Author Posts

စကားရင်ကွဲ

ဇာပုဝါပါး မြူတွေ… မှိုင်းညို့တောင်တန်းတစ်ဖက် စိမ်းတစ်ဝက် ပြာရည်လဲ့ ညိုမှောင် ဝါးရွက်ကလေး မြေပြင်ပေါ် နားနေပေါ့ ကိုင်းခြောက်ခို ရင်ကွဲနေသူရယ် လေချွန်သံထဲ အငိုတွေ ထပ်ထပ်ထည့် တောင်တွေဆီ… ပဲ့တင်ထပ်စေခဲ့တယ်။ သင်းရည်လွင်

နှင်းတွေဆင်းတဲ့လမ်း

ဟောဒီလမ်းကို ကျွန်တော် သတိထားမိတာ ဟိုးအရင် လေးငါးခြောက်နှစ်အရွယ်၊ကလေးဘဝကတည်းကဆိုပါတော့။ ဟောဒီလို ဆောင်းလရာသီရောက်လာပြီဆိုရင် ကျွန်တော်သွားလေ့ရှိတဲ့လမ်းမတစ်ခုရဲ့ဘေးက မြက်ပင်တွေမှာအကိုင်းတွေညွှတ်အောင်သီးနေတဲ့ ရေစက်ကလေးတွေကို အျမဲ တွေ့ရလေ့ရှိတယ်။ အဲဒီ ရေစက်ကလေးတွေကိုမြင်ပြီဆိုရင် ကျွန်တော်က လက်ကလေးနဲ့ သွားတောက်လိုက်ရမှ ဒါမှမဟုတ် အဲဒီရေစက်ကလေးတွေကို လက်ဖျားကလေးတွေနဲ့ သဲ့ယူလိုက်ရမှ စိတ်ကျေနပ်သွားတာ။ အေဖကေတာ့ အဲဒီ မြက်ပင်ဖျားက ရေစက်ကလေးတွေကို နှင်းသီးကလေးတွေလို့ ခေါ်ကြောင်း ပြောပြဖူးတယ်။ ကျွန်တော်ဟာ အဲဒီနှင်းသီးကလေးတွေကို ဆောင်းဦးမနက်တွေထဲက တစ်ရက်ရက်မှာ သွားပြီး ခူးလေ့ရှိတယ်။ တစ်ခါတစ်ခါ စိတ်လိုလက်ရရှိတဲ့အခါ မနက်ခင်းတိုင်းလုနီပါးသွားခူးလေးရှိတယ်။ နှင်းသီးကလေးတွေကိုခူးတဲ့အခါ အေးစက်တဲ့အထိအတွေ့နဲ့အတူ မြက်ပင်ဖျားတို့ရဲ့ နှင်းလူးရနံ့ကိုပါ ရလေ့ရှိတယ်။ မြက်ခင်းပြင်ကြီးမှာပဲဖြစ်ဖြစ် ၊လမ်းဘေးက မြက်ပင်ကလေးတွေဆီမှာပဲဖြစ်ဖြစ် မြက်ပင်ကိုင်းဖျားတွေမှာနှင်းတွေအိကျနေအောင်သီးနေတာကိုမြင်ရင် အဲဒီ နှင်းတောထဲကို ကျွန်တော် မသြားဘဲ မနေနိုင်ဘူး။ လူတွေက ချမ်းချမ်းအေးအေးနဲ့ ဘာတွေလုပ်နေတာလဲလို့မေးရင် […]

သဘာဝ၏ ဟာမိုနီ

ကျွန်တော် ကြည့်နေစဉ်မှာပင် လမ်းဘေးရှိ သစ်ပင်များ နောက်တွင် တရိပ်ရိပ် ကျန်ရစ်ခဲ့ကြသည်။ ထိုသစ်ပင်များသည် ဘယ်တော့မှ ဆုံး တော့သည့် အတိုင်းပင်။ သစ်ပင်တစ်ပင်နောက်သို့ သစ်ပင်တစ်ပင်က လိုက်ပါသွားသည်။ တစ်ပင်ပြီး တစ်ပင် … နောက်တစ်ပင်ပြီး နောက်တစ် ပင်။ ထိုအခါ စီတန်းနေသော သစ်ပင် အတန်းကြီးသည် တဝဲလည်လည်နှင့် ကျန်ရစ်ခဲ့ကြတော့သည်။ ကျွန်တော့် စိတ်ထဲမှာ ကားစီးရင်း ကြည့်နေရသည်ဟု မထင်ဘဲ ခြားရဟတ်စီးရင်း ကြည့်နေရသလို ထင်မိလေသည်။ နေရောင်သည် ညနေချိန်််ဖြစ်သောကြောင့် စူးလည်းစူး၊ တောက်လည်းတောက်ပလှသည်။ ပြဇာတ်ခင်းနေသည့် ဇာတ်ခုံပေါ်မှာ စလိုက်မီးတွေ ပြိုင်ထိုးသည့်အတိုင်းပင်။ ကျွန်တော်သည် ပြေးနေသည့် ကားပေါ်မှာ လိုက် ပါလာရင်း ညနေခင်းပြဇာတ်ကို ထိုင်ကြည့်ရသည်နှင့် တူနေလေမလားမသိ။ သဘာဝက်လွေသာ ပြဇာတ်တစ်ပုဒ်။ သို့မဟုတ် ညနေခင်း […]

ဗျိုင်းအိုနှင့် ထွေးညို

နေမင်းညိုရင် ဟိုကန်စောင်းက ငါးတွေချောင်းတဲ့ ငွေဗျိုင်းအို ။ နေမင်းကွယ်တောင် ဘယ္မရေတာ့ နွမ်းလျပါလို့ စိတ်မချို ။ ပြာလဲ့ရေညို ဟိုကန်စောင်းက အပျိုချောင်းတဲ့ မောင်ထွေးညို ။ ငွေဗျိုင်းအိုနှယ် ဘယ္မတွေ့လို့ မရွှင်ချမ်းမြေ့ သောကပို ။ ဗျိုင်းအို၊ ထွေးညို ။ #ငွေတာရီ စိတ်ကူးချိုချိုစာအုပ်တိုက်က ၂၀၁၅ ခုနှစ်တွင် (ဒုတိယအကြိမ်) ထုတ်ဝေသည့် ငွေတာရီ ကဗျာပေါင်းချုပ်မှ ကူးယူဖော်ပြသည်။

အိန္ဒိယ အမျိုးသမီး အမြဲစိမ်းတော အဖွဲ့ မြွေဟောက်တွေကို ထိန်းသိမ်းနေရပြီ

ယူနက်စကို ယဉ်ကျေးမှုအမွေအနှစ် စာရင်းပေါက်တဲ့ အိန္ဒိယနိုင်ငံအနောက်ပိုင်း က ဂါရက်တောင် ပတ်ပတ် လည်က ဂုရုကူလာ ရုက္ခဗေဒ ဥယျာဉ်က မျိုးတုန်းနိုင်တဲ့ အပင်မျိုး ၊ အကောင်မျိုး ၊ ငှက် ၊ တွားသွား နဲ့ ငါး မျိုး ၃၂၀ ကျော်ကို ထိန်းသိမ်းထားတဲ့ နေရာပါ။ အဲ့ဒီဥယျာဉ်ရဲ့ ထူးခြားချက်က အမျိုး သမီး ၂၇ ယောက်နဲ့ ဖွဲ့ ထားတဲ့ အမြဲစိမ်းတော အဖွဲ့ ပါပဲ ။ သူမတို့ က အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို အထူးကာကွယ်စောင့်ရှောက်ပေးတဲ့အဖွဲ့ ပဲဖြစ်ပါတယ်။ သူမတို့ က အဲ့ဒိတောင်ပတ်ပတ်လည်မှာ ရှိတဲ့ အပင် ၊ အကောင် ၂မျိုးလုံး ရဲ့ ဇီဝစောင့်ရှောက်မှု လုပ်ငန်းတွေကို […]

သဘာဝတရားကြီးက တိုက်လိုက်တဲ့ကျိန်စာ

ကမ္ဘာမြေ၊ သက်ရှိလူသားနှင့် တိရစ္ဆာန်များ၊ တောတောင် မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများနှင့် ရေခဲတောင် ရေခဲမြစ်များ၊ ရာသီဥတုစက်ဝန်းများအားလုံးသည် သဘာဝတရားကြီးက ဟန်ချက်ညီညီလည်ပတ် တည်ရှိရန် ဖန်ဆင်းပေးခဲ့သည့် အရာများသာဖြစ်ပါသည်။ သဘာဝတရားကြီး၏ ဖန်ဆင်းခြင်းခံခဲ့ရသည့် အရာများထဲတွင် လူသားများနှင့် သက်ရှိတိရစ္ဆာန်များကိုသူ့နေရာနှင့်သူအသင်းအဖွဲ့နှင့်ဖြစ်စေတစ်ဦး၊တစ်ကောင်၊ တစ်ယောက်ချင်းဖြစ်စေသွားလာရှင်သန်နိုင်ရေးအတွက် မှတ်သားလေ့လာတတ်သည့် ဦးနှောက်နှင့် အသိဉာဏ်တချို့ကိုထည့်ပေးလိုက်သည်။ ထိုအထဲတွင် ဦးနှောက်ထုထည် အကြီးမားဆုံးဖြစ်သည့် လူသားများသည် သူတို့၏ကြီးမားသောဦးနှောက်များကိုအသုံးပြုကာကျေဇူးရှင်သဘာတရားကြီး၏ သဘာဝဖန်ဆင်းမှုများ ကိုကျော်လွန်ကာဖန်တီးမှုများ၊ နေထိုင်ရှင်သန်မှုများ ပြုလုပ်လာကြသည်။ တီဗွီ၊ အဲယားကွန်း၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်မှသည် မော်တော်ကားများနှင့် လကမ္ဘာနှင့် အာကာသအတွင်းသို့ သွားနိုင်သည့် ယာဉ်ပျံကိုပါ တီထွင်ဖန်တီးခဲ့ကြသည်။ ကမ္ဘာမြေကြီးကလက်ခံနိုင်သည့် လူဦးရေပမာဏထက်ကျော်လွန်ကာလူဦးရေတိုးပွားနှုန်းကိုဖန်တီးလာသည်။ ကမ္ဘာမြေကြီးကို ငြိမ်းချမ်းရေးနှင့် ကင်းဝေစေမည့် အတ္တများကိုမွေးမြူလာသည်။ ဓာတုလက်နက်၊ ဇီဝလက်နက်များ သူ့ထက်ငါ အပြိုင်အဆိုင်ထုတ်လုပ်လာသည်။ ကမ္ဘာမြေကြီးကိုအစာမကြေဖြစ်စေမည့် ပလပ်စတစ်စသောလူ့အသုံးအဆောင်ပစ္စည်းများကိုအလုအယက်ထုတ်လုပ် အလုအယက်အသုံးပြုလာသည်။ […]

မြေထဲပင်လယ်က အမှိုက်ရှင်းသမား ဂရိသား ပင်လယ်ပျော်

အာရာပါကီက တံငါသည်မျိုးရိုးအဖြစ်နဲ့ ငါးဖမ်းဖို့အတွက် မွေးဖွားလာတာပါ ။ ဂရိနိုင်ငံတောင်ပိုင်း က မြေထဲပင်လယ် ရေပြပေါ်မှာ သူတို့ တွေ ငါးဖမ်းလာတာ မျိုး ဆက် ၅ ဆက်တောင် မကတော့ပါဘူး။ အာရာပါကီကို တံငါသည်လုပ်ငန်းကနေ စွန့်ခွာဖို့ မိဘတွေက မြို့မှာ ကျောင်းထားခဲ့ကြပါတယ်။ ၂၀ ၁၆မှာ ဘွဲရပြီး နောက် မြို့ မှာ အလုပ်လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ဂရိနိုင်ငံက စီပွားရေး အကြပ်အတည်း နဲ့ ကြွေးမြီပြဿနာကြောင့် နိုင်ငံသားတွေ မတရားရုန်းကန်နေတဲ့ ဘဝထဲကို ရောက်နေ ပါတယ်။ မြို့ပေါ်မှာ အလုပ်လက်မဲ့တွေ ပုံအောတိုက်လာပါတယ်။ တဖြည်းဖြည်းနဲ့ ငါဖမ်းလုပ်ငန်းတွေ သဘာဝရင်းမြစ်တွေပေါ်ကို မှီခိုပြီး လုပ်ကိုင် စားသောက်တဲ့သူတွေတောင် ဂရိနိုင်ငံကိုစွန့်ခွာပြီး အခြား ဥရောပနိုင်ငံတွေကိုပြောင်းရွှေ့ လုပ်ကိုင်ရတဲ့အထိဖြစ်နေပါတယ်။ […]