Author Posts

ပေါ်တူဂီကလျှပ်စစ်ကိုပြန်လည်ပြည့်ဖြိုးမြဲ ကနေ ၉၅ %အထိ ရရှိနေပြီ

ပေါ်တူဂီတစ်နိုင်ငံလုံးသုံးစွဲတဲ့ လျှပ်စစ်ဓာတ်အားပမာဏရဲ့ ၂၇ ရာခိုင်နှုန်းကို ၂၀၀၅ခုနှစ်က ပြန်လည်ပြည့်ဖြိုးမြဲကရရှိခဲ့ပါတယ်။ ၂၀၁၇ မှာ ၅၄ ရာခိုင်နှုန်းအထိ တိုးထုတ်ယူနိုင်ခဲ့ပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကွန်ယက် (REN) ရဲ့ ဧပြီလထုတ်ပြန်ချက်အရပေါ်တူဂီနိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမူပမာဏ ၉၅ ရာခိုင်နှုန်းက ပြန်လည်ပြည့်ဖြိုးမြဲကထုတ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။ တစ်နိုင်ငံလုံးလျှပ်စစ်စွမ်းအင်လိုအပ်ချက် ၉၁ ရာခိုင်နှုန်းကပြီးခဲ့တဲ့ ၄ လအတွင်းကထုတ်လုပ်နိုင်ခဲ့ပါတယ်။ Clean Think Tankအဖွဲ့ ရဲ့ထုတ်ပြန်ချက်အရ ပြန်လည်ပြည့်ဖြိုးကနေ တစ်ကမ္ဘာလုံးအသုံး ၃၀ ရာခိုင်နှုန်းကိုလုပ်နိုင်ပြီသိရပါတယ်။ အဲ့ဒိအထဲမှာ ဆိုလာကရတာ အများဆုံးလို့ဆိုရပါတယ်။ ပေါ်တူဂီမှာကတော့ ရေအားလျှပ်စစ်ကနေ ၄၈ ရာခိုင်နှုန်း၊ လေအားလျှပ်စစ်အား ၃၀ ရာခိုင်နှုန်းနဲ့ ကျန်တဲ့ အရောတွေက ၇ ရာခိုင်နှုန်းရရှိပါတယ်။ ဆိုလာကနေ ၁၀.၅ ရာခိုင်နှုန်းရတဲ့ အထိ တိုးတက်တပ်ဆင်နေကြပါတယ်။ ရုပ်ကြွင်းလောင်စာသဘာဝဓာတ်ငွေ့ကနေ လျှပ်စစ်ထုတ်ယူတာ မနှစ်ကနဲ့ […]

လောကကြီးကို အလှဆင်ပါ

သစ်ပင်တို့သည် လောကကြီးကို အလှဆင်ကြသည့် သဘာဝအဆင်တန်ဆာဖြစ်သလို လူသားနှင့် တကွသော သတ္တလောကကြီး တခုလုံးတို့၏ မှီခိုအားထားရာလည်း ဖြစ်ပါသည်။ သာမာန်အားဖြင့် ကြည့်လျှင် သစ်ပင်တို့၏ အကျိုးပြုမှုသည် မထင်ရှားသော်လည်း အမှန်စင်စစ် သစ်ပင်သည် တစ်ဦးတစ်ယောက်အတွက် သာမက ပတ်ဝန်းကျင် လောကကြီးတခုလုံး အတွက်ပါ အကျိုးများစွာ ပြုနေသည်ကို တွေ့ရပေလိမ့်မည်။ သတ္တဝါတို့၏ ရှင်သန်မှုသည် သစ်ပင်တောတောင်တို့နှင့် တိုက်ရိုက် ဆက်စပ်နေပါသည်။ သစ်ပင်သည် လောကကြီးကို များစွာ အကျိုးပြုသည်ဖြစ်၍ အများ၏ အားကိုးအားထားရာ ဖြစ်သောကြောင့် “သစ်တစ်ပင်ကောင်း ငှက်တသောင်းတောင် နားလို့ရသည်”ဟုပင် ပြောစမှတ်ပြုကြပါသည်။ လူတို့၏ စားစာရာ၊ နေစရာ၊ ထိုင်စရာ ဝတ်စရာတို့မှ စ၍ အသုံးအဆောင် အားလုံးနီးပါးသည် သစ်ပင်တို့မှ ထုတ်လုပ်၊ ရရှိသော ထုတ်ကုန်များဖြစ်ပါသည်။ လူသားတို့သည် ဆေးဝါးအတွက်လည်း […]

လာမယ့် ၁၅ နှစ်အတွင်း ဘက်ထရီတွေက အလကားနီးပါးလောက်ကို ရနိုင်မယ်လို့ IEA ဆို

‘၂၀၃၀ စွမ်းအင်ရည်မှန်းချက်ပြည့်စုံဖို့ လက်ရှိလုပ်နေတဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်မူတွေကို ၆ ဆ လောက်ပိုလုပ်ရပါလိမ့်မယ်။ အဲ့ဒါမှ ယန္တရားကြီးတွေလည်ပတ်နိုင်ပါလိမ့်မယ်” IEA အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အစီရင်ခံစာတစ်ခုမှာလာမယ့် ၁၅ နှစ်အတွက် လျှပ်စစ်သိုလှောင်ထားတဲ့ ဘက်ထရီတွေရဲ့ တန်ဖိုးက ၉၀% လောက်ထိကို ကျဆင်းသွားနိုငိတယ်လို့ပါရှိပါတယ်။ သန့်စင်တဲ့စွမ်းအင်နည်းပညာတွေက ဘက်ထရီတွေကို ဈေးနှုန်းကျဆင်းသွားအောင် လုပ်ပေးမှာပါ။ လက်ရှိသုံးနေတဲ့ လစ်သီယံအိုင်းယွန်းဘက်ထရီတွေ နေရာမှာအခြားပိုကောင်းတဲ့ ဓာတ်ပေါင်းတွေဝင်လာပြီး သေးသေးလေးနဲ့ အများကြီးသုံးလို့ရနိုင်တဲ့ ဘက်ထရီတွေကို ထုတ်လုပ်နိုင်တော့မှာပါ။ ၂၀၂၀ တုန်းက လျှပ်စစ်ကားအစီးရေ ၃ သန်းကျော်ပဲရောင်းချခဲ့ရ နေရာက ၂၀၂၃ မှာ လျှပ်စစ်ကားအစီးရေ ၁၄ သန်းကျော်ရောင်းချနိုင်ခဲ့ပါတယ်။ ရာခိုင်နှုန်းအရပြောရရင် ၁၃၀ ရာခိုင်နှုန်းတက်လာတာဖြစ်ပြီး လျှပ်စစ်ကားတွေအတွက် သုံးတဲ့ ဘက်ထရီတွေချေးကြောင့် ဝယ်လိုအားမြင့်တက် လာတာပဲဖြစ်ပါတယ်။ […]

ရာသီဥတုအထောက်အကူပြု ဝက်သားဆိုပြီးလိမ်ရောင်းတဲ့ ဝက်မွေးလုပ်ငန်းကို တရားစွဲနိုင်ခဲ့ပြီ

ပြီးခဲ့တဲ့လက ဒိန်းမတ်မှာ “ခင်ဗျားတို့တွေးထားတာထက် ပိုပြီးတော့ရာသီဥတုကို အထောက်အကူဖြစ်စေတဲ့ ၀က်သား”ဆိုပြီး စာတမ်းကပ်ထားတဲ့ ဝက်သားပါကင်ထုတ်တွေ ထုတ်ရောင်းတဲ့ နာမည်ကြီးဝက်သားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို အန်ဂျီအိုအဖွဲ့တွေ တရားစွဲနိုင်ခဲ့ပါတယ်။ ဒန်းနစ်ကရောင်းတဲ့ဝက်သားထုတ်လုပ်ရေးကုမ္ပဏီက ဒိန်းမတ်နိုင်ငံက လယ်သမားအများစုပိုင်တဲ့ နာမည်ကြီးဝက်သားကုမ္ပဏီပါ။ မနေ့ကတော့ ဗဟိုတရားရုံးရဲ့ ဆုံးဖြတ်ချက်အရ သူတို့တွေလိမ်လည်ပြီး ကြော်ညာမိကြောင်းနဲ့ ဈေးကွက်ဥပဒေကိုချိုးဖောက်မိကြောင်း လူသိရှင်ကြား ကြေညာချက်ထုတ်ခဲ့ရပါတယ်။ အဲ့ဒိကုမ္ပဏီကိုတရားစွဲတဲ့ အန်ဂျီအိုအဖွဲ့ ၂ ဖွဲ့ကတော့ ဒိန်းမတ်သက်သက်လွတ်အဖွဲ့အစည်းနဲ့ ရာသီဥတုလှုပ်ရှားမှုအဖွဲ့ပဲ ဖြစ်ပါတယ်။ သူတို့က မတ်လ ၁ ရက်နေ့ကစတင်တရားစွဲခဲ့တာပါ။ ‘Climate contorlled pig’ဆိုတဲ့ စာတန်းကို ဝက်သားထုတ်တွေများကပ်ပြီး ရောင်းခဲ့တာနဲ့ ပတ်သက်ပြီး တရားရုံးကမှားယွင်းတဲ့လုပ်ဆောင်ချက်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချပေးခဲ့ပါတယ်။ ဒိန်းမတ်မှာ လူဦးရေထက် ဝက်ကောင်ရေကပိုများပါတယ်။ အဲ့ဒိကသားသတ်သမားတွေက တစ်နှစ်ကို ဝက်​ကောင်ရေ သန်း၄၊ ၅ဆယ် ပေါ်ပြီး နိုင်ငံခြားပို့နေကြပါတယ်။ ဒိန်းမတ်တွေရဲ့ […]

ရေအောက်ကြမ်းပြင်ထိရောက်အောင်ဆွဲတဲ့ ငါးဖမ်းပိုက်ကြီးတွေကို စ,တားပြီ

မနေ့က အေသင်မြို့မှာ ပြုလုပ်ခဲ့တဲ့ Our ocean conference အစည်းအဝေးမှာ ဂရိ၀န်ကြီးချုပ် ကိုင်ရီယာကောစ့် မစ်ဆိုတာကစ် က လာမယ့် ၂၀၃၀ကနေစပြီး ဂရိနိုင်ငံရဲ့ အဏ္ဏဝါဘေးမဲ့ဒေသတွေမှာ ငါးဖမ်းပိုက်ကြီးတွေနဲ့ ပင်လယ်ရေအောက်မှာရှိတဲ့ သက်ရှိတွေကိုဆွဲယူဖမ်းဆီတာတွေ ဥပဒေနဲ့တားမြစ်တော့မယ်လို့ ပြောလိုက်ပါတယ်။ အဲ့ဒိလိုတရား၀င်ပြောကြားပြီး ဥပဒေနဲ့သတ်မှတ်မယ်ဆိုတာက ဥရောပမှာပထမဆုံးသမိုင်းဝင်ခြေလှမ်းဖြစ်လညပါတော့မယ်။ ဥရောပက အ​ခြားနိုင်ငံတွေမှာ အဲ့ဒိလိုမျိုး ဥပဒေတွေ ထုတ်ပြန်ထားပြီးတားဆီးထားတာမရှိပေမဲ့ ကန့်သတ်ချက်အချို့လုပ်ပြီး တားဆီးမှုတော့ရှိပါတယ်။ ဒါပေမယ့်လည်း ဒီကနေ့ ဂရိနိုင်ငံက လုပ်သလိုမျိုး တင်းတင်းကြပ်ကြပ် တားဆီးမှုတွေတော့မရှိသေးပါဘူး။ ဂရိအစိုးရက ပထမအဆင့်အနေနဲ့ အမျိုးသား အဏ္ဏဝါဥယျာဥ် ၃ ခုမှာ တားဆီးမှုတွေကိုစတင်လုပ်မှာပါ။ အဲ့ဒိထဲကတစ်ခုက မြေထဲပင်လယ်ဒေသ အရှေ့ဘက်ပိုင်းမှာရှိပြီး ၂၀၂၆ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ကျန်တဲ့ဒေသတွေကိုတော့ ၂၀၃၀ အကုန်အတွင်းအပြီး တားဆီးမှုတွေကိုလုပ်မှာပါ။ ရေအောက်ကြမ်းပြင်ထိချပြီး […]

စတုတ္ထကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သန္တာကျောက်တန်းများပျက်ဆီးမှုဖြစ်ပေါ်

ကမ္ဘာ့ရာသီပြောင်းလဲမှုက ယခု ၁၀ စုနှစ်အတွင်းမှာ ဒုတိယအကြိမ်မြောက် တစ်ကမ္ဘာလုံးဆိုင်ရာ သန္တာကျောက်တန်းများအရောင်ကျွတ်မှု ဖြစ်ပေါ်နေတယ်လို့ သိပ္ပံပညာရှင်များကိုဆိုလိုက်ပါတယ်။ ကမ္ဘာအနှံ့အပြားရှိသန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ် ယခုအကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်ရှိသွားပါပြီ။ အဓိကအကြောင်းအရငမးကတော့ သမုဒ္ဒရာရေအပူချိန်မြှင့်တက်လာမှုကြောင့် ဖြစ်ပါတယ်။ ၂၀၂၃ ဖေဖော်ဝါရီလကတည်းကနေ ဒီနေ့အထိ တိုင်းတာချက်အရ အနည်းဆုံးနိုင်ငံ ၅၀ ကျော်ရဲ့ ကမ်းခြေများမှ သန္တာကျောက်တန်း အရောင်ကျွတ်ခြင်းဖြစ်စဥ် ဖြစ်ပေါ်ခဲ့ပါတယ်။ သန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ်က ဆိုးရွားလာပြီး ကြာရှာခဲ့ပါက သန္တာကောင်များသေဆုံးကာ ရေနေသတ္တဝါများအတွက် အခက်အခဲအများအပြားကြုံရနိုင်ဖွယ် ရှိပါတယ်။ သန္တာကျောက်တန်းများက ရေအောက်ဂေဟစနစ်အတွက် အလွန်အရေးကြီးသောအစိတ်အပိုင်း တစ်ရပ်ဖြစ်ပါတယ်။ တိုက်စားမှုကိုလျှော့ချပေးခြင်း၊ ဇီဝမျိုးကွဲများကိုကာကွယ်ပေးခြင်း၊ ရေနေသတ္တဝါကိုဖန်တီးပေးတဲ့အပြင် ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် ခရီးသွားလုပ်ငန်းကို တိုးတက်စေပါတယ်။ သန္တာကျောက်တန်းများ အရောင်ကျွတ်ခြင်းဖြစ်စဥ်က မကြာခဏဖြစ်လေ့ရှိပေမဲ့ အခုလိုကမ္ဘာလုံးဆိုင်ရာ အရောင်ကျွတ်ခြင်းကတော့ ဖြစ်လေ့ဖြစ်ထနည်းပါတယ်။ သြစတေးလျက ကမ္ဘာ့အကြီးဆုံးဂရိတ်ဘယ်ရီယာက […]

ငယ်ဘဝက စိမ်းလန်းသော သင်္ကြန်

သင်္ကြန် အကျနေ့ မနက်မှာ ကျွန်တော်တို့ ကလေးတစ်သိုက်သည် ဘုန်းကြီးကျောင်းအောက်မှာ တုတ်ချောင်းကိုယ်စီကိုင်ပြီး ပန်းကန်စုတ်၊ ဒန်အိုးအစုတ်၊ သံပြားတို့ကို ကိုင်ကာစောင့်နေကြရလေသည်။ ဤသို့စောင့်နေရင်း ဘုန်းကြီးကျောင်းပေါ်မှ ကျောင်းသားကြီးနှင့် ကိုရင်ကြီးတီးမည့် စည်သံနှင့် ကြေးစည်သံကို နားစွင့်နေကြရသည်။ ဘုန်းကြီးကျောင်းပေါ်မှ စည်သံ၊ ကြေးစည်သံတို့ကို ကြားရပြီဆိုသည်နှင့် ကျွန်တော်တို့ ဘုန်းကြီးကျောင်းသားတစ်သိုက် မိမိအနားကိုယ်စီယူထား ကြသော ပန်းကန်စုတ်၊ ဒန်အိုးစုတ်၊ သံပြားအပေါက်တို့ကို အားပါးတရ ထုရိုက်ကြလေတော့သည်။ ဤကဲ့သို့ နားကွဲလုမတတ်ထုရိုက်ပြီး နတ်ပြည်မှ ဆင်းလာမည်ဆိုသော သကြားမင်းကို ကြိုဆိုခဲ့ကြရလေသည်။ ကျွန်တော််ငယ်ငယ်ကနေခဲ့သော ဘုန်းကြီး ကျောင်းမှာ ရွာက အရှေ့ကျောင်းဟုခေါ်ကြသော ဘုန်းကြီး ကျောင်း ဖြစ်ပါသည်။ ဘုန်းကြီးကျောင်းဝင်းမှာကျယ်ပြန့်ပြီး မန်ကျည်းပင်၊ ခရေပင်၊ သီးသီးပင်ကြီးတွေရှိပြီး အရိပ်အာဝါသကောင်းပါသည်။ မိုးရာသီတွင်ရေရှိသည့် ရေကန်ကြီးတစ်ကန်လည်းရှိပါသေးသည်။ ဘုန်းကြီးကျောင်း ဝင်းမှာ နွေရာသီတွင် […]

အနာဂါတ်ရောင်ခြည်ခေတ်သို့

စာအုပ်သက်တမ်းက ၅၄ နှစ်ရှိပါပြီ၊ တော်လေးလည်း ဟောင်းနေလို့ greenness အနေနဲ့ ခက်ခက်ခဲခဲ သိမ်းထားရတဲ့ စာအုပ်လေးပါ။ ဒီစာအုပ်ထဲမှာတော့ နေဗိမာန်အကြောင်း အသေးစိတ် ဖတ်ရှုရမှာဖြစ်ပြီး နေစွမ်းအင်ရှာဖွေတွေ့ရှိမှု ၊ နေ၏ အလင်းရောင်ခြည် ကမ္ဘာမြေ ပေါ်ရှိလူသားတွေကို အကျိုးပြုပုံ ၊ အလင်းသုံးဓာတုဗေဒ၊ နေခြည်သုံးပြီး တီထွင်ပျံသန်းမှုများ ၊ နေအား လျှပ်စစ်အကြောင်းတစေ့တစောင်းနဲ့ နေအင်အား တခေတ်ဆန်းချိန် စတဲ့ စိတ်ဝင်စားဖွယ်တွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ မူရင်းစာရေးသူက ဒီစာအုပ်ကို ရေးသားစဥ်မှာ နေဗိမာန်ကြီးကို မျက်လုံးအစုံမှာ ထင်ယောင်မြင်ယောင်လျက် ရေးသားထားတယ်လို့ ဆိုထားပါတယ်။ တောတော်လေးပြည့်စုံကောင်းမွန်သလို ဗဟုသုတများစွာပေးစွမ်းနိုင်မယ့် စာအုပ်ကောင်းတစ်အုပ်ပါ။ ဆရာဦးစံမြင့်အောင်က ဘာသာပြန်ဆိုထားတာဖြစ်ပါတယ် ။ အဖုံးဒီဇိုင်းကို ဦးသောင်းလှရေးဆွဲပြီး ၁၉၆၉ ခုနှစ်မှာ ပထမအကြိမ် အဖြစ် အုပ်ရေ ၃၀၀၀ […]

ရေကို တန်ဖိုးထားရကောင်းမှန်း မသိသေးသူတွေ

” ရေအသက် တစ်မနက်” ဆိုတဲ့ မြန်မာစကားက ရေဟာ လူတွေအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ဖော်ညွန်းနေတဲ့ စကားဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ရေကိုတကယ်တန်ဖိုးထားကြပါရဲ့လား။ ရေအရင်းအမြစ်ကို တကယ် ထိန်းသိမ်းကြပါရဲ့လား။ သစ်တောတွေပြုန်းတီးလို့ ရေအရင်းအမြစ်တွေဆုံးရှုံးနေသလို၊ ရွှေတူးဖော်မူတွေကြောင့် ရေတွေညစ်ညမ်းနေသလို၊ စည်းကမ်းမဲ့ အမှိုက်ပစ်မှုတွေကြောင့် ချောင်းမြောင်းတွေညစ်ညမ်းနေသလို ရေကိုအဟသ ဖြုန်းတီးနေသူတွေလည်း မနည်းလှပါဘူး။ စာရေးသူတို့မြို့မှာ ရေလျှံတွင်းဆိုတာတွေ တော်တော်များများရှိကြပါတယ်။ ရေတွေက သူ့အလိုလိုလျှံထွက်ကျနေတာပါ။ ရေလျှံတွင်းတွေကို တူးကြသူတွေက နှစ်မျိုးနှစ်စားရှိပါတယ်။ ပထမတစ်မျိုးက ပိုက်ဆံတတ်နိုင်သူတွေဖြစ်ပြီး ဒုတိယအမျိုးအစားက မိမိနေထိုင်ရာ အိမ်ဝင်းနေရာကကို ရေလျှံတွင်း လွယ်လွယ်ကူကူတူးလို့ရနေတဲ့သူတွေဖြစ်ပါတယ်။ ပထမအမျိုးအစားက ဒုတိယအမျိုးအစားထက်ပိုများတယ်။ ရေလျှံတွင်းတူးထားတော့ ရေက ပိုက်ကနေလျှံထွက်နေတာပေါ့။ လျှံထွက်လာတဲ့ရေတွေကို ထိန်းချုပ်မှုလုံးဝမရှိလွတ်ထားလိုက်တော့ ရေတွေဟာ မြောင်းတွေထဲ အလဟသ စီးဆင်းသွားပါတော့တယ်။ ထွက်လာတဲ့ရေရဲ့ ကိုးဆယ်ရာခိုင်နူန်းဟာ အလဟသဖြစ်သွားတာပါ။ […]

အသက်ကို ဥာဏ်စောင့်

ကမ္ဘာတလွားအပူချိန်မြင့်မားမှုမှာ မြန်မာနိုင်ငံကလဲအထူးခံစားနေကြရပါပြီ။ယခင်နေ့က ကမ္ဘာတလွားအပူဆုံး၁၀မြို့မှာ မြန်မာနိုင်ငံက ၅မြို့ပါဝင်ပြီး ချောက်မြို့က အမြင့်ဆုံးဖြစ်ခဲ့သလို နောက်ရက်တွေမှာလဲ ထိပ်ဆုံး၅မြို့ထဲဆက်ပါလျက်ရှိနေပါတယ်။မြန်မာပြည်တလွားအပူချိန်တိုးနေတာကြောင့် ရုတ်တရက်အပူလွန်ပြီး သတိလစ်လဲကျတာ၊ သေဆုံးတာတွေအထိဖြစ်နေပါပြီ။ဒီနှစ်အပူချိန်မြင့်တက်လာတာဟာ အယ်နီညို ရာသီဥတုကြောင့်ဖြစ်ပြီး ပင်လယ်ရေမျက်နာပြင်အပူချိန်ပြောင်းလဲမှု၊ ပစိဖိတ်သမုဒ္ဒရာမျက်နာပြင်ပေါ်မှာတိုက်ခတ်နေတဲ့လေတို့ပေါင်းဆုံကာ အပူတိုးတာ၊ ခြောက်သွေ့လွန်စေတာတွေကြောင့်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေလို့ဆိုရင်လဲမမှားပါဘူး။ကမ္ဘာမှာလူနေထိုင်ရာဒေသတခုရဲ့အပူဆုံးစံချိန်ကတော့ ၁၉၁၃ခု ကယ်လီဖိုးနီးယားမှာကျရောက်ခဲ့တဲ့ ၅၇ ဒီဂရီဆဲစီရပ် ဖြစ်ပါတယ်။လူသားတွေရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်ဟာ ၉၈. ၆ဒီဂရီ ဖာရင်ဟိုက်ဖြစ်ပြီး အပူလွန်လာမှုဟာ ခန္ဓာကိုယ်ကစွန့်ထုတ်နိုင်တဲ့အပူထက် ဝင်လာတဲ့အပူကပိုများလာလို့ပဲဖြစ်ပါတယ်။ဒါကြောင့်ခန္ဓာကိုယ်ထဲကိုအပူတွေဝင်ရောက်မလာအောင်ပြုမူနေထိုင်စားသောက်ဖို့လိုပါပြီ။ခန္ဓာကိုအပူချိန်ကျဆင်းစေဖို့အကောင်းဆုံး ကတော့ရေသောက်ခြင်းဖြစ်သလို ရေဓာတ်၉၀% နီးပါးပါဝင်တဲ့ ဖရဲသီးကိုစားပေးဖို့လိုပါတယ်။ကြက်သွန်နီ၊ သခွားသီး၊ ဒိန်ချဥ်၊ အုန်းရေ၊ ပင်စိမ်းရွက်၊ ရှားစောင်းလက်ပါတ်ဖျော်ရည်တို့ကို သောက်သုံးခြင်းဖြင့်လဲအပူချိန်ကျဆင်းစေပြီးအပူဒါဏ်ကိုခံနိုင်ရည်ရှိစေပါတယ်။ဒါအပြင်ရှောက်လိမ္မော်အုပ်စုဝင်အသီးဖျော်ရည်တွေကိုသောက်သုံးခြင်းဟာလဲ ရေဓာတ်ပြန်လည်ဖြည့်တင်းခြင်းသာမက ကျမ်းမာရေးအတွက်အထောက်အကူဖြစ်တဲ့ ဗိုက်တာမင်စီကိုပါပံ့ပိုးပေးပါတယ်။ဖျော်ရည်သက်သက်အနေနဲ့တော့ ကော်ဖီအေး၊ ကြံရည်၊ သင်္ဘောသီး၊ ပူစီနံ၊ ရာသီလိုက်သီးနံများ ကိုသောက်သုံးခြင်းဟာလဲအပူသက်သာစေပါတယ်။ကော်ဖီအေးသောက်ခြင်းမှာတော့ ရေခဲမများစေဖို့နဲ့ အပူရပ်ဝန်းကနေပြန်လာလာခြင်းသောက်သုံးမှုကိုတော့မပြုလုပ်ရပါဘူး။နေထိုင်မှုပုံစံတွေမှာတော့ ခြေထောက်ကိုရေအေးစိမ်ခြင်းဟာအပူကိုလျော့ကျစေပါတယ်။ ကုလားထိုင်ပေါ်ကနေ ရေအေးထဲ့ထားတဲ့ဇလုံထဲမှာခြေထောက်ကိုစိမ်ထားပြီး စိတ်ကိုတည်ငြိမ်အောင်ထားကာဝင်သက်ထွက်သက်ကိုဖြေးညှင်းစွာပြုလုပ်မယ်ဆိုရင်နာရီဝက်အတွင်းအပူတွေလျော့ကျပါလိမ့်မယ်။ […]