Author Posts

နေ့စဉ်ဘဝမှာ ပလက်စတစ်ကို ဘာ​တွေနဲ့အစားထိုးမလဲ

မောင်ယဿ-ဘာသာပြန်သည် ကမ္ဘာမှာ ဒီကနေ့ ရင်ဆိုင်နေရတဲ့ ညစ်ညမ်းမှုတွေထဲမှာ ပလက်စတစ်ညစ်ညမ်းမှုကလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရီဆိုက်ကယ် ( ပြန်သုံး )တွေနဲ့ အစားထိုးဖို့ ပညာရှင်တွေ ကြိုးစားနေပေမဲ့ ထုတ်လုပ်မှုပမာဏရဲ့ ၁၀ % လောက်ကိုပဲ စားထိုးနိုင်ပါသေးတယ်။ ၉၀% ကတော့ ကမ္ဘာမြေပေါ်မှာ အမှိုက်အဖြစ်နဲ့ အဆုံးသက်သွားကြပါတယ်။ ဒါပေမဲ့ ပလက်စတစ်တွေကို ကျနော်တို့ရဲ့ နေ့စဉ်ဘဝကနေ တဖြည်းဖြည်းချင်း ဖယ်ထုတ်လို့ရတဲ့ အလွယ်နည်းတွေ ရှိပါတယ်။ ကျနော်တို့ အမှတ်တမဲ့ဖြစ်နေလို့ပါ။ #ဈေးဝယ်ထွက်ရင်ချည်အိတ်တွေကိုသုံးပါ ကျနော်တို့က တစ်နှစ်ကို ဈေးဝယ်ထွက်ဖို့ ပလက်စတစ်အိတ် ကုဋေ ၁သိန်းလောက်ကို သုံးနေပါတယ်။ အဲ့ဒိထဲက ၅% ကိုပဲ ရီဆိုက်ကယ် အဖြစ်ပြန်သုံးဖြစ်ပါတယ်။ ကျနော်တို့ က အပြင်ထွက်လို့ရှိရင် ပြန်သုံးလို့ ရမယ့် အိတ်ကလေးကို ဆောင်သွားခြင်းအားဖြင့် […]

ပျက်စီးမှုဆီ ဦးတည်နေပြီလား ပုဂံ

ပုဂံမှာရေတွေကြီးနေတာတွေ့ရတော့ ပထမဆုံး အံသြမိတယ်၊ နောက် ဝမ်းနည်းမိတယ်။ အဖြေရှာကြည့်တော့ ရာသီဥတုပြောင်းလဲမှုတွေ၊ လူတွေရဲ့ စည်းကမ်းမဲ့မှုတွေ၊ လောဘကြီးမှုတွေကြောင့်ဆိုတာ တွေ့ရတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှေးဟောင်းသုတေသန ပညာရှင်တစ်ဦး ရေးထားတဲ့စာစုလေး ဖော်ပြပေးလိုက်ပါတယ်။ #Greenness ရာသီဥတုဖောက်ပြန်မှုကိုကြိုတင်စီမံပြင်ဆင်ထားခြင်းမရှိလို့ ကမ္ဘာ့အမွေအနှစ်တွေဆုံးရှူံးမှုများနေတဲ့ပုဂံ ……….. ၂၀၁၃ ပုဂံကိုကမ္ဘာ့အမွေအနှစ်တင်ရန်စတင်လုပ်ဆောင်စဥ်ကတည်းက ယူနက်စကိုမှအမွေအနှစ်များစီမံခန့်ခွဲရေးကျွမ်းကျင်သူများ၊ထိန်းသိမ်းရေးပညာရှင်များက သက်ဆိုင်သူများကို အကြိမ်ပေါင်းများစွာဆွေးနွေးအကြံပြုခဲ့ပါတယ်။ ၁) ဖွံ့ဖြိုးရေးစီမံကိန်းများ လမ်းဖောက်၊အဆောက်အအုံဆောက်လုပ်ခြင်းများကြောင့် ပျက်စီးပိတ်ဆို့သွားသောမူလရေဆင်းလမ်းကြောင်းများပြန်လည်ဖော်ထုတ်ထိန်းသိမ်းရန်။ ၂) အမွေအနှစ်ပတ်ဝန်းကျင်ရှိသစ်ပင်ကြီးများအား အမွေအနှစ်အပေါ်အန္တရာယ်ရှိနိုင်လျှင်ရှင်းလင်းရန်။ ၃) ရှေးဟောင်းအဆောက်အအုံထိန်းသိမ်းခြင်းဆိုသည်မှာဘတ်ဂျက်များစွာဖြင့်ဆောင်ရွက်ရသောပရောဂျက်ကြီးများမလိုပဲ စဥ်ဆက်မပြတ်စောင့်ကြည့်၍ ညောင်ပင်သတ်ခြင်း၊ မိုးယိုလျှင်ပြင်ဆင်ခြင်း စသဖြင့် ထိန်းသိမ်းရေးပုံမှန်လုပ်ဆောင်နေရန်။ ၄) ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာ ကပ်ရောဂါ၊ နိုင်ငံရေးစသည်တို့ကြောင့်ထိခိုက်မှုဖြစ်လွယ်သောကြောင့် ဒေသခံများ၏နဂိုမူလ စိုက်ပျိုးရေးလုပ်ငန်းကို ဒုတိယဝင်ငွေရလမ်းအဖြစ် ဖွံ့ဖြိုးတိုးတက်စေရန် ပုဂံcultural landscape မထိခိုက်စေပဲ စီစဥ်ဆောင်ရွက်ရန်။ စသည်တို့ကိုပေါ့။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ မည်သူမျှစိတ်ဝင်စားပါ။ရလာဒ်က အမွေအနှစ်များဆုံးရှုံးခြင်း၊ […]

ရွှေကြာဖူး

#ရွှေကြာဖူး #တဇောင်းဖူး #ကုန်းကြာဖူး #ပဒုမ္မာဖူး အမည်လေးမျိုးနှင့် အညာဒေသရဲ့ သဘာဝပေါက်ပင် ။ သုံးတတ်ရင် သဘာဝ ဟင်းစာလည်းရ ဆေးဖက်လည်းဝင် ခြံစည်းရိုးလည်း ကာပေးတဲ့ အပင်ပါ။ #ချက်နည်း ရွှေကြာဖူး တဇောင်းဖူး အဖူးနုနုလေးတွေကိုရအောင် ရွာထိပ်ကိုသွား . စွပ်ကနဲနေအောင် လက်ကိုမြှောက်ပီး ချိုးယူရတာလေ.. သူ့ကိုဘယ်လိုချက်ရလဲဆိုရင် အဖူးလေးကိုခွဲ ၊ အထဲက ၀တဆြံလေးတှဖယြေ ၊ ရေနွေးလေးဖျောပီး ဆီသတ်ပြီး ချဉ်ပေါင်ရွက် ၊ မကျီးရွက်တို့နဲ့ ရောချက်ရတာကိုး. #အညာမှိုဟင်း လို့လည်းခေါ်သလို ချဉ်ချဉ်ချွဲချွဲအရသာလေးက ထမင်းကိုသိပ်မြိန်စေတာပါ.. တဇောင်းဖူး ချဉ်ဟင်းအပြင် ၊ အသားကြော်လေးတခွက် ၊ အညာငရုတ်သီး ကြက်သွန်ဖြူလေးနိုင်နိုင်နဲ့ အညာထောင်းလေးတခွက်ရယ်ဆိုရင် အရမ်းမိုက်ပေါ့ကွယ်။ ရွှေကြာသီးကလည်း နဂါးမောက်သီး သကြားသီးလို အရမ်းစားကောင်း ဆေးဖက်ဝင်ပါသည်။ #ဆေးဖက်ဝင်ပုံ […]

မြေထိန်းမြစ်ရှည်မြက် (ဗက်တီဗာ) စိုက်ကြပါ # Nature-Based Solutions

သဘာဝပတ်ဝန်းကျင် အကြီးအကျယ် ပျက်စီးဒုက္ခရောက်နေရတဲ့ မြန်မာနိုင်ငံမှာ အသုံးချ ကုစားစရာ အများပါဝင် ဆောင်ရွက်နိုင်မဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်တဲ့ ဗက်တီဗာခေါ် မြစ်ရှည်မြက် သို့မဟုတ် မြေထိန်းမြစ်ရှည်မြက် စိုက်ပျိုးအသုံးချခြင်း နည်းလမ်းကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ရန် တင်ပြရင်း တတ်နိုင်သလောက် စိုက်ပျိုးကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ သစ်ပင်တွေခုတ်ကြလို့ မိုးရွာတိုင်း မြေကြီးမြေဆီတွေ တိုက်စားခံရပါတယ်။ တိုက်စားခံရသမျှ သဲမြေများဟာ တားဆီးမဲ့ သစ်ပင်တွေမရှိတော့လို့ မိုးရေနဲ့အတူ တောင်စောင်း ချောင်းမြောင်းများတစ်လျောက် မျောပါစီးဆင်းရင်း မြစ်ချောင်းများအတွင်း ဝင်ရောက်လာခဲ့ကြပါတယ်။ ဒီနေရာမှာ တောင်ပေါ်နဲ့ မြင့်ရာနေရာတွေကနေ နိမ့်ရာကို၊ ရေစီးနဲ့အတူ သဲမြေတွေ တောက်လျှောက် စီးဆင်းသွားကြတော့ ရေစီးသန်တဲ့ တောင်ကျချောင်းတွေဖြစ်လာတာကြောင့် လူ တိရိစ္ဆာန်တွေ ဒုက္ခရောက်ကြရသလို၊ မိုးရေတွေအတွက်လည်း မြန်မြန်စီးရင်း မြေကြီးထဲကို စိမ့်ဝင်နိုင်ဖို့ အချိန်မရကြတော့ပါဘူး။ ဒီအကြောင်းကြောင့် မြေကြီးထဲဝင်ရောက်ခိုအောင်းနေတဲ့ […]

ဘယ် နာမည်​‌ကျော် ဆယ်လီတွေက ကမ္ဘာကြီးကို ကယ်တင်နေကြလဲ

မာဘယ်ရုပ်ရှင်ကားတွေနဲ့ ဂျိမ်းဘွန်းကားလို စုံထောက်ကားတွေ အက်ရှင်ကားတွေကို ကြည့်လိုက်ရင် စူပါမန်းကအစ အိုင်ယွန်းမန်းအလယ် ဘလက်ဝစ်ဒိုးအဆုံး မြောက်များလှစွာသော ဟီးရိုကြီးတွေက ကမ္ဘာကြီးကို အန္တရာယ်အသွယ်သွယ်ကနေ ကာကွယ်ပေးနေတာကို ကြည့်ရှု့ရမှာပါ ။ ပရိသတ်တွေကလည်းကြိုက်လွန်းလို့ အားပေးလိုက်ကြတာ ရုပ်ရှင်ကုမ္ပဏီတွေ အမြတ်အစွန်းအများကြီးရနေကြပါတယ်။ ဒါပေမဲ့ အဲ့ဒါတွေက စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းတွေပါ။ ဖော်ပြပါ ပုဂ္ဂိုလ်တွေကတော့ ကမ္ဘာကြီးကို တကယ် ကယ်တင်နေတဲ့ ဆယ်လီဟီးရိုးတွေပါ။ ——————————————— လီယိုနာဒို ဒီကာပရီယို ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်လို့ ပွင့်ပွင့်လင်းလင်းပြောပြီး ထိထိရောက်ရောက် လှုံ့ဆော်မှုတွေလုပ်နေတဲ့ ဟောလီးဝုဒ်ကစူပါဟီးရိုးကတော့ လီယိုနာဒို ဒီကာပရီယိုပါပဲ။ ဒီကာပရိုယို ဖောင်ဒေးရှင်းကို ၁၉၉၈ ခုနှစ်မှာ တည်ထောင်ပြီး သိပ္ပံပညာဆိုင်ရာ အချက်အလက် တိုးတက်ရေး ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၊ ရာသီပြောင်းလဲမှုကြောင့် ထိခိုက်ခံစားနေရတဲ့ လူအဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ပရဟိတလုပ်ငန်း […]

မြန်မာနိုင်ငံအတွင်းရှိ သဘာဝအလှအပများ (ဆင်ခေါင်းတောင်)

ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကြီးရွာနဲ့၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ ကင်းရွာအစပ်မှာရှိပါတယ်။ မန္တလေးတိုင်းနဲ့ ရှမ်းပြည် အစပ်မှာရှိတဲ့ ဆင်ခေါင်းတောင်ဟာ အင်မတန်လှပတဲ့ သဘာဝအလှတရားတစ်ခုဖြစ်ပြီး တောင်ရဲ့အနီးကနေ ဇော်ဂျီမြစ်ကလည်း ဖြတ်သန်းစီးဆင်းနေတာကြောင့် သဘာဝတရားကဖန်ဆင်းပေးထားတဲ့အလှတရားဟာ ပိုမိုပြည့်စုံတဲ့သဘာဝပန်းချီကားတစ်ချပ်လိုဖြစ်နေပါတယ်။ ဟံမြင့်မိုရ်မှ ရွာငံ၊ ပင်းတယသွား လမ်းပေါ်မှာ တည်ရှိပါတယ်။ Photo:Original Photographer

အင်္ဂါဂြိုဟ်ပေါ်ဘယ်သူ ရောက်နေတာလဲ ကမ္ဘာမြေဆီ ဘာတွေ ပို့ပေးနေလဲ..

၂၀၃၁ မှာပြန်ရောက်မယ့် မားစ်ရိုဗာက အင်္ဂါဂြိုဟ်ပေါ်ရှိကျောက်တွေကို ဓာတ်ပုံရိုက်ပို့ပြီး သရုပ်ခွဲခိုင်းနေ …………. နာဆာကနေ အင်္ဂါဂြိုဟ်ကို လေ့လာဖို့လွှတ်လိုက်တဲ့ မားစ်ရိုဗာက ဂြိုဟ်ပေါ်က ကျောက်တွေကို သရုပ်ခွဲဖို့ အတွက် ကမ္ဘာမြေကို ဓာတ်ပုံတွေရိုက်ပို့ နေရာ အချို့သော ကျောက်တွေက ရေတိုက်စားထားတဲ့ အရာတွေကို တွေ့ရတယ်လို့ နာဆာအဖွဲ့ကထုတ်ဖော်ပြောကြားပါတယ်။ စက်တင်ဘာလ ၁၀ရက်နေ့ က လက်ခံရရှိတဲ့ ဓာတ်ပုံအရ မားစ်ရိုဗာ တွေ့ရှိခဲ့တဲ့ ကျောက်က မီးသင်ကျောက် မျိုးဖြစ်ပြီး ဆားပေါက်နေတာကိုလည်းတွေ့ရပါတယ်။ မားစ်ရိုဗာရောက်နေတဲ့ နေရာကိုခန့်မှန်းရတာ အဂါၤ ဂြိုဟ်ရဲ့ ဒယ်အိုးချိုင့်ထဲကို ရောက်နေပုံ ရပါတယ်။ ၎င်းက အဲ့ဒိကျောက်တွေကို လွန်ပူနဲ့ ဖောက်ပြီး သိမ်းဆည်းကာ ကမ္ဘာ ကိုလှမ်းပို့ပေးမှာပါ။ ၂၀၃၁ ခုနှစ်မှာ ၎င်းစက်ရုပ်ယာဉ်ကလေးက ကမ္ဘာကိုပြန်ရောက်လာမှာပါ။ လက်ရှိအထိခန်ကမှန်းချက်အရ အင်္ဂါဂြိုဟ်မှာ […]

ငှက်ပျောသီးခွံ မြေသြဇာလုပ်နည်း (၁၀) မျိုး

စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။ (၁) ငှက်ပျောခွံ အရည် မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ရပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို လောင်းပေးလို့ရပါတယ်။ အာဟာရတွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်။ (၂) အပိုင်းအစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။ စုထားတဲ့ငှက်ပျောခွံတွေရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျာဉ်ထဲကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။ တဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို […]

အင်းလေး

နံရိုးတွေနဲ့ ကာရန်ထားတဲ့ နှလုံးသည်းပွတ် ရေပြင်ကျယ်ကျယ်နဲ့ တောင်တန်းတွေဟာ လိုက်ဖက်စုံတွဲ လေပေါ်မှာ ဝမ်းစာရှာသူ ဇင်ယော်ငှက်များ ရေပေါ်မှာ ဝမ်းစာရှာသူ အင်းသူ အင်းသားများ သဘာဝကို စားသုံးသူ ခရီးသွားများ အားလုံးဟာ မိခင်နို့ရည်ကို ဝဝလင်လင် သောက်သုံးခွင့်ရကြတယ် အင်းလေးတဲ့ မိသားစုဓာတ်ပုံ တစ်ပုံဟာ ဧည့်ခန်းမှာ ဂုဏ်တင့်တယ်။ အယ်လ်သင် photo-crd