Author Posts

Risk များ 

အိမ်ရာတွေကို ခုတ်လှဲပစ်နေတာလား အသိုက်အမြုံတွေကို ဖျက်ဆီးပစ်နေတာလား ခိုကိုးရာမဲ့လာတဲ့ သတ္တဝါတွေကိုမြင်ရတော့ ခြေသလုံးအိမ်တိုင်ဆိုတဲ့စကားကို သတိရမိတယ်။ နေ့စဉ်သောက်သုံးနေကျ … ရေ ကိုယ်လက်သန့်စင် ဆေးကြောနေကျ … ရေ မရှိမဖြစ် ” ရေ ” အရင်းမြစ်ထဲကို မသိလိုက်မသိဘာသာ အဆိပ်အတောက်တွေ ပစ်ထည့်နေကြတယ်။ ပြည်ပက လိပ်စာမှားလာတဲ့ ထင်တိုင်းကြဲ ရင်းနှီးမြှုပ်နှံမှုတွေ အထွက်နှုန်းမြင့် မွေးမြူရေးလုပ်ငန်းကြီးတွေ ကူညီသူမဲ့ ဥတုဘေးသင့်တောင်သူတွေနဲ့ … ။ ပြောပြန်ရင်လည်း ချနင်းခံပြည်သူတွေရဲ့ မြေ ရေ လေ မီး ဘေးကင်းလုံခြုံမှုတွေကို တစ်ကြိမ်တစ်ခါမျှ တွေးဆကြံစည် ကြည့်ခဲ့ဖူးဟန်မရှိတဲ့ ပြည်တော်ပြန်များရဲ့ဓနအင်အားဟာ နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု ဖြစ်နေတော့တယ်။ ။   ဝန်းရံခ ဓာတ်ပုံ-အင်တာနက်

ကျွန်တော်တို့ ဘာကြောင့် သစ်တောတွေ ထိန်းသိမ်းနေရတာလဲ

ကျွန်တော်တို့ ဘာကြောင့်သစ်တောတွေကို ထိန်းသိမ်းနေရတာလဲ ဆိုတာကိုမေးလာရင် ရှည်ရှည်ဝေးဝေးတွေ လိုက်ရှင်းပြနေရပါတယ်။ ဒီမှာတော့ တိုတိုနဲ့ လိုရင်းရောက်တဲ့အချက် ၁၄ချက်ရှိပါတယ်။ တစ်ချက်ချင်းစီမှာ လေးနက်တဲ့အဓိပ္ပါယ်တွေရှိပေမဲ့ ဖတ်လိုက်တာနဲ့ လူတိုင်း နားလည်အောင် ရှင်းပြထားပါတယ်။ကျွန်တော်တို့ သစ်တောတွေကို မထိန်းသိမ်းရင် ကျွန်တော်တို့ရှူနေတဲ့လေကို ဘယ်သူက သန့်စင်ပေးမှာလဲ။ ကာဗွန်တွေကို ဘယ်သူ သိုလှောင်ပေးမှာလဲ။ ရေတွေကိုသန့်စင်အောင် ဘယ်သူလုပ်ပေးမှာလဲ။ ကျွန်တော်တို့ဂြိုဟ်အတွက် တကယ်အလုပ်လုပ်ပေးနေတဲ့ သစ်ပင်တွေမှာ အောက်ပါဂုဏ်သတ္တိတွေရှိပါတယ်။ ၁။ တောထဲမှာ စခန်းချနေလိုသူတွေအတွက် သစ်တောတွေရှိနေတာက ဘယ်လောက်ကျေနပ်စရာကောင်းလဲ။ ရေငန်သစ်တောတွေ ၊ အပူပိုင်းသစ်တောတွေ ၊ တောကောင်တွေနေတဲ့သစ်တောတွေ အစရှိသဖြင့် တောတွေက ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ ၃၀% လောက်ကျန်နေသေးတယ်။ အများစုက ရုရှား ၊ကနေဒါနဲ့ အမေရိကားက တောတွေမှာ စခန်းချနေလို့ကောင်းပါတယ်။ ၂။ ကျနော်တို့ရှူထုတ်လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်တွေကို အောက်စီဂျင်အဖြစ် […]

မိုးယွန်းကြီးအင်း ရေတိမ်ဒေသ (၁)

မိုးယွန်းကြီးအင်း ရေတိမ်ဒေသမှာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ရမ်ဆာဒေသဖြစ်ပြီး၊ ရမ်ဆာကွန်ဗင်းရှင်းက ၂၀၀၄ ခုနှစ်၊ နိုဝင်ဘာလ၊ ၁၇ ရက်နေ့တွင် ရမ်ဆာဒေသအဖြစ် အသိအမှတ်ပြု သတ်မှတ်ကြေညာခဲ့ပါတယ်။ မိုးယွန်းကြီးအင်းမှာ ၁၀၃၅၉ ဟက်တာကျယ်ဝန်းတဲ့ ကုန်းတွင်းရေတိမ်ဒေသ ဖြစ်ပါတယ်။ ရှားပါးငှက်မျိုးစိတ်များ၊ ရှားပါးလိပ်မျိုးစိတ်များ၊ ဆောင်းခိုရေငှက်များ အကောင်ဦးရေ မြောက်မြားစွာ မှီခိုကျက်စားနိုင်တဲ့ နေရာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ Wild Wings Group အဖွဲ့ဟာ ဟိုယခင်ကဆိုလျှင် နှစ်စဉ် ဖေဖော်ဝါရီလထဲမှာ မိုးယွန်းကြီးအင်းသို့ ဆောင်းခိုရေငှက်များအား ဓာတ်ပုံရိုက်ကူးရန် သွားရောက်လေ့ရှိပါတယ်။ အင်းထဲမှာ ကျက်စားနေကြတဲ့ ဘဲအုပ်စုတွေ၊ ရေငှက်တွေကို လှေဖြင့် လိုက်လံရှာဖွေ မှတ်တမ်းတင်ကြပါတယ်။ အထူးသဖြင့် အများဆုံးတွေ့ရတတ်တာက ဘဲမြီးသွယ်(Northern Pintail) မ်ား ဖြစ်ပြီး၊ အခြားဘဲမျိုးစိတ်များဖြစ်သော စစ္စလီ (Lesser […]

သီရိလင်္ကာတွင် စွန့်ပစ်ပလပ်စတစ်များ စားသုံးခြင်းကြောင့် ဆင်များသေဆုံး

သီရိလင်္ကာနိုင်ငံ အရှေ့ပိုင်းရှိ အမွိုက္ပုံတစ္ခုမွ စွန့်ပစ်ပလပ်စတစ်များကို စားသုံးခြင်းကြောင့် ယခုလ တတိယပတ်အတွင်းက ဆင်နှစ်ကောင်သေဆုံးခဲ့ပြီး ယင်းအမှိုက်ပုံသည် ဆင်များကို သတ်ဖြတ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများနှင့် တိရစၦာန်ဆေးဆရာဝန်များက သတိပေးပြောကြားခဲ့သည်။ မြို့တော် ကိုလံဘိုအရှေ့ဘက် ကီလိုမီတာ ၂၁၀ ခန့်အကွာ Ampara ခရိုင် Pallakkadu ရွာရှိ အမှိုက်ပုံတွင် ပလတ်စတစ်အမှိုက်ကို စားသုံးပြီးနောက် ပြီးခဲ့သော ရှစ်နှစ်အတွင်း ဆင်ကောင်ရေ ၂၀ ခန့် သေဆုံးခဲ့သည်ဟုဆိုသည်။ သေဆုံးခဲ့သော ဆင်များကို စစ်ဆေးမှုများပြုလုပ်ရာတွင် ၎င်းတို့သည် အမှိုက်ပုံကြီးအတွင်း တွေ့ရှိရသည့် ပလတ်စတစ်အမြောက်အမြားကို မျိုချမိခဲ့ကြောင်း တောရိုင်းတိရစ်ဆာန်တိရစၦာန်ဆေးကုဆရာဝန် Nihal Pushpakumara က ပြောကြားခဲ့သည်။ သေဆုံးဆင်များ၏ အစာအိမ်အတွင် အစာမကြေနိုင်သည့် ပလပ္စတစ္မ်ားကို တွေ့ရကြောင်း ၎က ပြောကြားခဲ့သည်။ သီရိလင်္ကာသည် ဘာသာတရားအရ ဆင်များကို […]

” နွေဦးရဲ့ ပုံပြင်”

ဥသြငှက်မွန် တွန်ပါပေါ့လေး။ ပုရစ်ကလေးငယ်တို့ မြသွေး တစ်ထည်ဆင်နှင့် နွေအဝင် သည်စခန်းမှာ လန်းတော့မယ်လေး။ (ဇော်ဂျီ) အိပ်ရာမှ နိုးနိုးခြင်း ပထမဦးဆုံး ကြားလိိုက်ရသည်က ဆွေးဆွေးမြေ့မြေ့ အော်မြည်လိုက်သည့် ဥသြ ငှက်ငယ်တစ်ကောင်၏ တြန္သံ ချိုမြမြကို ဖြစ်သည်။အမှန်အတိုင်း ဝန်ခံရလျှင် “ဥသြ ဥသြ “ဆိုသည့် လွမ်းလွမ်း ဆွေးဆွေး ဆွေးဆွေးမြေ့မြေ့ အော်မြည်သံကလေး၏နောက် စိတ်ထဲသို့ တိုးဝင်ရောက်ရှိလာခဲ့သည်က အေးမြ သည့် အရသာကိုမ်ွ ပြည့်ပြည့်ဝဝ မခံစားရသေးခင် ဆောင်းရာသီက ကုန်ဆုံးတော့မည်လားဟူသည့် မေးခွန်း ပင်ဖြစ်သည်။အမှန်တကယ်ပင် နှင်းမှုန် နှင်းစက်များ၏ လွွှမ်းခြုံဖြန်းပက်ခြင်းကိုမှ နေရာဒေသစုံအောင် မခံစားရ သေးခင် ဆောင်းက နှုတ်ဆက်ကာ ထွက်ခွာသွားတော့မည်လား ၊နွေကကော ကျွန်တော်တို့ရှိရာဆီသို့ တိုးဝင်ေ ရာက်ရှိလာဖို့ရာအတွက်များ စိုင်းပြင်းနေခဲ့ပြီလား။ သေချာသည်က ဥသြဆိုသည့် […]

ရောင်စုံငှက်ပြာခြောက်

မြန်မာနိုင်ငံမှာ Nuthatch လို့ ခေါ်တဲ့ ငှက်ပြာခြောက်မျိုးစိတ် (၉) မျိုး တွေ့နိုင်ပြီး၊ ဒီ(၉) မျိုးထဲမှာမှ White-browed Nuthatch ဆိုတဲ့ မျက်ခုံးဖြူငှက်ပြာခြောက်ငှက်လေးက မြန်မာနိုင်ငံမှာပဲ တွေ့နိုင်တဲ့ မြန်မာ့ဒေသရင်း (Myanamr Endemic) ငှက်မျိုးစိတ် ဖြစ်ပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း၊ နတ်မတောင်အမျိုးသားဥယျာဉ်မှာ တွေ့နိုင်ပါတယ်။ ယခုဖော်ပြလိုက်တဲ့ သေးငယ်ပြီး လှပတဲ့ငှက်ကလေးတွေကတော့ Beautiful Nuthatch အမည်ရပါတယ်။ မြန်မာအမည် ရောင်စုံငှက်ပြာခြောက် လို့ သိရပါတယ်။ Beautiful အမည်နဲ့ လိုက်ဖက်အောင် အရောင်စုံလင်လှပတဲ့ ငှက်လေးဖြစ်ပါတယ်။ ဒီငှက်လေးကိုတော့ Wild Wings Group အဖွဲ့ဝင် ကိုမြင့်ကျော်က မြန်မာနိုင်ငံမြောက်ပိုင်း ပူတာအိုဒေသမှာ ရိုက်ကူးမှတ်တမ်းတင်ခဲ့တာပါ။ #BeautifulNuthatch #ရောင်စုံငှက်ပြာခြောက် Credit-Wild Wings Group

သဲကန္တာရမှသည် စိမ်းစိုစိုက်ခင်းများဆီပြောင်းလဲခြင်း

ဆော်ဒီအာရေဗီးယားဆိုတာ အရှေ့အလယ်ပိုင်းက သဲကန္တာရအတွင်းမှာ အာရပ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။ ကမ်ဘာမှာ မိုးရွာသွန်းမှုအနည်းဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး တစ်နှစ်လုံးမှ မိုးရေချိန် ၄ လက်မခန့်သာ ရွာသွန်းပါတယ်။ ဒါပေမယ့် ဆော်ဒီတွေအတွက်တော့ တစ်နှစ် မိုးရေချိန် ၄ လက်မဆိုတာ သဘာဝကေပးတဲ့ လက်ဆောင်ပါပဲ။ မြေအောက်ရေ ၄၀ ရာခိုင်နှုန်းနဲ့ မြေပေါ်ရေချို ၁၀ ရာခိုင်နှုန်းခန့်သာရှိတဲ့ ဆော်ဒီဟာ လွန်ခဲ့တဲ့ နှစ် ၆၀ ခန့်ကစပြီး စိုက်ပျိုးမှုတော်လှန်ရေးလုပ်ခဲ့ပါတယ်။ သဲကန္တာရတွေကို စိုက်ပျိုးမြေအဖြစ် ပြောင်းလဲခဲ့တဲ့ သူတို့ရဲ့တော်လှန်ရေးလုပ်ငန်းစဉ်ဟာ ပြီးခဲ့တဲ့ နှစ် ၃၀ အတွင်း မယုံနိုင်စရာကောင်းလောက်အောင် အောင်မြင်ခဲ့ပါတယ်။ Al-Ahsa အိုစေစစ်ကိုပိုင်ဆိုင်ထားရခြင်းကလည်း ဆော်ဒီတွေအတွက် သဘာဝကေပးတဲ့ လက်ဆောင်တစ်ခုပါပဲ။ အခုဆို ဆော်ဒီအာရေဗီးယားရဲ့ လယ်ယာထွက်ကုန်တွေကုန်တွေဟာ အျခား ကမ်ဘာ့နိုင်ငံတွေကိုတောင် တင်ပို့နေရပါပြီ။ […]

ထန်းတက်သမားတျာချင်း

အညာဒေသမှာ ခုချိန်ဆို ထန်းရည်တွေလှိုင်လှိုင်ပေါပါပြီ။ လူကျဲကျဲနဲ့ သွေ့ခြောက်နေတဲ့ ထန်းတောအလယ်က ထန်းတဲလေးတွေလည်း ချိုတမြမြ ခါးသေလေလဆိုတဲ့ ပုစွန်ဆိတ်ခုန်ပင်ကျရည်လေးတွေနဲ့ စိုစိုပြေပြေ စည်စည်ကားဖြစ်နေပြီပေါ့။ ထန်းသမားတွေလည်း မျက်နှာရွှင် ငွေရွှင်တဲ့ကာလလေးပေါ့။ အညာမွာ ထန်းတောတွေကျဲပါး၊ ထန်းတက်သူတွေနည်းပါးကုန်ပေမယ့် ကိုယ့်ကိုယ့်ရွာ မခွာနိုင်၊ ထန်းသမားအလုပ်ကိုမစွန့်လွတ်နိုင်သူတွေလည်း ရှိနေပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ထန်းတက်တယ်၊ ထန်းလှီးတယ်ဆိုတာ ကျွန်တော်တို့မေ့ပစ်လို့မရတဲ့ အညာဒေသရဲ့ သင်္ကေတဖြစ်ပါတယ်။ ဒါကြောင့် ခုလို ထန်းရည်မြိုင်မြိုင်ဝေချိန်မှာ အင်းဝခေတ်ရဲ့ အသည်ဝန်ကြီဖြစ်တဲ့ စာဆိုတော် ဝန်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားတျာချင်းကို ဖော်ပြလိုက်ပါတယ်။ #နွေဦးကာလ မြူထသောခါ နွေဦးကာလ မြူထသောခါ၊ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ကာ၊ ဓါးနှီးထက်စွာ ခါးမှာချပ်လျက်၊ ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်၊ ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။ ထန်းပင်ထန်းလက် ထန်းရွက်ကယ်ဝေဝေ၊ စင်အောင်ခုတ်ထစ် နုမျစ်ကယ်ထန်းဦးရေ၊ မယားငယ်ဆွေ ထန်းရေသိမ်းဆည်း၊ […]

ကျွန်သက်ရှည်တဲ့ကြက်သွန်တွေ

မိုးပေါ်က ဒုက္ခက မြေကြီးပေါ်ကို တန်းကျတာပဲ ရာသီဥတုကလည်း ထင်သလိုဖြစ်မလာဘူး မြေကြီးက ရွှေသီးတယ်ငွေသီးတယ်ဆိုတာတွေ ချန်ခဲ့ သူ့စိုက်ခင်းထဲက ဒဏ်ရာနဲ့ ကိုယ့်စိုက်ခင်းထဲက ဒဏ်ရာ ဘယ်သူက ချွေးပိုကျထားရကြောင်း ပြောကြ သက်ပြင်းမောကိုယ်စီနဲ့ ပြိုလဲနေတဲ့ ကမ်ဘာကို ထွန်ယက်ပြုပြင် မျက်ရည်တစ်ဖက် အပြုံးတစ်ဖက် မျက်နှာပိုင်ရှင်တွေဟာ လယ်သမားတွေပဲ ငွေရှင်ကြေးရှင်ဆိုတဲ့ ကောင်တွေကလည်း သူတို့ဆီက ဒုက္ခတွေကိုပဲ လာ လာပေးနေကြတယ် ကိုယ့်ဆီက ဒုက္ခကိုကျ ဘယ်တော့မှ ဈေးကောင်းပေးမဝယ်ကြဘူး ငါတို့ဟာ ကိုယ့်ဆေးနဲ့ကိုယ်မှားထိုးခံရ ငါတို့ဟာ ။ ကိုယ့်ထွန်သွားနဲ့ကိုယ် ခြစ်ကုတ်ခံရ ပဲနဲ့လည်း အရင်းမကြေ နှမ်းနဲ့လည်း အရင်းမကြေ စပါးလည်း ဒီလိုပဲ ကြက်သွန် နေကြာလည်း ဒီလိုပဲ လောကကြီးက ဘယ်တော့မှငါတို့ကို အပျင်းမပြေခဲ့ တချို့က ငွေတွင်းပေါ်တက်ထိုင်နေတဲ့ကောင်တွေလို့ ပြောကြတယ် […]

ကမ္ဘာ့ဆောင်းခိုငှက်များနေ့ ၂၀၂၁

ငှက်တို့ဝဲပျံ တေးဆိုသံ ထာဝစဉ် တည်တံ့ဖို့ ဝိုင်းဝန်းထိန်းသိမ်းစို့ “Sing, Fly, Soar-Like a Bird!” နှစ်စဉ်ကျင်းပသည့်ကမ္ဘာ့ဆောင်းခိုငှက်များနေ့ တစ်ပတ်လည်လာပြန်သည်။ ၂၀၂၁ခုနှစ်၊ ကမ်ဘာ့ဆောင်းခိုငှက်များနေ့ကို မေလ(၈)ရက်နေ့နှင့် အောက်တိုဘာလ (၉)ရက်နေ့ (စနေနေ့) နေ့များတွင် ငှက်တို့ဝဲပျံ၊ တေးဆိုသံ ထာဝစဉ်တည်တံ့ဖို့ ဝိုင်းဝန်းထိန်းသိမ်းစို့ ဆောင်ပုဒ်အတိုင်း ငှက်တို့၏ အသံနှင့် ပျံသန်းမှုဖြစ်စဉ်ကို အာရုံစူးစိုက်ကာ ကမ္ဘာအနှံ့ အသက်အရွယ်မရွေး ကမ္ဘာသူ ကမ္ဘာသားအားလုံး ဆောင်းခိုငှက်ထိန်းသိမ်းရေး လှုပ်ရှားမှုပွဲ ပါဝင်ဆင်နွှဲကာ ငှက်များ ရှင်သန်ရေးအတွက် စုပေါင်း၍ ငှက်နှင့် ငှက်စားကျက်ဒေသများ ထိန်းသိမ်းကာကွယ်ရေးကို ကမ္ဘာတဝန်း ကြိုးပမ်းအားထုတ် လုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ခြင်း ဖြစ်သည်။ တိရစ္ဆာန်များ နေရာဒေသတစ်ခုမှ တစ္ခုသို့ ရွှေ့ပြောင်းသွားလာ ကျက်စားခြင်းကို ဆောင်းခိုခြင်း (သို့မဟုတ်) ရာသီအလိုက် ဒေသရွှေ့ပြောင်းကျက်စားခြင်း […]