Author Posts

ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာဟုဆို

ကင်မရာထောင်ချောက်ဖြင့် မှတ်တမ်းတင်လေ့လာမှုများအရ မြန်မာနိုင်ငံတွင် ကျားကောင်ရေ ၂၂ ကောင်မှ ၂၅ ကောင်အထိ တိုးလာသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သိရသည်။ မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ်မြောက် အာရှဒေသတွင်း ဝန်ကြီးများအဆင့် ကျား ထိန်းသိမ်းရေးညီလာခံကို ဇန်နဝါရီ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် Video Conferencing ဖြင့်ကျင်းပခဲ့ပြီး ထိုသို့ကျင်းပစဉ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ပြောကြားရာတွင် မြန်မာနိုင်ငံသည် သဘာဝ ကျားများ ပြန်လည်ကျက်စားနိုင်ရန် ကတိကဝတ်ထားရှိကြသော ကျားကျက်စားရာ နိုင်ငံများတွင်ပါဝင်ပြီး နိုင်ငံတွင်း ကျားရှိနိုင်သော နေရင်းဒေသများသည် ၄၉၀၀၀ စတုရန်းကီလိုမီတာ (နိုင်ငံ၏ ခုနစ် […]

#မြောက်ဦး

– ရင်အုံပေါ်မှာ အီကွေတာ ကခုန် ကျောရိုးထဲ ၀င်ရိုးစွန်း ပုန်းနေတဲ့မြို့။ မန္တလေးကို စာဖွဲ့တဲ့ ကစ်ပလင်း မသိ ပုဂံကို စာဖွဲ့တဲ့ ဇော်ဂျီ မသိတဲ့ ငါ့မြို့လေ။ – မီးလောင်ပြင်ထဲက မီးသွေးထက်၀က်အိမ်တိုင်တွေလို မိုးခေါင် ဆိုက်ကပ်တဲ့ခါ မြေမှာဒူးထောက် ကောင်းကင်ကို တိုင်တည်တဲ့ ကမ်ဘာဦး လူသားတွေလို မြို့ရိုး တံတိုင်းပျက်တွေနဲ့ ငါ့မြို့၊ သားမြတ်ပုံ တောင်မြေမို့မို့တွေအောက်မှာ ရာဇ၀င်နို့ရည်တွေ စမ်းဖြစ်နေတဲ့မြို့၊ ၁၈ ရာစု တီကောင်တွေ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေတဲ့မြို့၊ ငါ့မြို့လေ ငါ့မြို့အစစ်ပါ။ – ဓနိရည်ပေါတယ် ခြင်ပေါတယ် ဆင်းတုတော် အကျိုးအပဲ့တွေ ပေါတယ် စေတီပျက် ပုထိုးပျက်တွေ ပေါတယ် သဇင်ဥတွေ ရှားလွန်းပြီ ကြိုးကြာတွေ ပြုန်းလုပြီ ဂျပန်စာလို အင်တင်နာတွေ ပိုလာရဲ့ […]

မလေးရှား မှာ တရားမဝင် ဘစ်ကွိုင်တူးလို့ ၄နှစ်အတွင်း ရင်းဂစ် သန်း ၄ထောင်ကျော်ဖို့ ဆုံးရှုံး

ဒစ်ဂျစ်တယ် ပိုက်ဆံတစ်မျိုးဖြစ်တဲ့ ဘစ်ကွိုင်တူးခြင်းက ဒီကနေ့ နည်းပညာ ကျွမ်းကျင်သူတွေ ကြားမှာ ရေပန်းစားနေပါတယ်။ လက်ရှိ ဘစ်ကွိုင်တစ်ပြားရဲ့ ပေါက်ကြေးက အမေရိကန်ဒေါ်လာ ၄သောင်းနီးပါး လောက် ပေါက်နေတော့ လူ့လောဘ ကအတောမသတ်နိုင်ဘူးဖြစ်နေပါတယ်။ ဘစ်ကွိုင်ကို တောင်အမေရိကားက အယ်ဆာဗေးဒေါလို နိုင်ငံမျိုး နဲ့ ဥရောပနိုင်ငံအချို့က တရားဝင်ငွေကြေး အဖြစ် ခွင့်ပြုလိုက်တော့ ဘစ်ကွိုင်တူးတဲ့ လုပ်ငန်းက နည်းပညာလောကမှာ ရေပန်းစားလာပါတယ်။ ဘစ်ကွိုင်တစ်ပြားရဖို့ ကွန်ပြူ တာတွေကို ၁၃. ၃ ရက်ကြာအောင် မောင်းနှင်ရပါတယ်။ လျှပ်စစ်ဓာတ်အား ကီလို ဝပ်၂ထောင် ကျော်သုံးရပါတယ်။ အဲ့တော့ ဘစ်ကွိုင်တူတဲ့သူတွေက သူများ ကွန်ပြူတာတွေကနေ လျှပ်စစ်ကို ခိုးသုံးပါတယ်။ လူစိတ်ဝင်စားမယ့် အပလီကေးရှင်း တစ်ခုကိုထောင်ပြီး အဲ့ဒိအပလီကေးရှင်းကို ဝင်ကြည့်တာနဲ့ ဝင်ကြည့်တဲ့ ကွန်ပြူတာက နေ […]

ရှားပါးစာရင်းဝင် မြန်မာ့သားမင်းတွေ ထိန်းသိမ်းပေးပါ

ကချင်ပြည်နယ် ပူတာအိုခရိုင် ရေခဲတောင်တွေရှိတဲ့ဒေသနဲ့ ပတ်ဝန်းကျင်မှာ ကျက်စားတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ မြန်မာတစ်နိုင်ငံမှာပဲရှိတယ်။ ဘေးက တရုတ် အိန္ဒိယနိုင်ငံမှာတော့ ပိုပေါတယ်။ ပုံမွန္ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ပေတစ်သောင်းကျော်နဲ့ ပတ်ဝန်းကျင်မှာ ကျက်စားပြီး အေးတဲ့ အချိန်ကျရင် ပေ ၅၀၀၀ ထိ ဆင်းတယ်။ သင်းကွဲတွေဟာ ပင်လယ်ရေမျက်နှာပြင် ပေ၂၅၀၀ ထိ လမ်းမှားပြီး ဆင်းလာတာမျိုးလည်း ရှိတယ်လို့သိရပါတယ်။ လူကို ရန်မူတာမျိုးတော့ မရှိပါဘူး။ တောင်ကြောတွေမှာ ထိပ်တိုက်တွေရင်တော့ ရွေးစရာလမ်းမရှိရင် ပြေးတိုက်ခွေ့ခံရပြီး သေဆုံးတာမျိုးတော့ ရှိခဲ့တယ်။ အနံ့ခံအရမ်းကောင်းတယ်။ ဥပဒေမှာတော့ လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ ဒေသခံတွေကတော့ သားမင်းဦးချိုကို အိမ်မှာ ခိျတ်ထားရင် မီးမလောင်ဘူး။ ရေမှာ စိမ်လိုက်ရင် မိုးရွာတယ်လို့ အယူရှိကြတယ်။ ၂ ကောင်၊ ၃ ကောင်၊ […]

မြန်မာပြည်မြောက်ဖျားက ပူတာအို

ကမ္ဘာမှာ နှင်းတွေ ရေခဲတွေ ဖုံးလွှမ်းတဲ့ဒေသကို ပိုင်ဆိုင်ထားတဲ့နိုင်ငံတွေ အတော်များများရှိပါတယ် အဲဒီလိုနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်းအပါအဝင်ပါပဲ။ PhotoCredit-DVB

တနင်္သာရီက ဆုံးရှုံးသန္တာကျောက်တန်းများ

မနက္က Tahiti မှာသန္တာကျောက်တန်းတွေ့တဲ့သတင်းပုံတင်ရင်း တနင်္သာရီတိုင်းမှာကျနော်တွေ့ခဲ့တာတွေကိုပြချင်ပါတယ်။ ဒီပုံတွေဟာ ကျွန်းလေးတွေနားမှာရေငုပ်ရင်း ကျနော်ကိုယ်တိုင်ရိုက်ခဲ့တာပါ။ တချိန်ကသဘာဝအရောင်စုံနဲ့အင်မတန်လှခဲ့မယ့်နေရာဟာ သန္တာခက်အကျိုးအပဲ့တွေနဲ့ရင်နင့်စရာတွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သန္တာကျောက်တန်းတွေဟာ ငါးဖမ်းသမားတွေလက်ချက်နဲ့သန္တာသင်္ချိုင်းကြီးဖြစ်နေတာပါ။ မိုင်းခွဲတာစတဲ့နည်းမျိုးစုံနဲ့ ဖျက်ဆီးခဲ့ကြလို့ နှစ်ကာလပေါင်းများစွာဖြစ်တည်လာခဲ့တဲ့ အမွေအနှစ်တွေအကုန်ပျက်စီးကုန်တာဖြစ်ပါတယ်။ ဒီသန္တာကျောက်ခက်တွေကို စနစ်တကျပွားအောင်မွေးပြီးပြန်ရောင်းစားတတ်ရင်တောင် ဝင်ငွေအများကြီးရမှာပါ။ ခရီးသွားလုပ်ငန်းကရမယ့်ဝင်ငွေတွေ၊ ငါးမျိုးနွယ်စိတ်အစုံကရမယ့်ဝင်ငွေတွေ စတာတွေအားလုံးဟာ မိုင်းတချက်ခွဲခံရတာနဲ့အကုန်ပျက်စီးကုန်ပါတယ်။ သန္တာကျောက်တန်းတွေပျက်စီးတာနဲ့ သူတို့ကိုမှီတင်းနေထိုင်တဲ့အဖိုးတန်ရေသတ္တဝါမျိုးစိတ်တွေပါဆုံးရှုံးပျက်စီးကုန်တာဖြစ်ပါတယ်။ Richard Myo Thant 21-January -2022

၀ါးပင်တွေကို ဘာကြောင့် ထိန်းသိမ်းသင့်တာလဲ

စက်တင်ဘာလ ၁၈ ရက်ဟာ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အဲဒီနေ့က ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမမှာ ကမ္ဘာ့ဝါးအထိမ်းအမှတ်နေ့ အခမ်းအနားကို ကျင်းပခဲ့တယ်။ ပြည်တွင်းမှာရှိ ဝါးစိုက်ပျိုးသူတွေ၊ ဝါးလုပ်ငန်းရှင်တွေ၊ ဝါးလက်မှု ပညာရှင်တွေအပါအဝင် ၀ါးချစ်သူတွေ ဆုံစည်းကြပြီး ၀ါးနဲ့ပတ်သက်တဲ့ အသိ ပညာဗဟုသုတတွေ ပြောကြ။ ၀ါးနဲ့လုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေ ခင်းကျင်းပြသကြ။ ၀ါးတွေကို ထိန်း သိမ်းဖို့၊ ပြန်လည်ပျိုးထောင်ဖို့ သတိပေး တိုက်တွန်းကြနဲ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာခန်းမဆောင်မှာ ၀ါးရနံ့တွေ သင်းခဲ့ပေါ့။ သူတို့ အားလုံး ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ်၊ ကိုယ့်မျှော်လင့်ချက်နဲ့ကိုယ် တက်ကြွစွာ လောင်ကျွမ်းခဲ့ကြတယ်။ အနာဂတ် မြန်မာနိုင်ငံမှာ ၀ါးပင်တွေနဲ့ စိမ်းလန်းစိုပြည်ပြီး ၀ါးပင်တွေ ကြောင့်ပဲ စားဝတ်နေရေးတွေ အဆင်ပြေကြတော့မယ်လေ။ အဲဒီမြင်ကွင်းကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်နေမိ […]

သစ်ပင်ချစ်သူများအဖွဲ့တွေကို လေးစားစွာဦးညွှတ်ခြင်း

(၁) သစ်တော သစ်ပင်နဲ့ပတ်သက်တဲ့ အသံဗလံတွေ ဒီနှစ်မှာမှ ပိုမို ကျယ်လောင်လာသလားလို့။ “သစ်ပင် တွေ စိုက်ကြပါ။ ရှင်အောင် စိုက်ကြပါ။ သစ်ပင်တွေကို ကာကွယ်ကြပါ။ ထိန်းသိမ်းစောင့်ရှောက်ကြပါ” စသဖြင့် တိုက်တွန်းစကားတွေ။ “သစ်ပင်စိုက်ပါ” စတေကာ ကမ်ပိန်းတွေဟာ မြို့အများစုကနေ မြန်မာတစ်နိုင်ငံလုံး ပျံ့နှံ့ ခဲ့တယ်။ လမ်းနဲ့မလွတ်လို့ အခုတ်ခံရတော့မယ့် သစ်ပင်ကြီးတွေကို ကာကွယ်ကြတဲ့ သစ်ပင်ချစ်သူများ အဖွဲ့ တွေ၊ ကမ္ဘာမြေ စိမ်းလန်အောင်၊ အပူဒဏ်တွေ လျော့ကျအောင်၊ လေထုညစ်ညမ်းမှု လျော့ကျအောင် အပါအဝင် ရည်ရွယ်ချက်မျိုးစုံနဲ့ သစ်ပင်စိုက်ဖို့နှိုးဆော်နေတဲ့၊ သစ်ပင်စိုက်နေတဲ့ အဖွဲ့တွေလည်း တိုးပွားလာခဲ့တယ်။ ပခုက္ကူမြို့ လမ်းချဲ့ထွင်တဲ့လုပ်ငန်းမှာ မလွတ်တဲ့ သစ်ပင်ကြီးတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခုတ်ပစ်ဖို့ လုပ်ပါတယ်။ အဲဒီမှာ ဒေသခံ သစ်ပင်ချစ်သူများအဖွဲ့က နည်းလမ်းအမျိုးမျိုးနဲ့ တားဆီးကာကွယ်ခဲ့တဲ့ […]

တောင်သမန်

သစ်သားတိုင်လုံးတွေက အတိအကျဝေးနေကြတာလား အင်းရေပြင်နဲ့သိပ်မဝေးချင်လို့ တံတားပေါ်ကဖြတ်မလျှောက်ခဲ့ပါဘူး တိမ်တွေကငုံ့ကြည့်နေမှန်းသိတော့ တိမ်တွေကိုလည်းမော့မကြည့်မိ ကောင်းကင်မှာကြယ်တွေဝှက်ထားမှန်းသိတယ် ဖြစ်ပြီးပျက်တတ်သဘောတရား ဦးပိန်ကဦးပိန် တံတားကတံတား ကန်ရေပြင်နာကျင်လေမလား ကြင်နာသောအတွေး လှေကိုတိုးတိုးလေးသာလှော်မိတယ် လင်းမွန်ခ ဓာတ်ပုံ ခရက်ဒစ်