Author Posts

လွမ်းစရာရိုးလမ်းမ

“ကျနော်တို့ရွာ အဝင်လမ်း”ဆိုတဲ့ စာတမ်းကလေးနဲ့အတူ တွဲလို့တင်ထားတဲ့ လမ်းမဘေးနှစ်ဘက်က စိမ်းစိမ်းစိုစိုနဲ့ပြေပြစ်ညီညာတဲ့ မြေနီလမ်း ဓာတ္ပုံကေလးကို တွေ့ရတော့ ကိုယ့်ရွာရဲ့အဝင်လမ်းကလေးကိုလည်း တစ်ပြိုင်နက်ပြေးမြင်မိပါရဲ့။ကျမတို့ရွာကလေးရဲ့ လမ်းကတော့ ဒီလိုသာယာပြန့်ပြူးခြင်း မရှိရှာ။ဒီတော့ ကိုယ့်ရွာလမ်းကလေးကိုလည်း အခြားရွာတွေရဲ့ လမ်းကလေးလို သာယာလှပချင်မိတာ အမှန်ပါပဲ။”လမ်းသာမှ ရွာသာတယ်”ဆိုတဲ့ စကားလည်း ရှိတယ်မဟုတ်လား။ဒီတော့ ရွာတစ်ရွာရဲ့ သာယာလှပမှုအတွက် ရွာရဲ့လမ်းတွေက အဓိကက်တယ္လို့ ဆိုလိုရင်းပါပဲ။ ကျမတို့ရွာကလေးဟာ တောင်သူလယ်သမားရွာကလေးဖြစ်တဲ့အတွက် ရွာရဲ့အရေးပါဆုံး အရေးအကြီးဆုံးလမ်းဟာ တောင်ယာခင်းတွေဆီကို မျက်နှာမူနေတဲ့ လမ်းမကြီးပဲပေါ့။အဲ့ဒီလမ်းမကြီးဟာ ရွာကနေထွက်တဲ့တစ်ပြိုင်နက် နိမ့်လျှောတဲ့ ရိုးလမ်းကြီးထဲက ခုန်ဆင်းထားလေရဲ့။ဒီတော့ မိုးရာသီမှာရေစီးနေလေ့ရှိတတ်တဲ့ ရိုးလမ်းမကြီးဟာ ရွာရဲ့အဓိကကျတဲ့ ရိုးလမ်းမကြီးပေါ့။နှစ်စဉ်မပြတ်စီးဆင်းလာခဲ့လို့ ထင်ပါရဲ့။ရိုးလမ်းမကြီးဟာ ကျမတို့မျက်စိရှေ့မှာပဲ တစ်နှစ်ပြီးတစ်နှစ် နက္သထက္နက္လာသလို ကျယ်သထက် ကျယ်လာတော့တယ်။ဒါဟာ ကျမမှတ်မိနေတဲ့ ရွာရဲ့အဝင်အထွက်လမ်းမကြီးတစ်ခုပါပဲ။ က်မတို့ငယ္ငယ္က တောလမ်း ရိုးတလျှောက်ဟာ ဝါဆိုဝါခေါင်ဆိုရင်ဖြင့် ရိုးရေမပြတ်စီးနေတော့တာ။ရေကစပ်စပ် […]

ရေဟာ စစ်ပွဲ.. ရေဟာ ငြိမ်းချမ်းရေးသံလွင်ခက်

ဆယ်စုနှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်သော အာရပ်-အစ္စရေးပဋိပက္ခသည် အဦးအစက နယ်မြေလုခြင်း လူမျိုးရေးပြဿနာစသည်တို့ကို အခြေခံခဲ့သော်လည်း လူဦးရေများလာသောအခါ ရေပြဿနာက ထပ်ဆင့်လာသည်။ အရှေ့အလယ်ပိုင်းနိုင်ငံအားလုံးသည် မိုးနည်းသဖြင့် ရေအခက်အခဲရှိကြသည်ချည်း ဖြစ်သော်လည်း ဆီးရီးယား၊ ဂျော်ဒန်၊ ပါလက်စတိုင်းနယ်မြေနှင့် အစ္စရေးတို့သည်မူ ဘုံရေအရင်းအမြစ်တစ်ခုကို ခွဲဝေသုံးစွဲရသဖြင့် ပြဿနာပိုများသည်။ ယင်းနိုင်ငံများခွဲဝေသုံးစွဲရသည့် ဘုံရေအရင်းအမြစ်မှာ ဂျော်ဒန်မြစ်ရေ ဖြစ်သည်။ ပူးတွဲမြေပုံတွင် ဂျော်ဒန်မြစ်သည် ဂျော်ဒန်နိုင်ငံ၏ အနောက်ဘက် နယ်နိမိတ်တစ်လျှောက်လုံး၌ စီးဆင်းနေသည်ကို တွေ့နိုင်သည်။ သို့သော် ဂျော်ဒန်နိုင်ငံသည် မိမိနိုင်ငံ၏ဘေးတွင်လည်း ရှိနေ၊ မိမိနိုင်ငံအမည်နှင့်လည်း ရှိနေသော ယင်းမြစ်ရေကို မိမိလိုသလောက် ထုတ်ယူပိုင်ခွင့်မရှိချေ။ ဒေသတွင်းဘုံရေအရင်းအမြစ်ဖြစ်သော ဂျော်ဒန်မြစ်ရေကို ခွဲဝေရယူရေးအတွက် ချုပ်ဆိုထားသော စာချုပ်များအတိုင်းသာ ရယူပိုင်ခွင့်ရှိသည်။ ယင်းစာချုပ်များအရ အစ္စရေးသည် ဂျော်ဒန်မြစ်ရေကို တစ်နှစ်လျှင်ကုဗပေသန်း ၁၈၀၀၀ ခန့်၊ ဂျော်ဒန်နိုင်ငံသည် ကုဗပေသန်း ၁၁၀၀၀ […]

ပန်းကလေး

ပန်းကလေး ပန်းကလေးက ပန်းကလေးဖြစ်ရတာ သိပ်စိတ်ပါပုံ မပေါ်ဘူး၊ သူ့မှာ ရင်ခုန်စရာ ဂဃနဏမရွိ။ ကွယ်တို့ရယ် . . . မွှေးရုံ လှရုံနဲ့ ပန်းတစ်ပွင့်ရဲ့ဝတ္တရား ကုန္မတဲ့လား ပန်းကလေးရေ . . . မင်းစိတ်ကူးလေးနဲ့ ငါ့ကို ပစ်ပါ၊ တစ်ချက်ပစ်ရင် တစ်ကောင်ကျရမယ်လို့ ဆယ့်နှစ်လရာသီလုံးလုံး ကိုယ့်မှာ မေတ္တာတရားကို ပြောပြဖို့ ရေ မီး အပြည့်အစုံနဲ့ ခန့်ခန့်ကြီး အကျပ်ရိုက်နေသူ၊ ပန်းကလေးရေ . . . နှလုံးသားထဲက လေယာဉ်ပျံတွေ အသံပဲ ကြားနေရ အိုဇုန်းလွှာပါးတာကနေ နောက်ဖေးဝန်းထရံလေး ပျက်နေတာအထိ အချစ်မရှိရင် ဘယ်အရာမှ ပြန်ကောင်းလာနိုင်မှာ မဟုတ်ပါဘူး၊ ပန်းကလေးရေ . . . စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း […]

ထမင်းတစ်နပ်ကိုရှာဖွေခြင်း

တစ်စုံတစ်ခုကိုကြားရသောအခါ ဖတ်ရသောအခါ တွေ့ကြုံရသောအခါ ထိုအကြောင်းအ ရာနှင့်စပ်ယှက်ပြီး အတွေးပွားခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော သဘာတရားဖြစ်သည်။ ထိုသို့သောတိုက်ဆိုင်မှုမှတဆင့် အတိတ်မှတွေ့ကြုံဖူးသော အဖြစ်အပျက်များ၊ ကြားဖူး နား၀စကားမ်ားကို ပြန်လည်သတိရတတ်သည်မှာလည်း လူသားသဘာ၀တစ်ခုပင်ဖြစ်သ ည်။ လတ္တေလာ ကျွန်တော်စာအုပ်ဖတ်နေသည်။ ကျွန်တော်ဖတ်နေသောစာအုပ်မှာ ဆရာငြိမ်းအေးအိမ်၏ ညို့ငင်တောင် ဖြစ်သည်။ မြန်မာပြည်အရှေ့မြောက်ဖျားဒေသ ဆွမ်ပရာဘွမ် အီမောဘွမ်ဒေသအကြောင်းရေးထားသောစာအုပ်ဖြစ်သည်။ သူကိုယ်တိုင် ထိုဒေသဘက်တွင်နေခဲ့သောကြောင့်လား သို့မဟုတ် ဆရာ၏စာအေရးအသား စကားလုံး အသုံးအနှုံးများကို သဘောကျနှစ်သက်မိသောကြောင့်လားမသိ စာအုပ္ကိုစဖတ္ကတ ည်းက လက်ထဲမှမချချင်အောင်ဖြစ်ရသည်။ စာအုပ်ဖတ်ရင်း ကြည်နူးပီတိဖြစ်ရတာတွေရှိ သလို ရင်မောနာကျင်ရတာတွေလည်းပါသည်။ စာဖတ်နေရင်းကမတွေးပဲမနေနိုင်သောအ တွေးများရောက်လာသည်။ မစဉ်းစားပဲမနေနိုင်သော စဉ်းစားစရာများရောက်လာသည်။ အသက်၏အစေ့အဆန်…တဲ့။ ခေါင်းစဉ်ကိုနာမည်ပေးတာကအစ စွဲမက်ဖွယ်ကောင်းသ ည်။ စာကိုဖတ်တဲ့အခါ တွေးစရာတွေပါလာသည်။ ဆင်ခြင်နှလုံးသွင်းစရာတွေပါလာသည် ။ အထူးသဖြင့် ကွယ်လွန်သွားပြီဖြစ်တဲ့ အဖေနဲ့ဘကြီးကိုတိုက်တိုက်ဆိုင်ဆိုင် သတိရသြား […]

က​​လော ဗျိုက်​တောင် အလှ

ရန်ကုန်​မြို့ရဲ့ နံနက်ခင်းမှာ မီးခိုးတွေအူပြီးနောက် မိတ်ဆွေတို့ ခဏတာလေးဖြစ်ဖြစ် အေးချမ်းစေဖို့ ရည်ရွယ်ပါတယ်.. မြန်မာပြည်မှာ အဲဒီလို စွဲမက်နှစ်လိုဖွယ်ရာ သဘာဝအလှတရားတွေ အများကြီးရှိပါတယ်။ ဒါတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းကြရပါမယ်။ ၃၀.၈.၂၀၂၁ Photo ခရက်ဒစ် ပေးပါတယ်..

ရှုခင်းတွေက လှတယ်

တိမ်တွေဟာ မမြဲဘူး ဒါကြောင့် လှတယ် ကျောက်ဆောင်တွေက ရင့်ကျက်တယ် ဒါကြောင့် လှတယ် မင်းအတွင်းစိတ်အလှကို သိရအောင် ငါက အိတ်စရေးစက်ကြီး ထမ်းသွားနေတာမဟုတ်ဘူး မင်းရုပ်ဆိုးရင် ရုပ်ဆိုးတာပဲတဲ့ ရောဘတ်မူဂါဘီရဲ့စကား ရယ်ရသားပဲ နေရာတိုင်းမှာ အလှရှိသတဲ့ ရှုခင်းတွေက လှတယ်။ #ထွန်းကို

သီချင်းရဲ့အဆုံးမှာ

ရုတ်တရက် လေတိုက်နှုန်း ငြိမ်သွားတယ် ရေအောက်ကြမ်းပြင်ထိ မြင်ခဲ့ရတဲ့ ကြည်လင်မှုဟာ နှောက်ကျိသွားတယ် မြစ်ကမ်းပါး တစ်ဖက်တစ်ချက်ပေါ်မှာ အငွေ့ပျံနေဆဲ ဒေါသအခိုးတွေ ရေလယ်ခေါင်မှာ နဂါးအဖြစ် အသွင်ပြောင်းသွားတဲ့ ရေဘဲတစ်ကောင် ကလေးတွေကို ခိုးယူသွားကြတယ် စဉ်းစားဆင်ခြင်ခြင်းတွေ ထုတ်ပိုးထားတဲ့ မီးပုံးကြီး ကောင်းကင်ပေါ် တအိအိတက်သွား သီချင်းအစကနေ အဆုံးထိ မားမားမတ်မတ်ရပ်ခဲ့သူ သူရဲကောင်းဟာ မြစ်ထဲကို ခုန်ချသွားတယ် အိမ်မက်က နိုးလာတယ် နောက်ထပ် သီချင်းတစ်ပုဒ်ကို ဆိုညည်းဖို့ မြစ်ရှိရာကို ထွက်လာခဲ့ကြတယ်။ ။ ရွှေပိုးအိမ်(ပဲခူး) ၂၀၂၀

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး သဘာ၀ ပတ်ဝန်းကျင်ကို ထိန်းသိမ်းပေး

ရာသီဥတုပြောင်းလဲမှုကို ဟန့်တားတိုက်ဖျက်ဖို့လိုပြီလို့ စာရေးသူက ပြောလိုက်တော့ တစ်ချို့က ရယ်ကျဲကျဲလုပ်နေကြတယ်။ တစ်ချို့က မသိချင်ယောင်ဆောင်နေကြတယ်။ တစ်ချို့က “သူ့ဘာသာ ပြောင်းလဲ နေတဲ့ ရာသီဥတုကို ဘယ်လို ဟန့်တားတိုက်ဖျက်မလဲ”လို့ မေးကြတယ်။ တစ်ချို့ကတော့ “မင်းက ဘာလဲ၊ ဆရာကြီးလား၊ မင်းအရင်ဆုံး ဟန့်တားတိုက်ဖျက်ပြကွာ”လို့ ရင့်ရင့်သီးသီး ပြောကြတယ်။ တစ်ချို့က… တစ်ချို့က…တစ်ချို့က… အဲဒီလို တစ်ချို့က ပေါင်းများစွာကို ရာသီဥတုပြောင်းလဲမှုနဲ့ပတ်သက်တဲ့ ဆောင်းပါး တွေ ရေးတိုင်း ကြုံတွေ့ရတတ်ပါတယ်။ ဒါပေမယ့် စာရေးသူကလည်း အမှတ်မရှိပါဘူး။ သဘာ၀ ပတ်ဝန်းကျင် ဆိုင်ရာ၊ ရာသီဥတုဆိုင်ရာ ဆောင်းပါးတွေရေးသားခဲ့သလို ဟောပြောပွဲတွေမှာတောင် ပြောဖြစ်ခဲ့တယ်။ အဓိက ကတော့ ကမ္ဘာကြီးပူနွေးလာမှုနဲ့ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ ကြိုတင်ပြင် ဆင်သင့်တာတွေ ကြိုတင်ပြင်ဆင်ထားဖို့ ရေးခဲ့၊ ပြောခဲ့တာပါ။ […]