Author Posts

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ (၂)

စီတာရမ်မြစ်(Citarum River) ================== စီတာရမ် Citarum သည် ကမ္ဘာပေါ်တွင် အညစ်ညမ်းဆုံးမြစ်များထဲတွင် နံပါတ် ၂ ​နေရာတွင်ရှိ​ကြောင်း ၂၀၂၀ ခုနှစ်တွင်ပြုလုပ်သည့် စစ်တမ်းတစ်ရပ်တွင် ​ဖော်ပြထားသည်။ ဂင်္ဂါမြစ်ကဲ့သို့ပင် မြစ်​ကြောင်းတစ်​လျှောက် လူ​နေမှု ထူထပ်သည်။ စီတာရမ်မြစ်တည်ရှိရာ အင်ဒိုနီးရှားသည် အိန္ဒိယနှင့် တရုတ်ကဲ့သို့ နိုင်ငံကြီးမဟုတ်သော်လည်း လူဦးရေ ထူထပ်သည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်သည်။ မြစ်​ကြောင်းဝန်းကျင်ရှိ စက်ရုံပေါင်း ၂၀၀၀ မှ စက်မှုစွန့်ပစ်ပစ္စည်းများသည် ရေ၏ ပြဒါးအဆင့်ကို အဆပေါင်းများစွာ တိုးမြင့်လာစေခဲ့ပြီး မြစ်သည် ညစ်ညမ်းပြီး အရင်းအမြစ်များမှ ထွက်ပေါက်များ၊ ​ရေ​ဝေ​​ဒေများအထိ ညစ်ညမ်းလျက်ရှိသည်။ ကံမကောင်းစွာပင် စက်ရုံများနှင့် လူများသည် စီတာရမ်မြစ်ကို အမှိုက်ပစ်သည့်နေရာအဖြစ် အသုံးပြု​နေကြသည်။ လူဦး​ရေများပြားထူထပ်​သော​ကြောင့် ​ဒေသခံများသည် မြစ်​ရေအား မဖြစ်မ​နေ သုံးစွဲ​နေရပြီး ယင်းအကျိုးဆက်​ကြောင့် […]

၂၀၂၅ မှာ မက်ဒေါနယ် စားသောက်ကုန်တွေ မှာ ပလက်စတစ် လုံးဝမပါစေရဘူးလို့ အာမခံ

ကမ္ဘာ့ စာသောက်ကုန် လုပ်ငန်း ဘီလူကြီး မက်ဒေါနယ်က သူ့ရဲ့စားသောက်ကုန်တွေကို လာမယ့် ၂၀၂၅ မှာပလက်စတစ်နဲ့ ပက်သက်တဲ့အရာ တစ်ခုမှာ မပါစေရဘူးလို့ အာမခံလိုက်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကတည်းက ကလေးတွေအတွက် စားသောက်ကုန်တွေမှာ အပေါစားပလက်စတစ် အရုပ်ကလေး ထည့်သွင်းတာတွေကိုလည်း ရပ်တန့်လိုက်တော့မယ်လို့လည်း ဆိုပါတယ်။ အဲ့ဒိအပေါစား အရုပ်တွေက ခဏပဲကစားလို့ ရတာဖြစ်တဲ့အတွက် အမှိုက်အဖြစ် ကမ္ဘာမြေပေါ်ကိုရောက်ရှိသွားပါတယ်။ ကုမ္ပဏီက ကစားစရာအရုပ်တွေ ထည့်ပေးတဲ့ ကိစ္စကို ဆက်လုပ်ပေးဦးမှာ ဖြစ်ပေမယ့် ဂေဟစနစ်နဲ့ လျော်ညီတဲ့ အခြားအမျိုးအစားတွေကို အစားထိုးဖို့အတွက်စဉ်းစားနေတယ်လို့ ဆိုပါတယ်။ သူတို့ က “ အပျော်တွေကိုထိန်းသိမ်းထားရင်း ကမ္ဘာကြီးကို ကာကွယ်ကြစို့” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကလေးတွေအတွက် Happy Meal တွေ ကို ထုတ်လုပ်မယ်လို့ […]

သံလွင်ဖတ်တွေကို လောင်စာပြန်လုပ်နေရတဲ့ ဆီးရီးယား

ဆီရီးယားလို့ ကြားရင် အရှေ့အလယ်ပိုင်း မှာ ပြည်တွင်းစစ်တွေဖြစ်ကြီး အကြီး အကျယ် ဒုက္ခရောက်နေရတဲ့ တိုင်းပြည်လို့ ပြေး မြင်လိုက်ရတာပါပဲ ။ ရေနံထွက်တဲ့ တိုင်းပြည်မှာ ဒီဇယ်ဈေးတွေ ခေါင်ခိုက် နေလို့ လာမယ့်ဆောင်းရာသီရဲ့ အအေးဓာတ်ကို ခုခံဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေဖြစ်နေပါတယ်။ ရာသီဥတုဖောက်ပြန်ပြီ နွေရာသီဆိုရင် အပူလှိုင်း ဝင် ၊ ဆောင်းရာသီဆိုရင် အအေးလှိုင်း ဝင်နဲ့ ဆီရီးယား နိုင်ငံသားတွေကို ပြည်တွင်းစစ်နဲ့ အပြိုင် သဘာ၀ ဘေးအန္တရာယ်က ဒုက္ခတွေ အမျိုးစုံအောင် ပေးနေပါတယ်။ အခုတော့ ဒီနှစ်ဆောင်း ကို အံတုမယ့် တီထွင်မှု တစ်ခုတွေ့ခဲ့ပါတယ်။ အဲ့ဒါကတော့ သံလွင်သီးအဖတ်နဲ့ လောင်စာတောင်ထုတ်လုပ်တဲ့ လုပ်ငန်းပဲဖြစ်ပါတယ်။ အရင်က သံလွင်ဆီကို ထုတ်လုပ်တဲ့အခါမှာ သံလွင်စေ့တွေကို ကြိတ်ခွဲပြီး အဖတ်တွေကို […]

နားရှိ၍သာ

* မြစ်တစ်သွယ်ကို ချစ်တယ်ဆိုသည့် ထိုထိုစကား ဖန်ဖန်ကြားရ နားဝသကာ ချိုမြိန်စွာလည်း…။ * မြစ်ရေပြင်၌ ပုံအောတိုက်အောင် အမှိုက်ပေါလော ဘယ်သူမျှော ။ * သန့်သောမြစ်ရေ ညစ်စွန်းလေအောင် ကောင်သေပုပ်ပွ ဘယ်သူချ ။ * သန့်သန့်စင်စင် မြစ်ရေပြင်ဝယ် ကျင်ငယ်ကျင်ကြီး ပုပ်ယိုစီးကို တားဆီးမဝံ့ ဘယ်သူစွန့် ။ * စက်ရုံညစ်ကြေး ဓာတုဆေးနှင့် ဘေးထွက်သောင်းပြောင်း ဤမြစ်ကြောင်းမှာ မြောင်းသွယ်စွန့်ထုတ် ဘယ်သူလုပ် ။ * မြစ်တစ်သွယ်ကို ချစ်တယ်ဆိုသည့် ထိုထိုစကား နှုတ်ထွေပြားကို နားရှိ၍သာ ကြားရပါလည်း သာဓုခေါ်ရေး အလှမ်းဝေး ။ ယုံရခက်ခက် ရှက်လှသေး ။ ။ ချစ် စု အောင်

သဘာဝပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း သတ်ဖြတ်နေသော လူသားတို့၏ နေ့စဉ်အလေ့အထများ(၂)

၆။ လျပ်စစ်ဖြင့် ရေနွေးအိုးတည်ခြင်း   မနက်ပိုင်း ကော်ဖီတစ်ခွက် သောက်သုံးတတ်တာက လူတွေရဲ့ အလေ့အထအထတစ်ခုဖြစ်သည်။ ကော်ဖီကို နေ့စဉ်သောက်သုံးတာက သိသာထင်ရှားတဲ့ အကျိုးဖြစ်ထွန်းမှုရယ်လို့ အထင်ကရပြစရာရယ်တော့ များများစားစား မရှိပါဘူး။ ဒါပေမယ့် ကော်ဖီဖျော်ဖို့ လျပ်စစ်ကိုသုံးပြီး ရေနွေးအိုးတည်တာက ပတ်ဝန်းကျင်ရင်းမြစ်တွေကို ဖြုန်းတီးရာတော့ ရောက်သည်။ လျပ်စစ်စွမ်းအင်ပမာဏသည် ဓာတ်ငွေ့နှင့်နှိုင်းယှဉ်ပါက အင်မတန်စျေးကြီးသည်။ ထို့အပြင် လျှပ်စစ် ထုတ်လုပ်ရန်အတွက် ကျောက်မီးသွေး ရေအရင်းအမြစ်များကို အသုံးပြုရသလို ထုတ်လုပ်မှု ဒီဇယ်အင်ဂျင်များကို အသုံးပြုရသည်။ ဖြန့်ဝေရေးအတွက်လည်း ရင်းမြစ်များစွာကို အသုံးပြုရသေးသည်။ ထို့ကြောင့် လျပ်စစ်ဖြင့်ရေနွေးအိုးတည်ခြင်းသည် ဓာတ်အားထုတ်လုပ်မှုကို ပိုမိုမြင့်တက်စေကာ ပတ်ဝန်းကျင်ကို နေ့စဉ် ထိခိုက်မှုရှိနေသည်။   ၇။ မျက်နှာသစ်ဆပ်ပြာ အသုံးပြုခြင်း   မျက်နှာသစ်ဆေးများတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာရှင်များက ပြဿနာတစ်ခုအဖြစ် သတ်မှတ်ထားသော […]

ယမုံနာ မြစ်ထဲက အဆိပ်သင့်အမြုပ်တွေအတွက်အဖြေရှာဖို့ ကြိုးစားဆဲ

 အိန္ဒိယနိုင်ငံက ယမုံနာမြစ် က ဂင်္ဂါမြစ်ရဲ့ အကြီးဆုံး မြစ်လက်တက်ကြီး တစ်ခုအဖြစ်နဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းမှာ အရေးပါတဲ့ မြစ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒိမြစ်တွေက ဟိမဝန္တာတောင်တန်းကြီးမှာ မြစ်ဖျားခံပြီ အနောက်ကနေ အရှေ့ကိုစီးဆင်းတဲ့ မြစ်တွေလည်း ဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာနဲ့ ပတ်သက်နေလို့ အဲ့ဒိမြစ်တွေရဲ့ အရေးပါမှု က ပြောမဆုံးအောင်ရှိနေပါတယ်။ ဟိမဝန္တာ အခြေစိုက် ပုံပြင် ၊ ဇာတ်လမ်းတွေအပြင် ယဉ်ကျေးမှု နဲ့ဝါဒတွေကို အမြောက်အများ မွေးထုတ်ပေးတဲ့မြစ်တွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့ က ဟိန္ဒူတွေရဲ့ ၄ရက်ကြာကျင်းပတဲ့ ချဟတ်သ်ပူဂျာ ပွဲတော်ရဲ့ နောက်ဆုံး နေ့ပါပဲ။ ယမုံနာ မြစ်ထဲကို ဆင်းပြီး နေနတ်ဘုရားကို ရှိခိုး ပူဇော်တဲ့ ပွဲပါ။ အဲ့ဒိလိုပွဲတော်ကျင်းပ နေစဉ်မှာပဲ မြစ်ထဲမှာ ဆပ်ပြာမြုပ်လို အမြုပ်တွေ […]

မုန်တိုင်းကြားက ပင်လယ်ပျော်တဲ့ သတို့သမီး

သတို့သမီးလေးလို့ တင်စားလိုတာကတော့ သူမရဲ့ အသက်ဟာ ၂၅ ပဲ ရှိသေးတာရယ်၊ တင့်တင့် တယ်တယ် ပြည့်ပြည့်စုံစုံနဲ့ တစ်ကယ့်ကို ရင်သပ်ရှုမောအလှတရားကို ပိုင်ဆိုင်ထားလို့ပါပဲ။ အင်္ဂလန်နိုင်ငံ လီဗာပူးမြို့မှာ သူမကို ၁၉၅၄ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ကမ္ဘာပတ်နိုင်တဲ့ အရည်အသွေးတွေ အပြည့်နဲ့မို့လို့ အရပ်ရပ်အပြည်ပြည်ကို ကူးသန်းသွားလာနေခဲ့တာပေါ့။ သူမရဲ့ အမည်က MV-United Vanguard လို့ ခေါ်ကြ ပါတယ်။ သူမရဲ့ ခရီးစဉ်တွေက ၂၅ နှစ် သက်တမ်းမှာ ကမ္ဘာရဲ့ ရေလမ်းကြောင်းရှိတဲ့ သူမဝင်ထွက်လို့ရမယ့် လမ်းတွေအပေါ်မှာ ကုန်အပြည့်တင်ဆောင်ပြီး ကူးသန်းသွားလာနေခဲ့တာပေါ့။ အသက် ၂၅ နှစ်အရွယ် သန်စွမ်း ခို်င်ခံ့ဆုံးမှာ အာရပ်စော်ဘွားတွေရဲ့ ဒူဘိုင်းမြို့တော်ကြီးကို ရောက်ရှိခဲ့ပါတယ်။ ကုန်တွေပို့စရာရှိတာပို့၊ ပြန်ပြီး သယ်ယူစရာရှိတာကို တင်ဆောင်လာပြီးတဲ့အခါမှာ အရှေ့တောင်အာရှရဲ့ […]

ရာသီဥတုဖောက်ပြန်မှု တားဆီးရေးအတွက် ခိုင်မာအောင်လုပ်ကြေး လို့ တရုတ် – အမေရိကန် သဘောတူညီမှုရ

ဒီကနေ့ ဆိုရင် COP26 ညီလာခံကို ကျင်းပခဲ့တာ ၁၀ ရက်ရှိသွားပါပြီ ။ နောက်ရက်တွေမှာ ညီလာခံပြီးသွားတော့ မှာပါ။ အခုထိက ထူးထူးခြားရယ်လို့ ဘာမှမရသေးပါဘူး ။ ဒီနေ့မနက်ပိုင်းမှာ ထူးခြားတယ်လို့ ပြောလို့ရမယ့် အချက်တစ်ချက်ကတော့ အမေရိကန်နဲ့ တရုတ်ကိုယ်စားလှယ်တွေက ရာသီဥတုဖောက်ပြန်ရေးကို တားဆီးဖို့ ကြိုးစားတဲ့ လုပ်ငန်းမှန်သမျှကို ပိုမိုတောင်တင်းခိုင်မာအောင် လုပ်ကြပါစို့ ဆိုတဲ့ ကတိစကားကို လက်မှတ်ထိုးပေးလိုက်ကြတာပါပဲ။ ကမ္ဘာ့လေထုကို ညစ်ညမ်းအောင် အလုပ်နိုင်ဆုံး နိုင်ငံ ၂နိုင်ငံက လေထုသန့်စင်ရေးလုပ်ငန်းမှာ ပါဝင်ပါမယ်လို့ ကတိကဝတ်ပြုတဲ့ နေရာမှာ ပါဝင်လာတာကို ဝမ်းပမ်းတသာကြိုဆိုရမလို ဖြစ်နေပါတယ်။ ဒီနေ့ကတော့ နိုင်ငံ ၂၀၀ ကျော်ရဲ့ သံတမန်တွေ တက်ရောက်တဲ့ ညီလာခံမှာ COP26 ရဲ့ သဘောတူညီမှု မူကြမ်းကို ပြန်လည်စစ်ဆေး ကြတာနဲ့ […]

အညာနဲ့တမာ

အညာမြေ တမာတွေ စီရီတန်းလို့ သာစခန်း ပင်ခြေစုံမှာကွယ် ခိုလှုံကာ အပူဒဏ်ကိုဖြင့် တွန်းလှန်ကာပေး။ အနာဂတ် အညာတွက် တမာတန်းတွေ ရှည်သက်တမ်း ပုံထင်အောင်လို့ကွယ် ကြံဆောင်ကာ ရည်မျှော်တွေးပါလို့ သစ်ပင်ကို ချစ်ခင်တတ်ပါမှ မြတ်နိုးမယ်လေး။ မောင်ခန့်(မြန်မာစာ)

သဘာဝပတ်ဝန်းကျင်ကို ဖြည်းဖြည်းချင်း သတ်ဖြတ်နေသော လူသားတို့၏ နေ့စဉ်အလေ့အထများ (၁)

လူသားတို့၏ နေ့စဉ်အလေ့အထများတွင် သဘာဝပတ်ဝန်းကျင်ကို ဖြည်ဖြည်းချင်းသတ်ဖြတ်နေသော အလေ့အထများရှိသည်။ အချို့အလေ့အထများသည် အပြစ်ကင်းသည်ဟု ထင်ရသော်လည်း ပတ်ဝန်းကျင်ကို ယိုယွင်း ပျက်စီးစေကာ ဖြည်းဖြည်းချင်း သတ်ဖြတ်သည့်အဆင့်ကို ရောက်သွားသည်။ နေ့စဉ် ကားမောင်းခြင်းမှသည် သွားတိုက်ခြင်းအထိ ပတ်ဝန်းကျင်ကို သတ်ဖြတ်နေကြောင်း Conserve Energy Future က ဖော်ပြထားသည်။ ပတ်ဝန်းကျင်ကို ဘယ်လိုအလေ့အထတွေက သတ်ဖြတ်နေကြတာလဲ၊ လေ့လာကြည့်ပါစို့ ။ ၁။ ကားမောင်းခြင်း ကားမောင်းခြင်းဟုဆိုထားသော်လည်း အင်ဂျင်ဖြင့်မောင်းနှင်ရသော လူများ နေ့စဉ်အသုံးပြုနေသော ယာဉ်များအားလုံး မောင်းနှင်ခြင်းကို ဆိုလိုသည်။ ကားမောင်းခြင်းသည် လူသားတို့ သွားရေးလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် မဖြစ်မနေ အသုံးပြုနေရသော အရာတစ်ခုဖြစ်သလို ထိုသို့ မောင်းနှင်ရသည်ကို နှစ်သက်သောကြောင့် အပျော်သဘော မောင်းနှင်ခြင်းများလည်း ရှိသည်။ အမေရိကန် တစ်နိုင်ငံတည်းတွင် ယာဉ်အစီးရေ သန်းရာကျော်ရှိသည်။ […]