်တန်းများပေါ်မှ ပြေးဆင်းလာသောလေက သစ်ရွက်စိမ်းနံ့ကို သယ်ဆောင်လာကာ သစ်ပင်များ ကျန်းမာလျက်ရှိကြောင်းပြော ဆိုကြလေသည်။ ‘’ခါကာဘိုရာဇီတောင်တန်းမှာ လေရှူရတာ သိပ်ကိုအရသာရှိမှာပဲနော်” မျက်နှာချင်းဆိုင်မှ အေးအေးဆေးဆေးထိုင်နေသော ဦးစောလွင်ကိုကျွန်မ နိဒါန်းမေးခွန်း မေးလိုက်ခြင်းဖြစ်၏။ ကျွန်မသည် မနက်တုန်းက ဦးသိန်းအောင်နှင့် ခါကာဘိုရာဇီ အမျိုးသားဥယျာဉ် ဆောက်ရေးအကြောင်း စကားစပြီးကတည်းက ခါကာဘိုရာဇီကို တွေ့ချင်နေလေပြီ။ ယခုညဘက်အစီအစဉ်မှာ ဟောပြောပွဲမလုပ်ဘဲ ခါကာဘိုရာဇီခရီးအကြောင်း မှတ်တမ်းတင် ဗီဒီယို ခွေပြမည်ဟုလည်း ကြေညာထားသည်။ ဗီဒီယိုမှာမမြင်ရမီ ကြိုပြီး သိထားချင်တာလေးတွေ ရှိသဖြင့် ညစာထမင်းစားပြီးခါစ ရေနွေးကြမ်းဝိုင်းမှာ ထမင်းလုံးစီဆဲ ဦးစောလွင်ကို အရအမိမေးရပေတော့မည်။ “အန်တီက လေကို တန်းဖိုးထားတယ်ဆိုရင် ခါဘိုရာဇီဟာ အဖိုးမဖြတ်နိုင်တဲ့ လေထုကြီးပါပဲ’’ ဦးစောလွင်က ကျွန်မကို သူများတွေခေါ်သလို ‘ဆရာမ’ ဟုမခေါ်ပေး အန်တီဟု […]

“”ကျောရိုးမဲ့ရေသတ္တဝါ သံပခြုပ်၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ””

သံပခြုပ်များသည်ရေအောက်ကြမ်းပြင်တွင်နေထိုင်ကြသော ဆူးချွန်များပါသော ကျောရိုးမဲ့ရေနေ သတ္တဝါ(Spiny Marine Invertabrate) အုပ်စုဝင်များ ဖြစ်ကြပါသည်။ သံပခြုပ်ကို အစိမ်းရောင် ကျောက်သွေးဟုလည်း ခေါ်ကြပါသည်။ အမဲရောင်လည်းရှိပြီး ထန်းသီးအသေးအရွယ်အစား နီးပါးရှိကြသည်။ တချို့သံပခြုပ်လေးများမှာ ကြက်မောက်သီးနှင့် ပုံစံရော၊ အရွယ်ပါဆင်တူကြပြီး ကျောက်တန်းများပေါ်နှင့် အဆင်ပြေရာကျောက်ခေါင်းများထဲတွင်လည်း ခိုအောင်းနေတတ်လေ့ ရှိကြပါသည်။ရေကျချိန်တွင် သံပခြုပ်ကောင်လေးများသည် ပင်လယ်အောက်ကကျောက်တုံးများတွင် ကပ်နေပြီး ကျောက်သွေးများကို စုပ်ယူကာ အသက်ရှင်နေထိုင်လေ့ရှိကြပါသည်။ သံပခြုပ်သည် ဒေသအခေါ်ဖြစ်ပြီး အဂ်လိပ်အမည်မှာ ‘Sea Urchin’ ဖြစ်သည်။မြန်မာနိုင်ငံတွင် သံပခြုပ်ကို ချောင်းသာ၊ငွေဆောင်နှင့် တောင်ပိုင်းမြိတ်ကျွန်းစုကမ်းခြေများတွင် တွေ့မြင်နိုင်ပါသည်။ မြိတ်ကျွန်းစု၊ ကော့သောင်းဒေသများတွင်လည်း သံပခြုပ်အမြောက်အမြားတွေ့ရတတ်သည်။အပူပိုင်း ဒေသတစ်လျှောက်တွင်ရှိသည့် သန္တာကျောက်တန်းများတွင်လည်း တွေ့ရတတ်သည်။ သံပခြုပ် (Sea urchins)များသည် Echinoderms အုပ်စုဝင်များဖြစ်ကြပြီး ဆူးချွန် (spine)များ ပါရှိကြပြီး ထုလုံးပုံ ကျောရိုးမဲ့ […]

ရေရှားပါးမှုပြဿနာကို ရင်ဆိုင်ကြရပြီ

နွေကို ပီပီပြင်ပြင်မရောက်သေးခင်မှာပင် ရေရှားပါးမှုပြဿနာကို အချို့နေရာဒေသတွေမှာ ရင်ဆိုင်နေကြရပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင် အစဉ်အဆက် ပျက်ယွင်းခဲ့သည့်ကြားက တိုင်းပြည်အခြေအနေကမောက်ကအခြေအနေမှာပင် ရေရှားပါးမှုပြဿနာနှင့်အတု ပြည်သူတွေမှာ ဒုက္ခမျိုးစုံကိုရင်ဆိုင်ကြရ‌တော့မည် ဖြစ်သည်။ ရေရှားပါးမှုပြဿနာကို ရင်ဆိုင်နေကြရခြင်း၏ အဓိကအကြောင်းအရင်းတွေထဲမှာ နေရာရွှေ့ပြောင်းနေထိုင်ကြရခြင်းသည်လည်းအကြောင်းတရားတစ်ခုဖြစ်လာပါသည်။ ပြည်သူတွေသည် မိမိတို့ တည်ဆောက်ထားခဲ့သော၊ ရှိပြီးသော ရေအရင်းအမြစ်တွေကို စွန့်ခွာရသောအခါ နွေရာသီတွင် ရေအလွယ်တကူရရှိဖို့ မလွယ်တော့ပါ။ ” အဓိကကတော့ ချောင်းတွေ၊ မြောင်းတွေကို ဆည်ပိတ်ပြီးသုံးကြရတာ။ နွေရာသီရေကမလာတော့ ရေနည်းလာတယ်။ ရေက သန့်ရှင်းမှုမရှိတော့ဘူး” လို့ မကွေးတိုင်းအတွင်းက ပြည်သူတစ်ဦးက တွေ့ကြုံနေရသည်ကို ပြောပြသည်။ ဟိုအရင်ခေတ်က တောထဲတွင် တောင်ယာလုပ်ရင်းနေထိုင်သူတွေသည်သောက်သုံးရေအတွက် ချောင်းနံဘေးတွင် စမ်းရေတွင်းတွေတူးပြီး သောက်သုံးရေကို ဖြေရှင်းခဲ့ကြသည်။ နောက်ပိုင်းနှစ်များတွင်တော့ ချောင်းဘေးနားကမြေအောက်ရေသည် နွေရာသီတစ်ရာသီလုံးအတွက် မလုံလောက်တော့ပါ။ ” ရေကသဲပြင်အောက်မှာ မိုးတုန်းက စုကျန်နေခဲ့တဲ့ […]

မုတ်သုံလေအကြောင်း ဆောင်းမုတ်သုံ-အရှေ့မြောက်မုတ်သုံလေ (WINTER MONSOON NE wind) မုတ်သုံလေ

အာရေဗျဘာသာဖြင့် Mausam(မော်ဆန်) သို့မဟုတ် Monsoon ဟုတ်ခေါ်သည့် ရာသီလေ(Seasonal Wind)ဖြစ်သည်။ မုတ်သုံလေကို ရှေးလွန်ခဲ့ပြီးသောနှစ်ပေါင်းများစွာက အာရေဗျပင်လယ်အတွင်းမှ ငါးဖမ်းလုပ်သားများက စတင်တွေ့ရှိခဲ့ကြောင်း၊ နှစ်စဉ်အချိန်မှန် အနောက်တောင်ဘက်နှင့် အရှေ့မြောက်ဘက်မှ တိုက်ခတ်သောလေတိုက်ခတ်ခြင်းကို သတိထားမှတ်သားမိကြရာက နွေမုတ်သုံလေနှင့် ဆောင်းမုတ်သုံလေများအဖြစ် ကျွန်ုပ်တို့ သိရှိနားလည်လာကြရခြင်းဖြစ်သည်။ အာရှတိုက်အတွင်းတွင်သာတိုက်ခတ်တတ်သည့် ရာသီလေအမျိုးအစားဖြစ်သဖြင့် “အာရှမုတ်သုံလေ” Asia Monsoon ဟုလည်းခေါ်ကြသည်။ နွေမုတ်သုံနှင့် ဆောင်းမုတ်သုံ … နွေမုတ်သုံ ခေါ် Summer Monsoon သည် ဇွန်လမှ အောက်တိုဘာလအတွင်း အနောက်တောင်အရပ်မှ တိုက်ခတ်သောလေဖြစ်ပြီး ပူနွေး၍စွတ်စိုသော ပင်လယ်လေအမျိုးအစားဖြစ်ကာ အနောက်တောင်မုတ်သုံလေ ဟုလည်း သိကြသည်။ နွေမုတ်သုံလေတိုက်ခတ်သည့်ကာလအတွင်း မိုးရွာခြင်း၊ မုန်တိုင်းများဖြစ်ပေါ်ခြင်းအစရှိသော ထူးခြားပြင်းထန်သည့် မိုးလေဝသအခြေအနေများဖြစ်ပေါ်တတ်သည်။ ဤထူးခြားပြငိးထန်သော မိုးလေဝသအဖြေအနေများကြောင့် အနောက်တောင်မုတ်သုံလေ(နွေမုတ်သုံ)ကို ပိုမို၍အသိများကြသည်။ အာရှမုတ်သုံကျရောက်သည့်နိုင်ငံများတွင်ပါဝင်သည့် မြန်မာနိုင်ငံတွင် […]

ဟိုက်ဒရိုဂျင်လောင်စာ ထုတ်လုပ်မှုကို အကောင်းဆုံးဖြစ်အောင် filtration နည်းပညာ လိုအပ်ပါတယ်

ဟိုက်ဒရိုဂျင်လောင်စာနဲ့ ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာခေါင်းဆောင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Pall Corporation မှာ ဒေါက်တာ မာရီယာ အေနက်ဇ် လင်ဂါဖက် က ဓာတုအင်ဂျင်နီယာပါရဂူဘွဲ့ဖြင့် တာဝန် ထမ်းဆောင် နေပါတယ် ။ သူမက ဟိုက်ဒရိုဂျင်လောင်စာ နဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာ နည်းပညာပိုင်း ဆိုင်ရာ ဦးဆောင်သူတစ်ယောက် ဖြစ်ပါတယ် ။ အစိမ်းရောင်နှင့် အပြာရောင် ဟိုက်ဒရိုဂျင်ထုတ်လုပ်မှု၊ ဟိုက်ဒရိုဂျင်သိုလှောင်မှု၊ သယ်ယူပို့ဆောင်ရေးနှင့် ဟိုက်ဒရိုဂျင်လောင်စာဆဲလ်များအပါအဝင် ဟိုက်ဒရိုဂျင်တန်ဖိုးကွင်းဆက်တစ်ခုလုံးအတွင်း စစ်ထုတ်ခြင်းနှင့် ခွဲထုတ်ခြင်းပြဿနာများအတွက် ဖြေရှင်းနည်းများ ဖွံ့ဖြိုးတိုးတက်မှုကို သူမက ပံ့ပိုးပေးနေပါတယ်။အဲ့ဒါက ကျန်းမာရေး၊ ဘေးကင်းရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုရှိသော နည်းပညာများကို တိုးတက်လာစေနေပါတယ်။ မေး ။ ။ အစိုးရတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးတဲ့ အစိမ်းရောင် ဟိုက်ဒရိုဂျင်ကို ဘာကြောင့် […]

သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး

ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါများအချင်းချင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အပြန်အလှန်အကျိုးပြုနေထိုင်ခြင်း ဖြစ်တည်နေသော ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။တိကျသေချာသော အကျယ်အဝန်းတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်တည်မှု ရှိကြသည်။အချို့သော သိပ္ပံပညာရှင်များအနေဖြင့် ဂြိုဟ်တစ်ခုလုံးသည် ဂေဟစနစ်တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။ ဂေဟစနစ်ပတ်ဝန်းကျင်၏ ဥပမာများမှာ – ရေကန်ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ် မြစ်ဝ ဂေဟစနစ် သစ်တော ဂေဟစနစ် မိုးသစ်တော ဂေဟစနစ် မြက်ခင်းပြင် ဂေဟစနစ် ပင်လယ်ရေနက်ပိုင်း ဂေဟစနစ် အစရှိသဖြင့် ရှိကြပါသည်။ အကယ်၍ ဂေဟစနစ်သည် ရေရှည်မတည်တံ့လျှင်- ဂေဟစနစ် ယိုယွင်းပျက်စီးသွားနိုင်ခြင်း၊ စွမ်းအင် ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်း၊ သက်ရှိအုပ်စုများ၏ အမျိုးအစားကွဲပြားမှု ယိုယွင်းပျက်စီးခြင်း၊ နောက်ထပ် ဂေဟစနစ် မတည်ရှိတော့ခြင်းများ ဖြစ်ပေါ်လာပါမည်။ သန္တာကျောက်တန်း ဂေဟစနစ် သန္တာကျောက်တန်းဂေဟစနစ်ဆိုသည်မှာ သန္တာကောင်(Coral or Coral reef)များသည် […]

ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေရဲ့ အဓိကအကြောင်းက ဖော်အဲဗားဓာတုပစ္စည်းကြောင့်လို့ အခိုင်အမာပြောလာကြပါပြီ

မနှစ်ကနှစ်ကုန်ခါနီးအထိ ဖော်အဲဗားဓာတုပစ္စည်းတွေကြောင့်ကင်ဆာရောဂါဖြစ်နိုင်တယ် ၊ မဖြစ်နိုင်ဘူး ဆိုတာက ဝိရောဓိတွေ ဖြစ်နေခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကလည်း အဲ့ဒိကိစ္စကို ရှင်းနိုင်ဖို့အသည်းအသန် သုတေသနတွေ လုပ်ခဲ့ကြပါတယ် ။ ယေးလ်တက္ကသိုလ်ရဲ့ ပြည်သူ့ကျန်းမာရေးဌာကတော့ ဒီကနေ့ ကင်ဆာရောဂါနေ့အတွက် ခိုင်မာတဲ့ ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်တဲ့ နေရာမှာ ဖော်အဲဗား ဓာတုပစ္စည်းတွေ ကြောင့် ကျောက်ကပ် ၊ ဆီးကြိတ်နဲ့ ရင်သားကင်ဆာတွေ ဖြစ်နိုင်တယ်ဆိုတာသေချာတယ်ဆိုပြီး ပြောလာပါတယ်။ ဖော်အဲဗား ဓာတုပစ္စည်းဆိုတာ ပိုလီဖူအိုရိုအယ်လ်ကိုင်း ဓာတ်ပေါင်း poly-fluoroalkyl substances (PFAS)တွေကိုပြောတာပါ ။ အဲ့ ဒိဓာတ်ပေါင်းတွေက သဘာဝပတ်ဝန်းကျင်မှာ နှစ်ပေါင်းများစွာ ကြာအောင်မပျက်မစီးဘဲ ရှိနေနိုင်တဲ့အတွက် ဖော်အဲဗား ဓာတုပစ္စည်းလို့ ခေါ်ကြတာပါ ။ ယေးလ်က သိပ္ပံပညာရှင်တွေက အူမကြီးကင်ဆာကို သုတေသနလုပ်ရင် PFAS က လူသားခန္တာကိုယ်အတွင်းမှာရှိတဲ့ […]

ရယ်ဒီမိတ် တစ်ခါသောက် ရေသန့်ဘူးတွေကို မသောက်သင့်တော့တဲ့ အကြောင်းရင်းများ

ယနေ့ခေတ်ကမ္ဘာမှာ ရေချိုရရှိမှုက ရှားပါးနေပေမယ့် ပလတ်စတစ်ရေသန့်ဘူးတွေကို ပေါပေါများများ ထုတ်လုပ်သုံးစွဲနေကြဆဲပါ။ကမ္ဘာကြီးနဲ့ သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့ရာ ရယ်ဒီ မိတ် ရေသန့်ဘူးတွေကို ဘယ်တော့မှ မသောက်သင့်တော့တဲ့ အကြောင်းရင်းကလည်း ခိုင်ခိုင်မာမာ ရှိနေပါတယ်။အောက်ပါ အကြောင်းရင်းတွေကို ဆက်လက်ကြည့်ကြပါစို့။ (၁) ပလတ်စတစ်ရေဘူးတွေကို ပြန်လည် အသုံးပြုမယ်ဆိုရင်တောင်မှ ကမ္ဘာကြီးကို ညစ်ညမ်း စေတယ် ပလတ်စတစ်ရေသန့်ဘူးတွေကို ထုတ်လုပ်ဖို့အတွက် ရေနံနဲ့ အထွေထွေ ကုန်ကျ စရိတ်တွေက များပြား လွန်းလှပါတယ်။ဒါ့အပြင် အရင်းအမြစ် ထုတ်ယူသုံးစွဲမှုကလည်း အများကြီး လိုအပ်ပါတယ်။ထုတ်လုပ်မှု၊ ကမ္ဘာကြီးတဝိုက်သယ်ယူပို့ဆောင်ပေးမှုတွေအတွက် ကာဗွန်ခြေရာ များပြားနေတယ်လို့ ဆိုရပါလိမ့်မယ်။ပလတ်စတစ်ဘူးထဲက ရေကို အချိန်ခဏပဲ သောက်သုံး မိပေမယ့် နှစ်ပေါင်း ၁၀၀ ကျော်တိုင် ကျန်ရှိနေတာလည်း အဆိုပါ ပလတ်စတစ် ရေသန့်ဘူးတွေပဲ ဖြစ်ပါတယ်။ဓာတုဗေဒအရ ပြိုကွဲမှု အားနည်းတာကြောင့်ပါ။အသုံးပြုပြီး […]

မြန်မာ့ဆင်

ဒီစာအုပ်ကတော့ တိရစ္ဆာန်ဆေးကုဆရာဝတ်တစ်ယောက်ဖြစ်တဲ့ ဆရာ အောင်စိုးရေးသားထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်သလို စာပေဗိမာန်စာမူဆုလည်း ရရှိထားတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆင်များပေါ်ပေါက်လာသော ကမ္ဘာဦးအစ ၊ ဆက်နဲ့ပတ်သက်တဲ့ သိပ္ပံ နည်းကျ အယူအဆတွေ ၊ ရွှေနန်းသုံးဆင် ၊ ဆင်ရောဂါများ အကြောင်း ၊ ဆင်လုပ်သားတွေအကြောင်း နဲ့ အခြား ဆင်နဲ့ပတ်သက်တဲ့ ဗဟုသုတများစွာပါဝင်ပြီး စိတ်ဝင်စားစရာအကြောင်းအရာတွေကို အသေးစိတ် ဖတ်ရှုရမယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ အဖုံးပန်းချီကို ​ဆရာမြတ်ဟန် ရေးဆွဲထားပြီး ပထမအကြိမ်အဖြစ် ၁၉၉၅ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။