Author Posts

အဆိပ်သင့်ညစ်ညမ်းနေသည့် မြန်မာ့မြစ်ချောင်းများ

မြန်မာပြည်တွင် မြစ် ချောင်း အင်း အိုင်များသည် လှပစွာ သွယ်ယှက်စီးဆင်းနေသောကြောင့် ရေချိုနှင့် ရေထွက်သယံဇာတများ အလွန်ပေါကြွယ်ဝပါသည်။ မြန်မာပြည်သူများသည် မြို့ ရွာများကို မြစ် ချောင်းများ အနီးတွင် တည်ထောင်ခဲ့ကြပြီး ကူးသန်းသွားလာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် သောက်သုံးရေရရှိရေးအတွက် မြစ် ချောင်းများကို အသုံးပြုခဲ့ကြသည်။ နောက်ပိုင်းတွင် မြစ် ချောင်းများအနီးတွင် စက်ရုံအလုပ်ရုံများ တည်ဆောက် ခဲ့ကြသည်။ မြန်မာလူမျိုးအများစုသည် မြစ် ချောင်းများကို နည်းလမ်းအမျိုးမျိုးဖြင့် အသုုံးချကာ အသက်ရှင်သန် နေထိုင်ခဲ့ကြသော်လည်း မြစ် ချောင်းများကို တန်ဖိုးထားရကောင်းမှန်းမသိခဲ့ပေ။ မြစ် ချောင်းများကို အမှိုက်ပုံး သဖွယ် သဘောထားကာ အမှိုက်သရိုက်နှင့် အညစ်အကြေးများ၊ အခြားစွန့်ပစ်ပစ္စည်းများ စွန့်ပစ်ခဲ့ကြသည်။ အဆိုးဆုံးကတော့ စက်ရုံ အလုပ်ရုံများမှ သက်ရှိသတ္တဝါများကို အန္တရာယ်ဖြစ်စေနိုင်သော အညစ်အကြေး၊ အမှိုက်နှင့် […]

ဥရောပက မြို့ကြီးတွေမှာ မော်တော်ကားကင်းမဲ့ဇုံဖန်တီးဖို့ကြိုးစားနေ

ပြင်သစ်နိုင်ငံပါရီမြို့ က လစဉ်လတိုင်း ရဲ့ပထမ တနင်္ဂနွေနေ့ ကို ကားကင်းစင်နေ့ အဖြစ် သက်မှတ်ပြီး အဲ့ဒိနေ့ မနက် ၈ နာရီကနေ ည ၈ နာရီအထိ သက်မှတ်နေရာတွေကို ကားတွေဝင်ရောက်မောင်းနှင်ခြင်း မလုပ်ခဲ့ပါဘူး ။ ဥရောပက မြို့ကြီးတော်တော်များ များ မှာ အဲ့ဒိအလေ့အထကို ပုံတူပွားဖို့ အတွက် ကြိုး စားနေကြပါပြီ ။ အစိမ်းရောင်မြို့တွေကို ဖန်တီးနိုင်ဖို့အတွက် သစ်ပင်တွေ စိုက်ရုံတင်မကပါဘူး ။ မြို့တွင်းသယ်ယူပို့ဆောင်ရေး အတွက် အသုံးပြုနေတဲ့ ရုပ်ကြွင်းလောင်စာသုံး ယာဉ်တွေရဲ့ အသွားအလာကိုလည်း ခြုံ့ဖို့ လိုပါတယ်။ အဲ့ဒိအတွက် ပါရီက မော်တော်ကား ကင်းမဲ့ဇုံတွေ၊ မော်တော်ကားမစီးရေးနေ့ တွေကို သက်မှတ်ပြီး လှုတ်ရှားမှုတွေ ကို စတင်ခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှုကြောင့် ရောဂါပြန့်နှံ့မှု […]

ပင်လယ်ရေမြင့်တက်လာလို့ ပြင်သစ်ရေဝပ်မြေမှာ ကျက်စားတဲ့ကြိုးကြာတွေ အန္တရာယ်နဲ့ ကြုံတွေ့

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အာတိတ်စက်ဝိုင်း နဲ့ အန္တာတိကတိုက်က ရေခဲတွေ အရည်ပျော်မှုဖြစ်စဉ် တိုးလာပြီး ပင်လယ်ရေမြင့်တက်မှုများဖြစ်ပေါ်နေပါတယ်။ လက်ရှိအနေအထားအရ အာတိတ်စက်ဝိုင်းမှာ ရေခဲတောင်တွေ ပြိုကျနေသလို အာတိတ်စက်ဝိုင်းအတွင်း က ဂရင်းလန်းကျွန်မှာလည်း ကုန်းမြေမျာ းပေါ်လာ တဲ့ အထိဖြစ်ပေါ်နေပါတယ်။ ဥရောပက အကျယ်ဆုံး ရေဝပ်မြေဖြစ်တဲ့ ပြင်သစ်နိုင်ငံက ကာမာဂူးဒေသမှာ ရေမျက်နှာပြင် မြင့်တက်လာမှု ကြောင့် ကြိုးကြာ ငှက်တွေအပါအဝင် ရေဝပ်ဒေသ နဲ့ စိမ့်မြေဒေသမှာ နေထိုင် ကျက်စားတဲ့ တိရစ္ဆာန်တွေ ၊ သဘာဝပေါက်ပင် နဲ့ ဂေဟစနစ်တွေ ထိခိုက်လာနေပါပြီ။ ပြင်သစ်နိုင်ငံတောင်ပိုင်းမှာ စတုရန်း ကီလိုမီတာ ၁၀၀၀ လောက်ရှိတဲ့ ဒေသတစ်ခုကို ယူနက်စကိုက သဘာ၀ တောရိုင်းသုခဘုံ အဖြစ်နဲ့ သက်မှတ်ပေးပြီး ကမ္ဘာအမွေအနှစ်စာရင်းထဲထည့်ထားပါတယ်။ အဲ့ဒိဒေသ ကို […]

ဆေးခြောက်ပင်တွေက ကာဗွန်စုပ်သမားတွေအဖြစ်နဲ့ ကမ္ဘာသစ်မှာ ရှိမှာလား

ဆေးခြောက်ပင် ၁ ဟတ်တာ ( ပေ ၄၀၀ ပတ်လည်ဝန်းကျင်)က ကာဗွန်ဒိုင်အောက်ဆိုက် ၉ တန်ကနေ ၁၅ တန်အထိ စုပ်ယူတယ်ဆိုရင် အံအားသင့်သွားမလား ။ ဒီဆေးခြောက်စိုက်ခင်း ၁ ဟတ်တာ ကို သာမန်သစ်တော ၁ဟတ်တာ နှိုင်းယှဉ်ကြည့်လိုက်ရင် ဆေးခြောက်စိုက်ခင်း က သစ်တောတွေထက် ၂ဆကျော် ကာဗွန်တွေကို စုပ်ယူနေတယ်ဆိုရင် ပိုပြီးတော့တောင် အံ့အားသင်သွားပါမယ်။ အခုလို ကမ္ဘာကြီးက ကာဗွန်ကြောင့် အပူချိန်တွေ တိုးလာချိန်မှာ ကမ္ဘာကြီးကို အပူချိန်ကျသွားအောင် ကာဗွန်တွေကို ဖယ်ရှားပေးဖို့ ဆေးခြောက်ပင်တွေ စိုက်ပျိုးတာက အနာဂတ်ကမ္ဘာသစ်အတွက် မရှိမဖြစ်အပင်တွေ ဖြစ်လာနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောလာပါပြီ။ ဆေးခြောက်ပင်တွေက ကာဗွန်တွေကို ပိုစုပ်ယူနိုင်တယ်ဆိုတာကို သက်သေပြဖို့အတွက် အင်္ဂလန် ကိန်းဘရစ် တက္ကသိုလ်က သုတေသီတွေ နှစ်နဲ့ချီပြီ […]

လူကိုခိုက်စေတဲ့အပင် တကယ်ရှိသလား

ဇွဲဝဏ္ဏ(ကျုံပျော်) – ရေးသည် ဒီကမ္ဘာမှာ လူကိုခိုက်‌စေတဲ့ အပင်ဆိုတာ ရှိသလား၊ မစိုက်သင့်တဲ့နေရာဆိုတာရော ရှိသလား၊ မြန်မာလူမျိုး အများစုဟာ အပင်တွေပေါ်မှာ သံသယတွေ ကြီးထွားနေကြတယ်။ ကျွန်တော့်အိမ်ကို သူငယ်ချင်း အမျိုးသမီးတစ်ယောက် ရောက်လာတယ်၊ အိမ်ရှေ့မှာ စိုက်ထားတဲ့ ငြုပ်ပင် ကို တွေ့ပြီး “ဟယ်…အိမ်ရှေ့မှာ ငြုပ်ပင်စိုက်ထားတယ်” ဆိုပြီး တအံ့တဩပုံစံနဲ့ပြောတယ်။ ကျွန်တော် ကလည်း “အေးလေ…ဧည့်ခန်းမှာ ထိုင်ရင်မြင်နေရတယ်၊ အသီးတွေ ခဲခဲလှုပ်နေတာမြင်ရတော့ စိတ်ချမ်းသာစရာပေါ့” လို့ ပြန်ပြောလိုက်တယ်။ ဒီတော့သူက “အိမ်ရှေ့မှာ ငြုပ်ပင် မစိုက်ကောင်းဘူးလေ”တဲ့။ ထပ်ပြော သေးတယ်” အိမ်ပူတယ်”တဲ့။သူထပ် ပြောတဲ့ စကားက ကျွန်တော်ကို ပြုံးစေတယ်၊ ပြုံးရင်းနဲ့ပဲ “ငြုပ်သီးက အိမ်ကို ပူစေတာ ဟုတ်လို့လား၊ တခြားနေရာ မဟုတ်ဘူးလား” ပြန်မေးတော့ […]

” ကင်ညာမြေပေါ်က ပန်းရိုင်းတစ်ပွင့်” ————————————— ဒေသဥတုရာသီရဲ့အစဉ်အလာအရ “ကင်ညာ”ဟာ ပူပါတယ် ဝါကျင်ကျင် ပြစ်ခဲခဲ ဆေးသားတွေ ချယ်သထားသလို ပြန့်ကျဲနေတဲ့ အသွေးအရောင် နယ်နမိတ် ထူထူမည်းမည်း မြေသားကန္တာရတွေကြားက တိုးထွက်လာတဲ့ ပန်းရိုင်းတစ်ပွင့် (ခရစ်နှစ် ၁၉၄၀ ဧပြီလလယ်) အလယ်ပိုင်းကုန်းမြေမြင့်” ညေရီ”မှာ ရဲရင့်ထက်မြက်လှပစွာ ဖူးပွင့်ခဲ့ပါတယ် သူ့နာမည် “ဝမ်ဂါရီ မတ်ထိုင်း”တဲ့။ ကင်ညာဒေသရဲ့ ကျေးလက် မြို့ပြမြေပုံပေါ်မှာ သူ့နံရိုးတွေ စိုက်ထိုးပြီး သူ့သွေးနဲ့ ထုဆစ်ပုံလောင်း သစ်ပင်နဲ့ကမ္ဘာကြီးကို ကယ်တင်ဖို့ လိုတဲ့အကြောင်း သက်သေပြခဲ့သော “ဝမ်ဂါရီ မတ်ထိုင်း”။ လွတ်လပ်ပြီး တရားမျှတဲ့ ဗုံတီးသံ မြေပြင် သစ်ပင်တို့ရဲ့ ရှင်သန်ခွင့် ဣထ္ထိယလိင် ရပိုင်ခွင့်နဲ့ လုံခြုံ ငြိမ်းချမ်းရေး သဘာဝတရားရဲ့ စိမ်းလန်းခြင်းရသ များစွာသော အခြေခံအကြောင်းအရာတို့အတွက် […]

နောက်ဆုံးမိနစ်ရောက်မှ ကျောက်မီးသွေးကိစ္စကို သဘောတူလိုက်တဲ့ အိန္ဒိယ

ဂလက်စကိုမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့နိုင်ငံ ၂၀၀ က ကိုယ်စားလှယ်တွေ တက်ရောက်တဲ့ သမိုင်းဝင် COP26 ရာသီဥတုဖောက်ပြန်မှု ကာကွယ်ရေး ညီလာခံ ကတော့ ပြီးဆုံးသွားခဲ့ပါပြီ ။ ညီလာခံမှာ သမိုင်းမှတ်တိုင် တစ်ရပ်အနေနဲ့ ရေးထိုးနိုင်ဖို့ လုပ်ခဲ့ကြတဲ့အလုပ်တွေထဲမှာ အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်တဲ့ ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်နိုင်ရေးကို ဝိုင်းဝန်ကြိုးပမ်း အကောင်အထည်ဖော်တဲ့ နေရာမှာ အိန္ဒိယနိုင်ငံက နောက်ဆုံးမိနစ် ရောက်မှ ကျောက်မီးသွေး သုံးစွဲမှု ရပ်တန့်ရေး အစား လျှော့ချရေး အဖြစ်ဈေးဆစ် သဘောတူညီ လက်မှတ်ရေးထိုးလိုက်လို့ ညီလာခံ ရည်မှန်းချက်ပြည့်မီသွားကာ အောင်မြင်စွာ ပြီးဆုံးနိုင်ခဲ့ပါတယ်။ ကျော်မီးသွေးသုံး စက်ရုံ ၊ အလုပ်ရုံတွေနဲ့ ဓာတ်အားပေးလုပ်ငန်း တွေကို ရပ်တန့်ပေးဖို့ အတွက် တောင်းဆိုထားတာကို လျှော့ချဖို့အတွက် ဈေးဆစ်ကြရင် နောက်ဆုံး […]

ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များ(၅)

ဘူရင်ဂန်းဂါမြစ်(Buringanga River) ————————————– ဤမြစ်သည် သန်းနှင့်ချီသော ဘင်္ဂလားဒေ့ရှ်ပြည်သူများ အသက်မွေးဝမ်းကြောင်းအတွက် မှီခိုနေထိုင်ရသော ရင်းမြစ်တစ်ခုဖြစ်သလို ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ အကြီးဆုံးသော မြစ်တစ်စင်းလည်းဖြစ်သည်။ ထို့အပြင် ဘင်္ဂလားဒေ့ချ်နိုင်ငံ၏ အချက်အချာကျသော အဓိက စီးပွားရေးရင်းမြစ်တစ်ခုလည်း ဖြစ်သည်။ မြစ်ရေ ညစ်ညမ်းရခြင်းသည် အဓိကအားဖြင့် မြစ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ညစ်ညမ်းသော ရေသန့်စက်ရုံများကြောင့် ဖြစ်သလို မြစ်ထဲတွင် လူ့စွန့်ပစ်ပစ္စည်း အမ်ားအျပား ရှိနေပြီး ပလတ်စတစ်နှင့် တိရစ်ဆာန်သေများကဲ့သို့သော မြစ်အတွင်း မျောပါစွန့်ပစ်ပစ္စည်းများ အများအပြားလည်းရှိသည်။ ယင်းက ရေကိုညစ်ညမ်းစေပြီး စွန့်ပစ်မှုအလွန်ပြင်းထန်ကာ မြစ်ရေသည် မည်းနောက်သွားကာ ရေနေသတ္တဝါများ သေဆုံးရပြီး မြစ်ကို မှီခိုနေထိုင်ရသူများအတွက်လည်း ဘေးထွက်ဆိုးကျိုး အများအပြားဖြစ်ပေါ်စေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ Buriganga သည် ကမ္ဘာပေါ်တွင် လေထုညစ်ညမ်းဆုံးမြစ်များထဲမှ […]

တောင်ပေါ်မြို့လေးရဲ့သီချင်း

ကျွဲကော်ကိုင်း မျက်မှန် ပင့်ပြီး တမြို့လုံးကို ကျော်ကြည့်လိုက်ရင် မာဖလာအတိုင်းနွေးဆဲသွေးဟာ မြောက်အရပ် ရင်ပြင်တခွင် ခဲမသွားခဲ့ဘူး ယုံကြည်သူတွေအတွက် ပုံပြင်ထက် ပိုခဲ့တဲ့ ဇာတ်လမ်းတွေ သူ့အကြောင်းကစလို့ နောက်ဆို ရှိခဲ့တဲ့ အရာတွေကိုပဲ အိပ်ယာဝင်ရင် ပုံပြင်အဖြစ်ပြောရတော့မယ် သောက်လက်စ စီးကရက်ရယ် မက်မွန်ပင်တန်း မြူခါးခါးများရယ် ပြန်ပြန်ရစ်ပြီးကြည့်ရတဲ့ ဇာတ်ဝင်ခန်းများလို နှင်းတွေကျပြီးနောက် သူဟာ မရှိတော့ပါဘူး သူရှိခဲ့တယ်ဆိုတာ တတောလုံး တတောင်လုံး တလမ်းမလုံး ဝေခိုးနေတဲ့ နှင်းတွေပါပဲ။။ ရွှေကြယ်မိုး နိုဝင်ဘာ၊ ၂၀၂၁