Author Posts

လူ့ဦးနှောက်ထဲကို ပထမဆုံး ကွန်ပြူတာချစ်ပ်စ်ပြားထည့်သွင်းမှု အောင်မြင်ပြီ

နည်းပညာ ဘီလျံနာ အီလွန်မာ့ခ်ရဲ့ နျူထရယ်လင့်ခ် ကုမ္ပဏီဟာ ကြိုးမဲ့ ဦးနှောက်ချစ်ပ်တခုကို လူ့ဦးခေါင်းအတွင်း ပထမဆုံးအကြိမ် အောင်မြင်စွာ ထည့်သွင်းနိုင်ခဲ့ကြောင်း ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ကနဦးရလဒ်တွေအရ အလားအလာရှိတဲ့ အာရုံကြောလှုပ်ရှားမှု သို့မဟုတ် အာရုံကြောတွန်းအားတွေကို တွေ့ရှိခဲ့ရပြီး လူနာဟာ ပြန်လည်ကောင်းမွန်းလာကြောင်း အီလွန်မတ်က ပြောပါတယ်။ ဒီချစ်ပ်ကို ဦးနှောက်အတွင်း ထည့်သွင်းထားခြင်းဖြင့် ဖုန်း သို့မဟုတ် ကွန်ပြုူတာအပါအဝင် စက်ပစ္စည်းနီးပါးတိုင်းကို စိတ်ဖြင့်ထိန်းချုပ် ဖွင့်နိုင်ဖွယ်ရှိနေပြီး ခြေလက်အင်္ဂါအသုံးပြုနိုင်စွမ်း ဆုံးရှုံးသွားသူတွေအတွက် ဦးစားပေးသွားမယ်လို့ အီလွန်မတ်က ပြောပါတယ်။ ကုမ္ပဏီရဲ့ ရည်မှန်းချက်မှာ လူဦးနှောက်ကို ကွန်ပြူတာတွေနဲ့ ချိတ်ဆက်ဖို့ဖြစ်ပြီး ရှုပ်ထွေးတဲ့ အာရုံကြောဆိုင်ရာ အခြေအနေတွေနဲ့ ဝေဒနာရှင်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကူညီပေးလိုတယ်လို့ ဆိုပါတယ်။ ပြိုင်ဘက်ကုမ္ပဏီတွေဟာလည်း အလားတူနည်းလမ်းတွေကို စမ်းသပ်လျှက်ရှိပြီး အီလွန်မတ်ရဲ့ နျူထရယ်လင့်ခ်ကုမ္ပဏီဟာ ချစ်ပ်ပြားတွေကို လူနဲ့ […]

သဘာဝကို လွမ်းတဲ့ဒဏ်တွေ

ခုနိုင်ငံတွင်းက လူတော်တော်များများမှာ သဘာဝကို လွမ်းတဲ့ဒဏ်တွေ အနည်းနှင့်အများခံစားနေကြရမှာ သေချာပါတယ်။ မြို့ပေါ်ကလူတွေက အခြေအနေအရ တောတောင်တွေဆီမသွားနိုင်။ တောကလူတွေက တောတောင်သဘာဝကို မခံစားအားတဲ့ အချိန်ပေကိုး။ သဘာဝနဲ့ထိတွေ့မှုနည်းတော့ သဘာဝကိုလွမ်းတဲ့ဒဏ် ခံစားကြရတယ်။ ဘာဒဏ်လဲဆို မွန်းကြပ်မှုဒဏ်ပေါ့။ တောတန်းလေးထဲမှာ လမ်းမလျှောက်ရတာ၊ မြစ်ကမ်းနဘေးမှာ လမ်းလျှောက်ရင်း မြစ်ကိုမငေးရတာ၊ တောင်ပေါ်ကိုတက်ပြီး လွင်ပြင်ကို အပေါ်စီးကမကြည့်ရတာ အချိန်တွေကြာညောင်းခဲ့ပါပြီ။ သဘာဝတရားဟာ လူ့စိတ်ကို နူးညံ့သိမ်မွေ့စေပါတယ်။ တင်းကြပ်နေတဲ့ စိတ်တွေကို ပြေလျော့စေပါတယ်။ လမ်းလျှောက်ဝါသနာပါသူတွေဟာ မြို့ပြင်တွေကိုလျှောက်ခွင့်မရတော့ ရပ်ကွက်ထဲပတ်လျှောက်နေကြရတယ်။ မြို့ပြင်မှာ ကွင်းပြင်တွေကိုငေး၊ လတ်ဆတ်တဲ့လေကိုရှုရတာလောက်တော့ ဘယ်လိုလုပ်မီပါ့မလဲ။ အရှုံးထဲက အမြတ်၊ အကောင်းထဲက အဆိုးလို့ဆိုရမယ့်အရာတစ်ခုက တော့ သဘာဝရဲ့တန်ဖိုးကို ပိုသိလာတာလို့ ဆိုရမှာပါ။ တောတောင်ရေမြေတွေရဲ့တန်ဖိုးဟာ ကြည့်ရတာတစ်ခုနဲ့တင် နည်းတဲ့တန်ဖိုးမဟုတ်ပါလားရယ်လို့ သိလာတာပါ။ စာရေးသူလိုဘဲ လူတော်တော်များများသိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ […]

ကမ္ဘာကြီးကို‌စောင့်ရှောက်ဖို့ ခွေးမွေးတာကို စွန့်လွှတ်ရတော့မလား

ကမ္ဘာ့လူဦးရေရဲ့ ၃၃ ရာခိုင်နှုန်းက အိမ်မှာ အချစ်တော်တိရစ္ဆာန်လေးတွေကို မလိုအပ်ဘဲ မွေးမြူထားကြပါတယ် ။ အဲ့ဒိမွေးမြူရေးအချစ်တော်တွေက ထွက်တဲ့မီသိန်းနဲ့ နိုက်ထရိုဂျင်အောက်ဆိုက်လို ဖန်လုံအိမ်ဓာတ်ငွေ့တွေက ကမ္ဘာကြီး ပူနွေးလာမှုကို တိုးလာစေပါတယ် ။ အဲ့ဒါကို ကျနော်တို့ ဘယ်လိုလျှော့ချကြမလဲဆိုတဲ့ မေးခွန်းကသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေကို ခေါင်းကိုက်စေတဲ့ မေးခွန်းဖြစ်လာပါတယ် ။ လေ့လာမှုအသစ်တစ်ရပ်အရ ဥရောပက အိမ်ထောင်စု သန်း ၉၀ ကျော်မှာ အိမ်မွေးခွေးတွေ ရှိနေပါတယ်။ ကမ္ဘာနဲ့နှိုင်းယှဥ်ကြည့်ရင် ဥရောပမိသားစု ၆၀ ရာခိုင်းနှုန်းကျော်က ခွေးမွေးထားကြပါတယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့ တစာစာအော်နေတဲ့ မိသားစုတွေမှာတောင် ခွေးမွေးထားပါတယ်။ လူဇင်ဘတ်အခြေစိုက် ဇိမ်ခံလေကြောင်းလိုင်းတစ်ခုဖြစ်သည့် Luxaviation ရဲ့ CEO က အိမ်မွေးတိရစ္ဆာန်များ ထားရှိခြင်းသည် ကိုယ်ပိုင်ဂျက်လေယာဉ်ဖြင့် ခရီးသွားခြင်းလိုပဲ ပတ်ဝန်းကျင် ညစ်ညမ်းခြင်းကိုဖြစ်စေတယ်လို့ ဆိုလာပါတယ်။ […]

ဥရောပမှာတော့ ကမ်းရိုးတန်း ရေ နမူနာများကို ကောက်ယူစစ်ဆေးနေပြီ

၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် ၂၀၂၄ ဇူလိုင်လ အထိ ဥရောပ ကမ်းရိုးတန်းတစ်ဝိုက်မှ အချက်အလက်များကို စုဆောင်းတဲ့ မစ်ရှင်တစ်ခုလုပ်နေပါတယ်။ Tara Europa သင်္ဘောသည် ပုံမှန် ရွက်လှေလိုပါပဲ။ ဒါပေမဲ့ တကယ်တော့ ဒါဟာ ရေပေါ်သိပ္ပံနည်းကျ ဓာတ်ခွဲခန်းတစ်ခုပါ။ “Tara Europa Trek မစ်ရှင်၏ ရည်ရွယ်ချက်မှာ များပြားလှသော ဇီဝမျိုးစုံမျိုးကွဲများရှိသည့် ကမ်းရိုးတန်းပေါ်ရှိ လူသားများအပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာရန်ဖြစ်သည်” ဟု Tara ဖောင်ဒေးရှင်းမှ ပြည်သူ့ရေးရာ ဌာနမှူး Henri-Bernard Costa က ရှင်းပြသည်။ ၂၀၂၃ ဧပြီလမှစတင်၍ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့သည် လေထုညစ်ညမ်းမှုအဆင့်နှင့် ကမ်းရိုးတမ်းရေထု၏ ကျန်းမာရေးကို အကဲဖြတ်ကာ ဥရောပကမ်းရိုးတန်းတစ်လျှောက် ရွက်လွှင့်လျက်ရှိသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ ကီလိုမီတာ ၂၅၅၂၀ ရှည်လျားသော […]

နွေအလွမ်း

ရွက်ဝါတွေ ကြွေလူးသည့် နွေဦးသို့ရောက်တိုင်း အညာက ရွာကလေးကို ကျွန်မသတိရ မိနေမြဲ ဖြစ် ပါတယ်။ အထူးသဖြင့် သည်နှစ်မှာနွေဦးကစောသည်ထင့်။ ကျွန်မစိတ်ထဲ ထင်တာလည်းဖြစ်နိုင် ပါသည်။ ဖေဖော်ဝါရီလထဲမှာပင် ကျွန်မတို့တိုက်တန်းရှေ့ရှိ လက်ပံပင်ကြီး အဖူးနီနီကလေးတွေ ပြနေလေပြီ။ နွေ၏ ထုံသော ရနံ့မပြင်း မစူးသေးသော်လည်း ကျွန်မ၏အာရုံမှာတော့ နွေနံ့တို့ လှိုင်လှိုင်ထလို့လာ နေသည်။ တာရိုးလမ်းပေါ် ကားတစ်စင်းဖြတ်မောင်းသွားတိုင်း တာရိုးကြီးဆီမှဖုန်ငွေ့တွေ တောမီးကြီး လောင်သလို အခိုးတွေထသွားတတ်သည်ကို ကျွန်ငေးမောကြည့်နေမိပါသည်။ ကားတွေက မဆုံနိုင်တော့ ဖုန်ခိုးတွေကလည်း မဆုံနိုင်။ ခပ်လှမ်းလှမ်းရှိ ကမ်းနားသစ်တောအုပ်ကလေးသည်ပင် ရော်ရွက်တို့ဖြင့် သွေ့ခြောက်နေသည်။ ကျွန်မငယ်စဉ်ကဆိုလျှင် သည်လို နွေဦးရောက်တိုင်း ရွာကို ကဆုန်စိုင်း၍ ပြန်လေ့ရှိပါသည်။ တစ်မိုးလုံး၊ တစ်ဆောင်းလုံး ကျောင်းစာများဖြင့် နပန်းလုံးခဲ့ရသမျှ နွေကိုရောက်တိုင်းအတိုးချကာ ဆော့ကစားခဲ့သည့် နွေဦးကျောင်းပိတ်ချိန်ဘဝတွေကို […]

ပင်လယ်ရေ တဖြည်းမြုပ်လာလို့ စံပယ်ခင်းတွေကို စွန့်လိုက်တယ်

မိသားစုကို စံပယ်ခူးပြီးရှာကျွေးလာတဲ့ ဆိုဘာရင်တစ်ယောက် အခုဆိုရင် အသက် ၇၀ ထဲကို ဝင်လာပါပြီ ။ သူတို့က ဟိုး ၁၀ စုနှစ်များစွာကတည်းက အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းအလယ်ပိုင်းဒေသမှာ အခြေချနေထိုင်ပြီး ဂျာဗားပင်လယ်ကမ်းခြေနားမှာ စံပယ်ခင်းတွေစိုက်ပြီး အသက်မွေးဝမ်းကျောင်း လုပ်လာခဲ့တာပါ။ ဒီနှစ်ပိုင်းတွေမှာ ဒီရေအတက်ကြမ်းပြီး ကမ်းတွေပြိုလို့ စံပယ်ခင်းတွေပါသွားတာကြောင့် ဝင်ငွေထိခိုက်မှုတွေ စဖြစ်နေပါတယ်။ ဂျာဗားကျွန်းရဲ့ မြေနိမ့်ပိုင်းဒေသဖြစ်တဲ့ ကန်ဒန်ပန်ဂျန်ဒေသက ပင်လယ်ရေမြင့်တက်လာလို့ တဖြည်းဖြည်းနဲ့ ရေ အောက်ကို ရောက်လာပါတယ်။ “ ကန်ဒန်ပန်ဂျန်က စံပယ်စိုက်စားတဲ့ ဒေသပါဗျာ ။ အခမ်းအနားတွေအတွက် စံပယ်လိုချင်တယ်ဆိုရင် ကျနော်တို့ဆီကို လာကြရုံပါပဲ ။ နောက်ပြီးတော့ လက်ဖက်မှာ စံပယ်အနံ့ထည့်ဖို့ ကျနော်တို့ဆီမှာ စံပယ်ပန်းကို ကီလိုပေါင်းများစွာလာဝယ်ကြပါတယ်။ စံပယ်နဲ့ပတ်သက်လာရင်တော့ ကျနော်တို့ဒေသကို မီဖို့က မလွယ်လောက်ပါဘူး ။ […]

ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီး စားလို့ရအောင်လုပ်နိုင်တယ်လို့ပြောပြီ

စားသောက်ကုန်ထုတ်လုပ်ရေး လုပ်ငန်းတွေမှာလွှင့်ပစ်နေကြတဲ့ ကြက်ရိုး ၊ ငါးရိုးတွေကို အမှုန့်ကြိတ်ပြီးတော့ အနှစ်တုံးတွေ လုပ်ကာ အရိုးတစ်ရှုးစားသောက်ကုန်အဖြစ် ပြန်လုပ်ရင် စားနတ်ရိက္ခာ အခက်အခဲဖြစ်နေတဲ့နေရာ တွေအတွက် ပြဿနာတစ်ရပ်ပြေလည်သွားနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ ထောက်ပြလာကြပါတယ်။ ဖင်လန် စားသောက်ကုန်ထုတ်လုပ်ရေး ကုမ္ပဏီ SuperGround က အထက်ဖော်ပြပါ အိုင်ဒီယာကို အစားအသောက်အလေ့အလွင့် လျှော့ချဖို့နဲ့ တိရစာ္ဆန်မွေးမြူရေးလုပ်ငန်းတွေကနေ ထွက်ရှိနေတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ မီသိန်းဓာတ်ငွေ့ လျှော့ချနိုင်ရေးအတွက်တင်ပြ ဆွေးနွေး သွားတာပါ ။ SuperGround တည်ထောင်သူနှင့် တီထွင်သူ အကြီးအကဲ Santtu Vekkeli က “ကျွန်တော် မဖြေရှင်းနိုင်တဲ့ အစားအသောက်ဆိုင်ရာ ပြဿနာများစာရင်းကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပါတယ်” လို့ Euronews Green ကို ပြောပါတယ်။ “အင်ဇိုင်းများလို ဓာတုပစ္စည်းများမပါဘဲ […]

သစ်ပင်ကြီးတွေစိုက်ပျိုးကြဖို့ လိုပြီ

ကျွန်တော်တို့နိုင်ငံမှာ စိုက်ပျိုးရေးဝါသနာပါသူတွေ ပေါပါသည်။ စိုက်ပျိုးရေးအဓိကနိုင်ငံဖြစ်တော့ စိုက်ပျိုးရေးဝါသနာက အနည်းနဲ့အများ လူတွေမှာရှိကြသည်။ သို့သော် အများစုဝါသနာပါသည့်စိုက်ပျိုးရေးသည် သီးနှံစိုက်ပျိုးရေးဖြစ်သည်။ ပန်းစိုက်ပျိုးရေးဖြစ်သည်။ အသီးအရွက် စိုက်ပျိုးရေးဖြစ်သည်။ တနည်းအားဖြင့် စီးပွားရေး၊ စားဝတ်နေရေးကို လပိုင်းအတွင်း ဖြေရှင်းနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်း တွေကိုဖြစ်သည်။ စိုက်ပျိုးရေးဝါသနာပါသူတွေထဲမှာမှ သစ်ပင်ကြီးစိုက်ပျိုးတာကို ဝါသနာပါသူက တစ်ရာတွင် တစ်ယောက်ဆိုသလိုရှားပါးလှပါသည်။ ကျွန်တော်တို့သည် သဘာဝအလျောက်ပေါက်ခဲ့သော သစ်ပင်တို့ကိုသာ အစဥ်အဆက် အသုံးပြုခဲ့ကြသည်မှာ ယနေ့တိုင်ပင်ဖြစ်သည်။ အိမ်ဆောက်ဖို့ ခုတ်လှဲသော သစ်ပင်နေရာမှာ သစ်ပင်ကြီးတစ်ပင် အစားစိုက်ပျိုးခဲ့တာမျိုးမရှိသလောက်ပင်ဖြစ်သည်။ ထင်းအဖြစ်သုံးစွဲရန်ခုတ်လဲဲကြသော တောကသစ်ပင်တွေနေရာမှာလည်း ပြန်လည်စိုက်ပျိုးခြင်းမရှိကြချေ။ အရိပ်ရသစ်ပင်ကြီးတွေနှင့်ပတ်သက်လျင်လည်း ထို့အတူပင်ဖြစ်သည်။ ကျွန်တော်တို့သည် ကိုလိုနီခေတ်က ကျွန်တော်တို့ဘိုးဘွားတွေစိုက်ခဲ့သော လမ်းဘေးသစ်ပင်ကြီးတွေရဲ့ အရိပ်ကို ခိုကြရသည်။ ခေတ်သစ်မှာပြန်လည်စိုက် ပျိုးသည့်အပင်တွေရှိသော်လည်း ပမာဏ နည်းလှပါသည်။ ကျွန်တော်တို့သည် ကိုယ်အရိပ်ခိုရမည့်အပင်ကိုပင် မစိုက်နိုင်လောက်အောင် ဖြစ်ခဲ့ကြသည်၊ […]

ဘင်္ဂလာဒေ့ရှ်နိုင်ငံရဲ့ သောက်‌ရေ တစ်ဝက်လောက်က အာဆင်းနစ်အဆိပ်သင့်နေ

ရာသီဥတုဖောက်ပြန်မှုကို အခံရဆုံးနိုင်ငံတစ်နိုင်ငံကိုပြ ပါဆိုရင် ဘင်္ဂလားဒေ့ရှ်ပါပဲ ။ ပညာရှင်တွေရဲ့ လက်ရှိ တွက်ချက်ထားမှုအရ ၎င်းရဲ့ ပင်လယ်ရေမျက်နှာပြင်က ၂၀၅၀ မှာ ၁ ပေခွဲ မြင့်တက်လာစရာရှိနေတယ်လို့ မှန်းထားပြီး ကုန်းမြေ ၁၁ ရာခိုင်နှုန်းလောက် ပင်လယ်ရေအောက် ရောက်သွားနိုင်ပါတယ်။ မုတ်သုံမိုးများ ပြင်းထန်စွာ ရွာသွန်းမှု က စိတ်လာတဲ့အတွက် ကြောင့် နိုင်ငံတစ်ဝန်း နှစ်စဉ် ရေကြီးပြီး မိသားစု ၅ ပုံတစ်ပုံ က နေအိမ်တွေကနေ စွန့်ခွာပြီး ရွှေ့ပြောင်းကြရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဘင်္ဂလားဒေ့ရှ် ပြည်သူများအတွက် အဲ့ဒိ ရေဘေးအန္တရာယ်တွေထက် ပိုပြီး ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှု တစ်ခုကတော့ အာဆင်းနစ် ညစ်ညမ်းမှုပါပဲ။ လူတိုင်းနီးပါးသောက်သုံးတဲ့ တစ်တိုင်းပြည်လုံးမှာရှိတဲ့ သောက်ရေတွင်း ၄၉ ရာခိုင်နှုန်းခန့်မှာ ကင်ဆာဖြစ်စေနိုင်သော အာဆင်းနစ် […]

ဆည်းဆာပေါင်းများစွာကို မြင်တွေ့ခွင့်ရကြပါစေ

ခုကာလကြီးသည် ဆည်းဆာချိန်အကုန်မြန်သောကာလကြီးဖြစ်သည်။ နှလုံးနွမ်းနယ်မူဖြင့် အိပ်ယာသို့ဝင်ကြရသည်။ နှလုံးနွမ်းနေသော်လည်း ထိုလှပသော ဆည်းဆာများရှိသောကြောင့်သာ ဘဝတွင် ဖြေဆည်ရာရကြပေသည်ဟုလည်း အောက်မေ့ရလေသည်။ ထို့ကြောင့် သဘာဝတရားကြီးကို ကျေးဇူးစကားဆိုပါသည်။ တကယ်စဥ်းစားကြည့်ပြန်တော့လည်း လူတိုင်းသည်ဆည်းဆာကိုမြင်ခွင့်ရကြသည်မဟုတ်။ ဆည်းဆာကို ဘယ်လိုမှမမြင်နိုင်သူတွေရှိသလို မြင်သော်လည်း မခံစားနိုင်အားကြသူတွေရှိလေသည်။ ဆည်းဆာကိုမြင်ရတာခြင်းတူလျင်တောင် လှပသောဆည်းဆာကို မြင်ခွင့်ရသူတို့မှာ ပိုမိုကံကောင်းကြမည်ဟု ဆိုချင်ပါသည်။ လှပသော ညနေဆည်းဆာကို မြင်ခွင့်၊ ခံစားခွင့်ရဖို့ ဆိုသည်က ဆည်းဆာရှုခင်းတစ်ခုတည်းနှင့် ပြည့်စုံသည်မဟုတ်။ ဆည်းဆာ၏ ရာသီဥတုကလည်း ကောင်းဖို့၊ သာယာဖို့လိုပါသည်။ ယခုလိုဆောင်းရာသီတွင်တော့ ရာသီဥတုက အေးမြသာယာသည်။ ဆည်းဆာကလှပသည်။ ထိုလှပသောဆည်းဆာ၊ သာယာသော ရာသီဥတို့ကို ခဏမျှခံစားရင်း ပူလောင်နေသော နှလုံးသားကို ချွေးသိပ်ရပါသည်။ ညနေဆည်းဆာလှပဖို့ အရာများစွာလိုအပ်ပါသည်။ စိမ်းလန်းသောတောင်ကုန်းလေးတစ်ခုလိုအပ်ပါသည်။ ကြည်လင်စွာစီးဆင်းနေသော မြစ်တစ်စင်းလိုအပ်ပါသည်။ စိမ်းလန်းသောကွင်းပြင်တစ်ခုလည်းလိုအပ်ပါသည်။ အုပ်ဆိုင်းနေသော သစ်ပင်ကြီးတွေလည်း လိုအပ်ပါသေးသည်။ […]