Author Posts

သယံဇာတနှင့်ပတ်သက်ရင်

အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီဟာ နိုင်ငံရဲ့ရှေ့ရေးကို ပြက်ပြက်ထင်ထင်မြင်ခဲ့တယ်လို့ ဆရာ့ရဲ့ကဗျာတွေထဲက တချို့ကို ဖတ်ပြီးတွေးမိပါတယ်။ အဲဒီကဗျာတွေထဲမှာ ” တို့တိုင်းပြည်” ဆိုတဲ့ ကဗျာလည်းပါပါတယ်။ ဆရာက ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတွေကို ” ထလော့မြန်မာ၊ အိုမြန်မာတို့ တို့ရွာတို့မြေ၊ တို့ရွာမြေဝယ် စေတီစပါး၊ များလည်းများ၏ များပါလေလည်း၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညိုးညိုးနှင့် ပုထိုးမြင့်မောင်း၊ ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျက်၊ မစားရလေ၊ ဝမ်းမဝ၍ ဆွမ်းမျှမတင်နိုင် ရှိမည်တည်း” လို့ ကဗျာပထမပုဒ်မှာတင် စသတိပေးခဲ့တာပါ။ ခုတော့အားလုံးသိတဲ့အတိုင်းပါပဲ။ မြန်မာ့ဆန်စပါးတွေရဲ့ အရည်အသွေးဟာ ပေမီဒေါက်မီမရှိလို့ ထိုင်း၊ ဗီယန်နန်စတဲ့ နိုင်ငံတွေကလောက် ကမ္ဘာ့ဆန်စျေးကွက်မှာ စျေးမရကြပါဘူး။ တကယ်တော့ဒါဟာ စိုက်ပျိုးရေးမှာ နည်းမှန်လမ်းမှန်မကျင့်သုံးနိုင်တာကိုပြနေတာပါပဲ။ ကိုယ့်စိုက်ပျိုးမြေသယံဇာတကို အကောင်းဆုံးအသုံးမပြုနိုင်သေးတာပါ။ နောက်ဒုတိယအပိုဒ်မှာ ဆရာသတိပေးထားတာက ” […]

ဂျာမဏီ ကာဗွန်ထုတ်လွှတ်မှု နှစ် ၇၀ အတွင်းအနိမ့်ဆုံးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့

ဥရောပရဲ့ အကြီးဆုံး စီးပွားရေး အဆောက်အအုံဖြစ်တဲ့ ဂျာမဏီနိုင်ငံက နှစ် ၇၀ အတွင်း ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံး ဖြစ်အောင် မနှစ်က လုပ်နိုင်ခဲ့တဲ့အတွက် မှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့ပါတယ်။ ထင်ရှားသော တွေးခေါ်ပညာရှင် Agora Energiewende ရဲ့ လေ့လာမှုတစ်ခုအရ ဂျာမနီနိုင်ငံ၏ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် တန်ချိန် ၆၇၃ သန်းသို့ လျှော့ချနိုင်ခဲ့ပြီး ယခင်နှစ်ကထက် တန်ချိန် ၇၃ သန်း လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ ။ အဲ့ဒိကျဆင်းမှုက အဓိကအားဖြင့် ကျောက်မီးသွေးဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရာတွင် သိသာထင်ရှားစွာ လျော့ကျသွားခြင်းကြောင့် CO2 ထုတ်လွှတ်မှု တန်ချိန် ၄၆ သန်း လျော့ကျသွားစေရန် အထောက်အကူဖြစ်သွားတာပါ။ ကျောက်မီးသွေးနှင့် ဝေးကွာခြင်းသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များဆီသို့ ကူးပြောင်းရန် ဂျာမနီရဲ့ ပိုမိုကျယ်ပြန့်သော မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာပါတယ် […]

အလွမ်းတောင်တန်း

ဟားခါးမြို့သည်ဆောင်းရာသီဆိုလျင်နေပူကြီးထဲမှာပင်တုန်နေအောင်ချမ်းသည့်မြို့ ဖြစ်သည်။ ရေချိုးသည့်အခါ ဓာတ်လိုက်သလို၊ ကြိမ်လုံးသေးသေးလေးတွေနှင့် ကိုယ် တစ်ခုလုံးအရိုက်ခံရသလို ခံစားရသည်။ မနက်စောစော အပြင်ထွက်လျင် ခြေအိတ် လက်အိတ်မပေါဘဲထွက်လို့မရ။ ဟားခါးမြို့ကိုရောက်ပြီးပထမဦးဆုံး ဆောင်းမနက်ခင်း ကို ကျွန်တော်မှတ်မိနေသည်။ ဟားခါးဆောင်းမနက်အကြောင်းကို မသိသေးသည့် ကျွန်တော်နှင့်ကျွန်တော့်သူငယ်ချင်း နှစ်ယောက် ခြေအိတ်၊လက်အိတ် တွေမပါဘဲ မြို့ ထဲလဘက်ရည်သောက်ရင်း လမ်းလျောက်ထွက်ကြရာ ခဏကြာတော့ ကျွန်တော်တို့ ခြေလက်တွေ ခံစားမူတွေကင်းမဲ့အောင်ထုံကျင်သွားခဲ့သည်။ လမ်းဘေးပလက်ဖောင်း ပေါ်မှာရောင်းသည့် ခြေအိတ်၊လက်အိတ်တွေကို အမြန် ဝယ်ဝတ်ခဲ့ကြရသည်။ ညဆို လျင် အိမ်တခါးကိုစေ့နေအောင်ပိတ်ပြီးမှအိပ်ရသည်။ လေဝင်ပေါက်လေးသေးသေး ရှိနေလျင်တောင် အိမ်ရှိလူအကုန်နိူးလာအောင်ထိ အေးတတ်သည်။ဟားခါးမြို့သည် ဆောင်းရာသီတွင် စောစောအိပ်ယာဝင်ပြီး၊ အိပ်ယာထနောက်ကျတတ်ပါသည်။ မိုးရာသီဆိုလျင် တိမ်နှင့်မိုး တစ်လှည့်စီ အဆက်မပြတ်လာတတ်သည်။ တိမ် တွေကိုငုံ့ကြည့်ခဲ့ရသည့် ဘဝကိုကျွန်တော်လွမ်းသည်။ တစ်တောင်နှင့်တစ်တောင် ကြား တွင်တိမ်ပင်လယ်ကြီးဖြစ်နေသည်။ တောင်အောက်ကိုမမြင်ရ။ […]

နှစ်သစ်ပြောင်းသွားပေမဲ့ ပြဿနာတွေကတော့ ဟောင်းနေဆဲပါပဲ

ကမ္ဘာ့နေရာဒေသအသီးသီးမှာ ရင်ဆိုင်နေရတဲ့ အမှိုက်ပြဿနာက နှစ်သစ်တွေ တစ်ခုပြီး တစ်ခုပြောင်းသွားတိုင်း မရိုးနိုင်တဲ့ ပြဿနာဟောင်းတစ်ခုအဖြစ် ဒီကနေ့တိုင် မရှင်းနိုင်သေးပါဘူး ။ အခုလည်း ဘော့စနီးယားနိုင်ငံ အရှေ့ပိုင်းက ဗစ်ဆီဂတ်မြို့နားက ရေအားလျှပ်စစ်စီမံကိန်း တစ်ခုအတွက် တည်ဆောက်ထားတဲ့ ရေလှောင်ကန် ထဲမှာ အမှိုက်တွေ တန်ချီပြီးတော့ ပိတ်မိနေပါတယ် ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက သူတို့နိုင်သလောက်အမှိုက်တွေကို ရှင်းလင်းပေးနေပါတယ် ။ “ နှစ်သစ်မှာ ပြဿနာအသစ်တွေ တိုးလာနေသလို ပြဿနာအဟောင်းတွေကလည်းရှင်း မရအောင် ရှုတ်တုန်းပါပဲ” လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Eko Centar Visegrad မှ Dejan Furtula ကပြောသွားပါတယ်။ ဘော့စနီးယား၊ ဆားဘီးယားနှင့် မွန်တီနီဂရိုးရှိ ၎င်း၏မြစ်လက်တက်များက အနောက်ဘော်လကန် ဒေသများ ပေါ်ကနေ စွန့်ပစ်ချနေတဲ့ စွန့်ပစ်အမှိုက်များမှာ […]

၂၀၂၄ က ဆိုလာပါဝါနှစ် ဖြစ်များ ဖြစ်လာမလား

အမေရိကန် လာဗီဂတ်စ်မြို့မှာ စားသုံးသူလျှပ်စစ်ပစ္စည်းပြပွဲ ( CES ) ကိုပြုလုပ်နေပါတယ် ။ အဲ့ဒိပြပွဲမှာ ဆိုလာစွမ်းအင်သုံး လျှပ်စစ်ပစ္စည်းတွေကို အဓိကပြသနေတာပဲဖြစ်ပါတယ်။ ဆိုလာအမိုးတွေ ကနေစပြီး အိမ်သုံးလျှပ်စစ်ပစ္စည်း သေးသေးလေးတွေအထိ နေရောင်ချည်စွမ်းအင်သုံး လျှပ်စစ်ပစ္စည်းတွေကို ခင်းကျင်းပြသထားတာပါ ။ ဆိုလာစွမ်းအင်သုံးလို့ ဆိုတဲ့ နေရာမှာ အလင်းများများရတဲ့ အိမ်ပြင်မှာသွားလာနေရတဲ့ လျှပ်စစ်ကား (အီးဗွီ) တွေမှာသုံးတဲ့ဘတ်ထရီတွေ ရော အိမ်တွင်းမှာ အလင်းနည်းနည်းလေးရတာနဲ့ အားသွင်းလို့ရတဲ့ ဘတ်ထရီဆဲလ်လေးတွေကိုလည်း ပြထားပါတယ်။ Ambient Photonics ကုမ္ပဏီက ၎င်းရဲ့ အိမ်တွင်းနှင့် ပတ်ဝန်းကျင် ပြင်ပအလင်းရောင်များမှ အဆက်မပြတ် ပါဝါပေးနိုင်သည့် ဆိုလာဆဲလ်အသစ်ကို ပြသခဲ့ပြီး ကုမ္ပဏီက လက်ရှိနည်းပညာများထက် ပါဝါသုံးဆပိုမို ထုတ်ပေးနိုင်တယ်လို့ ပြောခဲ့ပါတယ် ။ TV အဝေးထိန်းခလုတ်များနှင့် ကြိုးမဲ့ကီးဘုတ်များကဲ့သို့သော အိမ်သုံးပစ္စည်းများရှိ […]

ဝါးတောတွေ ထိန်းသိမ်းကြဖို့

ကျနော်ဟာ ဝါးတောကြီးတစ်ခုလုံး ပျောက်ဆုံးသွားတာကို ကိုယ်တွေ့ကြုံဖူးသူဖြစ်ပါတယ်။ ကျနော်တို့ငယ်ငယ်က မျှစ်ချိုး၊ မာလာဖူးချိူး၊ ကပြင်းရွက်ခူး၊ မှိုရှာရတဲ့ ဝါးတောဟာ ရွာအရှေ့ဘက်မှာရှိတာပါ။ ရွာကနေ ဆယ်မိနှစ်လောက် လမ်းလျှောက်ရင် ဝါးတောကိုရောက်ပါတယ်။ ဝါးတောဟာ လျှိုမြောင်သုံးခုရှိတဲ့နေရာမှာ နေရာအနှံ့ဝါးရုံတောတွေ ပေါက်ရောက်နေတာပါ။ ဝါးရုံပင်တွေပေါ်မှာ ရှဥ့်ကလေးတွေဟာ ဟိုခုန်သည်ကူးနဲ့ အကောင်ပေါင်းများစွာပါ။ ရှဥ်ကလေးတွေ ခုန်ကူးတာကို အတိုင်းသား မြင်နေကြရတာ သိပ်လှပါတယ်။ အိမ်အတွက် ဝါးလိုရင်လည်း အဲ့ဒီဝါးရုံတောကနေ ခုတ်ပြီး သယ်ခဲ့ရပါတယ်။ ကျနော်တို့ငယ်ငယ်က ဒီဝါးရုံတောကနေ ကစားစရာတွေရခဲ့တာကိုလည်း မမေ့နိုင်ပါ။ ပထမကစားစရာက ဝါးလှေပါ။ အလုံးကြီးတဲ့ ဝါးကိုခုတ်၊ အဆစ်နှစ်ခုပါအောင်ဖြတ်ပြီး ဝါးလှေကလေးလုပ်ကာ မြောင်းမချောင်းထဲမှာ ဆွဲခဲ့ရပါတယ်။ နောက်တစ်ခုက ” သစ်စေးဖောင်” လို့ ခေါ်တဲ့အရာပြုလုပ်ပြီး ပစ်ရတာဖြစ်ပါတယ်။ တစ်ကျပ်လုံးလောက်ရှိတဲ့ ဝါးကိုခုတ်ပြီး ဟိုဘက်ဒီဘက် ဒိုးယိုခေါင်းပေါင်ပါအောင် […]

ရဝမ်ဒါလို နိုင်ငံမျိုးတောင် အစိမ်းရောင်တော်လှန်ရေးကို စနေပြီ

ရဝမ်ဒါရဲ့ ပြည်သူ့ သယ်ယူပို့ဆောင်ရေးရဲ့ ၆၀ ရာခိုင်နှုန်းလောက်က မော်တော်ဆိုင်ကယ်များကို မှီခိုနေရတာပါ။ အရှေ့-အာဖရိက နိုင်ငံဖြစ်တဲ့ ရဝမ်ဒါက အာဖရိကတိုက်ကို ဂေဟစနစ်နှင့် လိုက်လျောညီထွေရှိအောင် ကြိုးပမ်းမှုတစ်ရပ်ကို စပြီးလုပ်နေပါတယ်။ အဲ့ဒိအသွင်ကူးပြောင်းမှုအတွက် Rwandan startup Ampersand ကုမ္ပဏီ က ငွေကုန်ကြေးကျခံပြီး လုပ်နေတာပါ ။ ကုမ္ပဏီသည် Kigali တွင် လျှပ်စစ်မော်တော်ဆိုင်ကယ် အစီးရေ ၆သိန်း ဖြန့်ချီရန် အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲ့ဒိမြို့အပြင် နိုင်ရိုဘီ၊ ကင်ညာနှင့် ကမ်ပါလာ၊ ယူဂန်ဒါတို့ကိုလည်း နောက်ပိုင်းမှာ ဆက်ပို့သွားဦးမယ်လို့ လည်း ပြောပါတယ်။ “လမ်းပေါ်မှာ ဓာတ်ဆီဆိုင်ကယ်တွေ သန်းချီရှိနေပြီ၊ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က နှစ်အနည်းငယ်အတွင်းမှာ လမ်းမပေါ်မှာ လျှပ်စစ်စက်ဘီးတွေပဲ ရှိတော့မှာ သေချာစေဖို့အတွက်ပါ ။ အဲ့ဒိလိုဖြစ်ဖို့အတွက် ကျနော်တို့ […]

မြန်မာ့မုတ်သုံ

ဒီစာအုပ်ကတော့ ဆရာ နိုင်ရွှေမိုးရေးသားထားတဲ့ ပင်လယ်လေညင်း၊ ကုန်းလေညင်း ၊ နွေမုတ်သုံဖြစ်စဥ် ၊ ဆောင်းမုတ်သုံဖြစ်စဥ်၊ ရုရှားသုတေသီ သတ်မှတ်ထားသော မုတ်သုံရပ်ဝန်းတွေအကြောင်း ၊ ပါမောက္ခရာမေ့ချ်ရဲ့ သတ်မှတ်ချက်နဲ့ ကိုညီသော မုတ်သုံရပ်ဝန်းများ ၊ အီကွေတာအောက် ကမ်းရိုးတန်းအောက် ရေလှန်မှု ဖြစ်စဥ်တွေနဲ့ အခြား ဗဟုသုတ များစွာရရှိစေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ ရာသီဥတု၊ မိုးလေဝသဆိုင်ရာ စိတ်ဝင်စားသူတွေအနေနဲ့ ဖတ်ရှု သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ ၂၀၀၃ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၅၀၀ ထုတ်ဝေခဲ့ပါတယ်။ စာအုပ်က ဆိုဒ်ကြီးဖြစ်ပြီး စာမျက်နှာ ၁၅၁ ပါဝင်ပါတယ်။

စီးကရက်ဖင်စီခံနဲ့ လမ်းခင်းဖို့ စလိုဗက်ကီးယားသားတွေ ကြိုးစား

ကမ္ဘာပေါ်က လူတွေရဲ့ တစ်ရက် စီးကရက်သောက်နှုန်းက အလိပ်ရေ ၁၈ ဘီလီယံ နီးပါးရှိပါတယ်။ သောက်လို့ ကုန်သွားတဲ့ အဲ့ဒိစီးကရက်ဖင်စီခံတွေ ထဲက ၃ ပုံ ၁ပုံက အမှိုက်အဖြစ်နဲ့ ကမ္ဘာကြီးပေါ်ကို ကျရောက်နေပါတယ် ။ ဒါတွေကို ရီဆိုက်ကယ်လုပ်ဖို့အတွက် မစဉ်းစားဘူးဆိုရင်တော့ ဒီရာစုအကုန်မှာ ကမ္ဘာမြေကြီးကို စီးကရက်ဖင်စီခံတွေ ဖုံးလွှမ်းသွားဖို့ရာရှိနေပါတယ်။ စလိုဗက်ကီးယား မြို့တော်ဝန်က စီးကရက်တွေကို ရီဆိုက်ကယ်ပြန်သုံးရမယ်ဆိုပြီး အမိန့်တစ်ခုကို ဒီအပတ်ထဲမှာပဲ ထုတ်ပြန်လိုက်ပါတယ်။ မြူနီစပါယ်တွေက စီးကရက် ဖင်စီခံတွေကို နည်းစနစ်တစ်ခုနဲ့ ပြန်လည်သိမ်းဆည်ရမယ်လို့လည်း အမိန့်ထုတ်ထားပါတယ်။ မြို့တော် ဘရာတစ်လာဗာမှာ စီးကရက်ဖင်စီခံတွေသီးခြား သိမ်းဆည်နိုင်ဖို့အတွက် ထည့်စရာတွေကို တီထွင်နေပါတယ်။ ပြီးတော့ သိမ်းဆည်းရတဲ့ဖင်စီခံတွေကို လမ်းခင်းဖို့အတွက် ကတ္တရာအဖြစ် ပြောင်းမယ်လို့လည်း သိရပါတယ် ။ “ပွဲတော်၊ ပြိုင်ပွဲ ၊ […]

ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ကွယ်သွားခဲ့ရင်

ကမ္ဘာမြေသာယာဖို့ နောင်မျိုးဆက်တွေ အသက်ရှင် ရပ်တည်ဖို့ ဇီ၀မျိုးစိတ်မျိုးကွဲ စုံလင်ကြပါစေ.. မြေကြီးကို၀ယ်လိုက်တာနဲ့ ပိုင်ဆိုင်တာ ကိုယ်တယောက်ထဲလို့ ထင်နေကြတာက လူတွေ တကယ်တော့ အဲ့ဒီမြေကြီးပေါ်မှာ မှီတင်းနေထိုင်တဲ့ သက်ရှိဇီ၀မျိုးစိတ်အရေအတွက်က မြေဧကပေါ်မူတည်ပြီး ရာချီ ထောင်ချီ သောင်းချီရှိနေနိုင်တယ်။ အရေအတွက်ဆိုတာ တခုချင်းကို ပြောတမဟုတ်ဘူးနော်။ တူရာမျိုးစိတ် အရေအတွက်ကိုပြောတာ။ အဆိုပါဇီ၀မျိုးစိတ်တွေထဲမှာ ယေဘုယျအားဖြင့် ကြွက်၊ ပွေး၊ ရှဉ့်၊ ယုန်၊ မြွေ၊ ငှက်၊ ဖား၊ တောက်တဲ့ စတာတွေအပြင် အင်းဆက်တွေ တီကောင်တွေ စတဲ့သက်ရှိတွေအပြင် အဏုဇီ၀ပိုးတွေ မှိုတွေ ဘက်တီးရီယားတွေ စတဲ့ ဇီ၀မျိုးစိတ်တွေက အမြောက်အများရှိနေတယ်။ အဆိုပါ ဇီ၀မျိုးစိတ် မျိုးကွဲစုံတွေက တခုနဲ့ တခု အစာကွင်းဆက်အရရော မျိုးပွားမှုဖြစ်စဉ်အရရော တခုနဲ့တခု အပြန်အလှန် အမှီသဟဲ နေထိုင်နေကြတယ်။ […]